ကရဋက်ရာသီဖွားများအတွက် တစ်သက်တာဟောကိန်း
trend.com.mm
|
2020-03-03

မည်သည့်နှစ်တွင်မဆို ဇွန်လ ၂၂ မှ ဇူလိုင် ၂၂ ရက်အတွင်း မွေးဖွားသူများ (မြန်မာလ – ဝါဆိုလဖွားများ) သည် ကရဋက်ရာသီဖွားများ ဖြစ်ကြသည်။

၁။ ကရကဋ်ရာသီဖွားများ၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက်လက္ခဏာများ
ကရကဋ်ရာသီဖွားများသည် သြဇာအာဏာရှိသူများဖြစ်၏။ မိသားစုနှင့်ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်ကြ၏။ အရည်အချင်း ပြည့်ဝ၏။စူးစမ်းဆင်ခြင်ဉာဏ်ပြင်းထန်၏။ အသက်ကြီးပိုင်းတွင် ဘာသာတရားကိုလွန်စွာ ကိုင်းရှိုင်းသွားတတ်ကြ၏။ ဉာဏ်အလွန်ထက်၏။ တစ်ခါတရံ၌
ဖြစ်လာမည့်ကိစ္စတို့ကို ကြိုသိနေတတ်သော ဉာဏ်စွမ်းပါရမီထူးရှိ၏။ကိုယ့်ကိုကိုယ်အားကိုး၏။ မိရိုးဖလာ အစဉ်အဆက် လုပ်ခဲ့သော အလုပ်များကို ဆန့်ကျင်တတ်၏။ အသံသြဇာကောင်းပြီး အပြောအဆိုကောင်း၏။ အစစ ဦးဆောင်ဖြစ်၏။ အမျိုးဘာသာအကျိုး၊ အများကောင်းကျိုး လိုလား၏။ ဆောင်ရွက်တတ်၏။
သို့သော်ခေါင်းမာ၏။ အာဃာတကြီး၏။နာကျည်းမုန်းတီးမိက ကလဲ့စားချေရမှကြိုက်၏။ စိတ်ဓါတ်အားကောင်းသော်လည်း လူအားပျော့၏။
စိတ်တန်ခိုးစွမ်းအားကြီးမားသော်လည်း ကိုယ့်အစွမ်းအစ ကိုယ်မသိ။ စိတ်ဓါတ်ကျလွယ်၏။ ဘဝတွင် အပြောင်းအလဲများစွာကြုံခဲ့၏။ ဘဝတစ်လျှောက်လုံး အငြိမ်မနေ လှုပ်ရှားသွားလာနေရတတ်၏။
စိတ်ထား နူးညံ့သိမ်မွေ့၏။ ပင်ကိုယ်စိတ်ဓါတ်အေးဆေးတည်ငြိမ်သလောက် မကြာခဏ တွေဝေမိုက်မဲစွာပြုလုပ်တတ်၏။ အေးဆေးတည်ငြိမ်စွာ နေထိုင်လိုသလောက် စိတ်မတည်ငြိမ်ဘဲ လှုပ်ရှားပြောင်းလဲနေတတ်၏။ ဆုံးဖြတ်ချက်နောက်ကျတတ်၍ အခွင့်အရေးများစွာ ဆုံးရှုံးသွားတတ်ခြင်းမကြာခဏကြုံတတ်၏။ အလွန်အာရုံများ၏။ စပ်စု၏။ အထိမခံရွှေပန်းကန်များဖြစ်၏။
