မည်သည့်နှစ်တွင်မဆို သြဂုတ်လ၂၄ရက်မှ စက်တင်ဘာလ ၂၂ရက်အတွင်းမွေးဖွားသူများ ( မြန်မာလ – တော်သလင်းလဖွားများ) သည် ကန်ရာသီဖွားများ ဖြစ်ကြသည်။
၁။ ကန်ရာသီဖွားတို့၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက်လက္ခဏာများ
ကန်ရာသီဖွားများသည် ပင်ကိုယ်သဘာဝအားဖြင့်အတွေးအခေါ်ဉာဏ်ပညာထက်မြက်သော်လည်းစိတ်မငြိမ်စိတ်မြန်လွန်းတတ်၏။ ၎င်းအချက်ကိုသတိပြုသင့်၏။ကန်ရာသီဖွားများသည် အသိညာဏ်ပညာထက်မြက်သူများဖြစ်ပေသည်။စိတ်ခံစားချက် ပြင်းထန်သူများဖြစ်ပေသည်။ အစစအရာရာစဉ်းစားပြီးပြုမူ၊ နေထိုင်လုပ်ကိုင်တတ်ကြသည်။ဘဝတွင်လူချစ်လူခင်များသည်။ စန်းပွင့်သည်။ ဘဝတွင်ရွှေမရှားငွေမရှားနေရတတ်သည်။ အနုပညာဝါသနာကြီးသည်။
မိတ်ဆွေအပေါင်းအသင်းတို့ကို ခင်မင်တွယ်တာတတ်သည်။လွတ်လပ်မှုကို အလွန်ကြိုက်သည်။ စည်းကမ်းဘောင်တွေကိုအလွန်မုန်းသည်။ ဘယ်တော့မှ မလိမ်တတ်၊ မညာတတ်သူများဖြစ်သည်။စိတ်ထိခိုက်လွယ်သည်။ တဇွတ်ထိုးလုပ်ချင်တတ်သည်။
ဘယ်အခက်အခဲကိုမှ နောက်မဆုတ်၊ နောက်မတွန့်တတ်။ မြင့်မြတ်သောနှလုံးသားပိုင်ရှင်များဖြစ်သည်။ သို့သော်နှလုံးသားခံစားချက်ကိုဦးစားပေးလွန်းသည်။ ငွေကြေးမှအစ အခွင့်အလမ်းကိုမကြည့်စိတ်ခံစားချက်ကိုသာ အဓိကထား၍ ဆုံးဖြတ်ဆောင်ရွက်တတ်သည်။
ကိုယ်ယုံကြည်ရာကို ရဲရဲဆုံးဖြတ်လုပ်ကိုင်တတ်သည်။သည်းခံနိုင်စွမ်းရှိသည်။ သို့သော် စိတ်ဆန္ဒစောသည်။ကြာရှည်စောင့်ဆိုင်းလုပ်ကိုင်နေခြင်းမျိုးကိုစိတ်မရှည်ကြသူများဖြစ်သည်။
ကန်ရာသီဖွားတို့သည် ညာဏ်ပညာအမြင့်မားဆုံး၊အထူးချွန်ဆုံးသူများဖြစ်သည်။ (၁၂)ရာသီဖွားတို့တွင်ကန်ရာသီဖွားများသည် ဉာဏ်ပညာတွင်ထိပ်ဆုံးကဖြစ်သည်။ဖြတ်ထိုးညာဏ်အလွန်ကောင်းသည်။ အပြင်ပန်းဘာသိဘာသာနေတတ်ကြပြီး အလွန်အကွက်မြင်သည်။
ထိုးထွင်းညာဏ်ကောင်းသည်။ ဘာသာစကားနှင့်စာပေအသိပညာတို့တွင်အတိတ်ဘ၀ ပါရမီထူးသူများဖြစ်သည်။
ကန်ရာသီဖွားများသည် ထက်မြက်သော ညာဏ်ပညာကိုစနစ်တကျကြိုးစားအသုံးချသွားပါက ဘဝတွင်ထိပ်ဆုံးသို့ရောက်နိုင်စွမ်းအောင် တော်ကြ၊ ထက်ကြသူများဖြစ်သည်။
ကိုယ့်အစွမ်းအစကိုသိဖို့၊ ကြိုးစားဖို့တော့လိုသည်။
ကန်ရာသီဖွားတို့သည်ရိုးရိုးနှင့်တည်တည်ကြည်ကြည်ပြောဆိုလုပ်ကိုင်တတ်ကြသည်။
