ကုမ်ရာသီဖွားများအတွက် တစ်သက်တာ ဟောကိန်း
trend.com.mm
|
2020-03-13

မည်သည့်နှစ်တွင်မဆို ဇန်နဝါရီလ ၂၁ မှ ဖေဖော်ဝါရီ ၁၈ အတွင်း ( မြန်မာ – တပို့တွဲလ) မွေးဖွားသူများသည် ကုမ်ရာသီဖွားများ ဖြစ်ကြသည်။

၁။ ပင်ကိုယ်သဘာဝနှင့် အကျင့်စရိုက် လက္ခဏာများ
ကုမ်ရာသီဖွားတို့သည် ပင်ကိုယ်စိတ်ဓါတ် ဖြူစင်မြင့်မြတ်သူများဖြစ်၏။ဉာဏ်ပညာအလွန် ထက်မြက်သူများဖြစ်၏။ အထူးသဖြင့် အတွက်အချက်ပညာတို့တွင် ပါရဂူမြောက်အောင် ထူးချွန်တတ်ကြ၏။ ထို့အပြင်မည်သည့်ကိစ္စမဆို ယုတ္တိကျကျကကျိုးကြောင်းတိကျစွာ
တွေးခေါ်ယူဆနိုင်စွမ်း ရှိကြ။ ဖြတ်ထိုးဉာဏ် အလွန်ကောင်း၏။အနေအထိုင်၊ အစားအသောက် ကျစ်လစ်၏။ သစ္စာရှိ၏။ စကားနည်း၏။သီးသီးသန့်သန့်နှင့် အေးအေးချမ်းချမ်း နေတတ်၏။ သူတစ်ပါးကိုအနှောက်အယှက် လုံးဝမပေးတတ်ပါ။ ကိုယ်တာဝန်ယူထားသောကိစ္စများကို အပြီးဆောင်ရွက်တတ်ကြ၏။ မည်သည့် ကိစ္စမဆိုအပင်ပန်းခံပြီးလုပ်တ်ကြ၏။

