ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁-၃-၂၀၂၀ ) မှ ( ၇-၃-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများ ဒွန်းစဏ္ဍား ဒုက္ခတွေ့ အပူတွေ့ကြုံတွေ့နေရမည်။ ငွေကြေးအလိမ်ခံထိခြင်းနှင့် ငွေကြေးအမှုဖြစ်ခြင်း၊ ရှောင်ပြေးနေရခြင်း အထိတ်အလန့်လျှို့ဝှက်နေရတတ်သည်။ ထွန်စက်၊ ရွှေရတနာ၊ နွားပျောက်တတ်။ စီးပွားရေးအနေနဲ့ ယဉ်နှင့်စက်စပ်သောပစ္စည်းရောင်းဝယ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် သတ္တဝါရောင်းဝယ်ခြင်းများ အကျိုးပေးမည်။ စက်ပစ္စည်များ အဟောင်းထွက် အသစ်ဝင် ပါလိမ့်မယ်။ ပြည်ပရပ်ဝေးခရီး အနေဖြင့်လည်း သူငယ်ချင်းများ၏ ကူညီမှုများကြောင့် အောင်မြင်စွာ ထွက်ခွာရခြင်းမျိုး ရှိမည်။ ဘယ်အသင်းအဖွဲမှမဝင်ပါနဲ့။ အလောင်းအစားမပြုလုပ်ပါနဲ့ အကျိုးမပေးပါ။ အဖမ်းအဆီးခံရတတ်တယ်။ အဝါရောင် အဝတ်အစားများရှောင်ကြဉ်ပါ။ အချစ်ရေးချစ်ရသူနဲ့ နီးနီးနားနားနေခွင့်မရ။ အချစ်ရေးနဲ့ အိမ်ထောင်ရေး အလုပ်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကိစ္စ တစ်ခုခုကြောင့်ဖြစ်စေ ဝေးနေရတတ်ပါတယ်။ ကျန်းမာရေးအရမ်းကြီး အညံ့မရှိပါ။ သို့သော် လည်ချောင်း၊ သွားနာခြင်းတို့ ဖြစ်တတ်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် အရှေ့အရပ်မျက်နှာမှုကာ ပေါက်ပေါက်တစ်ဆုပ်ကြဲပြီးသွားခြင်းနှင့် ကြက်သွေးရောင်၊ ရွှေအိုးရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ ထိုအချိန်ပိုင်းတွေ ခရီးသွားအထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၇.ဝ.၃)
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - မိမိနေနံဂြိုဟ်ဘုရားထောင့်တွင် အရှေ့အရပ်မျက်နှာမူကာ ရှင်သီဝလိဂါထာရွတ်ပွားပြီး သာကူယိုဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
တနင်္လာသားသမီး
တနင်္လာသားသမီးများ အဆိုးဒွန်းစဏ္ဍား ဒုက္ခတွေ့ အပူတွေ့ကြုံတွေ့နေရမည် ဆောင်ရွက်သမျှ ကစဉ့်ကလျားဖရိုဖရဲဖြစ်မည်။ ရောင်းမှားဝယ်မှားဖြစ်တတ်သည်။ ဆုံးရှုံးနစ်နာတတ်သည်။ အတိုက်အခံ များမယ်။ စီးပွားရေးအနေနဲ့ ကုန်ပစ္စည်းသိုလှောင်ခြင်းလုပ်ငန်းများ၊ ခွဲစိတ်ကုသမှုပစ္စည်းအရောင်းအဝယ်၊ အိမ်ပစ္စည်းအရောင်းဝယ်၊ ရေနံလုပ်ငန်း အကျိုးပေးပါလိမ့်မည်။ ပညာရေး အကောင်းနှင့်အဆိုးဒွန်းစဏ္ဍားဖြစ်၍ ပိုမိုကြိုးစားပါ။ အလွယ်တကူ မအောင်မြင်နိုင်ပါ။ ပညာရေးစာမေးပွဲဖြေဆိုရာတွင် အနှောက်အယှက်များ ဝင်လာတတ်သည်။ အချစ်ရေးကံညံ့၏။ ကွဲကွာရတတ်သည်။ မိမိပေးဆပ်သလောက် မိမိအပေါ် မစာနာ ဥပေက္ခာပြုခံရမည်။ အိမ်ထောင်ရေး တစ်ဦးပေါ်တစ်ဦး အခန်မသင့် စိတ်ဆိုးဒေါသထွက်ပြိး စကားများပြဿနာတက်ပြီး အိမ်ထောင်ဖက် အိမ်ပေါ်မှ ဆင်းသွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ကလေးသူငယ်များ နေမကောင်းဖြစ် ခဏခဏချူခြာ၍ စိတ်ညစ်ရတတ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် အရှေ့အရပ်မျက်နှာမှုကာ မြေဇာတစ်ဆုပ်စွန့်ပစ်ပြီးသွားခြင်းနှင့် ပန်းရောင်၊ အစိမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ ထိုအချိန်ပိုင်းတွေ ခရီးသွားအထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၃.၂.၉)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - မိမိနေ့နံဂြိုဟ်ဘုရားထောင်တွင် အရှေ့အရပ်မျက်နှာမှုကာ ပန်းရောင်၊ အစိမ်းရောင် အဝတ်အထည်ဝတ်ဆင်ပြီး စိန္တာမဏိဂါထာရွတ်ပွားပြီး ဒံပေါက်ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
အင်္ဂါသားသမီး
အင်္ဂါသားသမီးများ ဗြဟ္မာဏရိုးရာ မိမိယုံကြည်ရာ နတ်ဒေဝဒါများပူဇော်ပသခြင်း လာဘ်လာဘရွင်မည်။ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထပ်ဝိဝါဟမင်္ဂလာ၊ အိမ်ပြောင်း၊ အိမ်တက်၊ အလုပ်ပြောင်း၊ အခန်းပြောင်း၊ ပြုလုပ်ရတတ်။ မိတ်ဆွေများနှင့် မိမိမလိုက်ချင်ပဲ ခရီးတခု သွားရတတ်။ ပျော်ရွှင်စရာများကြုံတွေ့၍ စိတ်ပျော်ရလိမ့်မည်။ စီးပွားရေး ဆံရိတ်၊ အလှပြင်၊ အလှပစ္စည်းသစ်များဖြန့်ချီခြင်းလုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ အကျိုးပေး၍ ခရီးသွားရမည်၊ ခရီးကိစ္စအဆင်ပြေမည်။ လူမျိုးကွဲအကျိုးပေးလိမ့်မည် အကူအညီရမည်။ အဂါၤ၊တနင်္လာသားသမီး အကျိုးမပေး။ အရင်းအနှီးများသောအလုပ်များ မလုပ်သင့်သလို ရင်းနှီးသောမိမိကိုဒုက္ခပေးတတ်သည်မို့ သတိပြုပါ။ ပညာရေး ကြိုးစားအားထုတ်ပါ အပျော်အပါးအပေါင်းအသင်း ရှောင်သင့်သောကာလဖြစ်သည်။ အင်္ဂါသားသမီးများ အချစ်ရေး တကယ်ချစ်ရင် သည်းခံပါ မသည်းခံရင်တော့ လမ်းခွဲမည့်သတင်းစကား ရောက်လာတတ် သတိထားပါ။ အိမ်ထောင်ရေးကောင်းမွန်ပါလိမ့်မည်။ အလွန်ကောင်းတဲ့သတင်းတစ်ခု ကြားရတတ်သည်။ ကျန်းမာရေးအနေနဲ့ စိတ်ကျရောဂါ၊ မျက်စိ အားနည်းခြင်း ဖြစ်ပွားတတ်သည်။၁၃၈၁ခု တပေါင်းလဆန်း ၁၀ရက် အင်္ဂါနေ့ နတ်ပြည်ပြဿဒါး ၊ဝါရမိတ္ထု ဤနေ့ နံနက် ၁၀နာရီအတွင်း ပန္နက်ရိုက်၊ တိုင်ထူ၊ ဆံရိတ်၊ ဆံသ၊ သစ်ပင်စိုက်၊ ဥယျာဉ်ခြံလုပ်ခြင်း၊ နှင့် အလုပ်လျှောက်ခြင်း၊ အလှပစ္စည်းသစ်များဖြန့်ချီခြင်း၊ ရေကြောင်းခရီးသွားခြင်း လူမှုရေးစကားပြောဆိုခြင်းတို့ကောင်း၏။
ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ ထိုအချိန်ပိုင်းတွေ ခရီးသွား အထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် ရေတစ်ခွက်စွန့်ပြီးသွားခြင်းနှင့် ကြက်သွေးရောင်၊ အပြာနုရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၃.၈.၆)
အကျိုးပေးအရပ် - အရှေ့တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - မိမိနေ့နံဂြိုဟ်ဘုရားထောင့်တွင် အရှေ့အရပ်မျက်နှာမူကာ ရေတော်သက်စေ့ဘုရားဆင်းတုတော် ရေသပ္ပါယ်ပြီး ကြာဇံကြော်ဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးသားသမီးများ ငွေကံလာဘ်ကံရွင် အဘက်ဘက်က ငွေအလိုဝင်လာမည်။ အတိနိမိတ်ဆောင်၊ နိမိတ်ကောက် အကြား အိမ်မက်မက်မည်။ အကျိုးဆက်က ထီ၊2D.3D.4D အလောင်းကစားနှင့် ပေါက်မည်။ အခက်အခဲမှန်သမျှ ကျော်လွှား၍ဆောင်ရွက်သမျှ အောင်မြင်မည်။ ရည်ရွယ်ထားသည်များ ထွန်းပေါက်မည်။ သို့သော် ငွေကြေးအကျိုးအမြတ်ရလိုမှုတစ်ခုတည်းကိုသာကြည့်တတ်သောသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်။ ကြာသပတေး၊ အင်္ဂါသားသမီးများ အကျိုးပေး၏။ စီးပွားရေး ကျောက်မျက်ရတနာ၊ ရတနာရောင်းဝယ်ခြင်း၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ အနုပညာလုပ်ငန်း၊ ရုပ်ရုင်စတူဒီယိုအသစ်များ၊ dvd,vcd,ခွေသစ် ဖြန့်ချီဖွင့်လှစ်ခြင်း၊ အကျိုးပေးမည်။ ပညာရေးကံဇာတာ ကောင်းထားပြီး အချစ်ရေးနှင့်အိမ်ထောင်ရေး ပျိုရွယ်သူများ လက်ထပ်ဖို့ အရင်ကတည်းက ရည်ရွယ်ထားသူများ အိမ်ထောင်ကျမယ်။ မိဘက သင့်တော်သူနဲ့ နေရာချ ပေးတာမျိုး ဖြစ်လာတတ်၏။ ကျန်းမာရေး ကောင်းမွန်နေပါလိမ့်မယ်။ ၁၃၈၁ခု တပေါင်းလဆန်း ၁၁ရက် ဗုဒ္ဓဟူးနေ့ ရက်ရာဇာ မွန်းလွဲ လူ့ပြည်ပြဿဒါး ယနေ့ နံနက်(၉း၅၀)နာရီလွန် ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ မြေသန့်မင်္ဂလာ၊ နှင့် နံနက်(၈)နာရီအတွင်း အဝီစိတွင်းတူးခြင်း၊ နာမည်မှည့်၊ ခရီးသွားခြင်း၊ အချစ်ရေးစကားပြောခြင်းတို့ ကောင်း၏။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ ထိုအချိန်ပိုင်းတွေ ခရီးသွား အထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် မြောက်အရပ်မျက်နှာမူကာ သက်ကယ်ညွန့် ခူးဆောင်ခြင်းနှင့် အစိမ်းရောင်၊ ပန်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၈.၅.၁)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - မိမိနေ့နံဂြိုဟ်ဘုရားထောင့်တွင် မြောက်အရပ်မျက်နှာမှုကာ ဆုတောင်းပြည့်ဂါထာရွတ်ပွားပြီး သက်ကယ်ညွန့်(၂၁)ညွန့် ကပ်လှူ လိုရာဆုတောင်းပါ။
