မကာရရာသီဖွားများအတွက် တစ်သက်တာ ဟောကိန်း
trend.com.mm
|
2020-03-12

မည်သည့်နှစ်တွင်မဆို ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀ အတွင်း (မြန်မာ – ပြာသိုလ) အတွင်း မွေးဖွားသူများသည် မကာရ ရာသီဖွားများ ဖြစ်ကြသည်။

၁။ မကာရရာသီဖွားတို့၏ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ
မကာရရာသီဖွားတို့သည် လောကဓံတရားကို အထူးခံရသူများဖြစ်၏။လောကဓံတရားကို အထူးခံနိုင်သူများလည်း ဖြစ်၏။ ထို့အတူ ဘဝတွင်အပြောင်းအလဲ အမျိုးမျိုးကြုံရသူများလည်းဖြစ်၏။
စိတ်အပြောင်းအလဲမြန်၏။ အတွေးအခေါ် နက်နက်နဲနဲတွေးတတ်၏။
လွပ်လပ်စွာ နေထိုင်လိုကြ၏။ လွပ်လပ်မှုကို မြတ်နိုးသော်လည်း
ကိုယ့်အတွေးနှင့်ကိုယ် ပြန်ပြီးနှောင်ဖွဲ့ကာ လွပ်လပ်မှုကိုဆုံးရှုံးသူများဖြစ်၏။
ခေါင်းမာ၏။ မည်သည့်ကိစ္စကိုမျှ လူပြောသူပြောနှင့်မယုံကြည်ကြချေ။
လက်တွေ့ကျကျကိုသာ ယုံကြည်၏။လောဘနည်း၏။ သွားလာ လှုပ်ရှားနေလျှင်လည်း ကျေနပ်နေတတ်၏။
စိတ်ကောင်း စေတနာကောင်းရှိ၏။ သို့သော် မကာရရာသီဖွားတို့သည်လက်တွေ့ဘဝတွင် သူတစ်ပါးတို့အတွက်ဖြစ်စေ၊ မိသားစုအတွက်ဖြစ်စေဘဝကိုမြှုပ်နှံကာ အနစ်နာခံကြရသူများဖြစ်ပေတော့၏။ကိုယ့်အောင်မြင်မှုထက် သူတစ်ပါး၏ အောင်မြင်မှုအတွက်
တွန်းတင်ပေးနေတတ်၏။ ကူညီပေးနေတတ်၏။
ကံ ကံ၏အကျိုးကိုအလွန်ယုံ၏။ ဘာသာရေးတွင် အယူအစွဲကြီး၏။ ဘာသာရေးတွင်
အယူသီးသော ဘက်သို့ပင် ရောက်သွားတတ်၏။ ကိုယ်ကျိုးမဖက်ဘဲလုပ်ကိုင်တတ်၏။ သူတစ်ပါး တို့အတွက် ကြားမှ ဓါးစာခံဖြစ်တတ်၏။မကာရရာသီဖွားတို့သည် စိတ်ရင်းဖြောင့်သလောက် ခေါင်းမာ၏။
ကိုယ့်ခံစားချက်ကို မြိုသိပ်ထား တတ်ကြ၏။ တစ်ခါတစ်ရံလူ့ဂွစာများအဖြစ် အမြင်ခံရတတ်၏။ မကာရရာသီဖွားတို့သည်ကိုယ့်ယုံကြည်ချက်၊ ခံယူချက်ကို ထိပါးလာက ငြင်းခုံရန်
ဝန်မလေးသူများဖြစ်ကြ၏။ ငြင်းခုံရာတွင်လည်း အငြင်းသန်ကြ၏။သူတစ်ပါးတို့၏ အငြိုးအတေးကို ခံရတတ်၏။ ကိုယ်တိုင်ကလည်းမခံချင်စိတ်ဖြင့် လက်စားချေလိုသော သဘာဝရှိ၏။

ဘဝတွင် ချမ်းသာကထိပ်ဆုံး၊ ဆင်းရဲက အောက်ဆုံးအထိ ရောက်တတ်သူများဖြစ်၏။ မည်သည့်နေရာတွင်မဆို ကိုယ်မရှိတော့မှ ချီးမွမ်းခံရသောကံဇာတာရှိ၏။ ကိုယ်သေပြီးမှ တသသချီးမွမ်းခံရသော ဇာတာရှင်မျိုးဖြစ်၏။