ဂီတအနုပညာကိုမြတ်နိုး၏။ သွက်လက်ထက်မြက်၏။ စကားများ၏။ အပျော်အပါးကြိုက်၏။ အုပ်စုဖွဲ့နေရခြင်းကိုကြိုက်၏။ မိသားစု အသိုင်းအဝိုင်းကို အလွန်ခင်တွယ်တတ်ကြ၏။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်၏။ တရားမျှတမှုကိုကြိုက်နှစ်သက်သော်လည်း အောင်မြင်ကြီးပွားလိုသော ဆန္ဒနှင့်ကြိုတင်ပူပန်စိုးရိမ်မှု သောကစိတ်တို့ပြင်းထန်၏။ တစ်ခါတရံ တစ်ဖက်သတ်ဆန်ဆန် ပြုမူမိတတ်ကြ၏။အပေါ်ယံအားဖြင့်ဖြစ်သလိုနေတတ် ပြောတတ်သော်လည်း တိုးတက်ကြီးပွားမှုကိုပြင်းပြင်းထန်ထန် အလိုရှိ၏။ အလွန်ကြိုးစား၏။ ဘဝအစတွင် ခက်ခဲကြမ်းတမ်း၏။ သက်လတ်ပိုင်းတွင် ကြီးပွားတတ်၏။ လူများအပေါ်သြဇာပေးနိုင်တတ်၏။
အလုပ်ကို တစ်ခုမပြီးမီ နောက်တစ်ခုစမိသဖြင့်အောင်မြင်မှုထိခိုက်တတ်၏။ ဘဝမျိုးစုံ ကျင်လည်ရ၏။ ဖြစ်ကတတ်ဆန်းနေထိုင်ရခြင်းမျိုးကိုလည်း ကြုံရတတ်၏။ ထိုက်တန်သော စည်းစိမ်ဥစ္စာတို့ပြည့်စုံလာသောအခါ လူယုံများကြောင့်လည်းကောင်း၊ အတွင်းပစ္စည်းများ လူမသိဘဲလှိုက်စားကုန်သွားတတ်၏။ လူမသိ သူမသိဘဲကြိတ်ခံရတတ်၏။ ဆုံးဖြတ်ချက် တစ်ချက်မှားသဖြင့် အဖတ်ဆယ်မရအောင် နစ်နာခြင်းမျိုး ကြုံရတတ်၏။
ထို့အပြင် ကရကဋ်ရာသီဖွားများသည် တစ်ချို့ကိစ္စများတွင် စည်းကမ်းတကျကပ်စီးနှဲသလိုဖြစ်နေတတ်သည်။ တစ်ခါတရံ အဖိုးတန်ပစ္စည်းများကိုပင်ပေးကမ်းစွန့်ကြဲပစ်တတ်ကြ၏။ လူသေသော်လည်း နာမည်မသေစေရဟုနှလုံးပိုက်သူများဖြစ်၏။ မှန်သည်ထင်က တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုသလို လုပ်တတ်၏။ကိုယ်သံယောဇဉ်ကြီးသူများအတွက် အလွန်အနစ်နာခံတတ်၏။သနားတတ်၏။ သစ္စာရှိ၏။ မဟုတ်မခံချင်စိတ်၊ သတ္တိဗျတ္တိနှင့် ပြည့်စုံ၏။
အထူးသဖြင့် ကရကဋ်ရာသီဖွားတို့သည် ဘိုးတော် မယ်တော်ပုဂ္ဂိုလ်ပိုင်းမှ အစောင့် အရှောက် ကြီးမားစွာရှိတတ်၏။ အိပ်မက်ထူးများရှိတတ်၏။ ဘာသာရေးကို စိုက်လိုက်မတ်တတ် ကျင့်လှမ်းသွားခြင်းဖြင့် လောကီအကျိုးစီးပွားပါ ပြည့်စုံလာတတ်လေ၏။

၂။ အချစ်ရေး၊ အိမ်ထောင်ရေးနှင့် ဘဝတည်ဆောက်မှုများ
ကရကဋ်ရာသီဖွားများသည် အချစ်ကြီးသူများဖြစ်၏။ သို့သော်ချစ်ကံခေသူများ ဖြစ်တတ်ကြ၏။ မေတ္တာရေးတွင် အပေးသမားများဖြစ်၏။ အလွန်ချစ်တတ်သောနှလုံးသားပိုင်ရှင်များဖြစ်၏။ စိတ်ကူးယဉ်ဆန်၏။ သိမ်မွေ့စွာချစ်တတ်၏။ သို့သော် ကိုယ်ကိုယ်တိုင်ကလည်း တွေဝေစွာ စိတ်ဒွိဟဖြစ်တတ်ကြ၏။ ကိုယ်က နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးကာပြည့်စုံသောဘဝထူထောင်နိုင်ဖို့ ကြိုးစားလိုတတ်ကြ၏။ တွက်ချက် သုံးသပ်ပြီးမှ ကြိုးစားလို၏။ ပြည့်စုံသောဘဝကို ထူထောင်လို၏။ အကယ်၍စွန့်စားရမည်ဆိုလျှင်လည်း အရာရာကို စွန့်လွှတ်၍ ချစ်သူနှင့် လက်တွဲရန် ဝန်မလေးတတ်ကြပါ။ ထိုသို့ချစ်စိတ်ပြင်းထန်၏။
သို့သော် အချစ်ရေးတွင်ကြေကွဲဝမ်းနည်းစရာကြုံတတ်၏။ မိမိချစ်သူကမိဘစကားနားထောင်တာဖြစ်စေ၊ မိမိထက်သာသည်ကိုရွေးချယ်ကာသည်ဖြစ်စေ စွန့်ခွာသွားတတ်၏။အချစ်ရဆုံးသူကို လက်လွတ်ရတတ်၏။ အလွန်လွမ်းစရာကောင်းသောနှလုံးသားဇာတ်လမ်းဟောင်းများ ရှိခဲ့တတ်၏။
သို့သော် တကယ်အိမ်ထောင်ပြုပြီးသောအခါ ထိုကိစ္စအားလုံးကိုအပြီးမေ့နိုင်စွမ်းကြ၏။ အိမ်ထောင်ရေး ကံကောင်းတတ်ကြ၏။ကိုယ့်အပေါ် နားလည်ပေးသော အိမ်ထောင်ဖက်ကို ရရှိတတ်၏။ကိုယ်ကလည်း အိမ်ထောင်ဖက်အပေါ် အထူးခင်တွယ်တတ်၏။ ညှာတာတတ်၏။ လိုက်လျောတတ်၏။ အခြားသူတို့ထက်ပို၍ မိသားစုအပေါ်ခင်တွယ်တတ်ကြ၏။
ကရကဋ်ရာသီဖွားတို့သည် ကိုယ်ကိုယ်တိုင်ကလည်း ပြေပြစ်သော ခန္ဓာကိုယ်ဖွဲ့စည်းမှုရှိတတ်ပြီး အိမ်ထောင်ပြုသောအခါတွင်လည်း ပြည့်ဖြိုးပြေပြစ်သော အိမ်ထောင်ဖက်ကို ရရှိတတ်သည်။ အထူးသတိပေးလိုသည်မှာကရကဋ်ရာသီဖွားတို့သည် သာယာအေးချမ်းသော အိမ်ထောင်ရေးကိုထူထောင်ပြီးမှ စိတ်လှုပ်ရှားစရာကောင်းသော ဒုတိယလူပေါ်လာတတ်၏။ အိမ်ထောင်ရေး သစ္စာရှိဖို့ အထူးလိုအပ်လှတော၏။ ကရကဋ်ရာသီဖွားတို့သည် တော်သလင်းလဖွား၊ တပေါင်းလဖွား၊ ပြာသိုလဖွားတို့နှင့် အိမ်ထောင်ဖက် ရွေးချယ် လက်တွဲသင့်၏။

၃။ ကရကဋ်ရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေးအနေအထားများ
ကရကဋ်ရာသီဖွားတို့သည် အရာရာကို စူးစမ်းပြီးမှ လုပ်ကိုင်တတ်ကြ၏။အစဉ်အလာ လမ်းရိုးအတိုင်း လုပ်ကိုင်ရခြင်းကို မနှစ်သက်တတ်ကြ၏။ထို့အပြင် အလုပ်အကိုင်ကိုလည်း တစ်ခုမပြီးခင် နောက်တစ်ခုပြောင်းလုပ်ချင်၏။ အတတ်ပညာများကိုလည်း တစ်ပိုင်းတစ်စတွေများတတ်၏။ တစ်ခုတည်းဇောက်ချလုပ်ကိုင်တတ်သင့်လှ၏။ ကရကဋ်ရာသီဖွားတို့သည် စပ်တူလုပ်ကိုင်ခြင်းကို အထူးရှောင်ကြဉ်သင့်လှပေ၏။ ကိုယ်ပိုင်လုပ်ငန်း ကိုယ့်စိတ်ကူးနှင့်ကိုယ် လုပ်ကိုင်ရသော လုပ်ငန်းများကိုရွေးချယ်လုပ်ကိုင်သင့်၏။
အထူးသဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားလာလှုပ်ရှားကာ အာရုံသစ်များကို လေ့လာကာ လုပ်ကိုင်ရသော ကိုယ်ပိုင်လွပ်လပ်စွာ တွေးခေါ် ဆောင်ရွက်နိုင်သည့် အလုပ်ကို လုပ်ကိုင်သင့်၏။ ကရကဋ်ရာသီဖွားတို့သည် ဘာပဲလုပ်လုပ် တခမ်းတနား လုပ်ချင်တတ်ကြ၏။ စာအုပ်စာတမ်း၊
အကြံညာဏ်ကောင်းများ ရှာဖွေလိုက်နာတတ်၏။ ငွေရှိလာသောအခါအလှူရက်ရော၏။ ဝါသနာပါ၍ ယုံကြည်ရာကိုသာ လုပ်ကိုင်တတ်ကြ၏။အပင်ပန်းခံနိုင်တတ်ကြ၏။ သို့သော် ကိုယ်လုပ်သောအလုပ်တွင်စိတ်ကူးယဉ်မှုများပါနေ၍ ထင်သလောက်မပေါက်ဘဲဖြစ်နေတတ်သည်ကို သတိပြုရန်လိုသည်။
မည်သည့်အလုပ်မဆို အကျိုးကိုမကြည့်ဘဲ ယုံကြည်ချက်ဖြင့် လုပ်ကိုင်တတ်ကြ၏။ အလုပ်နှစ်မျိုးတွဲလုပ်ရတတ်၏။ သူတစ်ပါးအတွက် ကြားဝင်ခံခြင်းမျိုးပါ ကြုံရတတ်၏။ ပင်ကိုယ်ဗီဇတွင် အလွန်ထက်မြက်သောညာဏ်ရည်ရှိပြီး စိတ်ကူးကောင်း၏။ အလွန်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်စွမ်း၏။ အချိန်တိုတိုအတွင်း အစစ လေ့လာသုံးသပ်ပြီး ပိုင်နိုင်စွာ ဦးဆောင်လုပ်ကိုင်နိုင်စွမ်း၏။ သို့သော် သူတစ်ပါးတွေနှင့်ဘေးတိုက်ကန့်လန့် မလုပ်မိဖို့တော့လို၏။ ပင်ကိုယ်ပါရမီထူးသူဖြစ်၍ဘေးလူတွေက အံ့သြလောက်အောင် ရိုးရှင်းထိမိစွာ လုပ်ကိုင်ပြနိုင်စွမ်းရှိ၏။ တစ်ခုတည်းကိုသာ ပိုင်နိုင်စွာ ရွေးချယ်ပြီး ဇွဲရှိရှိလုပ်ကိုင်သွားပါက ထိပ်ဆုံးကို ရောက်သွားတတ်၏။
ကိုယ်ပိုင်လုပ်ငန်းဖြင့် ငွေကြေးဥစ္စာများစွာ ပိုင်ဆိုင်တတ်လေ၏။
ကရကဋ်ရာသီဖွားတို့သည် စာရေးဆရာအလုပ်ဖြင့် အလွန်ကောင်းကျိုးပေးတတ်၏။ စာအုပ်ထုပ်ဝေရေး၊ စစ်ဘက်၊ ငါးမွေးမြူရေး၊ စားသောက်ဆိုင်၊ သတင်းထောက်၊ ဂျာနယ်လစ်အလုပ်တို့ အထူးကောင်းကျိုးပေးတတ်၏။ မည်သည့်အလုပ်ကို ရွးချယ်သည်ဖြစ်စေ ဘာသာရေး ဦးထိပ်ပန်ဆင်ပေးပါလေ။ မုချဖြစ်ထွန်းပါလိမ့်မည်။

