မတ်လ ၉ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-03-09

                လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မတ်လ ၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက်  ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 



တနင်္ဂနွေ- တနင်္ဂနွေသားသမီးတွေအနေနဲ့ အိမ်နေရာထိုင်ခင်း အသစ်ရတတ်ပါတယ်။ မိဘ၊ လင်ယောက်ကျားဘက်က အမွေရလာတတ်သလို ငွေရပေါက်ရလမ်းတွေလည်း ပေါ်လာတတ်ပါတယ်။ ဆွေမျိုးထဲက ကြည့်ရှုစောင့်ရှောက်သူပေါ်လာတတ်ပြီး ကား၊ ရွှေငွေ၊ အိမ်ခန်း ဝင်လာတတ်ပါတယ်။ အိမ်ဝယ်ရန်ကြိုးစားနေသူများ အိမ်ပိုင်ရာပိုင်ဖြစ်မယ့် ကာလဖြစ်ပြီး နိုင်ငံရပ်ခြားမိသားစုနဲ့ဝေးကွာ အလုပ်သွားလုပ်နေရသူတွေကတော့ မိသားစုဆီငွေထုပ်ပိုက် ပြန်လာရကိန်းရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူနဲ့ အောက်လူကြား သမမျှတအောင် နေတတ်ထိုင်တတ်ရင် အဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ အချိန်ကောင်းဖြစ်ပြီး လက်ရှိလုပ်ငန်းနဲ့ သဘာဝမတူတဲ့ လုပ်ငန်းတွေအတွက်ပါ ထည့်သွင်းစဉ်းစားနိုင်ချိန်ပါပဲ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ သောကြာသားသမီးနဲ့ ချစ်သူဖြစ်လာရကိန်းရှိပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ကြောင့် အနည်းငယ်စိတ်ညစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အပူရှပ်တတ်ပါတယ်။ 
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်ပါတယ်။ 
ယတြာ - ကလေးငယ်တစ်ဦးအား အရုပ်လက်ဆောင်ပေးလိုက်ပါ။
 
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ အရင်ကြုံခဲ့ရသမျှ အဆိုးတွေအားလုံးကင်းစင်ပြီလို့ မှတ်ယူလိုက်ပါ။ လူမှုရေး၊ စီးပွားရေးအကုန် ပြန်လည်အဆင်ပြေလာမယ့်အချိန်ဖြစ်ပြီး စာမေးပွဲဖြေခြင်း ပြိုင်ပွဲဝင်နေခြင်းများရှိပါက အဆင့်မြင့်မြင့် အောင်မြင်အနိုင်ရပါလိမ့်မယ်။ ပညာတော်သင်သွားရခြင်း၊ နိုင်ငံရပ်ခြား ပညာတော်သင် စကောလားရှစ် ရရှိခြင်းမျိုး ကြုံလာရတတ်ပြီး လက်ရှိရနေတဲ့ လခ၊ ဝင်ငွေ နှစ်ဆတိုးလာပါလိမ့်မယ်။ မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရကိန်းရှိပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်လာပါလိမ့်မယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းသစ်တွေ ချဲ့ထွင်နိုင်မှာဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ရော အောက်လူနဲ့ပါ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ အိမ်အနီးအနားမှာ မီးလန့်တာမျိုးကြုံခဲ့ရင် ၉အစ ၀ အဆုံး ထီရှာထိုးပေးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးတွေ တသက်လုံးလက်တွဲရမယ့် ချစ်သူနဲ့ ဖူးစာကြုံလာပါလိမ့်မယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ထံမှ လက်ဆောင်ပစ္စည်းတစ်ခု ရပါမယ်။ ကျန်းမာရေးအနေနဲ့ မျက်စိနာတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။ 
ယတြာ - ဘုရားတွင် ကန်စွန်းရွက်ကြော် ကပ်လှူပေးပါ။


