
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၅-၄-၂၀၂၀ ) မှ ( ၁၁-၄-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
တနင်္ဂနွေသားသမီးများ မိမိဆိုင်လုပ်ငန်းများ မိမိလုပ်ငန်း လူစည်ကားမည်။ ဆွေမျိုးအသိုင်းအဝိုင်းထံမှ အကူအညီ အထောက်အပံ့ရမည်။ အလုပ်စီးပွား တိုးတက် အဆင်ပြေမယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတက်မည်။ မိမိကိုယ်တိုင်ကလဲ အချစ်ထက် အရေးကြီးတာကို အချိန်ပေးမိနေတာကြောင့် ချစ်သူရဲ့ စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။
အထူး - အချစ်ရေးကဏ္ဍများ ချစ်ရေးရာ ဂုဏ်ဒြပ်မတူညီခြင်းနှင့် ပြဿနာများဖြစ်ပေါ်လာအံ့။ အိမ်ထောင်ရေးသာယာ၍ သားသမီးကြောင့် စိတ်ချမ်းမြေ့ရမည်။ ရွှေဝင်လိမ့်မည်။ အမွေအနှစ် ဥစ္စာများ ရတတ်ခြင်း၊ မြေယာအမွေအနှစ်ရတတ်ပြီး အထက်လူကြီးများ၏ ချီးမြှင့်မြှောက်စားမှု ခံရတတ်ပါသည်။ လယ်ယာ မြေလုပ်ငန်းရှင်၊ လယ်ယာလုပ်ကိုင်သူ တို့သည် အနှောင့်အယှက် အခက်အခဲများဖြင့် ရင်ဆိုင်ရတတ်သည်။ စပ်တူအလုပ်၊ ရှယ်ယာအလုပ် အကျိုးဖြစ်ထွန်းမည်။ ခရီးကိစ္စပေါ်လာပါက ရက်ရွှေ့လိုက်ပါ။ ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ ပိတောက်ညွန့် ၃ညွန့် ဘုရားပူဇော်ပြီးသွားခြင်းနှင့် လိမ္မော်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူးကောင်း ရက်အချိန်တွေကတော့
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅၈ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ့ ထိုအချိန်ပိုင်းတွေ့ အထူးကောင်းပြီး .....
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅၈ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက် ထိုအချိန်ပိုင်းတွေ ခရီးသွားခြင်း ရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၉.၂.၈)
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - မိမိမွေးနေ့တွင် တနင်္ဂနွေဂြိုဟ်ဘုရားမှ ပိတောက်ညွန့် (၆)ညွန့်၊ ဖယောင်းတိုင်(၆)တိုင် အမွှေးတိုင် (၉)တိုင် ထွန်းညှိပူဇော်ပါ။
တနင်္လာသားသမီး
တနင်္လာသားသမီးများ မိမိတို့ စိတ်ကူးထားသမျှ ရည်ရွယ်ထားသမျှ အားလုံး အကောင်အထည် ပေါ်လိမ့်မယ်။ လှုမှုရေးနှင့်ဘာသာရေး လုပ်ငန်းအခွင့်အလန်းတွေရရှိပြီး ဆရာသမားအကြီးအကဲ အကူအညီ မစမှုခြင်းနှင့် အလုပ်ရခြင်း၊ လုပ်ငန်းတိုးချဲ့ရအံ့။ ပညာရေးကံ အထူးကောင်းပါတယ်။ ကြိုးစားဖို့တော့ လိုပါတယ်။ ပျိုရွယ်သူများ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတဲ့ စကားအတိုင်းပင် အချစ်ရေးနှင့် ပတ်သက်ပြီး အဆင်မပြေ ဖြစ်တတ်ပါတယ်။ ယာယီပါ။ အချစ်ရေး တစ်ပါးသူ၏ ပယောဂမကင်းသလို ဖျက်လိုဖျက်ဆီး ပေါ်လာအံ့။ အိမ်ထောင်ရေး သာသာယာယာရှိအံ့၊ ရွေဝင်အံ့၊ ခြေနှစ်ချောင်း မကယ်ကောင်း၊ အထူး စနေ ဂရုပြုပါ။ အထည်လုပ်ငန်း ၊ ဖက်ရှင်၊ အလှပြင်ဆိုင် သီးနှံစိုက်ပျိုးရေးလုပ်ငန်း၊ ဆေးလုပ်ငန်းစတဲ့ အလုပ်တွေ အကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။ ဇိမ်ခံပစ္စည်းများ ဒီကာလအတွင်းမဝယ်ပါနင့်။ ခြံ၊ ကား၊ တိုက်အခန်းလဲလှည်မှုတွေ အပြောင်းအလဲတွေဖြစ်မည်။ မိမိမရောက်ဖူးသော အရပ်ဒေသများ အလည်အပတ်သွားရတတ်၏ ။ ကျန်းမာရေးအနေနဲ့ အကျိတ်၊ အသားမာ၊ အနာရောဂါဆိုးများ ဖြစ်ပွားတတ်သည်။ ၁၃၈၁ခု နှောင်း တန်ခူးလဆန်း ၁၄ရက် တနလာၤနေ့ ယနေ့ (၂း၃၂) နာရီအတွင်း ပန္နက်ရိုက်၊ ကျင်းတူး၊ အုတ်မြစ်ချ တိုင်ထူ၊ ပဉ္စင်းခံ၊ စေ့စပ် လက်ထပ်၊ ဆံရိတ်၊ ဆံသ၊ အလှပြင်၊ အိမ်ပြောင်း၊ မိတ်ဆွေသစ်ရှာဖွေခြင်း၊ ဆိုင်းဘုတ်တင်၊ ခရီးသွားလာခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာစတော်ဘယ်ရီ တစ်ခွက် ပူဇော်ပြီးသွားခြင်းနှင့် ဗေဒါရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးကောင်း ရက်အချိန်တွေကတော့
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံး ရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ့ ထိုအချိန်ပိုင်းတွေ့ အထူးကောင်းပြီး .....
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ့ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၆.၃.၅)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - တနလာၤနေ့ (၂း၃၂) နာရီအတွင်း ဘုရားမှ စတော်ဘယ်ရီ တစ်ခွက် ပူဇော်ပြီး လိုရာဆုတောင်းပါ။
အင်္ဂါသားသမီး
အင်္ဂါသားသမီး ကံဇာတာအညံ့အဆိုးတွေ တဖြည်းဖြည်း ပြေလွင့်သွားပါလိမ့်မယ်။
အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှောက်စားခြင်းခံရမည်။ ငွေလုပ်ငန်း၊ ကုန်သွယ်ကုန်တင် ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် ကျောက်လုပ်ငန်းတို့မှ ငွေကြေးအမြတ်စွန်း ရရှိလိမ့်မည်။ ပညာကောင်းမွန်ပြီး နိုင်ငံတကာပညာရေး
အခွင့်အလမ်းကောင်းများ ရရှိမည်။ ဟောပြောပွဲများ၊ ဆွေနွေးပွဲများပြုလုပ်ခြင်း အောင်မြင်လိမ့်မည်။ စက်ပစ္စည်များ အဟောင်းထွက် အသစ်ဝင် ပါလိမ့်မယ်။ ငွေရေးကြေးရေး မှန်းတာထက် ပိုရတတ်ပေမယ့် အသုံးလည်း များနေပါမယ်။ အချစ်ရေးမှာ နားလည်မှု လွဲတတ်ပေမယ့် ပြေလည်သွားမှာပါ။ အပေါင်းသင်းဆံ့ပြီး သူငယ်ချင်းများနှင့်အတူ နိုင်ငံရပ်ခြား အလုပ်သွားရတတ်သည်။ အကျိုးပေးမည်။ အိမ်ထောင်ရေး သာယာ၍ ကျန်းမာရေးတွင် သွားနှင့်ခံတွင်း အထူးဂရုစိုက်ပါ။ ၁၃၈၁ခု နှောင်းတန်ခူးလဆန်း ၁၅ရက် အင်္ဂါနေ့ ယနေ့ အဓိဌာန်ဝင်ခြင်း၊ ကျောင်း၊ သိမ်၊ မုခ်ဦး၊ ဆောက်လှူဒါန်းခြင်း၊ မိတ်ဆွေသစ်ဖွေ့ခြင်း၊ အင်တာဗျူးဝင်ခြင်း၊ ခွဲစိတ်ကုသခံယူခြင်းတို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဖရဲသီးဖျော်ရည် တစ်ခွက် ဘုရားပူဇော်ပြီး သွားခြင်းနှင့် နို့်နှစ်ရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ် အသုံးပြုနိုင်သည်။ ခရီးသွားရကိန်းရှိလျှင် အထူးကောင်းရက်အချိန်တွေကတော့
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ့ ထိုအချိန်ပိုင်းတွေ့ အထူးကောင်းပြီး.....