၄။ ကရကဋ်ရာသီဖွားများ၏ ကျန်းမာရေး အနေအထားများ
ကရကဋ်ရာသီဖွားများသည် စိတ်ဓါတ်ပြင်းထန်စွာပြုမူလုပ်ကိုင်နေထိုင်ခြင်းကြောင့် အားအင်ကုန်ခန်းသလိုမျိုး မလှုပ်ရှားချင်၊နုံးခွေနေသော ရောဂါမဟုတ်သည့် ရောဂါကို ခံစားရတတ်၏။ အမှန်အားဖြင့် ကရကဋ်ရာသီဖွားတို့သည် ပင်ကိုယ် ကျန်းမာရေးဓါတ်ခံအား၊ သက်လုံကောင်းသူများဖြစ်၏။
ကျန်းမာရေးနှင့်ဆိုင်သော ဗဟုသုတလည်းရှိ၏။ သူတစ်ပါးအားအကြံညာဏ်ပေးခြင်း၊ ဆေးဝါးဓါတ်စာ ညွှန်ကြားခြင်းဖြင့် ကူညီတတ်၏။ကိုယ်တိုင်ကမူ နေချင်သလိုနေ၏။ စားချင်သလို စား၏။ပေပေတေတေနေ၏။ သူတစ်ပါးစကား နားမထောင်ကိုယ်သိသလိုလည်း မလိုက်နာ။
ထို့ကြောင့် ကျန်းမာရေး ထိခိုက်တတ်၏။ အရေပြား ယားယံတတ်၏။ သက်လတ်ပိုင်းတွင် ဆီးချို၊သွေးတိုး ရောဂါတို့ ရတတ်၏။ ဆေးကုသရန်၊ ဆရာဝန်ပြရန် အလွန်ဝန်လေးတတ်ကြ၏။ မကြာခဏ ကိုယ်လက်ထုံချင်ကိုက်ခဲတတ်ကြ၏။ အနာစိမ်းပေါက်တတ်ကြ၏။ အထူးမှာ ကင်ဆာနှင့် သွေးတိုးသတိပြုသင့်၏။ ကရကဋ်ရာသီဖွားတို့သည် လုံခြုံအေးချမ်းရာနေရာတို့၌ မကြာခဏ အနားယူသင့်၏။ ရေချိုးမှား ရင်ဘတ်အအေးပတ်ခြင်း မဖြစ်အောင်ဆင်ခြင်သင့်လှ၏။ကျန်းမာရေး ညံ့သောအခါမျိုးတွင်ကျောက်စိမ်းဆောင်ထားသင့်၏။

၅။ ဘဝတွင် တွေ့ကြုံရတတ်သော ဘေးဥပဒ်အန္တရာယ်များ
ကရကဋ်ရာသီဖွားတို့သည် သဘာဝဘေးအန္တရာယ်အားဖြင့် ရေဘေးအန္တရာယ်မျိုး ရင်ဆိုင်တတ်ရ၏။ ရေသောက်သောအခါမှာပင် အခန့်မသင့်ဘဲ ရေသီးခြင်းဖြစ်တတ်၏။ ရေနစ်တတ်၏။ရေလမ်းခရီးသတိပြုဆင်ခြင်သင့်၏။ ကရကဋ်ရာသီဖွားအများစုသည်ရေနှင့် ပတ်သက်၍ အထူးသတိထားသင့်၏။ နေအိမ်တွင်ရေကူးကန်ထားခြင်းကိုပင် ဆင်ခြင်သင့်လှ၏။

၆။ ကရကဋ်ရာသီဖွားတို့၏ ဘဝကံကြမ္မာ အနိမ့်အမြင့် အတက်အကျများ