စည်းစနစ်နှင့် သုံးစွဲသဖြင့်နှမြောတွန့်တိုသလို အထင်ခံကြရတတ်၏။ အအိပ်စုံမက်၏။ ပျင်းရိစိတ်ဝင်လာက ဘာမှမလုပ်ဘဲ နေတတ်၏။အလှအပအထူးကြိုက်၏။ အလှအပမြင်သမျှ သဘောကျတတ်၏။ပင်ကိုယ်စိတ်ဓါတ် တည်ကြည်၏။ ထက်မြက်၏။ သစ္စာရှိ၏။ ဘဝတွင်
အပြောင်းအလဲများစွာ ကြုံရတတ်၏။ ဘဝတွင် အမြဲတမ်းလှုပ်ရှားရှင်သန်နေရ၏။ အနစ်နာခံ၊ အပင်ပန်းခံ၊ အနွံတာခံပြီးကြိုးစားကြရတတ်၏။ ကိုယ်တိုင်ကလည်း မလုပ်ဘဲနေလျှင်သာ
ငြိမ်နေတတ်ပြီး လုပ်ပြီဆိုက သူများထက် သွက်လက်ထက်မြက်၏။
အထူးသတိပြုရန်မှာ စိတ်ထားဖြောင့်သလောက် ကုမ်ရာသီဖွားအမျိုးသားတို့ စကားပြောရာတွင် မထင်လျှင် မထင်သလိုကျွတ်ဆတ်ဆတ် ပြောချင်တတ်ကြ၏။ ကုမ်ရာသီဖွားအမျိုးသမီးများ နှုတ်စလျှာစ ကြမ်းတမ်းမိတတ်ကြ၏။ တစ်ခါတစ်ရံအာရုံခံစားမှု၊ စိတ်ခံစားမှုနောက် လိုက်မိသဖြင့် သစ္စာမရှိ၊ ကတိမတည်၊လော်လီသလိုဖြစ်သွားတတ်ကြ၏။ အမှန်မှာ ကုမ်ရာသီဖွားတို့သည်သစ္စာရှိသူ၊ ယောက်ျားပီသသူများဖြစ်ကြပေ၏။ ကုမ်ရာသီဖွား အမျိုးသမီး
များ ယောက်ျားဆန်ဆန် ထက်မြက်တတ်ကြ၏။ ကုမ်ရာသီဖွားအားလုံးရည်မှန်းချက် မြင့်မားစွာထားပြီး စိတ်ပါလက်ပါ ကြိုးစားပါကထိပ်တန်းရောက်အောင် အောင်မြင်သွားတတ်ကြ၏။ အထူးသတိပြုကြိုးစားသင့်၏။
ထို့အပြင် ကုမ်ရာသီဖွားတို့သည် ယုံမိက ပုံအပ်တတ်ခြင်း၊ ခေါင်းမာစွာ ဆုံးဖြတ်တတ်ခြင်းတို့ကြောင့် နာမည်ပျက်ခြင်း၊ ရှိရင်းစွဲ အောင်မြင်မှုကို ထိခိုက်တတ်ခြင်း၊ စည်းစိမည်ဥစ္စာများ ပျက်စီးသွားခြင်းလည်း ဖြစ်တတ်ကြ၍အထူးသတိပြုသင့်၏။
အကြောင်းမူ ကုမ်ရာသီဖွားတို့သည် ဓါးသွေးကျောက် သဖွယ် သူတစ်ပါးတို့ကို အနစ်နာခံတတ်ကြ၏။ အနစ်နာခံပြီး ကူညီချင်၏။ သူတစ်ပါးအတွက်ဆိုလျှင် ကိုယ်ကျိုးစီးပွားအပျက်ခံပြီး ကူညီတတ်ကြ၏။ မိတ်ဆွေကောင်း ပီသ၏။
မိတ်ဆွေမဖြစ်ခင်သာ ဘာသိဘာသာ နေတတ်ပြီး မိတ်ဆွေဖြစ်သွားကတစ်ခါတွေ့တစ်သက်မမေ့နိုင်လောက်အောင် မိတ်ဆွေပီသသူများဖြစ်၏။ အနစ်နာခံသူများဖြစ်၏။ ထိုသို့သော
အခြေအနေကြားမှပင် အထင်လွဲခံရခြင်းမျိုးကိုလည်းမကြာခဏကြုံရတတ်ကြလေ၏။သူတစ်ပါးအတွက်ကြားဝင်ခံရခြင်းမျိုးလည်း ကြုံတတ်ကြလေ၏။ ကိုယ်နှင့်ဝေးမှ
ချီးကျူးခံရတတ်၏။ သေပြီးမှ ချီးမွမ်းခံရတတ်သော ဇာတာရှင်များဖြစ်၏။
အနုပညာကို အထင်ကြီး၏။ အနုပညာသမားများနှင့်လက်တွဲပေါင်းသင်းတတ်၏။ စာပေရေးသားမှုဘက်တွင် ပါရမီရှိ၏။

ထို့အပြင် ဘာသာရေးပါရမီရင့်သန်သူများဖြစ်သည်။ သို့သော်ဘာသာရေးတွင် အယူသည်း၏။ အချို့ကိစ္စများတွင် အများနှင့်အမြင်မတူသဖြင့် လူ့ခွစာများ ဖြစ်နေတတ်ပြန်သည်။ ထို့ပြင်
သူတစ်ပါးတို့၏ မနာလိုဝန်တိုခြင်းကို အထူးခံရတတ်၏။ ကိုယ်ကကူညီထားသူများက ကိုယ့်အပေါ် သစ္စာမဲ့ခြင်းအမှု ပြုခြင်းခံရတတ်၏။ကိုယ်တိုင် အကြံကောင်းများ များစွာ ပေါ်တတ်၏။ အကြံကောင်း အတိုင်းကြိုးစားက ပစ္စည်းဥစ္စာချမ်းသာပြီး အမည်ကျော်စောတတ်ကြ၏။
လူမျိုးခြား၊ နိုင်ငံခြားကိစ္စတို့ အထူးကောင်းကျိုးပေးတတ်ကြ၏။

၂။ အချစ်ရေးနှင့် အိမ်ထောင်ရေး
ကုမ်ရာသီဖွားတို့သည် အချစ်နှင့်ပတ်သက်၍အလွန်ခံစားချက်ပြင်းထန်ပြီး အချစ်ကို
အလွန်တန်ဖိုးထားတတ်ကြလေ၏။ သို့သော် ဤရာသီဖွားတို့သည်ပင်ကိုယ်ကံတွင် အချစ်ကံခေတတ်ကြ၏။ အချစ်အတွက် တစ်ဖက်သတ်ပေးဆပ်နေကြရသူများဖြစ်သည်။ ကိုယ်ကချစ်သလောက် တစ်ဖက်သတ်ပေးဆပ်နေကြရသူများဖြစ်သည်။ ကိုယ်ကချစ်သလောက် ကိုယ့်အပေါ်
တုံ့ပြန်မေတ္တာအားနည်းသော အနေအထားကိုသာ ကြုံတတ်ကြရ၏။