ထိုအသွင်သဏ္ဍာန်ကပင်ထူးခြားနေတတ်သည်။ ကန်ရာသီဖွားတို့သည်ငွေရှာတတ်သည်၊ ငွေရှာကောင်းသည်။ ထို့အပြင်ငွေအသုံးအစွဲစည်းကမ်းကောင်းသည်။ လောင်းကစားကို
ဝါသနာသိပ်မပါတတ်ကြပါ။ သို့သော်စွန့်စားဝံ့ စွန့်စားရဲတတ်ကြသည်။ဆုံးဖြတ်ပြီးက ပုံအောပြီးလုပ်ဝံ့ကြသည်။
ငွေကိုအထူးချွေတာသုံးစွဲတတ်ကြသည်။ ထို့အတူကန်ရာသီဖွားတို့သည်
အလုပ်တွင်လည်း စည်းစနစ်ကောင်းကြသည်။သူတစ်ပါးစိတ်မဝင်စားသောအလုပ်တို့ကို စိတ်ဝင်စားတတ်ကြသည်။ရိုးသားသူများကို ကူညီတတ်ကြသည်။ ရိုးသားသူများကို
ကူညီတတ်ကြသည်။ သဒ္ဓါတရားကောင်းသည်။ စိတ်ဆိုးမိကခွင့်မလွှတ်တတ်ကြ။ ဟန်ဆောင်ခြင်းကို အလွန်မုန်းသည်။
အထူးသဖြင့် ကန်ရာသီဖွားတို့သည် ညာဏ်ပညာထက်မြက်ပြီး သိလွယ်တတ်လွယ်တတ်ကြသည်။ စာဖတ်၊ စာကျက်ရာတွင်မြန်သည်။သဘောပေါက်လွယ်သည်။ မှတ်ညာဏ်ကောင်းသည်။
စိတ်ဝင်စားရာကိုစွတ်လုပ်တတ်ကြသည်။ ဘဝတွင် စနစ်တကျကြိုးစားသွားက ထိပ်ဆုံးသို့ရောက်တတ်သည်။
ကန်ရာသီဖွားတို့သည် အချို့ကိစ္စများတွင် စိတ်ထက်၊ စိတ်ကြီးပြီး၊မာနကြီးတတ်ကြသည်။ မဟုတ်မခံမာနဖြစ်သည်။အပြောအဆိုချိုသာသည်။ ဘာမဆိုကိုယ်တိုင်လုပ်ရမှ ကျေနပ်ကြသည်။
အစွမ်းသတ္တိရှိသည်။ အသားအရေလှပသည်။ စိတ်ကြီးသဖြင့်ခက်ထန်သလိုထင်ရသည်။ စည်းစနစ်ကြီးသဖြင့်အပေါင်းရခက်သလိုဖြစ်တတ်သည်။ တပည့်ကောင်းမရတတ်။
ကိုယ်သင်ပြမြှင့်တင်ပေး၍ ထိပ်ရောက်သွားသူများရှိပြီးကိုယ်ကိုပြန်မကြည့်တတ်ပါ။ စေတနာများများထားကစေတနာစော်ကားခံရတတ်သည်။ စိတ်ငြိမ်စွာထားပြီး ကြိုးစားကာ
ကိုယ်တိုင်ထိပ်ဆုံးနေရာကို ရယူသင့်ပေသည်။
၂။ ကန်ရာသီဖွားတို့၏ အချစ်ရေးကိစ္စများ
ကန်ရာသီဖွားတို့သည် အချစ်ကြီးသူများဖြစ်ကြပေသည်။ သို့သော်မေတ္တာကံခေသည်။ ကိုယ့်ကိုနားလည်ပေးသူ နည်းသည်။ကိုယ့်သံယောဇဉ်ကြီးသူ တို့နှင့်ခွဲခွာနေရတတ်သည်။အထီးကျန်ဆန်တတ်သည်။ ကန်ရာသီဖွားတို့သည် နှလုံးသားသိမ်မွေ့ပြီးအချစ်ကြီးသည်။ အချစ်ကိုဦးစားပေးတတ်ကြသည်။တစ်ဦးတစ်ယောက်ကို လွယ်လွယ်နှင့်မိတ်မဖွဲ့တတ်သလိုသံယောဇဉ်တွယ်မိက အစွဲအလမ်းကြီးသည်။ နှလုံးသားနူးညံ့သဖြင့်ခံစားရသောအခါပြင်းထန်သည်။ အချစ်ရေးတွင်ကံခေတတ်ကြသည်။စန်းပွင့်သူ၊ ဆန့်ကျင်ဘက်ကို ဆွဲဆောင်နိုင်သူများဖြစ်သဖြင့်