ကရကဋ်ရာသီဖွားတို့သည် ဘဝတွင် အတက်အကျအပြောင်းအလဲအလွန်မြန်၏။ တစ်ခါတရံ တည်ငြိမ်အေးချမ်းစွာတည်ရှိနေသလောက် တစ်ခါတရံတွင် အရှိန်အဟုန်ပြင်းစွာလျှောက်လှမ်းနေရတတ်၏။ တစ်ခါတစ်ရံ မေတ္တာတရားဖြင့် အေးချမ်းစွာရှိနေသလောက် တစ်ခါတစ်ရံတွင် စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးပမာရင်ဆိုင်ဖြေရှင်းနေရတတ်၏။ ဘဝအစပိုင်းတွင် အဖိအနှိပ်များ ခံခဲ့ရတတ်၏။ နှလုံးသားရေးတွင်လည်း အချစ်ဦး၊ ရည်းစားဦးတို့၏ ချိုးနှိမ်စွန့်ပစ်မှုတို့ဖြင့် နာကျင်ခဲ့ရတတ်၏။ ဘဝကိုတိုက်ပွဲတစ်ခုပမာရင်ဆိုင်ရုန်းကန်ရတတ်၏။ ကိုယ်တိုင်ကလည်း နှမြောတွန့်တိုခြင်း၊အလှူရက်ရောခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း စသည့်အစွန်းတရားများ ရောနေတတ်၏။
ကရကဋ်ရာသီဖွားတို့ကံကောင်းလာပြီဆိုက မိုးပေါ်ကကျသလို ကောင်းတတ်ကြ၏။ သိကြားမင်းမသလို ကောင်းလာတတ်၏။ လှပသောစိတ်ကူး၊ထူးခြားသောညာဏ်ရည်တို့ဖြင့် ရိုးရိုးနှင့် ထိမိအောင်နေတတ်၊ ဝတ်တတ်၊ပြောတတ်၊ လုပ်တတ်သဖြင့် တိုးတက်တတ်ကြ၏။ သီလရှိခြင်း၊
သစ္စာရှိခြင်း၊ ပွင့်လင်းခြင်း၊ မဟုတ်မခံသတ္တိ၊ ဗျတ္တိရှိခြင်းတို့ကအောင်မြင်မှုဆီသို့ တွန်းပို့ပေးသော ကရကဋ်ရာသီဖွားတို့၏ စွမ်းရည်များဖြစ်၏။ ငယ်က ဆင်းရဲ၏။ ဖခင်နှင့် ဝေးခဲ့ရတတ်၏။
အသက်(၁၄)၊ (၁၆)၊ (၂၈) တို့တွင် အလွန်ညံ့သောအနေအထားများကြုံခဲ့တတ်၏။ ကျရှုံးခြင်းတို့ကြုံခဲ့တတ်၏။ ထိုသင်ခန်းစာများကပင် ဘဝတွင် တိုးတက်ရန် အားမာန်များ ရစေတတ်ပြန်၏။ (၃၅)၊ (၃၆)၊ တို့တွင်လည်း ဘဝတွင် အထူးထိခိုက်နစ်နာ တတ်ခဲ့၏။ (၃၈)တွင် တစ်ရပ်တစ်ကျေးသို့ပြောင်းခဲ့ရတတ်၏။ ဘဝသက်တမ်းတစ်လျှောက် (၂၀)၊ (၃၂)၊ (၄၄)၊(၄၈)၊ (၅၂)၊ (၅၅)၊ (၆၀)၊ (၆၈)တို့တွင် အနီးကပ်လူယုံတို့ဒုက္ခပေးခံရတတ်၏။ အရောင်းအဝယ် ကျွမ်းကျင်တတ်၏။ ပစ္စည်း ဥစ္စာဖြစ်ထွန်းပါမည်။ သို့သော် နိမ့်တုံ မြင့်တုံ ဖြစ်တတ်၏။ (၂၅)၊ (၃၄)၊ (၄၃)
တို့တွင် အခွင့်ထူးများ ကြုံနိုင်၏။ (၄၂)တွင်လည်းကောင်း၊ (၈၁)တွင်လည်းကောင်း ကျန်းမာရေး အထူးဂရုစိုက်ရမည်။