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ့ ထိုအချိန်ပိုင်းတွေ့ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၁.၃.၅)
အကျိုးပေးအရပ် - အရှေတောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - မိမိမွေးနေ့တွင် အဓိဌာန်ဝင်ခြင်းနှင့် အင်္ဂါဂြိုဟ်ဘုရားတွင် ဖရဲသီးဖျော်ရည် တစ်ခွက် ကပ်လှူဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
ဗုဒ္ဓဟူးသားသမီးများ လုပ်ငန်းစီးပွားတိုးတက်နေပေမယ့် လုပ်သလောက် အကျိုးအမြတ် နည်းနေတတ်သည်။ တစ်ပါးသူဒုက္ခပေးခြင်း ဘေးဥပါဒ် ကြုံ တွေရတတ်သည့်မို့ သတိပြုရပါမယ်။ ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်းလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဖက်ရှင်ဒီဇိုင်းသစ်များလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းနှင့် အစုရှယ်ယာလုပ်ငန်းများ အကျိုးပေး၏။ အုပ်ချုပ်သူ အစိုးရအကြီးအကဲများနှင့် စကားပြောဆင်ခြင်ရမည် အမျက်ဒေါသ သင့်တတ်သည်။ အချစ်ရေး မေတ္တာရေး စန်းပွင့်နေပြီး အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး သဘောထားချင်း တိုက်ဆိုင်မှုလွဲမည်။ မတည်ငြိမ် ဗျာများရတဲ့အချိန် အဆင်မပြေ ပဋိပက္ခများ ကြုံတွေ့ရတတ်မည်။ မတော်တဆ သွေးထွက်သံယိုဖြစ်ခြင်း အချုပ်အနှောင်ဖြစ်တတ်တယ်။
ကျန်းမာရေးမှာ ထွေထွေထူးထူး မရှိပါ။ ၁၃၈၁ခု နှောင်း တန်ခူးလဆုတ် ၁ရက် ဗုဒ္ဓဟူးနေ့ ရက်ရာဇာ ယနေ့ ဘုရားအနေ့ကဇာတင်၊ ထီးတော်တင်၊ စေတီပုထိုးပြုပြင်ခြင်း မြေသန့်မင်္ဂလာ၊ အိမ်ပြောင်း၊ ပဉ္စင်းခံ၊ စေ့စပ် လက်ထက် အာမခံ၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ အင်တာဗျူးဝင်ခြင်း၊ အစုရှယ်ယာဝင်၊ ကုမ္ပဏီထူထောင်ခြင်း ထီထိုးတို့ ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သံပုရာဖျော်ရည် တစ်ခွက် ဘုရားပူဇော်ပြီး သွားခြင်းနှင့် ငွေရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူးကောင်း ရက်အချိန်တွေကတော့
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်းပြီး .....