အင်္ဂါ - အင်္ဂါသားသမီးတွေအနေနဲ့ နေရာထိုင်ခင်း အပြောင်းအလဲရှိနေပြီး အိုးသစ်အိမ်သစ် ရွှေ့ပြောင်းရကိန်းလည်း ရှိနေပါတယ်။ စိတ်ချမ်းသာစရာ ကိစ္စလေးတွေ ကြုံတွေ့လာရကိန်းရှိပြီး လခတိုးတတ်ပါတယ်။ ဒါပေမယ့် ရတဲ့လခနဲ့ လုပ်ရတဲ့ပင်ပန်းမှု မကိုက်ညီတာမျိုးလည်း ရှိတတ်ပါတယ်။ နောက်အလုပ်တစ်ခုကနေ လာရောက် ကမ်းလှမ်းတာမျိုးကြုံရတတ်ပြီး အလုပ်သစ်မှာ အဆင်ပြေနိုင်တာမို့ လက်ခံဖို့ စဉ်းစားသင့်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းကို လာရောက်ဝယ်ယူဖို့ ကမ်းလှမ်းခံရတာမျိုး ရှိတတ်ပြီး ရောင်းဖို့သင့်မသင့် တွေဝေနေတတ်ချိန်ပါပဲ။ နိုင်ငံရပ်ခြား ဗီဇာ ရရှိဖို့ ကြိုးစားနေသူတွေအနေနဲ့ အလွယ်တကူ ရရှိလာတတ်ပါတယ်။ အိမ်အနီးအနားမှာ မီးလန့်တတ်ပြီး ကြားခဲ့လျှင် အိမ်ရှိဘုရားမှာ ရေသက်စေ့ ဆီမီးသက်စေ့ ထွန်းပြီး အရဟံဂုဏ်တော်သက်စေ့ ပုတီးစိပ်ပေးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ မိမိဘယ်လိုမှ ထင်မှတ်မထားသူတစ်ဦးက ချစ်ရေးဆိုလာတတ်ပြီး အိမ်ထောင်သည်တွေကတော့ တိုက်ခန်း၊ ကားအသစ် ရလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင်ဇော်မွှားပန်း ကပ်လှူပေးပါ။


ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ မိမိက သေချာထောင့်စိအောင်လုပ်ကိုင်ထားတဲ့ ကိစ္စရပ်တွေမှာတောင် မှားယွင်းမှုတွေ ပေါ်လာတတ်ပါတယ်။ မိမိနဲ့ တွဲဖက်လုပ်ကိုင်ရသူတွေက မိမိအပေါ် မယုံမကြည်ဖြစ်ခြင်း၊ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းက ရှယ်ယာငွေပြန်ထုတ်ချင်တာမျိုးတွေအထိ ကြုံလာရကိန်းရှိပါတယ်။ အိမ်ရှိမိသားစုနဲ့လည်း ဘာမဟုတ်တာလေးနဲ့ မကြာခဏ စကားများရန်ဖြစ်နေရတတ်ပြီး စိတ်နဲ့လူနဲ့ မကပ်တာမျိုးဖြစ်နေတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ဝင်ငွေ၊ လစာကိစ္စ စိတ်ညစ်ရတတ်ပြီး လုပ်နေရတဲ့အလုပ်နဲ့ ရတဲ့လခ မကာမိတာမျိုး မစုဖြစ်တာမျိုး ရှိနေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိလုပ်ငန်းကိုပဲ ဆက်ထိန်းထားသင့်ပြီး တစ်ခြားသဘာဝမတူတဲ့ လုပ်ငန်းသစ်တွေ စတင်တာမျိုး တိုးချဲ့တာမျိုး ရှယ်ယာလှမ်းထည့်တာမျိုး မလုပ်သင့်သေးပါဘူး။ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းဆိုင်များ၊ အနုပညာလုပ်ငန်းလုပ်ကိုင်သူများ အနည်းငယ်ညံ့နေပြီး ရေထွက်ကုန်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များကတော့ အလုပ်အကိုင်ပြန်ကောင်းလာနိုင်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးပုံမှန်ရှိနေပြီး သားသမီးပညာရေးညံ့လို့ စိတ်ညစ်ရတာမျိုးတော့ ရှိတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အူရောင်တတ်ပါတယ်။ 
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်ပေးပါ။
ယတြာ - ဘုရားတွင် လိပ်စာ ကျွေးပေးပါ။


ရာဟု - လုပ်ငန်းတိုးချဲ့ဖို့ အခက်အခဲတစ်ချို့ ကြုံနေရမယ့် အချိန်ပါပဲ။ ကိုယ်ကလုပ်ငန်းရှင်ဖြစ်ရင်တောင် သူတပါးဆီက ငွေချေးရတတ်ပါတယ်။ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့ အရေးကြီးသလို အလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။ မိဘဆွေမျိုးများနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခု ကြားရနိုင်သလို အမျိုးထဲမှာလည်း မင်္ဂလာကိစ္စပေါ်လာတတ်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ ရှယ်ယာထည့်ဝင်ထားသူတွေ အနေနဲ့တော့ အကျိုးအမြတ်ရနိုင်မယ့် အချိန်ဖြစ်ပါတယ်။ ပညာရေးတစ်ဆင့်မြင့်မယ့် သင်တန်းမျိုးတက်ရောက်ရကိန်း ရှိလာမှာဖြစ်ပြီး သင်တန်းပြီးရင် ပိုကောင်းတဲ့အလုပ်ကို ပြောင်းလဲရကိန်း ရှိနေပါတယ်။ အချစ်ရေးအနေနဲ့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေဆဲပါပဲ။ ကျန်းမာရေးအနေနဲ့ နှလုံးရောဂါသတိပြုရပါမယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် ရဲယိုသီးကပ်လှူပေးပါ။


