ရေမြွှာရည် များခြင်း
hellosayarwon.com
|
2020-02-20


အယ်ထွာဆောင်းရိုက်လိုက်လို့များ အဖြေက ကလေးလည်းကောင်းတယ်။ အချင်းလည်းပုံမှန်ပဲ။ ကလေးလည်းပုံမှန်ကြီးတယ်။

ရေမြွှာရည် လေးတော့ နည်းနည်းများနေတယ်ဆိုရင် မေမေတွေက ဒါဘာကိုပြောတာလဲဆိုပြီး မေးတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ဘဝမှာ ဘာပဲစစ်စစ် အဖြေတွေအကုန်ကောင်းချင်တာ မေမေတွေရဲ့ ဆန္ဒပါ။ ဒါဆို

ရေမြွှာရည် များ တယ်ဆိုတာ ဘာကိုပြောတာလဲ။ စိုးရိမ်ရလားဆိုတာ မေမေတို့ သိချင်ကြမှာပဲ။ ဒီအကြောင်းလေးကို ဒီမှာဆက်ပြောပေးသွားပါမယ်။

ရေမြွှာရည် ဆိုတာဘာလဲ။
ရေမြွှာရည်ဆိုတာ ကလေးလေးကို မထိခိုက်မိအောင် ကာကွယ်ထားတဲ့ အရည်အိတ်လေးပါ။ သူက ကလေးကို ထိခိုက်ဒဏ်ရာမရအောင်၊ အပူအအေးဒဏ်ခံနိုင်အောင်၊ ပိုးမဝင်အောင်၊ အဆုတ်နဲ့ အစာအိမ်ကို ကောင်းကောင်းဖွံ့ဖြိုးအောင်၊ အရိုးအဆစ်တွေသန်မာအောင်၊ ခြေချောင်းလက်ချောင်းတွေကပ်မနေအောင်၊

ချက်ကြိုး ကို မဖိမိအောင် လုပ်ပေးပါတယ်။ တစ်လက်စတည်းပြောရရင် ဗိုက်ထဲက ကလေးတွေက အသက်မရှူသေးတာမို့လို့ ရေမြွှာရည်မမွန်းတတ်သေးပါဘူး။ နောက်ပြီး ကလေးက ဒီရေမြွှာရည်ကို မျိုချလိုက်၊ စွန့်ထုတ်လိုက် လုပ်နေတာပါ။ ရေမြွှာရည်များတယ်ဆိုတာ အယ်ထွာဆောင်းရိုက်လိုက်လို့ AFIတန်ဖိုး 24ထက်ပိုတာ ဒါမှမဟုတ် MVPတန်ဖိုး 8cmထက်ပိုတာပါ။ ဒါကတော့ ဆရာဝန်ကိုမေးကြည့်မှ သိနိုင်တာပါ။ ကံကောင်းတာက ဒါက ကိုယ်ဝန်ဆောင်၁၀၀မှာ ၁ယောက် ၂ယောက်လောက်ပဲဖြစ်တာပါ။

ရေမြွှာရည်များရတဲ့အကြောင်းရင်းများ

ကလေးမှာ မွေးရာပါအစာအိမ်နဲ့ အူလမ်းကြောင်းချို့ယွင်းပြီး ရေမြွှာရည်မမျိုနိုင်တာ
ဦးနှောက်မဖွံ့ဖြိုးလို့ မျိုချရကောင်းမှန်းမသိတာ

Twin to Twin transfusion syndrome (အမြွှာကိုယ်ဝန်မှာ တစ်ယောက်က သွေးများများရပြီး တစ်ယောက်က နည်းနည်းပဲရတာ)
ကလေးမှာ သွေးနီဥနည်းတာ အမေနဲ့ ကလေးနဲ့ကြား သွေးအမျိုးအစား ပြဿနာဖြစ်တာ (ဥပမာ

Rh သွေးအမျိုးအစား မတူတာ)
ကိုယ်ဝန်ဆောင်စဉ်ပိုးဝင်တာ အမေမှာ

ဆီးချိုရောဂါ ရှိတာ စတာတွေပြဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဖြစ်ရတဲ့အကြောင်းအရင်းကို သေချာမသိရပါဘူး။

ဘာလက္ခဏာတွေပြမှာလဲ။
ရေမြွှာသိပ်မများရင်တော့ လက္ခဏာသိပ်မပြပါဘူး။ သိပ်များလွန်းရင်တော့
သားအိမ်နဲ့ အနီးအနားက ကိုယ်တွင်းအင်္ဂါတွေကိုဖိတာ
အသက်ရှူရခက်တာ

ခြေထောက်ဖော တာ
ဗိုက်က ကိုယ်ဝန်လထက် ပိုကြီးတာ

ကလေးအနေအထားမမှန် တာ (ဥပမာ

ဆုံပိုင်း ) စတာတွေဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲဘာဖြစ်မှာလဲ။
လနုနုလေးနဲ့ ရေမြွှာရည်များနေတာက နောက်ဆက်တွဲဖြစ်ဖို့ ပိုများပါတယ်။ ဖြစ်နိုင်တာတွေကတော့

လမစေ့ ဘဲမွေးတာ
ရေမြွှာရည်စောပေါက်တာ
အချင်းကွာတာ
ချက်ကြိုးကျွံတာ
ခွဲမွေးရတာ

ကလေးအသေမွေး တာ
မွေးပြီးရင် သားအိမ်ကျယ်နေတာကြောင့် သွေးသွန်တာ စတာတွေဖြစ်တတ်ပါတယ်။ ဒီလောက်ဆို ရေမြွှာရည်များတာက ဘာလဲဆိုတာသိလောက်ပါပြီ။အဖြစ်နည်းပေမယ့် ဖြစ်လာရင် အမေရော ကလေးပါထိခိုက်နိုင်တာမို့လို့ ရေမြွှာရည်များတယ်ဆိုတာ သိတာနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး  စောင့်ရှောက်မှုခံယူပါ။

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ရေမြွှာ
#တာကလေး
#ကကြိုး
#မေမေ
#ကိုယ်ဝန်ဆောင်

Some text some message..