မျက်နှာများသလိုဖြစ်သွားတတ်သည်။ အချစ်ရေးတွင်မကြာခဏကြားအဖျက်ပေါ်တတ်ကြလေသည်။ ဆုံးဖြတ်ချက်မြန်သဖြင့်မှားတတ်ကြသည်။ အထူးသဖြင့် ကိုယ့်ထက်ငယ်သူများနှင့်
မေတ္တာနှောင်ကြိုး သွယ်မိတတ်ကြသည်။
၃။ ကန်ရာသီဖွားတို့၏ အိမ်ထောင်ရေး
ကန်ရာသီဖွားတို့သည် အလွန်စန်းပွင့်တတ်ကြ၏။အိမ်ထောင်ရေးတွင်လည်း အများအားဖြင့် ကံကောင်းတတ်ကြ၏။သို့သော် ကန်ရာသီဖွားတို့သည် ချစ်မေတ္တာကိုပွင့်လင်းစွာမပြတတ်ပါ။
အချစ်ကြီးသလောက် သိုသိပ်နေတတ်၏။ ထို့ကြောင့် အိမ်ထောင်ရေး၌ပြဿနာလေးတွေကြုံရတတ်ကြရ၏။ အရှက်အကြောက်ကြီးခြင်း၊သိက္ခာထိန်းခြင်းတို့ကြောင့် ကိုယ့်အိမ်ထောင်ဖက်က
ကိုယ့်မေတ္တာသံယောဇဉ်ကို သံသယဝင်ခြင်းခံရတတ်၏။ ထို့ပြင်ကိုယ်ကကိုယ့်အိမ်ထောင်ဖက်အပေါ် စည်းကမ်းဘောင်များဖြင့်စနစ်တကျချုပ်ကိုင်လို၏။ ကိုယ်က ကိုယ့်အိမ်ထောင်ဖက်အပေါ်စိတ်တိုင်းမကျဖြစ်နေတတ်၏။ ကိုယ့်အသိုင်းအဝိုင်းကလည်းကိုယ့်အပေါ်သဘောမကျကြောင်း၊ စိတ်တိုင်းမကျကြောင်းတို့ကိုမကြာခဏအပြစ်ဖွဲ့ပြောခြင်းခံနေရတတ်၏။ သို့သော်အိမ်ထောင်ဖက်ကပါးစပ်ဖြင့်မည်မျှပြောစေကာမူ စိတ်ထဲကကျိတ်ပြီးကိုယ့်ကိုသဘောကျနေတတ်လေ၏။ ကိုယ့်အိမ်ထောင်ဖက်ကကိုယ့်အပေါ်အနိုင်ယူ၊ သြဇာပေးနေသည်ဟုလည်း ထင်နေတတ်၏။
အထူးသတိပြုရန်မှာ ကန်ရာသီဖွားတို့သည် ကိုယ့်အိမ်ထောင်ဖက်အပေါ်သည်းခံလိုက်လျောဖို့ မေ့နေတတ်ပြီးအမြဲလိုလိုအရွဲ့တိုက်နေမိတတ်၏။စိတ်လိုက်မာန်ပါ ပြုမူမိတတ်၏။ကန်ရာသီဖွားတို့သည် သားသမီးကံကောင်းတတ်ကြ၏။သားသမီးတို့အပေါ် အထူးအလိုလိုက်တတ်ပေ၏။
အိမ်ထောင်ပြုရာတွင် ကုံရာသီ၊ တပိုတွဲလဖွားတို့ကိုအထူးရှောင်ပါ။အိမ်ထောင်ရေး အဆင်ပြေချောမွေ့ပါလိမ့်မည်။
၄။ ကန်ရာသီဖွားတို့၏ ကျန်းမာရေးအခြေအနေများ
ကန်ရာသီဖွားများ ကျန်းမာရေးကောင်းပါသည်။ကျန်းမာရေးညံ့လျှင်ခဏသာဖြစ်၏။ အပင်ပန်းခံမှုကြောင့် ကျန်းမာရေးညံ့တတ်၏။ ဗိုက်နာ၊ လေနာ၊ ရင်နာ၊ နှလုံးတုန်ရင်ခုန်၊ဆီးရောဂါ၊ ခေါင်းကိုက်၊ ဇက်ကြောထိုးရောဂါတို့အသေးအဖွဲမျှဖြစ်တတ်၏။ ကန်ရာသီဖွား အမျိုးသမီးများ
မီးယပ်သတိပြုဆင်ခြင်ပါ။ကျန်းမာရေးညံ့က အနီရောင်ဆောင်ပါ။ မုန်လာ၊ ပေါင်မုန့်၊ ကွေကာအုတ်၊သစ်ချသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး စသော အခွံမာအသီးများကိုဓါတ်စာအဖြစ် မကြာခဏစားပေးပါ။ မကြာခဏအနားယူပြီးနှစ်ခြိုက်စွာအိပ်ပါ။ ကျန်းမာရေးအထူးကောင်းပါမည်။