ကြာသပတေး - ဒီနေ့မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ကောင်းရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ အလုပ်အခွင့်အလမ်းကံနဲ့ ကျန်းမာရေး၊ ပညာရေး အထွေထွေ ကိစ္စရပ်တွေမှာလည်း ကံကောင်းနေတဲ့ နေ့ရက်ပါ၊ ငွေကြေးပိုင်းဆိုင်ရာ ကံကတော့ အသင့်အတင့်အနေအထားရှိနေပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းကနေ ငွေဝင်နေမယ့် အချိန်ပါ။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနတဆင့်မြင့်စေမယ့် သင်တန်းမျိုး တက်ရောက်ရကိန်းရှိပါတယ်။ ချစ်သူမရှိသေးသူများ တနင်္ဂနွေ၊ သောကြာသားသမီးတွေရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး သာယာတဲ့အချစ်ရေးမျိုး ဖြစ်နိုင်တာမို့ ရဲရဲသာ လက်ခံပေးလိုက်ပါ။ အိမ်ထောင်သည်တွေအနေနဲ့ တကျက်ကျက်ဖြစ်နေပေမယ့် ကွဲကိန်းတော့ မရှိပါဘူး။ ကျန်းမာရေးအနေနဲ့ နှာစေးနှာပိတ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင်ပိန္နဲသီးကပ်လှူပေးပါ။


သောကြာ - ဒီနေ့မှာ မနက်မိုးလင်းကတည်းက အဆင်မပြေမှုတွေနဲ့ချည်းပဲ ကြုံနေရပါလိမ့်မယ်။ အလုပ်သွားတဲ့လမ်းမှာတောင် ခါတိုင်းအဆင်ပြေနေသူတွေအတွက် အခက်အခဲပေါင်းစုံ ကြုံရနိုင်တာပါ။ အိမ်နေရာထိုင်ခင်း အလုပ်နေရာ အပြောင်းအရွှေ့ကြုံနိုင်ပြီး လက်ရှိအလုပ်ကို စိတ်ကုန်နေတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ သင်တန်းသစ်တွေ တက်ရောက်နိုင်တဲ့အချိန်ဖြစ်ပြီး အလုပ်သစ်ကနေဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတွေကနေ  ဝင်တဲ့ငွေထက် ထွက်တဲ့ငွေကပိုများနေမယ့် ကာလပါပဲ။ သူတစ်ပါးအတွက်ကြားခံ အာမခံပေးတာမျိုး ငွေကြားခံ ချေးပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဆေးဆိုင်၊ အအေးဆိုင်ပိုင်ရှင်များ အလုပ်ဖြစ်မယ့် ကာလဖြစ်ပြီး ကိတ်မုန့်ဆိုင်ပိုင်ရှင်များ အရောင်းထိုင်းတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ လုပ်ငန်းစီးပွား တိုးတက်အောင်မြင်နေမှာဖြစ်ပြီး အချစ်ရေးအနေနဲ့ ချစ်သူမရှိသူတွေ ချစ်သူရုတ်တရက် ရလာပါလိမ့်မယ်။ ဆွေမျိုးထဲမှာ စကားအရောင်းအဝယ်ပြုလုပ်တတ်သူတစ်ဦး ရှိတတ်ပြီး မိသားစုရေးကို ဝင်ပြီး နှောက်ယှက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။ 
ယတြာ - ဘုရားတွင် သံဗူးအချိုရည် ကပ်လှူပေးပါ။


စနေ - ဒီနေ့မှာ ဘယ်လိုကိစ္စမျိုး မဆို အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့မှုပိုင်း အောင်မြင်နိုင်ပြီး မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ ဝန်ထမ်းများအနေနဲ့ အလုပ်ရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ လုပ်ငန်းအောင်မြင် တိုးတက်မှာဖြစ်ပြီး ကား၊ အိမ်အရောင်းအဝယ်လုပ်ငန်းများလည်း အကောင်အထည်ပေါ်လာပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ အခက်အခဲကြုံပြီးမှ အောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။ သောကြာနံ လုပ်ငန်း ဥပမာ သွပ်သံလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အထူးကောင်းမွန်နေပါတယ်။ တနင်္ဂနွေ၊ စနေသားသမီးတွေရဲ့ ဒုက္ခပေးခြင်း ခံရတတ်ပြီး လုပ်ငန်းခွင်အတွင်း သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ အကူအညီရရှိလာပါလိမ့်မယ်။ လမ်းသွားရင်းအလှူမဏ္ဍပ်မြင်တွေ့လျှင် ထီထိုးပေးပါ။ အချစ်ရေးမှာ ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရကိန်းရှိပြီး အိမ်ထောင်သည်တွေကတော့ သားသမီးပညာရေးအတွက် ငွေကုန်ကြေးကျများတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါ ဖြစ်ပွားတတ်ပါတယ်။  
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ထန်းလျက် ကပ်လှူပေးပါ။

LEO

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#သားသမီး
#ယတြာ
#လုပ်ငန်း
#အိမ်ထောင်သည်
#နာရီ

Some text some message..