ကုမ်ရာသီဖွားတို့ကိုယ်တိုင်ကလည်း အုံ့ပုန်းအချစ်သမားများသာဖြစ်တတ်ကြ၏။ ဖွင့်ပြောရန် ဝန်လေးခြင်း၊ မပွင့်လင်းခြင်းတို့ကြောင့်ကိုယ်ချစ်ရသူသည် သူတစ်ပါးလက်သို့ ပါသွားတတ်ကြလေ၏။အချစ်ရေးတွင် အသည်းကွဲရတတ်၏။ အကယ်၍ကိုယ့်ချစ်သူနှင့်လက်တွဲရသောအခါတွင်လည်း ကိုယ်ကအယူအစွဲကြီးခြင်း၊ အယူသည်းခြင်း၊ ခေါင်းမာခြင်း တို့ကြောင့် ပြဿနာ
မကြာခဏ ဖြစ်တတ်၏။ ကုမ်ရာသီဖွားတို့သည် အချစ်ရေးတွင်သဝန်တိုတတ်ကြလေ၏။

ထို့အပြင် အထူးသတိပြုရန်မှာ ကုမ်ရာသီဖွားတို့၏ ချစ်သူတို့သည် ဘဝအတွက်ကိုယ့်ကိုလှေကားထစ်သဖွယ် အသုံးပြုကာ နင်းတက်သွားကြ၏။ ပြီးက ကိုယ့်ကိုမေ့ပစ်တတ်ကြလေ၏။ သို့သော် ကိုယ့်အပေါ်နားလည်ပေးနိုင်သောသူနှင့် လက်တွဲခွင့် ပြန်လည်ရရှိတတ်ပါသည်။

အထူးသဖြင့် အနုပညာဝါသနာကြီးသူ၊ အနုပညာရှင်တို့ကိုရွေးချယ်လက်တွဲမိတတ်ကြ၏။ အသက်အားဖြင့် (၂၆) ကျော်မှအချစ်ရေး ကံကောင်းတတ်၏။ကုမ်ရာသီဖွားတို့သည် အိမ်ထောင်ရေးတွင် ကံကောင်းပါမည်။အနည်းအကျဉ်း စကားများရုံမှအပ ကြီးမားသော ပြဿနာ မရှိတတ်ပါ။အထူးသာယာသော အိမ်ထောင်ရေး ဖန်တီးနိုင်ပါမည်။ သို့သော်ကိုယ့်အိမ်ထောင်ဖက်သည် ကိုယ်ကဲ့သို့ မထက်မြက် မသွက်လက်ဘဲအေးဆေးစွာ ပြုမူနေထိုင်တတ်သူဖြစ်သဖြင့် စိတ်ရှည်မှုတော့ ရှိရ၏။
အထူးသတိပြုရန်မှာ ကုမ်ရာသီဖွားတို့သည် တစ်ခဏမျှဒေါသကြီးတတ်သဖြင့် အိမ်ထောင်ဖက်အပေါ် ကြမ်းတမ်းစွာအော်ငေါက်မပြောမိဖို့သာ ဆင်ခြင်ပါ။ အိမ်ထောင်ကံကောင်းပါမည်။