ဤသီဖွားတို့သည် ဆေးလိပ်ကို စွဲလန်းတတ်၏။ ဖိနပ်ကောင်းကောင်းကြိုက်၏။ နေထိုင်သောအခါ ကိုယ်တိုင်က ဖြစ်သလိုနေတတ်သော်လည်းသန့်ရှင်းမှုကို ကြိုက်၏။ ဆုံးဖြတ်ချက်ချပြီးမှ မကြာခဏပြောင်းလဲတတ်သော သဘောရှိ၏။ သူတစ်ပါးတို့ကိုချီးမွမ်းစကားပြောလိုတတ်၏။

အထူးသတိပြုရန်မှာ ဤရာသီဖွားတို့သည်စိတ်ကူးကောင်းများပေါ်လာက ချက်ချင်း အကောင်အထည်မဖော်မိဘဲအချိန်ရွှေ့ဆိုင်းကာ အစဉ်းစားလွန်နေသဖြင့် နစ်နာတတ်၏။

စိတ်ဝင်စားသော အရာမှန်သမျှ ချက်ချင်းထလုပ်သင့်၏။ဂမ္ဘီရပညာတို့နှင့်လည်း ဆက်စပ်မှုရှိ၏။ရှေးဟောင်းပစ္စည်းအဆောင်ကောင်းကောင်း ရရှိတတ်၏။ သို့မဟုတ်က ရှေးဟောင်း
ဘုရားရုပ်ပွားတော်များကို ကိုးကွယ်ထားရတတ်၏။ထိုအဆောင်ကောင်းနှင့် ကိုးကွယ်ထားသောဆင်းတုရုပ်ပွားတော်တို့ကြောင့် ကြီးပွားတတ်၏။ လုပ်ငန်းကြီးများပေါ်လာက ကြီးပွား တတ်လေ၏။

၂။ မကာရရာသီဖွားတို့၏ အချစ်ရေးနှင့် အိမ်ထောင်ရေး
မကာရရာသီဖွားတို့သည် နှလုံးသားခံစားချက် ပြင်းထန်သူများဖြစ်၏။ အချစ်ကြီး၏။ အငြိုးအတေးလည်း ကြီး၏။ အမုန်းလည်းကြီးတတ်ကြလေ၏။ထို့အပြင် အချစ်ရေးတွင် စိတ်ကူးယဉ်တတ်ကြ၏။
မကာရရာသီဖွားတို့သည် အပြင်ပန်းတွင် ဖြစ်ကတတ်ဆန်းနေထိုင်ကြသော်လည်း နှလုံးသားခံစားမှုတွင် အလွန်နူးညံ့သူများဖြစ်၏။ထို့အတူ အလွန်သဝန်တိုသူများလည်းဖြစ်၏။ ချစ်သူ၏
အလိုလိုက်ဦးစားပေးမှုကိုလည်း အလွန်ခံယူလိုတတ်ကြ၏။ သို့သော်လက်တွေ့တွင် အစစအရာရာ ကိုယ်ကသာ အနစ်နာခံရ၏။နားလည်မှုပေးရ၏။ ယုယမှုပြုရ၏။ထို့အပြင် မကာရရာသီဖွားတို့သည်
သူတစ်ပါးတို့ ပစ်ပယ်သွားသော အထီးကျန်သမားများကို သနားချစ်ဖြင့်ချစ်တတ်ကြလေ၏။ အချစ်ရေးတွင် အနစ်နာခံမည်၊အနွံတာခံမည်ဟူသော စိတ်အမြဲရှိ၏။ ထိုသို့ အချစ်လွန်ကဲခြင်း၊
နားလည်မှုလွန်ကဲခြင်းတို့ကြောင့် ခုတုံးလုပ်ခံရတတ်၏။သို့သော် မကာရရာသီဖွားတို့သည် အိမ်ထောင်ပြုသောအခါတွင်နှလုံးသားထက် ဦးနှောက်ကို ပို၍ ဦးစားပေးတတ်ပြန်၏။
အိမ်ထောင်ရေးတွင် ကျကျနန လေ့လာပြီးမှ အိမ်ထောင်ပြုတတ်၏။အိမ်ထောင်ဖက်ကောင်းကို ရတတ်ကြ၏။
ကြင်နာတတ်သောအိမ်ထောင်ဖက်နှင့် လက်တွဲရတတ်၏။ သို့သော် ထိုကဲ့သို့ ရိုးသားသူနှင့် လက်တွဲရသည်ကိုပင် နုံသည်၊ အသည်ဟု ထင်မြင်မိတတ်ပြန်၏။ ထို့ပြင် အိမ်ထောင်ဖက်အပေါ် ကိုယ်က ချုပ်ကိုင်မိတတ်ကြ၏။သဝန်တိုစိတ် ကြီးမားတတ်ကြပြန်၏။ ထို့ကြောင့် အိမ်ထောင်ရေးတွင်ပြဿနာလေးတွေ မကြာခဏ ပေါ်လာတတ်ကြပြန်၏။ ထို့အပြင်အိမ်ထောင်ရေးနှင့် ဆွေမျိုးသားချင်းအရေးကြားတွင် မွန်းကြပ်နေအောင်ခံစားရတတ်ကြ၏။
အထူးသတိပြုရန်မှာ မကာရရာသီဖွားတို့သည်စိတ်ရင်းကောင်းသလောက် မဟုတ်မခံမာနစိတကြီးခြင်း၊ ခံစားချက်ပြင်းထန်ခြင်း၊ အရွဲ့တိုက်လိုခြင်း၊ ခေါင်းမာခြင်းတို့ကြောင့် နှလုံးသားတွင်
မွန်းကြပ်သောဝေဒနာတို့ကို အမြဲလိုလို ခံစားရတတ်၏။ ဆိုလိုသည်မှာစိတ်ကောင်းရှိသလောက် ချစ်မေတ္တာကြီးမားသလောက်ကိုယ့်မေတ္တာစေတနာအမှန်ကို လူတွေနားလည်အောင် နေမပြတတ်၍အထင်အမြင် လွဲခံရတတ်၏။ နောက်ဆုံးတွင် သာယာသောအိမ်ထောင်ရေး၊ အချစ်ရေးကို ဖန်တီးနိုင်မည်ဖြစ်၏။

