၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း ( ၈-၃-၂၀၂၀ ) မှ ( ၁၄-၃-၂၀၂၀ ) အထိ
lotaya.mpt.com.mm
|
2020-03-08



ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၈-၃-၂၀၂၀ ) မှ ( ၁၄-၃-၂၀၂၀ ) အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးများ ယခုပတ်မှာ ဘုရားဖူးထွက်တာမျိုး အလှူအတန်းကိစ္စအတွက် ခရီးထွက်တာမျိုး ကြုံရတတ်ပါသည်။ ရပ်ဝေးခရီး နိုင်ငံရပ်ခြားခရီးသွားတာမျိုးလည်း ကြုံတွေရတတ်သည်။ အထည်ရက်လုပ်ငန်း၊ ဆန်ပွဲရုံလုပ်ငန်း၊ မီးသွေး၊ ပွဲစားလုပ်ငန်းတို့ အကျိူ းပေး၍ဘစာရေးဆရာ၊ စာပေ၊ စာနယ်ဇင်းပညာရှင်များ အောင်မြင်မှုရရှိမည်။ အလုပ်သစ်စဖို့အတွက် ငွေကြေး ထုတ်သုံးလိုက်ရတာမျိုးလဲ တွေ့ရကြုံရတတ်ပါတယ်။ လူမျိုးခြား ဘာသာခြား မစတတ်ပါတယ်။ လုပ်ငန်းတိုးတက်ခြင်း၊ ရာထူးတိုးတက်ခြင်းမျိုး ကြုံတွေ့ရပါလိမ့်မယ်။ ကောင်းသော ဂုဏ်သတင်းတွေနဲ့ ကျော်ဇောလာမယ်။ ပျော်စရာကောင်းတဲ့ အလုပ်တွေကိုလည်း လုပ်ရပါလိမ့်မယ်။ ဗုဒ္ဓဟူး၊ အင်္ဂါသားသမီးများ အကျိုးပေး၏။ အိမ်ထောင်ဘက်၏ ကောင်းကျိုးပေးခြင်းကို ခံရမည်။ အချစ်ရေး အချစ်ရဲ့ချိုမြိန်တဲ့ အသီးအပွင့်များကို ဆွတ်ယူစားသုံးရမည်။ မိမိချစ်သူကို အချစ်ရေးစကားပြောခြင်း တို့ကောင်း၏။ ပျော်ရွှင်မှုတွေရရှိပါလိမ့်မည်။ ကျန်းမာရေးမှာ အဖျားကြီး တုပ်ကွေးရောဂါဖြစ်တတ်ပြိး ဆွေမျိုးအကြီးအကဲ တစ်ဦး နေမကောင်း အကြီးအကျယ်ဖြစ်တတ်ပါတယ်။၁၃၈၁ခု တပေါင်းလဆန်း ၁၅ရက် တနင်္ဂနွေနေ့ ရက်ရာဇာ ယနေ့ ဘုရားတည်၊ ထီးတင်၊ ဘုရားပင့်၊ ရှင်ပြု၊နားသ၊ သိက္ခာတင်၊ လှေကားတင်၊ ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊ ဆိုင်းဘုတ်တင်၊ ကုမ္ပဏီထူထောင်ခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ လိမ္မော်သီး ၃လုံး ကပ်လှူသွားခြင်းနှင့် လိမ္မော်ရောင်၊ အစိမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့

(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း

(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း

(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။

(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း ခရီးသွားကောင်း၏။

အကျိုးပေးဂဏန်း - (၂.၈.၉)

အကျိုးပေးအရပ် - အရှေ့မြောက်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်

