ဧပြီလ ၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-04-01

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ဧပြီလ ၁ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေ အနေနဲ့ လုပ်ငန်းတူတွေရဲ့ ချောက်တွန်းခြင်း ဒုက္ခပေးခြင်း ကြုံရတတ်ပါတယ်။ ပိုက်ဆံအိတ်၊ ဖုန်းအစရှိတဲ့ ကြာသပတေးနံ ထွက်တတ် ၊ ပျက်တတ်ပါတယ်။ စားသောက်ဆိုင်လုပ်ငန်းရှင်များ ကောင်းမွန်နေတဲ့ ကာလဖြစ်ပြီး ဆိုင်ခွဲဖွင့်မယ်ဆိုရင်လည်း သင့်တော်တဲ့အချိန်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လူ ဒုက္ခပေးတတ်ပါတယ်။ ဆေးဆိုင်လုပ်ငန်း၊ ဆေးဝါးနှင့်ဆိုင်သော လုပ်ငန်းရှင်များ ဝင်ငွေကောင်းနေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်နေရာထိုင်ခင်း ပြောင်းရွှေ့ရခြင်း၊ မိမိအထက်ရှိလူနဲ့ ကတောက်ကဆဖြစ်ခြင်းမျိုး ကြုံရတတ်ပါတယ်။ အိမ်မျက်နှာချင်းဆိုင်မှာ ကိုယ်ဝန်ဆောင်သည်ရှိနေရင် လက်ဆောင်သွားပေးလိုက်ပါ။ ပညာရေးလက်ရှိထက် တိုးတက်ကိန်းရှိပြီး နိုင်ငံရပ်ခြား ပညာတော်သင်ကိစ္စတွေလည်း ပေါ်ပေါက်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူရှိပြီးသူများ ချစ်သူအတွက် ရတက်မအေးဖြစ်ရတတ်ပြီး ချစ်သူမရှိသေးသူတွေကတော့ မိမိဘက်က မိသားစုသဘောမတူသူနဲ့ ချစ်သူဖြစ်လာရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်အပေါ် သံသယတွေနဲ့ မကြာခဏ စကားများ ရန်ဖြစ်ရတတ်တဲ့ အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ အအေးမိနှာစေး ဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - တနင်္ဂနွေသားသမီးတစ်ဦးအား အအေးဘူးလှူဒါန်းပေးပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းအနေအထား အပြောင်းအလဲရှိနေပြီး အရာရာ အဆင်ပြေမယ့် နေ့တစ်နေ့ပါပဲ။ စိတ်ကူးထားတဲ့ လုပ်ငန်းကိစ္စမှန်သမျှလည်း အဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စ စကားပြောဆိုမယ်ဆိုရင်လည်း သင့်တော်တဲ့နေ့တစ်နေ့ပါ။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်း တွဲဖက်လုပ်ကိုင်နေသူတွေရဲ့ ကူညီမှုနဲ့ အလုပ်နေရာ ရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင် ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ စီးပွားရေး ကံကောင်းနေတဲ့အချိန်ဖြစ်ပြီး ဆေးဝါးလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ အထူးကံကောင်းနေပါတယ်။ ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အခွင့်အလမ်းကောင်းများ ရရှိလိမ့်မယ်။ မျက်စိရှေ့မှာ အက်စီးဒင့် တစ်ခုခု မြင်တွေ့ရင် ၃ အစ ၇ အဆုံး ထီထိုးပေးပါ။ ပြည်ပရပ်ဝေးခရီး အနေဖြင့်လည်း စာချုပ်စာတမ်းများ ပြုလုပ်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အပျော်ခရီးသွားရတတ်ပြီး အိမ်ထောင်သည်တွေကတော့ တတိယလူပေါ်လာတတ်လို့ သတိပြုပေးပါ။ ကျန်းမာရေးအနေနဲ့ မျက်စိရောဂါသတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ကောက်ညှင်းပေါင်း လှူဒါန်းပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ခရီးသွားရကိန်းရှိပြီး ရုတ်တရက်ငွေဝင်ကိန်းမျိုးလည်း ရှိနေပါတယ်။ ဒီနေ့မှာ ချက်ချင်းဆုံးဖြတ်လုပ်ဆောင်လိုက်တဲ့ ကိစ္စမျိုးတွေမှာ အထူးအောင်မြင်ပါလိမ့်မယ်။ ရပ်ဝေးခရီး သွားရကိန်းရှိပြီး ခရီးအတွင်း နာဖျားတတ်ပါတယ်။ အလှပြင်ပစ္စည်းလုပ်ငန်း၊ အလှပြုပြင်ရေး လုပ်ငန်းရှင်များ အကျိုးများမယ့် အချိန်လည်းဖြစ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ငွေလိုအပ်နေလျှင်လည်း ကူညီပေးမယ့်သူ ပေါ်လာပါလိမ့်မယ်။ ဒီရက်မှာ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိစီးပွားရေးလုပ်ငန်းမှာ ဝင်ငွေလျော့နည်းမှာဖြစ်ပေမယ့် မိမိရည်ရွယ်ထားသည့်အတိုင်း လုပ်ငန်းသစ်တစ်ခုကို စတင် အကောင်အထည်ဖော် လုပ်ကိုင်နိုင်ပါလိမ့်မယ်။ လူမှုရေးကိစ္စများအတွက် ငွေကုန်ကြေးကျ များရတတ်ပါတယ်။ ဒီနေ့မှာ လူလိမ်ခံရတတ်လို့ သတိထားသင့်ပြီး ငွေကြေးပိုင်း၊ အဖိုးတန်ပစ္စည်းပိုင်း နဲ့ ပတ်သက်လို့ ပိုပြီးသတိထားပါ။ မိမိရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူသူနှင့် တွေ့ရတတ်ပါတယ်။ ပညာရေး လိုက်စားသူ ဖြစ်ပါက ရည်မှန်းထားသည့်အတိုင်း ဖြစ်လာတတ်ပြီး အချစ်ရေးတွင် ချစ်သူနှင့် ရန်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက် ခရီးထွက်ရတတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အဖုအကျိတ်သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အဂါၤ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်ဆန်းကစ်သီးကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပြီး လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုရမယ့် ကာလပါပဲ။ အလှကုန် လုပ်ငန်းရှင်တွေ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ကောင်း ရရှိပါလိမ့်မယ်။ လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ် ။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်းဖြစ်ပြီး လုပ်ငန်းခွင်မှာ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံနိုင်ပေမယ့် စိုးရိမ်စရာတော့ မရှိပါဘူး။ အမွေကိစ္စ စကားများရကိန်းရှိပြီး လက်လီလုပ်ငန်းလုပ်ကိုင်သူများ အကျိုးများမယ့် နေ့ရက်ပါပဲ။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတူပြိုင်ဖက်တွေနဲ့ အသည်းအသန် ယှဉ်ပြိုင်ရပါလိမ့်မယ်။ လုပ်ငန်းတွင်းမှာရှိတဲ့ ဝန်ထမ်းက သစ္စာဖောက်ပြီး ဒုက္ခပေးတတ်လို့ သတိထားပါ။ အချစ်ရေးမှာ မိဘသဘောမတူသူနဲ့ ချစ်ကြိုက်မိတတ်ပြီး အိမ်ထောင်ရေး ကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ ပညာရေးအတွက် တစ်ဆင့်မြင့်သင်တန်းတွေ တက်ရောက်ရကိန်း ရှိနေပြီး စာမေးပွဲစာပြန်ပွဲတွေလည်း ထူးထူးချွန်ချွန်အောင်မြင်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အက်စီးဒင့် ဖြစ်တတ်လို့ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် လိမ္မော်ရည်ကပ်လှူပေးပါ။