၃။ ကုမ်ရာသီဖွားတို့၏ အလုပ်အကိုင်နှင့် စီးပွားရေးအနေအထားများ
ကုမ်ရာသီဖွားတို့သည် ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီးကြီးပွားမည့်သူများဖြစ်ကြပေသည်။ ထို့အပြင် အမြဲတမ်းပြောင်းလဲလှုပ်ရှားကာ ရှင်သန်နေရသော အလုပ်များကိုလုပ်ကိုင်ရတတ်၏။ ပုံသေဖြစ်သော အလုပ်တို့နှင့် မကိုက်ချေ။ ထို့အပြင်ကုမ်ရာသီဖွားတို့သည် အချက်အလက် စုဆောင်းမှု ကောင်းခြင်း၊အတွက်အချက်တော်ခြင်းတို့ကြောင့် သူတစ်ပါးတို့ထက် ပို၍
ထူးချွန်သူများဖြစ်တတ်၏။ အထူးသဖြင့် စာရေးဆရာအလုပ်တွင်ထူးချွန်သူများဖြစ်တတ်၏။ ကုမ်ရာသီဖွားတို့သည် အလုပ်တစ်ခုခုကိုလုပ်ရာတွင် စိတ်မဝင်စားသော အလုပ်ပင်ဖြစ်စေ လုပ်ပြီဆိုသည်နှင့်အမှားအယွင်းကင်းအောင် လုပ်နိုင်တတ်ကြ၏။ ပင်ကိုယ်သဘာဝကိုက
အလုပ်လုပ်ရာတွင် သူတစ်ပါးတို့ထက် ပို၍ထက်မြက်သူများဖြစ်၏။
မည်သည့်အလုပ်မဆို စိတ်ပါလက်ပါလုပ်ကိုင်ကအလွန်ကြီးပွားသွားတတ်ကြလေ၏။ ထို့အပြင် ကုမ်ရာသီဖွားတို့သည်အကြံဉာဏ်ကောင်းများ ရှိသော်ငြား ကိုယ်တိုင်မသုံးမိဘဲ ရှိတတ်၏။
စကားပြောများခြင်း၊ နှုတ်ဖွာခြင်းတို့ကြောင့် ကိုယ့်၏အကြံဉာဏ်ကောင်းများသည် သူတစ်ပါးတို့ထံသို့ရောက်ကာသူတစ်ပါးတို့တွင် အလွန်အောင်မြင်သွား တတ်ကြလေ၏။ ကိုယ်တိုင်က
အထင်သေး၍ စွန့်ပစ်ထားသော အကြံÓ်ဏ်တို့ဖြင့် သူတစ်ပါးတို့တွင်ကြီးပွားသွားတတ်၏။ ထို့ပြင် ကုမ်ရာသီဖွားတို့သည် ဘဝတွင်အနှောက်အယှက်များ၊ အတိုက်အခံများ များစွာ ကြုံရတတ်၏။
သူတစ်ပါးတို့အတွက် ငဲ့ကွက်ရင်း နစ်နာတတ်၏။ ကိုယ့်အကျိုးစီးပွားကိုအပျက်ခံပြီး သူတစ်ပါးကို ကူညီမိတတ်၏။ ထို့အပြင်ကျေးဇူးကန်းခံရခြင်း၊ မနာလိုခံရခြင်း၊ ချောက်တွန်းခံရခြင်းတို့ကြုံရတတ်၍ သတိပြုသင့်၏။ သို့သော် လွယ်ကူမည်။အရွယ်လတ်ပိုင်းတွင် အိုးပိုင် အိမ်ပိုင်နှင့်နေနိုင်နိုင်၏။
အလုပ်(၃) မျိုးပြောင်းပြီးမှ တည်ငြိမ်တတ်၏။ သို့မဟုတ် နေရာ(၃)နေရာခန့်ပြောင်းပြီးမှ တည်ငြိမ်တတ်၏။ ကုမ်ရာသီဖွားတို့သည်မိသားစုသံယောဇဉ် ကြီးမားသူများဖြစ်သည်။ သို့သော် မွေးရပ်မြေမှဝေးရာတွင် ကြီးပွားချမ်းသာတ်ကြပေ၏။ အောင်မြင်တတ်ကြပေ၏။
ကုမ်ရာသီဖွားတို့သည် ရတနာပစ္စည်းများစွာကိုလည်းစုဆောင်းမိတတ်ကြပေသည်။ အထူးသဖြင့် ကုမ်ရာသီဖွားတို့သည်အနုပညာ၊ စာပေသမားများကို လေးစားသူများဖြစ်ကြ၏။ ထိုသူတို့ကို
ပံ့ပိုးတတ်ကြလေ၏။ အထူးသတိပြုရန်မှာ ကုမ်ရာသီဖွားတို့သည်ဘဝတွင် အောင်မြင်မှုရရှိပြီးမှ နာမည်ပျက်ခြင်း၊ ချမ်းသာကြွယ်ဝပြီးမှပစ္စည်းများ ဆုံးရှုံးသွားခြင်းတို့ ဖြစ်တတ်၍ အောင်မြင်မှု၊ ချမ်းသာမှုတို့ကိုထိန်းသိမ်းနိုင်ဖို့ လိုအပ်လှပေသည်။ ဖြတ်လမ်းစီးပွားများဖြင့်စွန့်စားခြင်းတို့ မပြုသင့်ပေ။

အထူးသဖြင့် ကုမ်ရာသီဖွားတို့သည် စာပေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊မြေအရောင်းအဝယ်လုပ်ငန်း၊ ဆရာဝန်လုပ်ငန်း၊ စက်ပစ္စည်းတို့ဖြင့်ကြီးပွားချမ်းသာ တတ်ပေသည်။