ယတြာ - ဘုရားမှာ လိမ္မော်သီး ၆လုံး ကပ်လှူ လိုရာဆုတောင်းပါ။

တနင်္လာသားသမီး

တနင်္လာသားသမီးများ အလုပ်စီးပွားကိုပဲ စိတ်နှစ်ပြီးလုပ်ကိုင်ပါ။ ငွေကိုအပျော်အပါးအတွက်တော့ မသုံးမိပါစေနဲ့။ ရာဟု၊ ဗုဒ္ဓဟူး ထိုနေ့သားနှင့် တွဲမလုပ်သင့် သတိနှင့် အလုပ် လုပ်ရမည်။ အဝယ်အရောင်း အထူးသတိထားပါ။ အတု အလိမ်ခံရမှုကြုံတွေ့ရတတ်သည်။ တနလာၤ၊ ကြာသပတေး အကျိုးပေးမည်။ အိမ်ခြံမြေရောင်းဝယ်၊ သရုပ်ဆောင်လုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်း၊ စာပေဖြန့်ချိခြင်းနှင့် တိုင်းရင်းဆေးဝါးဖြန့်ချိခြင်းတို့ အကျိုးပေးမည်။ အိမ်ထောင်ရေးသာယာပါမည်။ မိမိအိမ်မှာ သားသ္မီးပျိုများရှိလျှင် သတင်ကောင်းများကြားရပြီး ရှေ့ရေးအနာဂတ်ချမ်းသာသောအသိုင်းဝိုင်းများ လာတောင်းတတ်သည်။ ပညာရေးကောင်း၍ အချစ်ရေးကဏ္ဍများ သာယာနေပြိး အိမ်ထောင်ရေးတွင် ပိုမိုစိတ်ချမ်းသာမှုနှင့် ပီတိမင်္ဂလာ သတင်းကောင်းများကြားရမယ်။ ကျန်းမာရေးမှာတော့ အနည်းငယ်သာညံ့မည်။ ကိုယ်ခန္ဓာများ ကိုက်ခဲခြင်းများသာ ယာယီခံစားရမယ်။ ၁၃၈၁ခု တပေါင်းလဆုတ် ၁ရက် တနလာင်္နေ့ ဘုရားအနေကဇာတင်၊ ရှင်ပြု၊နားသ၊ ကြေးသွန်းလောင်းခြင်း၊ လှုမှုရေးစကားပြောခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် မြောက်အရပ်မျက်နှာမှုကာ သစ်တော်သီးတစ်လုံး ကပ်လှူသွားခြင်းနှင့် ငွေရောင်၊ ပန်းနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့

(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း

(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း

(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။

(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း ခရီးသွားကောင်း၏။

အကျိုးပေးဂဏန်း - (၆.၃.၅)

အကျိုးပေးအရပ် - အနောက်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့

ယတြာ - အိမ်ဘုရားမှာ မြောက်အရပ်မျက်နှာမှုကာ သစ်တော်သီး (၁၅)စိတ် ကပ်လှူလိုရာဆုတောင်းပါ။

အင်္ဂါသားသမီး

အင်္ဂါသားသမီးများ အလုပ်တစ်ခုပြီဒတစ်ခု လုပ်နေရလို့ အလွန်ကိုပင်ပန်းတတ်ပါတယ်။ သူများလာအပ် ပစ္စည်းပောင်းတွေ အဖိုးမတန်တဲ့ကျောက်မျက်ရတနာတွေ့ လက်မခံသင့်ပါ။ လက်ခံလိုက်ပါက လာဘ်တိတ်သွားမယ်။ စက်ယာဉ်ပစ္စည်းများ မကြာခဏပျက်လိမ့်မည်။အဝယ် အဝင်မကောင်းပါ။ အခိုက်ကြုံမည်။ အလျော်အစား ပေးရတတ်သည်။ အထူးစနေနံပစ္စည်းအဝင်မကောင်း။ သူတပါးက စုန်းအနတ် ပယောဂအတတ်တွေနဲ့ ကိုယ့်ကိုမကောင်းကြံတတ်ပါသည်။ အချစ်ရေးမှာ မိမိချစ်သူနဲ့ဖူးစာလွဲပြီး မိဘပေးစားသူနဲ့ ယူရတတ်သည်။ မိမိ မိဘ မောင်နှမများ သဘောမတူချင်း အချစ်ရေး အဖျက်ကြုံတွေ့မည်။ အလှပစ္စည်းရောင်းဝယ်ဖြန့်ချီခြင်း၊ အိမ်ဆောက်ပစ္စည်းနှင့် ယာဉ်နှင့်စက်ပစ္စည်းရောင်းဝယ်ခြင်းတို့ အကျိုးပေးမည်။ ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးကံ အနည်းငယ် ညံ့နေတတ်ပါတယ်။ လုံ့လဝီရိယ စိုက်ထုတ်ကြိုးစားမှု များများပြုလုပ်ပါ။ ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ။ အနောက် မြောက်ဘက်အရပ်ကလာသော အစားအသောက်မစားပါနှင့် အထူး အသုဘ အစားအသောက်ရှောင်ကြဉ် ကျန်းမာရေး အညံ့ကြုံမည်။ ၁၃၈၁ခု တပေါင်းလဆုတ် ၂ရက် အင်္ဂါနေ့ ယနေ့ ညစက်(၁၀း၁၃)နာရီလွန် စေ့စပ်၊ ဝိဝါဟမင်္ဂလာစကားပြောခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်းနှင့် အားကစားပွဲစတင်ခြင်း၊ ခွံစိတ်ကုသခံယူခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ ထိုးမုန့်၊လမုန့် ကပ်လှူသွားခြင်းနှင့် နံသာရောင်၊ ကြက်သွေးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့

(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း

(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း

(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။

(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း ခရီးသွားကောင်း၏။

အကျိုးပေးဂဏန်း - (၃.၁.၉)

အကျိုးပေးအရပ် - အရှေ့တောင်

အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်

ယတြာ - ဘုရားမှာ သြဇာညွန့် (၈)ညွန့် နှင့် ထိုးမုန့်၊လမုန့် ကပ်လှူလိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးသားသမီးများ အခုအပတ် အကောင်းအဆိုး ဒွန်းတွဲထား၍ လုပ်ငန်းတိုးချဲခြင်း အထူးရှယ်ယာဝင်လုပ်ငန်းများအောင်မြင်လိမ့်မယ်။ သင်ပိုင်သော ပစ္စည်းတွေကိုတော့ သတိထားပြီး သိမ်းဆည်းပါ။ သူခိုးခိုးခံရတတ်ပါတယ်။ လက်လွန်ထားသောငွေများရပါမည်။ တစ်ခုသတိထားရမှာကတော့ မုဆိုးမဧည့်သည် ညအိပ်လက်ခံမိလျှင် မမျှော်လင့်ပဲ အမူဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေး တကျက်ကျက်ဖြစ်နေမည်။ အချစ်ရေးများကံကောင်းပါလိမ်မယ်။ ဘုရားဖူးသွားရတတ်သည်။ ပျော်ရွှင်မူရတတ်သည်။ မနာလိုသူတွေလုပ်လို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတာ တွေ့ကြုံရလိမ့်မယ်။ စက်ပစ္စည်းများ အဟာင်းထွက်အသစ်ဝင်ပါလိမ့်မယ်။ ကျန်းမာရေးကိုတော့ နည်းနည်းဂရုစိုက်ပါ။ ဦးခေါင်း နှင့် ဗိုက် ဒုက္ခပေးတတ်သည်။ ၁၃၈၁ခု တပေါင်းလဆုတ် ၃ရက် ဗုဒ္ဓဟူးနေ့ ရက်ရာဇာ မွန်းလွဲ လူ့ပြည်ပြဿဒါး ယနေ့ ဘုရားတည်၊ ထီးတင်၊ ဘုရားအနေ့ကဇာတင်၊ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထပ် ပန္နက်ရိုက်၊ ကျင်းတူး၊ အုတ်မြစ်ချ တိုင်ထူ၊ အိမ်ပြောင်း၊ ရေကြောင်းခရီးသွားခြင်း၊ ခွဲစိတ်ကုသခံယူခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ရွှေဆိုင်း ဘုရားကပ်လှူသွားခြင်းနှင့် အစိမ်းရောင်၊ မီးခိုးရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။

အကျိုးပေးဂဏန်း - (၂.၈.၆)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - တန်းခိုးကြီးဘုရားမှာ ရွက်လှ(၁၇)ညွန့် ရေတော်(၅)ခွက် နှင့် ရွှေဆိုင်း ကပ်လှူ လိုရာဆုတောင်ပါ။

ကြာသပတေးသားသမီး

ကြာသပတေးသားသမီးများ အလုပ်အကိုင်ကောင်းတယ်ဆိုပေမယ့် အလုပ်မှာ အတိုက်ခံတော့ရှိတယ်။ စီးပွားရေးလုပ်ငန်းများပြုလုပ်ရာ၌ အောင်မြင်မှုများရရှိတတ်ပါတယ်။ အစုစပ် လုပ်ငန်းများတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက အကျိုးအမြတ်ဖြစ်ထွန်းအောင်မြင်မှုများ ရှိပါတယ်။ စနေ၊ ဗုဒ္ဓဟူးသားသမီးအကျိုးပေး၏။ မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေဝင်လာတတ်သည်။