ဘဝတွင်တောတောင် ဥယျာဉ်ပန်းခြံတို့၌ တစ်ယောက်တည်း မကြာခဏအနားယူလျှက် ခေါင်းအေးအေးဖြင့် စဉ်းစားလုပ်ဆောင်သွားသင့်၏။ဘဝတွင် ငွေရလာသောအခါ စုဆောင်းရ ခက်ခဲတတ်၏။အထူးစည်းစနစ်တကျစုဆောင်းသင့်၏။ ယခုဖော်ပြခဲ့သောအသက်အပိုင်းအခြားတို့မှာ ယေဘုယျမျှသာဖြစ်၏။ သို့သော်ကရကဋ်ရာသီဖွားအများစုသည် ဤနှစ်များကိုပင်လျှင် သတိပြုဆင်ခြင်သင့်လှပေတော့၏။

၇။ ဘဝတိုးတက်အောင်မြင်မှုအတွက် လိုက်နာကျင့်သုံးဖွယ်ရာများနှင့်အဆောင်အရောင်များ
ကရကဋ်ရာသီဖွားအားလုံးတို့အတွက် ဘဝသက်တမ်းတစ်လျှောက်ကံကောင်းစေရန်၊ လာဘ်ရွှင်စေရန်၊ ရာထူးတိုးစေရန်၊စိတ်ချမ်းသာစေရန်၊ အထူးကောင်းကျိုးပေးသော အရောင်များမှာ
အစိမ်းနုရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်၊ နို့နှစ်ရောင်တို့ဖြစ်၏။အရောင်နုများကို အထူးသုံးသင့်၏။ တစ်ခါတစ်ရံမှသာ ဖဲစကဲ့သို့အရောင်တလက်ထသော ငွေရောင်၊ ဖက်ဖူးရောင်တို့ကို
ဝတ်ဆင်သုံးစွဲခြင်းဖြင့် အထူးအောင်မြင်တိုးတက်ပါလိမ့်မည်။နှလုံးသားရေး ကိစ္စတွင် အထူးကြုံသောအခါ ဖက်ဖူးရောင်နှင့်ပန်းနုရောင်ကိုသုံးစွဲပါ။ စာမေးပွဲကိစ္စ၊ အင်တာဗျူးကိစ္စတို့ကြုံသောအခါအပြာနု၊ အစိမ်းနုနှင့် နို့နှစ်ရောင်ကိုသုံးပါ။ အလွန်ထူးခြားစွာ
အောင်မြင်လိမ့်မည်။
ကရကဋ်ရာသီဖွားတို့သည် ပုလဲ၊ ကျောက်စိမ်း၊ မြကျောက်တို့ကိုအမြဲဆောင်ထားသင့်၏။ လက်သူကြွယ်တွင် ဝတ်ပါ။ ထို့ပြင် ဘယ်ဘက်လက်သူကြွယ်တွင် ငွေလက်စွပ်လေးတစ်ကွင်း၊ရွှေလက်စွပ်လေးတစ်ကွင်းသာလျှင် (ငွေပေါ် ရွှေဆင့်) ဝတ်ကာဆောင်ထားသင့်၏။ လာဘ်ရွှင်ခြင်း၊ ငွေဝင်ခြင်း၊ငွေမြဲခြင်းတို့ဖြစ်တတ်၏။ဂန္ဓာပန်းအဖြူ၊ ကြာပန်းအဖြူ၊ ကြာပန်းအနီ၊နှင်းဆီပန်း ပန်းရောင်နှင့် စံပယ်ပန်းတို့ကို အလှထိုးခြင်း၊ဘုရားပန်းကပ်လှူခြင်းပြုပါ။ ကံပွင့် လာဘ်ပွင့်၍ စိတ်ချမ်းသာစေတတ်၏။အရေးတကြီးကိစ္စကြုံက ၎င်းင်းတို့ကို ဆောင်၍ဖြစ်စေ၊ ဘုရားစင်တွင်လှူ၍ဖြစ်စေ ဆောင်ရွက်က အထူးအောင်မြင်တတ်၏။
ကရကဋ်ရာသီဖွားတို့သည် ဘဝကို လမ်းဘေးရောက်နေသောအခြေအနေမျိုးမှ ပြန်လည် ထူထောင်ကာ ကြိုးစားပြီးတိုးတက်လာရတတ်၏။ ကရကဋ်ရာသီဖွားတို့သည် သူမတူအောင်