ရာဟု - ရာဟုသားသမီးတွေကတော့ ကံဇာတာအနည်းငယ် ပြန်တက်လာနေပြီဖြစ်ပြီး လုပ်ငန်းရှင်များဖြစ်ပါက လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပြီး ငွေကြေးပိုင်းအနေနဲ့ ကတော့ ဝင်သလောက် ပြန်ထွက်နေပြီး စုဖို့ အဆင်မပြေသေးတဲ့ ကာလပါပဲ။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် အချိန်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်မယ်ဆိုရင်တော့ ငွေကြေးစပ်တူ လုပ်တာမျိုး သတိထားသင့်ပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်း၊ အိမ်ထောင်ပရိဘောဂ လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး စာရေးကိရိယာ လုပ်ငန်းရှင်များလည်း ငွေဝင်နေမယ့် အချိန်ပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးရော အောက်လူတွေပါ မိမိကို ကူညီပေးကြမယ့် အချိန်ဖြစ်ပါလိမ့်မယ်။ အိမ်ထောင်သည်များ အိမ်တွင်းရေး အိမ်ထောင်ရေးသာယာနေပြီး မိဘနဲ့အတူနေသူများကတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်ဖြစ်တတ်လို့ သတိပြုပါ။ ချစ်သူရှိပြီးသူများ ချစ်သူနဲ့ စကားများရတတ်ပါတယ်။ အကျိုးဆောင်လုပ်ငန်း၊ ပညာရေး အတိုင်ပင်ခံလုပ်ငန်းများ ကောင်းမွန်နေပြီး ပညာရေးပိုင်း မှာလည်း အဆင့်မြင့်မြင့် အောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်ရွက်လှပန်းကပ်လှူပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကို အနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာန အပြောင်းအလဲ ကြုံရကိန်းလည်း ရှိနေပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုများကြောင့်လည်း ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းကမ်းလှမ်းမှုများနှင့် ကြုံတွေ့ရတတ်တဲ့ အချိန်ပါ။ ယှဉ်ပြိုင်မှုများသော လုပ်ငန်းများပင် မိမိက အသာစီးနှင့် အနိုင်ယူနိုင်သော ကာလမျိုးလည်း ဖြစ်နေတတ်ပါသေးတယ်။ ဝန်ထမ်းများအနေဖြင့် မိသားစုနှင့် ခွဲခွာ၍ အဝေးတစ်နေရာတွင် တာဝန်ထမ်းဆောင်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ မဖြစ်မနေ သွားမှရမယ့် ခရီးမျိုးတွေ ပေါ်ပေါက်လာတတ်ပြီး ဒီရက်မှာ ဘယ်လိုခရီးကိုမှ မသွားတာ အကောင်းဆုံးပါပဲ။ ပညာရေး၌ ကြိုးစားသလောက် အရာရောက်နေပြီး အချစ်ရေးမှာတော့ မိမိချစ်သူကတစ်ယောက် မိမိကိုချစ်သူက တစ်ယောက် ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အစစအရာရာ စိတ်ချမ်းသာနေရမယ့် အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးအနေဖြင့် အစာမှား၊ ဆေးမှားရှိတတ်လို့ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ မနက်၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်ပေါင်မုန့်ယိုသုတ်ကပ်လှူပေးပါ။