ငွေလည်း စုဆောင်းမိနိုင်မယ်။ မိမိအိမ် ခြေရင်းဘက်မှာ အသုဘပေါ်တတ်သည်။ ပေါ်ရင်တော့ (၄)ဂဏန်းအစ ထီထိုးပေးပါ။ ပျိုရွယ်သူများနှင့် အိမ်ထောင်ရှင်များ စိတ်ချမ်းသာရမည့်ကာလမျိုး ဖြစ်ပါလိမ့်တယ်။ အချစ်ရေးမှာ ချစ်သူဆီက မမျှော်လင့်သော သတင်းများကြားရတတ်။ အဖိုးတန်ပစ္စည်းများရတတ်သည်။ ဒါပေမဲ့ အိမ်ထောင်ရှိတဲ့လူများကတော့သတိထားပါ၊ စန်းအလွန်ပွင့်နေပါတယ်။ သင့်အိမ်မှာ ကိုယ်ဝန်ဆောင် ရောက်လာပြီး ညအိပ်ညနေတည်းခိုလျှင် ငွေအစုခဲဝင်ခြင်းနှင့် ထီဆုကြီးပေါက်တတ်သည်။ကျန်းမာရေးကတော့ ထွေထွေထူးထူး မရှိပါ။ ၁၃၈၁ခု တပေါင်းလဆုတ် ၄ရက် ကြာသပတေးနေ့ ယနေ့ ပန္နက်ရိုက်၊ ကျင်းတူး၊ တိုင်ထူ၊ လှေကားတင် ရေတွင်းရေကန်တူးဖော်ခြင်း၊ ဆေးဖော်၊ တိုင်းရင်းဆေးဝါးဖြန့်ချီခြင်းနှင့် ငွေကြေးအပ်နှံခြင်းတို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ကြံတဆစ် ဆောင်ခြင်းနှင့် အဝါရောင်၊ အနီရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့

(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း

(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း

(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။

(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း ခရီးသွားကောင်း၏။

အကျိုးပေးဂဏန်း - (၄.၅.၁)