၃။ အလုပ်အကိုင်နှင့် စီးပွားရေး အနေအထားများ
မကာရရာသီဖွားတို့သည် လောကဓံလှိုင်းတံပိုးဒဏ်ကိုခံနိုင်ရည်ရှိသူများဖြစ်၏။ ပင်ကိုယ်စိတ်ရင်း မြင့်မြတ်၍ ကရုဏာတရားနှင့်ပြည့်ဝကြ၏။ သို့သော် ခံစားချက်ပြင်းထန်ပြီး မဟုတ်မခံချင်စိတ်နှင့်လက်စားချေလိုစိတ် ပြင်းထန်ကြ၏။ ထိုစရိုက်က အလုပ်အကိုင်နှင့်စီးပွားရေးကို ထိခိုက်စေတတ်၏။ ကိုယ်ပိုင်အတွေးအခေါ်ကောင်း၏။
ကိုယ်ကြံစည်ထားသည့်အတိုင်း ပြင်းထန်စွာ လုပ်ကိုင်တတ်၏။နှုတ်စောင့်စည်း၏။ ပါးနပ်လိမ္မာ၍ ဆုံးဖြတ်ချက်ခိုင်မာ၏။ ငွေကြေးကိုချွေတာခြင်းမရှိ။ အပေါ်ယံပလွှားမှုတို့အတွက် ငွေကုန်ခံတတ်၏။အလုပ်တစ်ခုကို လုပ်လျှင် ဝီရိယထား၍ ရေဆုံးရေဖျား လုပ်တတ်၏။တာဝန်တိကျ ကျေပွန်၏။ ထို့အပြင် ကိုယ့်ကိုယ်ကို အလွန်ယုံကြည်စိတ်ရှိ။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း၏။ခေါင်းဆောင်နိုင်ကြ၏။ ဘာပဲလုပ်လုပ် တစ်ခုတည်း စွဲမြဲစွာလုပ်ကိုင်လို၏။ ငွေရှာရာတွင် ငွေရှာဖွေနိုင်စွမ်း ရှိ၏။ ငွေရလွယ်၏။သို့သော် မထင်လျှင် မထင်သလို သုံးချင်၏။ ဘာမဆို ကိုယ့်စိတ်တိုင်းကျလုပ်တတ်၍ စပ်တူလုပ်ငန်းများ နှင့် ကောင်းကျိုးမပေး။ သဟဇတလည်း
မဖြစ်ချေ။ မကာရရာသီဖွားတို့သည် စီးပွားရေးတွင် မည်သူ့အပေါ်မှအကောက်မကြံတတ်ကြေချေ။သို့သော် တစ်ဖက်က ညစ်လာလျှင်နှစ်ဆပြန်တွယ်ရမှ ကျေနပ်၏။