၄။ ကျန်းမာရေးအနေအထားများ
ဤရာသီဖွားတို့သည် အများအားဖြင့် အဆစ်အမြစ်ကိုက်ခဲခြင်းဖြစ်တတ်၏။ ပေါ့ပေါ့ဆဆ သဘောထား၍မရပါ။ အခန့်မသင့်လျှင်လေးဘက်နာအထိ ဖြစ်တတ်၏။ ထို့အပြင် ဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်းစသော အစာအိမ်ရောဂါ၊ အသည်းနှင့်ဆိုင်သော ရောဂါ၊
သွေးကြောနှင့်ဆိုင်သော ရောဂါ၊ ထုံကျင်ကိုက်ခဲသောရောဂါတို့သတိပြုသင့်။ ကုမ်ရာသီဖွား အမျိုးသားများ ဆီးကြိတ်နှင့်ဆိုင်သောရောဂါဖြစ်တတ်လေ၏။ ကုမ်ရာသီဖွားတို့သည် ဆောင်တော်ကူးပန်းကိုအိမ်ခြံဝန်းထဲတွင် စိုက်ပျိုးထားကာ အမြဲတမ်း ဆောင်တော်ကူးရနံ့ရရှိဖို့
စီစဉ်ထားသင့်၏။ ငှက်ပျောသီးနှင့် မုန်လာတို့ကို ဓါတ်စာအဖြစ်အမြဲစားသောက်ပေးသင့်၏။ ထို့အပြင် ဂမုန်းသူယောင်မြစ်ကိုရှူဆေးအဖြစ် အမြဲဆောင်၍ ရှူပေးသင့်၏။

၅။ ကုမ်ရာသီဖွားတို့၏ ဘဝကံကြမ္မာ အနိမ့်အမြင့် အနေအထားများနှင့်ဆောင်ရန်၊ ရှောင်ရန်များ
ကုမ်ရာသီဖွားတို့သည် တစ်မူထူးခြားသော ဘဝပိုင်ရှင်များဖြစ်ကြပေ၏။အေးဆေး၏။ တည်ကြည်၏။ ဘဝမာနကြီးမားကြ၏။ မိရိုးဖလာအတွေးအခေါ် အယူအဆများကို စွန့်လွှတ်ကာ အယူအဆသစ်များထူထောင်တတ်ကြ၏။ ထိုယုံကြည်ချက်ကို ထိပါးလာပါက
တိုက်ခိုက်ပစ်တတ်၏။ သူတစ်ပါးအတွက် အနစ်နာခံတတ်ကြ၏။
ချမ်းသာက ထပ်ဆုံး၊ ဆင်းရဲက အောက်ဆုံး ဖြစ်တတ်ကြ၏။ အသက် ၂၆၀န်းကျင်တွင် မိမိတို့၏ မှီခိုအားထားရာ မိဘအကြီးအကဲတို့နှင့်အပြီးခွဲခွာရတတ်၏။ အထူးသဖြင့် အသက် (၂၇) မှ (၄၀) အတွင်း၌ဘာမှမစဉ်းစားဘဲ လုပ်ချင်ရာကို တွန်းတိုက်လုပ်ခြင်းဖြင့် ထိပ်ဆုံးသို့
ရောက်အောင်ကြီးပွားသွားတတ်၏။ ထို့အတူ ဘဝအပြောင်းအလဲမြန်သူများဖြစ်၏။ လောင်းကစားကိစ္စများ ရှောင်သင့်၏။
တစ်စုံတစ်ဦးကိုယုံ၍ ပုံအောပြီး ငွေရှာခြင်းကြောင့် ကျရှုံးခြင်းကြုံတတ်၏။
ရှေးဟောင်း ဆင်းတုတော်တို့ ကိုးကွယ်ထားခြင်း၊ ရှေးဟောင်းပစ္စည်းများဆောင်ထားခြင်းဖြင့် အောင်မြင်တတ်၏။ ကြီးပွားတတ်၏။ ငယ်ဘဝတွင်အသက် (၁၆၊ ၂၀၊ ၂၃၊ ၂၅)တို့၌ တိုးတက်ခြင်းကြုံတတ်၏။အရွယ်လတ်ပိုင်းတွင် (၂၈၊ ၂၉၊ ၃၁၊ ၃၆)တို့သည် ထူးခြားစွာ
တိုးတက်တတ်၏။ အထူးသဖြင့် အသက် ၂၉ ဝန်းကျင်တွင်စီးပွားတက်တတ်၏။ အသက် ၅၀၊ ၅၃တို့တွင်လည်းအခွင့်ထူးများကြုံတတ်ပြီး အသက် (၅၈)ခန့်တွင် စည်းစိမ်ဥစ္စာနှင့်
ပြည့်စုံတတ်၏။ ၂၆၊ ၄၄၊ ၆၂ တို့တွင် အစစ သတိထားသင့်၏။ကုမ်ရာသီဖွားတို့သည် အထင်မှားခံရခြင်း၊ သစ္စာဖောက်ခံ ရခြင်းတို့ကြုံတတ်သဖြင့် သတိထားသင့်၏။ ထို့အပြင် သူတစ်ပါး အိမ်ယာနှင့်တစ်နည်းနည်း ပတ်သက်ကာ ဘဝတွင် သိက္ခာကျတတ်၏။