အကျိုးပေးအရပ် - မြောက်

အကျိုးမပေးရှောင်ရန်အရပ် - တောင်

ယတြာ - အိမ်ဘုရားမှာ သိဒ္ဓိဂါထာရွတ်ပွား ဒံပေါက်ဆွမ်း ကပ်လှူ လိုရာဆုတောင်ပါ။

သောကြာသားသမီး

သောကြာသားသမီးများ မိမိထက် အထက်လူကြီးက မိမိပေါ်အထင်လွဲတတ်ပါတယ်။ ဆရာသမားလို ပုဂ္ဂိုလ်မျိုး အိမ်ကို ရောက်လာပြီး ဒုက္ခပေးတတ်သည်။ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးက အထင်လွဲပြီး မုန်းသွားတတ်တယ်။ လုပ်ငန်းသစ် စတင်လုပ်ကိုင်မည်ဆိုပါက မလုပ်ပါနှင့်။ ရင်းနှီးမြှပ်နှံမှုတွေမလုပ်သင့် အားလုံး ရေစုန်မျောကုန်သွားပါလိမ့်မည်။ မိမိအတွေးအကြံမှတစ်ပါး တစ်ခြားလူဆီက အကြံဉာဏ်မတောင်းပါနှင့်။ ကူညီမယ့်သူထက် ဒုက္ခပေးမယ့်သူသာ အနားမှာ ဝန်းရံနေတတ်လို့ပါ။ အချစ်ရေးကိစ္စမှာ မိဘဆွေမျိုးများကြောင့် သောကရောက်ရတတ်ပါတယ်။ အချစ်ရေး စိတ်ညစ်စရာ အရှုပ်အရှင်းပြဿနာများကြုံရတွေတတ် မိမိချစ်သူ၏ အထင်မြင်လွဲမှားခြင်းကိုခံရတတ်သည်။ အိမ်ထောင်သည်များ စကားများရတတ်သည်။ ဒီအချိန်မှာ သင့်အနေဖြင့် ငြိမ်ငြိမ်နေတာ အကောင်းဆုံးပါပဲ။ ရွှေ၊ ငွေ၊ ရတနာမတည်မြဲ အပျောက်အရှ အထွက်ခက်မည်၊ ခြေနှစ်ချောင်းကယ်မကောင်း ၊ ခြေနှစ်ချောင်းသတိပြုပါ။ အဆိုးဖြစ်တတ်သည်။ ကျန်းမာရေးတော့ ဦးခေါင်းကိုက်ခဲခြင်း အထူးဂရုစိုက်ပါ။ အထူး ငွေစာရင်းဇယား ငွေယူလိမ်လည်ထားမှု အထူးသတိထား၍ အလုပ်တွင် ရန်သူရှိ အတိုက်အခိုက်ပေါ်မည်။ စိတ်မတည်ငြိမ် စိတ်လေလွင့်နေတတ်သဖြင့် မိမိကစိတ်ကိုသေချာထိန်းပြီး အလုပ်လုပ်လျင် အဆင်ပြေသွားပါလိမ့်မည်။ ၁၃၈၁ခု တပေါင်းလဆုတ် ၅ရက် သောကြာနေ့ ညစက် (၈း၃၄) အတွင်း ဝိဝါဟမင်္ဂလာ ၊ ကင်းပွန်တပ်၊ လေကြောင်းခရီးသွားခြင်း၊ ဘာသာရေးနှင့်လှုမှုရေးစကား ပြောဆိုခြင်းတို့ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် အိတ်ထည့် ဆန်(၁)ဆုပ်ဆောင်ခြင်းနှင့် အဖြူရောင်၊ လိမ္မော်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့

(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း

(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း

(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။

(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း ခရီးသွားကောင်း၏။

အကျိုးပေးဂဏန်း - (၈.၂.၇)

အကျိုးပေးအရပ် - အရှေ့

အကျိုးမပေးရှောင်ရန်အရပ် - အနောက်

ယတြာ - အိမ်ဘုရားမှာ အင်္ဂုလိမာလသုတ်ရွတ်ပွားပြီး ဆီထမင်းဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

စနသေားသမီး

စနေသားသမီးများ ပညာရေး ကောင်းထားသည်။ ပညာရေးအခွင့်အလမ်းများအတွက် ဆွေးနွေးဟောပြောခြင်း ကောင်း၏။ ပညာရေးအခွင့်အလမ်းများရခြင်းနှင့် မိမိကိုယ်တိုင်ကလဲ အချစ်ထက်အရေးကြီးတာကို အချိန်ပေးမိနေတာကြောင့် ချစ်သူရဲ့ စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။ မိသားစုပျော်ရွှင်စွာ ဘုရားဖူးသွားရလိမ့်မည်။ မိမိအိမ်မှာ ဆွေမျိုးအသိုင်းဝိုင်းများ လာတတ်သည်။ အိမ် လူအဝင်အထွက်များမည်။ ရွှေ၊ ငွေဝင်မယ်။ အိမ်ပြင်၊ အိမ်ဆောက်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်လာနိုင်ပါတယ်။ ဆေးဝါးသစ်၊ အလှကုန်ပစ္စည်းသစ်များ ထုတ်လုပ်ခြင်း၊ ယာဉ်ကားရောင်းဝယ်ခြင်း အကျိုးဖြစ်၍ အလုပ်အကိုင် အခွင့်အရေးများအတွက် အလုပ်လျှောက်ခြင်း စာဖြေ၊ အင်တာဗျူး အောင်မြင်မှုရရှိမည်။ ပြည်တွင်း ပြည်ပသို့ ကုန်းပစ္စည်းများတင်ပို့ ရောင်းချခြင်း၊ ငွေကြေးဆောင်ရွက်ခြင်းများ ဂရုတစိုက်ဆောက်ရွက်ပါ။ အချစ်ရေးနှင့်အိမ်ထောင်ရေးများ ဝိဝါဟမင်္ဂလာ၊ စေ့စပ်လက်ထက် စကားလမ်းကြောင်းပြုထားကိစ္စများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခတ္တခဏ ယာယီ အကြောင်းအရာ တစ်ခုကြောင့် ရပ်ဆိုင်း ရက်ရွေ့ ဖြစ်ပေါ်လာတတ်သည်။ ကျန်းမာရေးအသင့်တင်ကောင်း၏။ သို့သော်လည်း အိမ်ရှိ တနင်္ဂနွေ၊ ရာဟုသားသမီးများ အတွက်တော့ ကျန်းမာရေးညံ့၍ စိတ်ပူရမည်။ ၁၃၈၁ခု တပေါင်းလဆုတ် ၆ရက် စနေနေ့ ယနေ့ ကြေးသွန်းလောင်းခြင်း၊ မြေသန့်မင်္ဂလာပြုလုပ်ခြင်း၊ ရတနာသွေးခြင်း၊ အသီးဆွတ်ခူးခြင်း၊ အချစ်ရေးစကားပြောခြင်းတို့ ကောင်း၏။ (တနင်္ဂနွေဂြိုဟ် နံနက် ၂နာရီ ၅၁မိနစ်လွန် မိန်ရာသီပြောင်းပြီးဖြစ်၍ ရှင်ပြု၊ စလွယ်တင် မင်္ဂလာအခါရ၍ ဝိဝါဟမင်္ဂလာနှင့် အိမ်ဆောက်၊အိမ်တက်အခါရှောင်သင့်၏။) ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် အရှေ့အရပ်မျက်နှာမူကာ ဘုရားမှာ ပေါက်ပေါက်ဆုပ်တစ်ထုပ် ကပ်လှူသွားခြင်းနှင့် အညိုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့

