တချို့မေမေတွေက အမွှာပူးကလေးတွေအရမ်းလိုချင်ကြပါတယ်။ ဒါက မျိုးရိုးဗီဇနဲ့အခြားသောအခြေအနေတွေပေါ်မူတည်နေပေမယ့် ကလေးအမွှာကိုယ်ဝန်ဆောင်ဖို့ဆန္ဒရှိတဲ့ မေမေတွေအတွက် အမွှာပူးလေးကိုယ်ဝန်ဆောင်ဖို့ဆန္ဒရှိရင် မွေးဖွားခြင်း အခွင့်အလမ်းတိုးဖို့ သင်လုပ်နိုင်တဲ့အရာများစွာရှိပါတယ်။ အဲ့ဒီအရာများစွာထဲက သဘာဝနည်းအတိုင်း အမွှာပူးလေး ဘယ်လိုရနိုင်မလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်နော်..
အမွှာတွေဘယ်လိုမွေးဖွားနေလဲ
အမွှာလေးတွေဘယ်လိုရနိုင်မလဲ မပြောခင် အမွှာတွေ ကမ္ဘာပေါ်မှာ ဘယ်လိုမွေးဖွားနေလဲဆိုတာလေး ပြောပြပါမယ်။
2016 နှစ်သုတေသနတွေအရ အမွှာအစုံ 12,000 ဝန်းကျင်အကြောင်းမှာ သုံးမွှာပူး 190 သို့မဟုတ် ဒီ့ထက်ပိုပီး ဗြိတိန်မှာမွေးဖွားခဲ့ပါတယ်။
ယနေ့ယူကေရှိမွေးဖွားမှု ၆၅ ခုမှာ၁ ခုဟာ ၂မွှာ၊ ၃မွှာ အဲ့ဒီထက်ပိုပြီးမွေးဖွားနေပါတယ်။ အရှေ့တောင်အာရှမှာတော့တော်တော်နည်းပါးပါတယ်နော်။ ဒါပေမယ့် သင့်အခွင့်အလမ်းတွေကိုတိုးစေဖို့ ဘာတွေလိုအပ်လဲဆိုတာ ပြောပြလိုက်ပြီနော်..
အမွှာပူးကလေးကိုယ်ဝန်ဆောင်နိုင်ဖို့လိုအပ်တဲ့အချက်များ
သင့်မိသားစုသမိုင်း
သင့်ရဲ့သမိုင်းမဟုတ်ပါဘူး။ သင့်မိသားစာသမိုင်းပါနော်။ သင့်ယောကျာ်းဘက်က အမျိုးတွေထဲမှာ အမွှာရှိရင်တောင် ဘာမှထူးမှာမဟုတ်ပါဘူး။ ဘာလို့ဆိုသင်က ကိုယ်ဝန်ဆောင်ရမှြာဖစ်တဲ့အတွက် သင့်ဘက်က အမေ ဒါမှမဟုတ် ညီမ အမ အမျိုးတွေထဲမှာအမွှာပူးလေးတွေမွေးထားမယ် ဒါမှမဟုတ် ကလေးတွေအများကြီးမွေးထားမယ်ဆိုရင် သင့်မှာကလေးတွေအများကြီးမွေးနိုင်ခြေများပြီးတော့ အမွှာရနိုင်ခြေပိုများနိုင်ပါတယ်နော်။
သင့်ရဲ့နေထိုင်မှုပုံစံ
အဆီနည်းတဲ့အဟာရရှိတဲ့ အမျိုးသမီးတွေ အထူးသဖြင့် သက်သက်လွတ်စားသူတွေက အမဲသားစားတဲ့ နွားနို့သောက်တဲ့ အ မျိုးသမီးတွေထက် အမွှာပူး နဲ့ကလေးအများကြီးရဖို့ ဖြစ်နိုင်ခြေအတော်နည်းပါးပါတယ်။
ဒီကွဲပြားခြားနားတဲ့ အစာအာဟာရပုံစံအရ ဟော်မုန်း အပြောင်းအလဲတွေဖြစ်နိုင်တဲ့အပြင် မြင့်မားတဲ့ အဆီအာဟာရနဲ့ကိုယ်အလေးချိန်မြင့်မားတဲ့တစ်ဦး၊ အရပ်နဲ့အလေးချိန် အချိုးကျကောင်းမွန်တဲ့အမျိုးသမီးတစ်ယောက်က အမွှာနဲ့ကလေးအများကြီးရဖို့ အခွင့်အလမ်းပိုများပါတယ်။
ဒါကြောင့် သင်က သက်သက်လွတ်စားသူဖြစ်နေရင်တောင် ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားသူဖြစ်နေတယ် အမွှာလေးရဖို့ကြိုးစားနေသူဖြစ်တယ်ဆို ကိုယ်ဝန်ဆောင်ချိန်မှာ အားဖြစ်စေတဲ့ တကယ်ကောင်းတဲ့ အစားအစာတွေကို စားဖို့လိုပါလိမ့်မယ်။
ဆေးသောက်ပြီးမှကိုယ်ဝန်ရ