ကုမ်ရာသီဖွားတို့သည် ထူးခြားသော ကိုယ်ပိုင်ဟန်နှင့် ဆွဲဆောင်မှု ရှိ၏။သံလိုက်ဓါတ်အားကောင်း၏။ ဆန့်ကျင်ဘက်အပေါ်ဆွဲဆောင်အားကောင်း၏။ ရင့်ကျက်သောအလှရှိ၏။ ဣန္ဒြေရှိ၏။
မာန်လည်းရှိ၏။ လူအများနှင့် ခပ်တန်းတန်းနေခြင်း၊ အေးတိအေးစက်နှင့်
ခပ်မာမာနေခြင်းတို့ကို ပြုပြင်ကာ ခပ်ရိုးရိုးနှင့် ခပ်ပြုံးပြုံးနေပေးသင့်၏။

အထူးသတိပြုရန်မှာကုမ်ရာသီဖွားတို့သည်တစ်ခါတရံအတွေးသမား၊အငေးသမား၊အပြောသမားများဖြစ်နေတတ်ကြသေး၏။အမှားအမှန်ကိုခွဲခြားနားမလည်ဘဲဖြစ်သွားတတ်ကြ၏။
ထိုစရိုက်တို့ကိုသတိဖြင့်ပြုပြင်ပေးပါ။ဟော့ဟော့ရမ်းရမ်းနေခြင်း၊ အလွန်အကျွံ အလှပြင်ခြင်းတို့ မပြုသင့်ပေ။

ရိုးရိုးရှင်းရှင်း တည်ကြည်စွာနေခြင်းဖြင့်ပင် ပေါ်လွင်ထင်ရှား နေတတ်၏။
ပုလဲနက်၊ စိန်နက်၊ မဟူရာကျောက်၊ ရေသံကျောက်တို့ကို ဆောင်ထားပါ။
ထို့အပြင် ရွှေသန့်သန့်ဖြင့် ပြုလုပ်ထားသော နှင်းဆီပွင့်ပုံ၊ ကံ့ကော်ပွင့်ပုံ
လက်စွပ်၊ ရင်ထိုးတို့ ဝတ်ဆင်နိုင်၏။ မီးခိုးရောင်၊ နက်ပြာရောင်၊အစိမ်းရင့်တို့နှင့် ကြက်သွေးရောင်တို့ ဝတ်ဆင်နိုင်ပေ၏။
စိတ်မြန်လက်မြန်ဖြင့် ဘုဂလန့် ဂွပြောခြင်းရှောင်ပါ။ သူတစ်ပါးအပေါ်
လိုသည်ထက်ပိုပြီး ကူညီလိုခြင်းကိုရှောင်ပါ။ ပုံအော၍ စွန့်စားခြင်း၊
အယုံလွန်ခြင်း ဆင်ခြင်ပါ။ ကိုယ်တိုင်၏ အကြံကောင်းများကိုကိုယ်တိုင်အကောင်အထည်ဖော်သုံးစွဲပါ။

အထူးသဖြင့် ကုမ်ရာသီဖွားတို့သည် ကိုယ်ယုံကြည်ရာ အလုပ်တစ်ခုကိုလုပ်မည်ဟု ဆုံးဖြတ်ပြီးက အားကုန်ကြိုးစားပေးခြင်းဖြင့်ထိပ်တန်းရောက်အောင် ကြီးပွားအောင်မြင်သွားပေတော့သတည်း။

[ Unicode ]

Ref; zodiac_sign

#ရာသီ
#အထူး
#သတိ
#ဘဝ
#အယူ

Some text some message..