(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း

(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း

(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။

(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း ခရီးသွားကောင်း၏။

အကျိုးပေးဂဏန်း - (၃.၅.ဝ)

အကျိုးပေးအရပ် - အနောက်တောင်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - အရှေ့အရပ်မျက်နှာမှုကာ အိမ်ဘုရားမှာ မေတ္တာသုတ် ရွတ်ပွားပြီး ပဲပင်ပေါက်ဟင်းဆွမ်းကပ်လှူ လိုရာဆုတောင်းပါ။

ရာဟုသားသမီး

ရာဟုသားသမီးများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ မိမိဆိုင် မိမိလုပ်ငန်းလူစည်မည်။ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူအညီအထောက်အပံ့ရမည်။ ပြည်တွင်း ပြည်ပသို့ ကုန်းပစ္စည်းများတင်ပို့ ရောင်းချခြင်း နှင့် စာပေစာနယ်ဇင်းလုပ်ငန်းတို့ အကျိုးပေး၏။ စပ်တူအလုပ်တွေ ဆိုရင်တော့ စိတ်ဝမ်းကွဲရတတ်ပါတယ်။ ယခုကာလအတွင်းမိမိကိုယ်သာ အားကိုးသင့်တဲ့ကာလပါ။ပညာရေး အလုပ်အင်တာဗျူး၊ စာဖြေစာမေးပွဲ ဖြေဆိုရာတွင် စိတ်ကသိကကောက်ကြုံတွေ့ရ၍ ဖြေဆိုမှု၌ အောင်ပါ့မလားဟု စိတ်ဗျာများနေတတ်၊ အဆိုးကြီးမဟုတ်ပါဘူး။ ဝေးကွာနေသောချစ်သူနှင့် မမျှော်လင့်ပဲ ပြန်လည်ဆုံစည်းရမည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး သာယာပျော်ရွှင်ရပါလိမ့်မည်။ ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်သလို အကောင်းကြီးလဲ မဟုတ်ပါဘူးခင်ဗျာ။ ပုံမှန်လေး ဂရုစိုက်သွားရင် အိုကေပါလိမ့်မယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် အနီရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့

(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း

(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း

(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။

(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း ခရီးသွားကောင်း၏။

အကျိုးပေးဂဏန်း - (၂.၈.၆)

အကျိုးပေးအရပ် - တောင်

အကျိုးမပေးရှောင်ရန်အရပ် - မြောက်

ယတြာ - တန်ခိုးကြီးဘုရားမှာ ရွက်လှ(၁၂)ညွန့် ရေတော်(၅)ခွက် ကပ်လှူ လိုရာဆုတောင်းပါ။

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ခရီးသွား
#အရပ်
#သားသမီး
#နံနက်
#တပေါင်းလ

Some text some message..