လုပ်စရာရှိလျှင် အားမနာတတ်။စီးပွားဥစ္စာကို သိပ်ဂရုမစိုက်။ စီးပွားဥစ္စာကို ဂရုစိုက်ရှာဖွေလျှင်လည်းချမ်းသာကြွယ်ဝသူများဖြစ်၏။ အေးအေးဆေးဆေးနေထိုင်ရင်းပင်ချမ်းသာခွင့်ရသူများဖြစ်လေ၏။
မကာရရာသီဖွားတို့ စက် စက်မှုလုပ်ငန်း၊ အနုပညာလုပ်ငန်း၊အနုပညာလုပ်ငန်း၊ အလှဖန်တီးရှင်များ၊ အဆောက်အဦးများနှင့် ဆရာဝန်အလုပ်တို့တွင် ကောင်းကျိုးပေး၏။ မကာရရာသီဖွားတို့သည်ငွေတိုးချေးခြင်း လုံးဝမပြုသင့်ပါ။

၄။ ကျန်းမာရေး အနေအထားများ
မကာရရာသီဖွားတို့သည် ကျန်းမာရေးတွင်ဆိုးဆိုးရွားရွား မရှိတတ်ပါ။ ခံစားနေရသော ဝေဒနာကိုလည်းဂရုစိုက်ခြင်းမရှိဘဲ ဝေဒနာဆိုးရွားလာမှကုသမှုခံယူတတ်ကြသူများဖြစ်လေ၏။ သတိပြုသင့်သည်မှာ အစာအိမ်၊အူမကြီးတို့နှင့်ပတ်သက်သော ရောဂါများ၊ ခေါင်းကိုက်ရောဂါ၊
သွေးဆိပ်တက်ရောဂါ၊ ထုံကျင်ကိုက်ခဲသောရောဂါ တို့ဖြစ်တတ်၏။လိပ်ခေါင်းရောဂါလည်း ဖြစ်တတ်၏။ ထို့အပြင် ပယောဂလိုမျိုးသူတစ်ပါးပြုစားခံရသည့် ရောဂါတွေ ရတတ်၏။

မကာရရာသီဖွားတို့သည် အသားငါးတို့ကို အတတ်နိုင်ဆုံး လျှော့စားပါ။အသီးအရွက်သာ များများစားပါ။ မုန်လာ၊ ငှက်ပျောသီး၊ သရက်သီး၊ထောပတ်သီးစသော အသီးအနှံတို့ကို များများစားပါ။
မကာရရာသီဖွားတို့သည် ဂမုန်းသူယောင်မြစ်ကို ဆောင်ထားပြီးရှူဆေးအဖြစ် ရှူပေးသင့်၏။ ထို့ပြင် မကာရရာသီဖွားတို့သည် လေဘေးအန္တရာယ် ကြုံရတတ်၏။