၅။ သဘာဝဘေးအန္တရာယ်များ
ကန်ရာသီဖွားတို့သည် မြေပြို၊ တွင်းပြို၊ တောင်ပြို အန္တရာယ်ကြုံတတ်၏။ကြုံတတ်သည်ဆိုသော်လည်း ယေဘုယျမျှသာဖြစ်၏။ထိုအခြေအနေဖြစ်နိုင်သော ဒေသများသို့ ခရီးသွားခြင်း၊
ကျောက်တူးခြင်းစသည့် အနေအထားတို့တွင်သာ ဆင်ခြင်ပေးရပေမည်။ကျန်အချိန်တို့တွင် စိုးရိမ်ရန်မရှိပါ။ ထို့ပြင် ကန်ရာသီဖွားတို့သည်ရေလမ်းခရီးသွားလာရာတွင် ဆင်ခြင်သတိရှိသင့်ပေသည်။
၆။ အလုပ်အကိုင်နှင့်စီးပွားရေး
ကန်ရာသီဖွားတို့သည် ငွေရှာကောင်း၏။ ဉာဏ်ကောင်း၏။ဖြတ်ထိုးညာဏ်ကောင်း၏။ စွန့်စားရဲ၏။ အကြံကြီး၏။ထို့ကြောင့်ဆင်းရဲက အောက်ဆုံး၊ ချမ်းသာက ထိပ်ဆုံးဖြစ်တတ်၏။
သို့သော်ငွေကိုမကြည့်ဘဲ ဝါသနာယုံကြည်ချက်တို့ကိုသာကြည့်၏။စိတ်စော၏။ ခေါင်းမာ၏။ စွတ်လုပ်တတ်၏။
လက်အောက်ငယ်သားကောင်းကျိုးမပေး။ ကိုယ်ကလည်းအငြိုးအတေးထားအရွဲ့တိုက်လို၏။ မထင်က မည်သူ့ကိုမျှမခေါ်၊မာနကြီး၏။ ထို့ကြောင့် အလုပ်အကိုင်နှင့် စီးပွားရေးတွင် နစ်နာတတ်၏။ရပ်ဝေးတွင်စီးပွားရှာရင်း အခြေချရတတ်၏။ အမွေရသလို၊ထီပေါက်သလို ပွပေါက်တိုးပြီး ကြီးပွားတတ်၏။ငွေရှာကောင်းသလောက် ငွေသုံးစည်းကမ်းကောင်း၏။ငွေကိုအထူးချွေတာ စုဆောင်းတတ်၏။ အလုပ်လုပ်ရာတွင်စည်းကမ်းကောင်းသလောက် မနားမနေ တွန်းလုပ်တတ်၏။အောင်မြင်မှုများစွာ ရတတ်၏။ အလုပ်အကိုင်ကြီများသာလုပ်ချင်တတ်၏။
ပန်းချီ၊ ပန်းပု၊ ဒီဇိုင်းပညာ၊ စတိုးဆိုင်၊ ရတနာလုပ်ငန်း၊စာရင်းအင်းလုပ်ငန်းတို့ဖြင့် ကောင်းကျိုးပေးတတ်၏။ဘဝတွင်ငွေပေါ်တတ်ကြလေသည်။ ရွှေမရှား၊ ငွေမရှား နေရတတ်၏။
သဘင်အနုပညာဖြင့် အကျိုးပေးတတ်၏။ ကိုယ်ပိုင်လုပ်ငန်းဖြင့်ကြီးပွားတတ်၏။
၇။ ဘဝကံကြမ္မာ အနိမ့်အမြင့်အနေအထားများနှင့် ဆောင်ရန်၊ ရှောင်ရန်များ
ကန်ရာသီဖွားတို့သည် အပြောင်းအလဲများစွာကြုံတတ်ကြ၏။ မာနကြီး၍အခွင့်အရေးများလက်လွတ်တတ်၏။ မိဘဆွေမျိုးတို့အကူအညီမရတတ်။ဒုတိယအရွယ်နှင့် တတိယအရွယ်တွင် ကောင်းစားတတ်၏။ကြီးပွားတတ်၏။ အိုဇာတာအလွန်ကောင်း၏။ အိုးပိုင်၊ အိမ်ပိုင်၊
တိုက်ပိုင်နှင့် နေရတတ်၏။ ဘဝတွင် ငွေကြေးပြည့်စုံကြွယ်ဝမည်။
