နာမကျန်းဖြစ်နေချိန်မျိုးတွေမှာ ရေဘယ်လိုချိုးမလဲ
hellosayarwon.com
|
2020-02-17


နာမကျန်းဖြစ်နေချိန် ဖျားနာနေချိန်တွေမှာ ရေချိုးဖို့ဆိုတဲ့ကိစ္စဟာ လူအတော်များများအတွက်တော့ နောက်ဆုံးမှ စဉ်းစားတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန်အချိန်တွေမှာတောင်

ရေချို းဖို့ ပျင်းတဲ့လူတွေအတွက်ဆိုရင်တော့ ပိုဆိုးပါလိမ့်မယ်။ ဒါက အပြစ်တင်စရာကိစ္စတော့ မဟုတ်ပါဘူး။

တုပ်ကွေ းလိုရောဂါမျိုးတွေကြောင့် ဖျားနာကိုက်ခဲနေချိန်တွေမှာ ရေချိုးချင်စိတ်မရှိတာဟာ သဘာဝပါပဲ။ နေမကောင်းဖြစ်နေတဲ့သူတစ်ယောက်အတွက် စောင်လေးခြုံပြီး အိပ်ယာထဲမှာ နွေးနွေးထွေးထွေး ကွေးနေချင်စိတ်က ပိုများမှာသေချာပါတယ်။ ဒါပေမယ့်လည်း ဖျားတာ နာတာကြာလာချိန်တွေမှာတော့ ရေချိုးဖို့ လိုအပ်လာပါလိမ့်မယ်။ တစ်ချို့ကတော့ ရေမချိုးပဲ ရေပတ်တိုက်တာမျိုးလုပ်တတ်ကြပါတယ်။ ဒါပေမယ့် မဖြစ်မနေ ရေချိုးဖို့ လိုအပ်လာမယ်ဆိုရင်ရော။ ချိုးသင့်သလား။ ဘယ်လိုရေချိုးကြမလဲ။

ရေချိုးတာဟာ အဖျားရောဂါကို သက်သာစေသလား?
ဖျားနာချိန်မှာ ရေချိုးသင့်မချိုးသင့်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ သက်သေပြနိုင်စွမ်းတွေကတော့ အကန့်အသတ်နဲ့သာရှိနေပါသေးတယ်။ ဖြစ်ပေါ်နေတဲ့ အဖျားရောဂါအမျိုးအစားနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း

သာမန် အအေးမိ

နှာစေး ၊ တုပ်ကွေးမိတာမျိုးဆိုရင်တော့ ရေချိုးလို့ရပါတယ်။

ခွဲစိတ်ကုသ ရမယ့် ရောဂါဝေဒနာမျိုးတွေဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်လိုအပ်မှာဖြစ်ပါတယ်။

ဘယ်လို ရေချိုးကြမလဲ?
ကိုယ်ပူနေချိန် ရေချိုးပေးတာဟာ ခန္ဓာကိုယ်ကို လန်းဆန်းစေရုံမျှသာမက ကိုယ်အပူချိန်ကိုလည်း ကျဆင်းစေမှာဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေနဲ့ ရေချိုးနိုင်မှာဖြစ်ပါတယ်။ ၁။

ရေကြက်သီးနွေး လောက် (80°F နဲ့ 90°F ကြား ဒါမှမဟုတ် 27°C နဲ့ 32°C ကြား) အပူချိန်မျိုးနဲ့ ချိုးပေးမယ်ဆိုရင် ခန္တာကိုယ်ကို လန်းဆန်းစေနိုင်တာမို့ အဖျားဝေဒနာကိုလည်း သက်သာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ၂။

ရေနွေးငွေ့ ပါတဲ့ ရေနွေးမျိုးနဲ့ ရေချိုးပေးတာဟာလည်း ကောင်းမွန်တဲ့ ကိစ္စဖြစ်ပါတယ်။ ရေနွေးငွေ့တွေဟာ လူကို လန်းဆန်းသွားစေနိုင်တာမို့ အဖျားဝေဒနာကို သက်သာစေနိုင်ပါတယ်။ ၃။

ရေပတ်တိုက် တာကတော့ လူသိများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရေခပ်နွေးနွေးကို အဝတ်သန့်သန့်ထူထူ ဒါမှမဟုတ် ရေမြှုပ်မှာစွတ်ပြီး လူ့ခန္တာကိုယ်ကို ပွတ်သတ်သန့်စင်ပေးတဲ့နည်းလမ်းပါ။ လူသုံးများတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးငယ်တွေအတွက်ဆိုရင်တော့ ရေမြှုပ်နဲ့ ရေပတ်တိုက်ပေးတာက ပိုကောင်းပါတယ်။ ၄။ ရေချိုးဇလုံထဲမှာ

Bubble Bath လုပ်ပြီး ခနတစ်ဖြုတ်စိမ်နေတာမျိုးလည်း လုပ်လို့ရပါတယ်။ မိနစ်အနည်းငယ်လောက်ပေါ့။

သတိထားသင့်တဲ့ အခြေအနေတွေ
ဒါပေမယ့်လည်း ဖျားနာနေချိန် မဖြစ်မနေ ရေချိုးရတော့မယ်ဆိုရင် သတိထားသင့်တဲ့ ဂရုပြုဖွယ်ရာ အချက်လေးတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့ … ၁။ ဒါပေမယ့်

မူးဝေအော့အန်နေချိန် မျိုးတွေ၊ ကတုန်ကရင်ဖြစ်နေချိန်မျိုးတွေမှာတော့ ရေမချိုးသင့်ပါဘူး။ ရေချိုးရာမှာလည်း လုံးဝတုန်ရင်အေးစက်နေအောင် မချိုးသင့်ပါဘူး။ ဒီလိုချိုးမိမယ်ဆိုရင်တော့ အဖျားဝေဒနာကို ပိုဆိုးသွားစေနိုင်ပါလိမ့်မယ်။ ၂။ ခေါင်းကို ရေလောင်းချိုးတာမျိုး မလုပ်သင့်သလို

ရေအရမ်းစိုရွှဲတာမျို းမဖြစ်အောင်လည်း သတိထားဖို့လိုမှာဖြစ်ပါတယ်။ ရေချိုးတာဖြစ်တာမို့ မတော်တဆ ရေစိုသွားခဲ့မယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန်ခြောက်သွေ့သွားအောင် ပြုလုပ်သင့်ပါတယ်။  

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


#ရေ
#အဖျား
#ဝေဒနာ
#ချိန်
#နည်းလမ်း

Some text some message..