တနင်္ဂနွေသားသမီးများအတွက်
ဒီလအတွင်းမှာ မိတ်ဆွေတို့ရဲ့ ကံကြမ္မာကို ပြောရရင်တော့ ကံကြမ္မာက အကောင်းဘက်မှာ အလေးသာနေပါတယ်။ ဘာလုပ်လုပ် ဘာကိုင်ကိုင် အဆင်ပြေမယ့် အချိန်ပဲ ဆိုပါတော့။
ဒါကြောင့် သင် ပိုင်ဆိုင်သော အချိန်ကာလတွေကို ပျော်ရွှင်စွာ ဖြတ်သန်းပေတော့။ ရည်ရွယ်ချက် ရည်မှန်းချက်တွေပြည့်စုံ အောင်မြင်မယ်။
တနင်္လာနံ ( ခြံ ၊ ကား ၊ အခန်းကိစ္စ ၊ ငွေကြေး) ဆိုင်ရာ ကိစ္စများနှင့် ဗုဒ္ဓဟူးနံ (ယဉ်၊ ရွှေ ၊ လူ ၊ အနုပညာ ၊ အလှပညာ) လုပ်ငန်းများနှင့် ပါတ်သက်၍
တိုက်ရိုက်၍သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း လုပ်ကိုင်ဆောင်ရွက်၍ စီးပွားရေး တိုးတက် အောင်မြင်မည်။
ဤကာတွင် သင်သည် မြတ်သော ထူးခြားသော ပုဂ္ဂိုလ်ထူးများနှင့် ဆုံတွေ့ ဖူးမြင်ရတတ်သည်။ အင်မတန် ကံထူးခြင်း ဖြစ်၏။
ရှင်သီဝလိ ပုံတော်များ အလိုလို ဝင်ရောက်လာတတ်သည်။ နိမိတ်ကောင်းသည်။ အင်မတန် လာဘ်လာဘ ရွှင်မည့် အချိန်ကာလ ဖြစ်သောကြောင့် ထီကို ကံစမ်းသင့်သည်။
ဆုမဲကိစ္စ ငွေကြေးကိစ္စများ အထူး အောင်မြင်နိုင်သည်။ လက်ဝတ်ရတနာများလည်း ဝင်ကိန်း ရှိသည်။ မည်သည့်အခက်အခဲ မဆို မိမိမှ ဖြေရှင်းစရာ အထူးအထွေ မလိုပဲ ပြေလည် သွားမည်။
အချိန်ကာလ အတော်ကြာကြာ ဝေးကွာနေသူများနှင့် ပြန်လည် ဆုံတွေ့ရခြင်း အဆက်အသွယ်ရခြင်းများ ကြုံမည်။ ငယ်ရွယ်သူများအတွက် အချစ်ရေး မေတ္တာရေး အင်မတန် ကောင်းမွန်လှသည်။
စန်းပွင့်ခြင်း နှင့် ချစ်သူနှင့် ပြေလည်ခြင်း ရည်ရွယ်ချက် ရည်မှန်းချက်များ အောင်မြင်နိုင်မည်။
အိမ်ထောင်သည်များ အိမ်ထောင်ရေး အခြေအနေ အနည်းငယ် ကတောက်ကဆ ဖြစ်တတ်သည်။
သို့သော် စိုးရိန်စရာ မရှိပေ။ မိတ်ဆွေ အပေါင်းအသင်း ဆရာသမားကောင်းများ၏ ကူညီမစ ထောက်ပံ့ပေးခြင်းများ ရရှိမည်။
စီးပွားရေး အလုပ်အကိုင်နှင့် ပါတ်သက်၍ ရည်ရွယ်ချက် ရည်မှန်းချက်များ စတင် အကောင်အထည် ဖော်သင့်သည်။ လုပ်ငန်း တိုးချဲ့သင့်သော အချိန်ကာလလည်း ဖြစ်သည်။
လုပ်မည်ဟု စိတ်ကူးလိုက်သည်နှင့် အမြန်ဆုံးသာ အကောင်အထည် ဖော်ဖို့ တိုက်တွန်းလိုသည်။
စီးပွားရေးနှင့် ပါတ်သက်၍ သိသိသာသာ တိုးတက်ကိန်း ရှိသည်။ မိမိအိမ်မှာ ရှိတဲ့ စက်ပစ္စည်းများ အပျက်အစီး များတတ်သည်။
စက်ပစ္စည်း အလဲအလှယ် မလုပ်သင့်သေး၊ ကိုယ့်လက်ထဲရောက်မှ မကောင်းသော ပစ္စည်း ဖြစ်နေတတ်သည်။
ကျန်းမာရေးနှင့် ပါတ်သက်၍ သင်၏ မျက်စိနှင့် ပါတ်သက်၍ ဝေဒနာ ခံစားရတတ်သည်။ ဆီးအောင့်ခြင်း ဖြစ်တတ်သည်။ အစာမှား ဆေးမှား ဖြစ်တတ်သည်။
အစာ အဆိပ်သင့်တတ်သည်။ မည်သို့ပင် ဆိုးစေကာမူ သင်၏ ကံဇာတာ ကောင်းမွန်သော အချိန်ကာလ ဖြစ်သည့်အတွက် ထီကံချဲကံကောင်းသည်။
ထီထိုးလိုပါက (၂၄)(၄၂)အတွဲ ပါအောင် ထိုးသင့်သည်။ ယတြာချေလိုပါက ဘုရားရင်ဘတ်တော်တွင် ရွှေသင်္ကန်းကပ်လှူပါ။
ခေါင်းလောင်းလှူပေးပါ။ သံဃာတော် အရှင်မြတ်တို့အား ရေလှူဒါန်းပါလေ။
Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်.....

Myanmar Wedding Guide