အတိတ်ဘဝကောင်းကျိုးခံစားရမည်။ ထီပေါက်မည်။ အသက်(၂၀)ဝန်းကျင်တွင် အမွေရမည်။ အသက်(၃၈)နှစ်ဝန်းကျင်တွင် ထူးခြားသောပြောင်းလဲမှုများကြုံရတတ်၏။ မထင်မှတ်လောက်အောင်အောင်မြင်တတ်၏။ အသက်(၇၉)တွင် ကျန်းမာရေးကို ဂရုပြုပါ။
ကန်ရာသီဖွားတို့သည် ဘဝတွင်လောကအမြင်ကိုဒဿနဆန်ဆန်ရှုမြင်တတ်ကြ၏။ တရားကျတတ်၏။ သူတစ်ပါးကိုလည်းဆုံးမတတ်၏။ သို့သော် အငြိုးအတေးကြီးခြင်း၊ စိတ်ကြီးခြင်း၊
တဇွတ်ထိုးစိတ်ရှိခြင်း၊ စာအုပ်ကြီးသမားဆန်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊
အပြောချိုသလောက် စိတ်ခက်ထန်ခြင်းတို့ကို သတိဖြင့်ထိန်းပါလေ။
ကန်ရာသီဖွားတို့သည် ဟန်ပန်တင့်တယ်ကြ၏။ ဥပဓိခန့်၏။
အလွန်ရှင်းလင်းသော အလှပိုင်ရှင်များဖြစ်၏။ အထူးသဖြင့်မေးရိုးပါးရိုးထူးခြား၏။ လေးထောင့် ကျကျနှင့် ထင်ပေါ်၏။ထိုဥပဓိကိုချပ်ချပ်ရပ်ရပ်နှင့် ရိုးရှင်းစွာဝတ်ဆင်သင့်၏။ ပွယောင်းယောင်း၊ဘိုသီဘတ်သီမနေသင့်။ မျက်နှာကို တည်တည်ကြီးမထားသင့်။လက်ပြင်မကုန်းသင့်။ ကျော့ကျော့မော့မော့နေပါ။
အနက်ရောင်အထူးရှောင်ပါ။ ဆင်စွယ်ရောင်၊ အဝါရောင်၊ နံ့သာရောင်တို့အထူးဝတ်ပါ။ အစိမ်းနု၊ အပြာနုဝတ်နိုင်သည်။ အဖြူဝတ်နိုင်သည်။ငွေလက်စွပ်ဝတ်သင့်၏။ စိန်ကို ငွေဖြင့်ကွင်းဝတ်ပါ။ ရွှေလည်းများများဝတ်နိုင်သည်။ အထူးသဖြင့် ကျောက်စိမ်းကို ဆောင်ထားပါ။
(၅)ဂဏန်းကို အဓိကသုံးစွဲသင့်သည်။ ကန်ရာသီဖွားတို့သည်ထီကိုမပြတ်ကံစမ်းသင့်ပေသည်။ စိန်လက်စွပ်ကိုလက်ခလယ်တွင်ဝတ်ပြီး ကျောက်စိမ်းပါ တွဲဆောင်လိုပါကလက်သန်းကြွယ်တွင် ဝတ်နိုင်သည်။ စိန်ကိုငွေဖြင့်လက်စွပ်ကွင်းပြီးဝတ်ပါ။
စံပယ်ပန်းနှင့် နှင်းဆီပန်းအဖြူ၊ ကြာပန်းအဖြူတို့ကို ဘုရားလှူခြင်း၊အလှပန်းအိုးထိုးခြင်းပြုနိုင်၏။ အေးချမ်းသာယာမှုဖြစ်စေတတ်၏။အစစအဆင်ပြေကာ အောင်မြင်မှုရစေတတ်ပေ၏။
အချုပ်အားဖြင့်ဆိုရသော် ညာဏ်အားဖြင့်အလွန်ကောင်းသောကန်ရာသီဖွားတို့သည်သီးသန့်နေလိုစိတ်ပြင်းထန်ခြင်း၊ စိတ်ကြီးခြင်း၊စိတ်မြန်ခြင်းတို့ကို ဆင်ခြင်ကာ ညာဏ်စွမ်းကောင်းသမျှ
တည်တည်ငြိမ်ငြိမ် အသုံးချဆောင်ရွက်သွားပါက ဘဝတွင်ထိပ်ဆုံးသို့
ရောက်သွားတတ်ကြပေ၏။
[ Unicode ]

Ref; zodiac_sign