ကြာသပတေးသားသမီး
ကြာသပတေးသားသမီးများ လခစားအလုပ်ဆိုလျှင် ဤဒီလပတ်ထဲမှာ ထွက်ချင်စိတ် ဖြစ်ပေါ်လာတတ်ပါသည်။ အလုပ်ကိုစိတ်မဝင်စားသလိုဖြစ်နေတတ်သည်။ အလုပ်မှာပြသာနာတက်တတ် ပါတယ်။ တနလာၤနံနှင့် ပတ်သက်သော အလုပ်အကိုင်များနှင့် ထိုနေ့နံနာမည်ပါသူများနဲ့ အတိုက်အခံ ပြဿနာကြုံတွေ့ရတတ်သည်။ ငွေလုပ်ငန်း၊ ကြက်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်း အခက်ခဲ နှင့် အဆုံးအရှုံးများနေလိမ့်မည်။ ငွေကြွေးတွေလည်း ဆုံးပါးတတ်သည်။ အိမ်ကပစ္စည်းတွေ ချရောင်းရတဲ့အထိ ငွေပြတ်သွားတတ်သည်။ အချစ်ရေးနှင့် အိမ်ထောင်ရေး ဖောက်ပြန်မှုဖြစ်ပွားနိုင်၍ အထူးအတွင်းလူ လက်အောက်ငယ်သား အထူးသတိထားပါ။ ကျန်းမာရေးအနေဖြင့် မျက်စိနှင့်ပတ်သက်သော ဝေဒနာ ဂရုစိုက်ပါ။ ၁၃၈၁ခု တပေါင်းလဆန်း ၁၂ရက် ကြာသပတေး ယနေ့ နံနက်(၈)နာရီအတွင်း ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ ပန္နက်ရိုက်၊ တိုင်ထူ၊ ဆံရိတ်၊ဆံသ၊ အလှပြင်၊ နာမည်မှည့်၊ ကုမ္ပဏီထူထောင်ခြင်း၊ ရေတွင်း၊ရေကန်တူးဖော်ခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်းတို့ကောင်း၏။ (နံနက်(၈)နာရီလွန် စလွယ်တင် နက္ခတ်မရပါ။) (ဝိဝါဟမင်္ဂလာအတွက် အခါစန်း ၇တန့် အင်္ဂါဂြိဟ် အပြစ်မလွတ်ကင်းပါ။) ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ ထိုအချိန်ပိုင်းတွေ ခရီးသွားအထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် အရှေ့မြောက်အရပ်မျက်နှာမှုကာ ထောပတ်သီးတစ်လုံး ဘုရားကပ်လှူပြီးသွားခြင်းနှင့် အဝါနှင့်အစိမ်းရောင်
အကျိုးပေးဂဏန်း - (၅.၂.၈)
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - ကြာသပတေးဂြိုဟ်ဘုရားမှ အရှေ့မြောက်အရပ်မျက်နှာမူကာ ထောပတ်သီး ဖျော်ရည်ကပ်လှူပြီး ငါးအစာကျွေး ကုသိုလ်ပြု လိုရာဆုတောင်းပါ။
သောကြာသားသမီး
သောကြာသားသမီးများ မိသာစုပျော်ရွှင်စွာ ဘုရားဖူးသွားရလိမ့်မည်။ မိမိအိမ်မှာ ဆွေမျိုးအသိုင်းဝိုင်းများ လာတတ်သည်။ လူအဝင်အထွက်များမည်။ ရွှေ ငွေဝင်မယ်။ ပျိုရွယ်သူများ အချစ်ဟောင်း ငယ်ဟောင်း သူငယ်ချင်းဟောင်းတွေ့ဆုံမယ်။ တစ်ဦးတစ်ယောက် မမြင်ဖူးဘဲ အွန်လိုင်းမှတွေ့ဆုံ နှလုံးသားချင်း မေတ္တာမျှနေသူ အွန်လိုင်းချစ်သူများ အပြင်မှာ တွေ့ဆုံရမည်။ ပညာရေး ကံတရားက သင့်ဘက်မှာပါ ကြိုးစားအားထုတ်ပါ။ ပညာသင်ကျောင်းသားများအဖို့ ဆရာကောင်းများ၏ သင်ကြားမှုဖြင့် အောင်မြင်မှုရရှိမည်။ အင်္ဂါ၊ တနင်္ဂနွေသားသမီးထဲမှ မိမိကိုကူညီပေးမယ့်သူတွေ့မယ်။ အင်တာဗျူး အလုပ်သစ်လျှောက် အဆင်ပြေ အလုပ်ရမည်။ ကောင်းသောနေရာရလိမ့်မယ်။ ၁၃၈၁ခု တပေါင်းလဆန်း ၁၃ရက် သောကြာနေ့ ယနေ့ နံနက်(၈း၁၅)နာရီလွန် ရှင်ပြု၊ လက်ထက်၊ နာမည်မှည့်၊ ရေးတွင်းတူး၊ တိုင်ထူ၊ ငွေချေးပေခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် အရှေ့တောင်အရပ်မျက်နှာမှုကာ စိန်ပန်းညွန့်၊ သို့ စံပယ်ပန်း ဘုရားလှူ ခြင်းနှင့် အဖြူရောင်၊ အစိမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ ထိုအချိန်ပိုင်းတွေ ခရီးသွား အထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၅.၇.၄)
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - သောကြာဂြိုလ်ဘုရားမှာ အရှေ့တောင်အရပ်မျက်နှာမှုကာ စံပယ်ပန်း (၈)ကုံး ဖတ်ထုပ်ကြော် ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။
စနသေားသမီး
စနေသားသမီးများ စီပွားရေးအနေနဲ့ အုတ်၊သဲ၊ကျောက်လုပ်ငန်း၊ ကျင်းတူး၊ အဝီစိတွင်းတူးလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်၊ ကွန်ဒို,တိုက်ခန်းရောင်းဝယ်အကျိုးဖြစ်မည်။ လုပ်ငန်းစီးပွားရေး အောင်မြင်မည်။ တနင်္ဂနွေနေ့နံသားများ အကျိုးပေးမည်။ အထူး မိမိအောင်မြင်မှုကို အချင်းချင်း မိမိကို မနာလို၍ ချောက်တွန်းခြင်း သိက္ခာကျ ဂွင်ဆင်လုပ်ကြံခံရခြင်း သတိထားပါ။ မိမိကို အောက်သို့ကျဆင်းအောင် ဝိုင်းတွန်းကြိုးစား လာတတ်သည်။ ဘုရားဆင်းတုတော်တွေ၊ ဘုရားပုံတော်တွေ အိမ်ကိုကြွလာတတ်တယ်။ အလှူလုပ်ရတတ်တယ်။ လုပ်ရမယ့် အလှူကလည်း ရည်ရွယ်တုန်းက အသေး၊ တကယ်လုပ်တော့ ကြီးမားသွားမည်။ ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးကံ အနည်းငယ် ညံ့နေတတ်ပါတယ်။ လုံ့လဝီရိယ စိုက်ထုတ်ကြိုးစားမှု များများပြုလုပ်ပါ။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေးသာယာပြီး စိတ်ပျော်ရွှင်နေရတတ်ပါတယ်။ ဝန်ထမ်းများ အနေဖြင့် ရာထူးတက်ကိန်း ရှိနေတတ်ပါတယ်။ ဌာနဆိုင်ရာအတွင်း လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်ပြေမှုမျိုးနှင့် ကြုံရတတ်ပါတယ်။ အချစ်ရေး ကံကောင်း၍ စိတ်ပျော်ရွှင်နေရတတ်ပါတယ်။ ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် အနောက်အရပ်မျက်နှာမှုကာ သြဇာညွန့် (၉)ညွန့် ဘုရားပူဇော်ပြီး သွားခြင်းနှင့် အပြာနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ ထိုအချိန်ပိုင်းတွေ ခရီးသွား အထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၄.၃.၉)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - အပြာနုရောင် အဝတ်အထည်ဝတ်ဆင်ပြီး စနေဂြိုဟ်ဘုရားထောင့်တွင် အနောက်အရပ်မျက်နှာမှုကာ သြဇာညွန့် (၉)ညွန့် လိုတရဂါထာရွတ်ပွားပြီး ကပ်လှူ လိုရာဆုတောင်းပါ။
ရာဟုသားသမီး
ရာဟုသားသမီးများ စီးပွားရေး ငွေကြေးလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းနှင့်ပြည်ပနိုင်ငံခြား စီမံကိန်းများနှင့် အွန်လိုင်းပြည်ပအရောင်းအဝယ် အကျိုးဖြစ်မည်။ ဗုဒ္ဓဟူးနံ အဝင်မကောင်း၊ ခြေနှစ်ချောင်းကယ်မကောင်း။ လမ်းခရီး၌ တစ်ပါးသူကူညီခြင်း ကြားမှမဆီမဆိုင် မိမိအမှုပတ်လိမ့်မည်။ဗုဒ္ဓဟူးနံ အကျိုးမြတ်နည်း အရှုံးပေါ်မည်။ဗုဒ္ဓဟူးနံ တိရိစ္ဆာန်အသေအပျောက် အခိုးခံဖြစ်တတ်။ ကုန်ပစ္စည်းလှောင်ခြင်း၊ လေလံဈေးကစားခြင်း မပြုရရှောင်သင့်၏။ ကြိုတင်တွက်ဆ၍မရသော အပျက်အစီးများနှင့် ကြုံတတ်သည်။ ပညာရေးအခွင့်အရေး အခွင့်အလမ်းများ ရရှိအံ့။ ဒါပေမဲ့ ပညာရေး၊ လုပ်ငန်းရှင်၊ မိသားစု အကြီးအကဲ ဆရာသမားရဲ့ ငြိုငြင်မှုခံရတတ်။ စိတ်မြန်ခြင်း၊ အလောတကြီးဆုံးဖြတ်ခြင်း လျှော့ပါ။ အချစ်ရေး သင့်ကိုတကယ်ချစ်မြတ်နိုးသူနဲ့ တွေ့ဆုံရမည့်အချိန်ပါ၊ အချစ်ရေးပြောဆိုခြင်းကောင်း၏။ အိမ်ထောင်ရေး အနည်းတော့ညံ့နေပါလိမ့်မယ် အဆိုးကြီးတော့မဟုတ်ပါ။ ကျန်းမာရေး မျက်နာမှာ အဖုအပိန့်အနာလေးတွေ ဖြစ်တတ်ပြီး အဖျားကြီး တုပ်ကွေးရောဂါဖြစ်တတ်သည်။ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် မြောက်အရပ်မျက်နှာမှုကာ ရဲယိုညွန့် ခူးဆောင်ခြင်းနှင့် အစိမ်းရောင်၊ ပန်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ ထိုအချိန်ပိုင်းတွေ ခရီးသွား အထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၈.၅.၁)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - မိမိနေ့နံဂြိုဟ်ဘုရားထောင့်တွင် မြောက်အရပ်မျက်နှာမှုကာ ဆုတောင်းပြည့်ဂါထာရွတ်ပွားပြီး ရဲယို့ညွန့်(၁၂)ညွန့်၊ သက်ကယ်ညွန့်(၂၁)ညွန့် ကပ်လှူ လိုရာဆုတောင်းပါ။
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။