လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မတ်လ ၁၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများ ယခင်ထက် ပိုမိုအကျိုးပေး အောင်မြင်နိုင်ပါတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်တဲ့နေ့ရက်ဖြစ်ပြီး အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ပါက ဒီနေ့မှာ အရာရာအောင်မြင်ပါလိမ့်မယ်။ ဝန်ထမ်းများအနေဖြင့် နေရာထိုင်ခင်း အပြောင်းအလဲရှိတတ်ပြီး မိမိတစ်ဦးမဟုတ်ဘဲ ဌာနဆိုင်ရာတစ်ခုလုံး ပြောင်းလဲခြင်းမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာကောင်းသောပြောင်းလဲခြင်းမျိုးပါပဲ။ အိမ်ပေါ်ကို မုဆိုးမ၊ တခုလပ် ရောက်လာတတ်ပြီး ရောက်လာလျှင် မကောင်းသောကြောင့် သတိပြုပါ။ တနင်္လာသားသမီး ဒုက္ခပေးတတ်ပြီး အိမ်အနီးအနားမှာ ရေစီးနေသော ချောင်းရှိလျှင် ကြံချောင်းကို ၂ပိုင်းဖြတ်ပြီး ရေထဲစွန့်လိုက်ပါ။ ကျောင်းသားများအနေဖြင့် ပညာရေး ကံကောင်းသော်လည်း အနှောင့်အယှက်များ ရှိနေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရှိပြီးသူများ ချစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး ခွဲခွာနေရကိန်း ရှိနေပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်အလုပ်နဲ့ နယ်ဝေးသွားဖို့ အကြောင်းဖန်လာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အသားအရေယားယံတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အရဟံ ဂုဏ်တော်ကို ပုတီးသက်စေ့ စိပ်ပေးပါ။
တနင်္လာ - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကံအထူးကောင်းမွန်သော ကာလမျိုး ဖြစ်တတ်ပါတယ်။ အိုးသစ်၊ အိမ်သစ် ဝင်လာကိန်းလည်း ရှိတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့်လည်း အစိုးရအိမ်ယာရရှိခြင်းမျိုး ရှိတတ်ပါတယ်။ ဆုံးပြီလို့ထင်တဲ့ ကြွေးမြီများလည်း ပြန်လည်တောင်းခံ ရရှိတတ်ပါတယ်။ ပညာရေးအနေနဲ့ ကျောင်းသားများအဖို့ မမျှော်လင့်ဘဲ နာမည်ရ၍ ကြိုးစားသလောက် အောင်မြင်မှုရမည်။ ပြည်ပရပ်ဝေးခရီး အနေဖြင့်လည်း သူငယ်ချင်းများ၏ ကူညီမှုများကြောင့် အောင်မြင်စွာ ထွက်ခွာရခြင်းမျိုးရှိပါမယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းမှ ငွေဝင်နေမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့ရတာမျိုးတွေ၊ လက်ရှိလုပ်ငန်းကို ပိုပြီး ကြီးထွားအောင် ကူညီထောက်ပံ့ပေးမယ့်လူပေါ်ပေါက်လာတာမျိုး ရှိတတ်ပါတယ်။ ဒီရက်ပိုင်းမှာ အရက်ဘီယာရောင်းဝယ်သူများ အနည်းငယ်ညံ့နေပါတယ်။ အချစ်ရေးမှာ ချစ်သူရှိပြီးသူများ ချစ်သူနဲ့ အပျော်ခရီးသွားရကိန်းရှိပြီး အိမ်ထောင်သည်တွေအနေနဲ့ကတော့ အိမ်ထောင်ဖက်ထံကနေ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတစ်ခု ရရှိလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အရိုးအဆစ် ရောင်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ငွေပန်း ကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ သူငယ်ချင်းအရင်းတွေကတောင် အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်လို့ သင်ဘာပဲ ကောင်းတာ လုပ်လုပ် သူတို့ အကောင်းမြင်မှာ မဟုတ်ပါဘူး။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများ အောင်မြင်မယ့် အချိန်ဖြစ်ပြီး ရေလုပ်ငန်း လုပ်ကိုင်သူတွေလည်း အကျိုးပေးမယ့် ကာလပါပဲ။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင် အလှူအတန်းပြုလုပ်ပေးပါ။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် တတ်နိုင်သလောက်ထောက်ပံ့ပေးလိုက်ပါ။ အနုပညာလုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်များ အောင်မြင်နေမှာဖြစ်ပြီး အချစ်ရေး၊ အိမ်ထောင်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောအားနည်းတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် စံပယ်ပန်း ၃ကုံးကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းရှင်များ ရှယ်ယာလုပ်ကိုင်ထားပါက အခက်အခဲကြီးစွာ ကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ကြံစည်ထားတယ်ဆိုရင်လည်း ရက်ရွှေ့ဆိုင်းလိုက်ပါ။ လုပ်ငန်းမှာ ငွေတွေ ပျောက်နေတတ်ပြီး ငွေပြန်ပေါ်ဖို့ကြိုးစားရင်း လှုပ်လေမြုပ်လေ ဖြစ်လာတတ်တဲ့ အချိန်ပါပဲ။ ဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာတွင်း မိမိမကောင်းသတင်းများ လုပ်ကြံဖြန့်ကျက်ခံရတတ်ပြီး အထက်လူကြီးရဲ့ အထင်အမြင်လွဲခြင်းကိုလည်း ခံရတတ်ပါတယ်။ အိမ်အနီးအနားမှာ နာရေးရှိတတ်ပြီး ရှိလျှင်မသွားပါနှင့်၊ ရှောင်လိုက်ပါ။ အမျိုးထဲမှ တစ်ဦးဦး ချစ်သူနောက် လိုက်ပြေးတတ်ပြီး အဆိုပါ ကိစ္စအတွက်လည်း စိတ်ညစ်ရတတ်ပါတယ်။ မိဘ၊ မောင်နှမ ၊ ဆွေမျိုးများနဲ့လည်း တစ်ခုမဟုတ်တစ်ခု စကားများ အဆင်မပြေဖြစ်တတ်တဲ့ ကာလဖြစ်လို့ အတူနေမိဘမောင်နှမရှိရင် ဒီရက်ပိုင်း စကားမလွန်မိအောင် သတိပြုဆင်ခြင်လိုက်ပါ။ စက်ပစ္စည်းသစ် တစ်ခုလည်း ဝင်လာတတ်ပြီး ဝင်ပြီးမကြာခင်ပြန်ထွက်သွားတတ်လို့ သတိပြုပါ။ ပညာရေးမှာ နိုင်ငံရပ်ခြားမှ စကောလားရှစ် ရရှိလာတတ်ပြီး စာမေးပွဲဖြေဆိုထားပါကလည်း ဂုဏ်ထူးဖြင့် အောင်မြင်နိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူရှိသူဖြစ်စေ၊ မရှိသေးသူများဖြစ်စေ ညံ့နေတဲ့အချိန်ပါပဲ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ကြောင့် ဘေးပတ်ဝန်းကျင်နဲ့ စကားများ ရန်ဖြစ်ရကိန်းရှိနေပါတယ်။ကျန်းမာရေးအနေဖြင့် မျက်စိနှင့်ပတ်သက်သော ဝေဒနာ ဂရုစိုက်ပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် လက်ဖက်ရည်ကပ်လှူပြီး လိုရာဆုတောင်းပါ။
ရာဟု - ဝန်ထမ်းများအနေနဲ့ လက်ရှိအလုပ်ကနေ ထွက်ချင်စိတ်ဖြစ်နေပြီး အလုပ်သစ်ကလည်း မရေမရာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအလုပ်ကို ရဲရဲတင်းတင်းသာ ထွက်လိုက်ပါ၊ ပိုမိုကောင်းမွန်တဲ့ အလုပ်က သင့်ကို စောင့်ကြိုနေမယ့် အချိန်ပါပဲ။ မထင်မှတ်ပဲ ခင်မင်ရင်းနှီးသူတစ်ဦးထံမှ အဖိုးတန်ပစ္စည်းလက်ဆောင်ရကိန်း ရှိနေပါတယ်။ စားသောက်ကုန်လုပ်ငန်း၊ အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အနုပညာလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲရှိနေမယ့် အချိန်ဖြစ်ပါတယ်။ တနင်္လာ၊ သောကြာသားသမီးများ၏ အကူအညီဖြင့် လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး ငွေဝင်သလောက် ပြန်ထွက်နေမယ့် အချိန်လည်း ဖြစ်ပါတယ်။ ထီထိုးမယ်ဆိုပါက တနင်္လာနေ့မှာ အပူးဂဏန်းများများ ရွေးချယ်ထိုးပေးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ လိမ်ညာစားတတ်တဲ့ ချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူက မိမိအချစ်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်တတ်လို့ သတိပြုပါ။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်စွဲတတ်ပါတယ်။
ရာဟုသားသမီးတွေကတော့ နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ယပ်လှူဒါန်းပေးပါ။
ကြာသပတေး - ဒီနေ့မှာ ဖခင်၊ အကြီးအကဲများမှ ကူညီ၍ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေ နေတဲ့ကာလလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်များ ခရီးမထွက်သင့်သေးပါ။ လုပ်ငန်းနှင့်ပတ်သက်သော ခရီးဖြစ်ပါက အစစ အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။ ထီဝါသနာပါရင်တော့ ၆၉ အတွဲလိုက်ပါတဲ့ ထီကို ထိုးဖြစ်အောင် ထိုးလိုက်ပါ။ ရေထွက်ပစ္စည်းလုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်ထောင်ပရိဘောဂပစ္စည်း ရောင်းဝယ်သူများ၊ ကလေးပစ္စည်း ရောင်းဝယ်သူများ ထင်သလောက် ရောင်းအားမရှိပဲ ဖြစ်နေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက နယ်ပြောင်းရကိန်းရှိပြီး နယ်မှာပိုပြီး အဆင်ပြေပါလိမ့်မယ်။ မိသားစုနဲ့ ခွဲနေရတတ်တဲ့ အချိန်ဖြစ်ပြီး ခွဲနေလိုက်ရင် ငွေကြေးပိုမိုအဆင်ပြေနိုင်ပါတယ်။ လက်ထဲမှာ ငွေမမြဲတဲ့အချိန်ဖြစ်နေလို့ ငွေဝင်လာတာနဲ့ ရွှေလုပ်ထားသင့်ပါတယ်။ အချစ်ရေးအနေနဲ့ ချစ်သူက စိတ်ကောက်နေတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ ဒီရက်ပိုင်း မကြာခဏ သွေးတိုးတတ်လို့ သတိပြုသင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဆီးလမ်းကြောင်းရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ပန်းသစ်တော်သီး ကပ်လှူဆုတောင်းပါ။
သောကြာ - သောကြာသားသမီးတွေအနေနဲ့ ဒီနေ့မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို တစ်ဦးတည်းအထင်နဲ့ မဆုံးဖြတ်သင့်ပါဘူး ။ လုပ်ငန်းအကြီးပိုင်း လုပ်ကိုင်နေသူတွေ၊ ရာထူးကြီးရယူထားသူတွေအနေနဲ့ ပိုပြီး သတိပြုသင့်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိလျှင်သော်လည်းကောင်း၊ အမျိုးထဲ မိသားစုထဲမှာ ကိုယ်ဝန်ဆောင်သည် ရှိလျှင်သော်လည်းကောင်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးလိုက်ပါ။ နိုင်ငံရပ်ခြား ပညာတော်သင် စကော်လားရှစ်စောင့်ဆိုင်းနေသူများ အနေဖြင့် ရရန် ခက်ခဲတတ်ပါတယ်။ ပြည်ပခရီးအတွက် Visa စောင့်ဆိုင်းနေသူများလည်း လနဲ့ချီကြာတတ်ပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်များ လုပ်ငန်းကောင်းနေပြီး ဟော့ပေါ့၊ အသားကင်နဲ့ အဖျော်ယမကာဆိုင်တွေကတော့ အနည်းငယ် အရောင်းထိုင်းတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းက ရာထူးတူသူတွေရဲ့ တိုက်ခိုက်ခြင်း ခံရတတ်ပါတယ်။ လမ်းသွားရင်း ကားမတော်တဆမှုဖြစ်တတ်လို့ သတိပြုပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ လိုတာမရ ရတာမလို ဖြစ်နေတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ လက်ရှိချစ်သူအပေါ် သစ္စာဖောက်မိတတ်လို့ သတိပြုပါ။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရတနာ တိုးပွားတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းတခြမ်းကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် သင်္ဘောသီး ကပ်လှူ ဆုတောင်းပေးပါ။
စနေ - ဒီနေ့မှာ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်သူတွေ အထူးအောင်မြင်မှာဖြစ်ပြီး ကြာသပတေးနံ ညံ့နေလို့ သတိထားသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတိုးချဲ့တဲ့အခါမှာ သတိထားသင့်ပါတယ်။ မူလလုပ်ငန်းကို အခွဲတွေ ထပ်ချဲ့တာမျိုးထက် လက်ရှိလုပ်ငန်းနဲ့ လုပ်ငန်းသဘာ၀ ကွဲပြားတဲ့လုပ်ငန်းသစ်မျိုး တိုးချဲ့ပြုလုပ်သင့်ပါတယ်။ အိမ်၊ ခြံ နေရာထိုင်ခင်း အသစ်ဝင်ကိန်းလည်း ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းတွေတိုးတက်အောင်မြင်မယ့် အချိန်ဖြစ်ပါတယ်။ သူတပါးကို ကြားခံ အာမခံပေးတာမျိုး ငွေချေးပေးတာမျိုးကိုတော့ ရှောင်ကြဉ်ရမယ့် အချိန်ပါ။ အိမ်ထောင်ပရိဘောဂပစ္စည်းသစ် ဝင်လာကိန်းရှိပြီး အနာအဆာ ပါလာတတ်ပါတယ်။ အိမ်ရှိ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်များ စွန့်ပစ်လိုက်ပါ၊ အိမ်အနီးအနားမှာ အလှူကြီးပေးနေရင် ၆ အစ ၂ အဆုံး ထီထိုးပေးပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ မိမိကြား အောက်လူက ဒုက္ခပေး ခလောက်ဆန်တတ်ပါတယ်။ အိမ်ထောင်သည်များအနေဖြင့် အိမ်ထောင်ဖက် စီးပွား တိုးတက်မယ့်အချိန်ပါပဲ။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးပိုင်း အနေနဲ့ ထိပ်ခပ်နာရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ထမင်းနှင့် ဟင်း ကပ်လှူပေးပါ။
LEO
#lotaya_funny
နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။