သင်တားဆေးသောက်နေချိန်မှာ ကိုယ်ဝန်ရှိလာရင် ဒါမှမဟုတ်ဆေးလုံးသောက်ပြီးနောက်မှ ကိုယ်ဝန်ရှိတယ်ဆိုရင် သင်ဟာ အမွှာကိုယ်ဝန်ဆောင်နိုင်ခြေရှိပါတယ်။ ဒီသီအိုရီရဲ့နောက်ကွယ်က အတွေးက ဆေးသောက်ပြီးနောက် ရာသီစက်ဝန်းသံသရာပြန် လည်လာတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ဟော်မုန်းပြန်လည်ပြုပြင်ခြင်းအဆင့်ကို ဖြတ်သန်းပြီး သားဥများစွာကိုထုတ်လွှတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
သင့်မှာရှိတဲ့ကလေးအရေအတွက်
သုတေသနတွေအရ သင်ကလေးများများမွေးထားလေ အမွှာရဖို့ အခွင့်အလမ်းများလေလို့ဆိုပါတယ်။ သင်ဟာ အမွှာကလေးတစ်ချိန် မွေးဖွားထားပြီးသားဆိုရင် နောက်တစ်ကြိမ်ထပ်မွေးဖို့ အခွင့်အလမ်းပိုများတယ်လို့ဆိုပါတယ်။
ကလေးများများရလေ တချိန်ချိန်မှာ အမွှာရနိုင်ခြေများတာမျိုးပေါ့။ ဆိုလိုတာက သင်က အရင်ကတည်းက လွယ်လွယ်ကူကူ ကိုယ်ဝန်ဆောင်နိုင်ခဲ့မယ်ဆိုင်ရင် အခြခံအားဖြင့် သင်ဟာ မျိုးဥကောင်းလို့လည်း ဖြစ်ပါတယ်။
သင်ဘယ်မှာနေတာလဲ
အနောက်ဥရောပမှာ ကိုယ်ဝန် ၆၀ မှာအမွှာကိုယ်ဝန်သည် တစ်ဦးကိုတွေ့မြင်ရပြီး၊ သူတို့က အရှေ့တောင်အာရှမှာတော့ ပိုရှားပါးပါတယ်။ ဒါပေမယ့် နိုင်ဂျီးရီးယားမှာတော့ ကိုယ်ဝန်ဆောင် ၂၀မှာ အမွှာကိုယ်ဝန်ဆောင် တစ်ဦး စီပါ ဝင်ပါတယ်။
” ငါသိတာကတကယ့်သီအိုရီတွေမရှိဘူး၊ ဒါကအကုန်လုံးပါလိမ့်မယ်။ ဒါပေမယ့်စိတ်ဝင်စားစရာကမင်းကနိုင်ဂျီးရီးယားနဲ့အခြားတိုင်းပြည်မှာနေမယ်ဆိုရင်ကလေးအမြောက်အမြားကိုကိုယ်ဝန်ဆောင်နိုင်လိမ့်မယ်၊ အစားအစာသို့မဟုတ်ရာသီဥတုနှင့်ပတ်သက်သည် ‘လို့ ပညာရှင်ဒေးဗစ်ကဆိုပါတယ်။
မိခင်အသက်
အမွှာကိုယ်ဝန်ဆောင်တာက အသက် ၃၀ နှင့် ၄၀ ကြားအမျိုးသမီးတွေအတွက်ပိုမိုအဖြစ်များပါတယ်။ ဒါကသင့်ရဲ့သားဥအိမ်အလုပ်လုပ်ပုံနဲ့သူတို့ရဲ့အသက်အရွယ်ကြီးလာတာနဲ့အမျှသူတို့ရဲ့လုပ်ငန်းဆောင်တာတွေပြောင်းလဲလာတာဖြစ်တယ်။ ဒါကြောင့်တစ်လကိုသားဥတစ်လုံးထက်ပိုပြီးလွှတ်ပေးမှာပါ’ လို့ပညာရှင်တွေက ဆိုပါတယ်။
မျိုးပွားကုသမှု
ကလေးတစ်ဦး ထက်ပိုရန်ဖြစ်နိုင်ခြေကိုမြှင့်တင်ပေးနိုင်တဲ့ ကြီးမားသောအရာတစ်ခုမှာ IVF ကဲ့သို့သောမျိုးပွားမှုကုသမှုဖြစ်တယ်လို့သိရပါတယ်။
” ၁၉၀၀ နှင့် ၁၉၈၀ ပြည့်နှစ်များအတွင်း မှာ IVF ဟာ အမေရိကန်မှာ အမှန်တကယ်ထိရောက်မှုရှိလာသောအခါအမွှာနှုန်းဟာနှစ်ဆတက်လာပါတယ်။ ဒါက’ သင့်ခန္ဓာကိုယ်ကဥတွေကိုထုတ်လုပ်နိုင်အောင်လှုံ့ဆော်ပေးဖို့ဆေးဝါးများပေးနေတာနဲ့ဆိုင်ပါတယ် ”ကဲ..ဒီလောက်ဆို မေမေတို့ အမွှာလေးတွေမွေးဖို့ ဘာတွေလိုအပ်လဲ ဘာတွေလုပ်ဆောင်လို့ရလဲသိလောက်ပြီထင်ပါတယ်နော်….
#Chit_May_May
#Mg_Htet
REF_motherandbaby.com