သောကြာ - သောကြာသားသမီးတွေအနေနဲ့ ခရီးသွားရကိန်းရှိပြီး ခရီးအတွက် စိတ်ညစ်ရပါလိမ့်မယ်။ ဆွေမျိုးသားချင်းတွေနဲ့ အိမ်ခြံမြေကိစ္စ အမွေကိစ္စနဲ့ စကားများတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မြုပ်နေသောငွေများ ပြန်ပေါ်လာခြင်း၊ ရင်ဆိုင်နေရသော အခက်အခဲများ ဖြေရှင်းကျော်လွှားနိုင်ပါမယ်။ လျှပ်စစ်ပစ္စည်းသစ် ဝင်ကိန်းရှိနေပြီး ဝင်လျှင်ပျက်တတ်ပါတယ်။ အိမ်ထောင်ပရိဘောဂပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ လုပ်ငန်းတိုးချဲ့မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက အထက်အရာရှိ အမျိုးသမီးတစ်ဦးကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။ တင်ဒါကိစ္စ၊ ငွေကြေးစပ်တူရှယ်ယာကိစ္စများ ကောင်းမွန်နေပြီး ဝယ်ထားတဲ့ ရှယ်ယာတွေလည်း ဈေးတက်တာမျိုး ကြုံရတတ်ပါတယ်။ မိမိထံ မိတ်ဆွေဟောင်းများက ငွေကြေးပိုင်း အကူအညီ တောင်းခံခြင်း ခံရတတ်ပြီး မျက်နှာပျက်ရတတ်ပါတယ်။ ငွေကြေးလိုအပ်မှုနဲ့ ဝင်ငွေမမျှပဲ ရှိနေတတ်ပြီး အလုပ်အကိုင် အဆင်မပြေ ရှိလာတတ်ပါတယ်။ အချစ်ရေးကတော့ ကံကောင်းနေတဲ့ အချိန်ပါပဲ ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ မိမိအပေါ် ချစ်ခင်သူရဲ့ ဂရုစိုက်မှု ရရှိပါလိမ့်မယ်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေး သာယာနေပြီး အိမ်ထောင်ဖက်ရဲ့ ဂရုစိုက်မှုကို အပြည့်အဝ ရရှိနေမယ့် အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆီးနှင့် ကျောက်ကပ် သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင်သရက်ပြင် ကပ်လှူပေးပါ။

စနေ - ဒီနေ့မှာ ပေးထားမိတဲ့ ငွေတွေဆုံးပြီထင်ရာကနေ မမျှော်လင့်ပဲ ပြန်ရလာတတ်ပါတယ်။ ဒီရက်မှာ စုမဲငွေတွေ တစ်လုံးတစ်ခဲတည်း ရလာတာမျိုးလည်း ရှိတတ်ပါတယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှု အောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေ အကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ငွေနံကောင်းနေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေကလည်း အကျိုးအမြတ်ရပါလိမ့်မယ်။ မိမိအရည်အချင်းကြောင့် လက်ရှိအလုပ်အကိုင်အပြင် တစ်ခြား အလုပ်တွေပါ လုပ်ကိုင်ခွင့်ရပြီး ငွေရွှင်နေမယ့် ကာလပါပဲ။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး သောကြာ၊ အင်္ဂါနေ့နံ သားသမီးတွေရဲ့ အကူအညီကိုလည်း ရရှိပါလိမ့်မယ်။ အိမ်နေရာထိုင်ခင်းပြောင်းရွှေ့ရကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအလဲ ကြုံနိုင်တာဖြစ်ပါတယ်။ အချစ်ရေးပိုင်းမှာ စန်းပွင့်နေတဲ့ ကာလဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ကတော့ အိမ်ထောင်ရေးအရှုပ်အရှင်းဖြစ်တတ်လို့ သတိထား သင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် နို့ဆန်ပြုတ်ကပ်လှူပေးပါ။

LEO

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ယတြာ
#သားသမီး
#လုပ်ငန်း
#အိမ်ထောင်သည်
#ချစ်သူ

Some text some message..