၅။ မကာရရာသီဖွားတို့၏ ဘဝကံကြမ္မာအနေအထားများနှင့် ဆောင်ရန်၊ရှောင်ရန်များ
မကာရရာသီဖွားတို့သည် စကားပြောပွင့်လင်း၏။လုပ်စရာရှိက လုပ်တတ်၏။ နားစရာရှိက ကျကျနန နားတတ်၏။အားနာတတ်သော အကျင့်မရှိ။ ပြောစရာရှိက ပြောရဲ၏။ ဇွဲကောင်း၏။
လက်စားချေတတ်၏။ ကံဇာတာညံ့လျှင် အလွန်ညံ့တတ်သလိုကောင်းစရာရှိက အလွန်ကောင်းတတ်၏။ ပတ်ဝန်းကျင်ကိုလည်းသိပ်ဂရုမစိုက်တတ်ကြချေ။
လူကလည်း တစ်ဖက်စွန်းရောက်တတ်သလိုကံကြမ္မာကလည်း တစ်ဖက်စွန်း ရောက်တတ်၏။ တစ်ခါတစ်ရံလောကကြီးကို အကြောင်းမဲ့ အရွဲ့တိုက်နေတတ်၏။ လောကကြီးကိုမကျေမနပ် ဖြစ်နေတတ်၏။ ဂမ္ဘီရပညာတို့နှင့် နီးစပ်၏။ ထက်မြက်၏။ အငြင်းသန်၏။ အနစ်နာခံစရာရှိက သူမတူအောင် အနစ်နာခံတတ်၏။
ဘုရားဆင်းတုတော်များ ကိုးကွယ်ထားရတတ်၏။ရှေးဟောင်းပစ္စည်းဆောင်ထားက စီးပွားဖြစ်တတ်၏။ရှေးဟောင်းဆင်းတုတော် ကိုးကွယ်ထားသင့်၏။ အဆောင်ကောင်းရတတ်၏။ တစ်ခါတစ်ရံ ကံကို မျက်စိမှိတ်ယုံတတ်၏။တစ်ခါတစ်ရံလူ့ဂွစာများဖြစ်နေတတ်၏။ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် နေက ကြီးပွားတတ်၏။ ထင်ရာစွတ်လုပ်နေကအားလုံးကုန်သွားတတ်၏။
အသက် (၂၂၊ ၂၆၊ ၃၅၊ ၄၀၊ ၄၄၊ ၅၃၊ ၆၂)တို့သည် ထူးခြားသော အပြောင်းအလဲများကြုံရတတ်၏။ အထူးဂရုစိုက်ပေးသင့်၏။ အသက် (၃၆) တွင် တိုးတက်မှု ကြုံတတ်၏။အသက် (၄၅) ကျော်မှ စီးပွားအထူးဖြစ်တတ်၏။ အသက် (၈၉)တိုင်အောင် အသက်ရှည်တတ်၏။ အထူးသတိပြုရန်မှာ မကာရရာသီဖွားအမျိုးသားတို့ ဇနီးမယားကို အယုံလွန်သဖြင့် ဘေးထိတတ်၏။

မကာရရာသီဖွားတို့သည် အနက်ရောင်၊ အညိုရောင် စသောအရောင်ရင့်များ ဝတ်ပါ။ ပုလဲနက်၊ စိန်နက်၊ မဟူရာကျောက် စသောကျောက်များကို လက်စွပ်ကွင်း၍ လင်္ကျာဘက်လက်တွင် ဝတ်ထားပါ။ရေသံ ကျောက်ပုတီးဖြင့် ပုတီးစိပ်ပါ။ စနေနေ့သည်အထူးကောင်းကျိုးပေးသော နေ့ဖြစ်၏။ လစဉ် (၈) ရက်နှင့် (၁၇) ရက်ကိုအထူးဆောင်၍ အဓိဋ္ဌာန်ဝင်သင့်၏။ နှစ်စဉ် ဧပြီလနှင့်သြဂုတ်လတို့တွင်အစစသတိဖြင့်ပြုလုပ်သင့်၏။

မည်သည့်ကိစ္စမဆိုအေးဆေးတည်ငြိမ်စွာဆုံးဖြတ်လုပ်ကိုင်ရင်းအောင်မြင်သောဘဝကိုရရှိတတ်ကြလေသည်။ အထူးသဖြင့်မည်သည့်အလုပ်တွင်မဆိုအတွေးသမား၊အငေးသမား၊ အပြောသမားသက်သက်ဖြစ်နေတတ်ခြင်း တစ်ခါတရံအမှားမှန်ခွဲခြားနားမလည်တတ်ခြင်းတို့ကို သတိဖြင့်ထိမ်းကာနေထိုင်လုပ်ကိုင်သွားခြင်းဖြင့်ဘဝအောင်မြင်မှုများရယူသွားနိုင်မည်ဖြစ်ပေ သတည်း။

[ Unicode ]

Ref; zodiac_sign

#မကာရ
#ရာသီ
#အထူး
#လောကဓံ
#နှလုံးသား

Some text some message..