ဆွဲဆောင်မှုရှိတတ်၏။ ဟန်ပန်အမူအရာ ပင်ကိုဓါတ်ခံ ညှို့အားကောင်း၏။ ရိုးရိုးရှင်းရှင်းနှင့် အေးဆေးတည်ကြည်စွာ ကြိုးစားပေးဖို့လို၏။သြဇာအာဏာပြည့်ဝသော ဟန်ပန်အမူအရာ ရုပ်သွင်တို့ကပင်ဘဝအောင်မြင်မှုအတွက် အထောက်အပံ့ဖြစ်တတ်၏။ သို့သော်ကရကဋ်ဖွားတို့ ဘဝတွင် ကံကြမ္မာအလှည့်အပြောင်း၊ အကြောင်းမသင့်၍နစ်နာချိန်၊ ကျရှုံးချိန်တို့တွင် အကူအညီရခဲ၏။ မကူညီသည့်အပြင်ဘဝတက်လမ်းကို နှောက်ယှက်သူ၊ ပိတ်ပင်သူများပင် ကြုံတတ်၏။
ကရကဋ်ရာသီဖွားတို့၏ဘဝသည် အလွန် အထီးကျန်ဆန်တတ်၏။
ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပေးမှ မြင့်မားသော ဘဝကို ရရှိတတ်၏။
အောင်မြင်ကျော်ကြား၏။ မိတ်ဆွေကောင်းအလွန်ရှား၏။ ကိုယ့်အနီးအပါးတွင် လာခိုသူများသာ များတတ်၏။ ကိုယ်က အားကိုး၍မရ။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပါ။ ကရကဋ်ဖွားတို့သည် ပထမပိုင်းတွင် ဘာမှမယုံ လုပ်မှရသည်ုဟူသောရုပ်ဝါဒကိုသာ လက်ခံတတ်၏။ ဘဝအလှည့်အပြောင်းကြုံပြီးမှဘာသာရေးကို အထူးသက်ဝင်ယုံကြည်ကာ အထူးလေ့လာအားထုတ်တတ်၏။ ဘာသာရေးကြောင့်အောင်မြင်တတ်၏။

(၁၊ ၂၊ ၄၊ ၇)ဂဏန်းများဆောင်ပါ။ အနီရင့်ရောင်ရှောင်ကာ အထူးအားဖြင့်

(၁) အငြိုးအတေးထားပြီး ကလဲ့စားချေတတ်သော အစွန်းရောက်စိတ်ကို ပယ်ပါ။
(၂)ကိုယ်ကိုယ်တိုင်ရရှိသော စိတ်ကူးကောင်း အကြံကောင်းများကို အကျိုးမဲ့ရှောက်ပြောခြင်းမပြုဘဲ လက်တွေ့အကောင်အထည်ဖော်ပါ။
(၃)မိတ်ဆွေ၊ ဆွေမျိုးတို့အပေါ် အနွံတာခံပြီးပေါင်းသင်းပါ။ ကင်းကွာ
မနေပါစေနှင့်။
(၄) ဘာသာရေးအထူးဖက်တွယ်ပါ။ ထို့အတူ မမြင်အပ်သော နာမ်လောကပိုင်းနှင့် စပ်ယှဉ်၍ သဘာဝကျကျ လက်ခံကာ မေတ္တာ ဘာဝနာပွားများပါ။ ထိုကဲ့သို့ အားနည်းချက်၊ အားသာချက်တို့ကို ပြုပြင်ခြင်း၊ ကြိုးစားခြင်းတို့ဖြင့် ကရကဋ်ဖွားတို့၏ ဘဝတွင် အောင်မြင်ခြင်း၊ ပြည့်စုံခြင်းတို့ ရရှိနိုင်မည်ဖြစ်ပေသတည်း။

[ Unicode ]

Ref; zodiac_sign

#ဘဝ
#အထူး
#ရာသီ
#မြား
#အလှ

Some text some message..