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၂.၈.၇)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - စေတီပုထိုးသန်ရှင်းရေးပြုလုပ်ပြီး သံပုရာဖျော်ရည် တစ်ခွက်ကပ်လှူ ဆုတောင်းပါ။
ကြာသပတေးသားသမီး
ကြာသပတေးသားသမီးများ အထူးဘာသာရေးအပေါ်စိတ်ဝင်စားမှုအားနည်းနေတတ်၍ နေ့စဉ်လုပ်နေကျ ကုသိုလ်အလုပ်တွေ မလုပ်မိ ပျင်းရိနေတတ်သည်။ မထင်မှတ်သော လောကဓံတရားများ ရိုက်ခတ်လာနိုင်သည်။ ရန်သူအပေါင်း စုပေါင်း လုပ်ကြံလာတတ်သည်။ လူမှုရေး အသင်းအဖွဲ့မှငွေများ မိမိလက်ဝယ်ထားရှိခြင်းမျိုးလက်မခံပါနှင့်။ လာဘ်ပိတ်တတ်ပါတယ်။ ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်းလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းနှင့်ဖုန်းစက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများအကျိူ းဖြစ်ထွန်းမည်။
လူမူရေးပြသနာများ ငွေအတွက် ချစ်သူခြင်း အဆင်မပြေမူ့ အိမ်ထောင်ဘက်၏ ရန်လိုမူ သူတပါးနှင့် ခိုက်ရန်ပြဿနာ ကြုံတွေ့ရတတ်ပြိး ယောင်္ကျားလေးဆိုလျှင် မိန်းကလေးနှင့် အချစ်နယ်လွန်တတ်ပြီး မယူမဖြစ်ယူရတတ်မည်။ မယူခဲ့သော်ငွေလျော်ရကိန်း ကြုံတတ်ပါသည်။
ကျန်းမာရေး အစာအဆိပ်သင့် ငါးရိုးစူးတတ်သည်။ ယုံကြည်ရာ ဘာသာတရား၊ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်ပြုလုပ်ပါ။ ၁၃၈၁ခု နှောင်း တန်ခူးလဆုတ် ၂ရက် ကြာသပတေးနေ့ ယနေ့ နံနက်(ရး၁၆)နာရီလွန် ရေတွင်းရေကန်တူးဖော်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ပညာစ၍သင်ယူခြင်း၊ အသီးဆွတ်ခူးခြင်း၊ ပရဟိတလုပ်ခြင်း၊ ခရီးသွားခြင်းတို့ ကောင်း၏။ ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းဆောင်တာကိစ္စများအတွက် မြေပဲယို ၃ထုပ် ကပ်လှူ သွားခြင်းနှင့် လိမ္မော်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူးကောင်း ရက်အချိန်တွေကတော့
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်းပြီး.....
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅၈ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၃.၅.၄)
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - အိမ်ဘုရာမှ နံနက်(ရး၁၆)နာရီတွင် မြေပဲယို ၃ထုပ် ကပ်လှူ ဆုတောင်းပါ။
သောကြာသားသမီး
သောကြာသားသမီးများ လက်ရှိအလုပ်မှာ စိတ်ပါဝင်စားမှုအားနည်းခြင်း၊ အလုက်ထွက်ချင်စိတ် ဖြစ်ပေါ်နေတတ်ခြင်းများ ခံစားရမည်။ ပညာရေးကံကောင်းမွန်ပြီး ပညာရပ်နှင့်ပတ်သက်၍ ခရီးကိစ္စများ ၊နိုင်ငံရပ်ခြားကိစ္စများ အဆင်ပြေခြင်းကြုံရမည်။ စက်ပစ္စည်း ထွက်တတ် ပျက်တတ်ခြင်းနှင့် အိမ်တွင်းဥစ္စာပစ္စည်း ဖောက်ထွင်း ခိုးခံရတတ်သည်။ လူငယ်များ မိန်းကလေးအတွက်နှင့် ပြသနာများဖြေရှင်းရတတ်ပြီး ရန်ငြိုးရန်စရှာခံရခြင်းများ ကြုံတွေ့တတ်ပါသည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်၏ ဆရာလုပ်ခြင်း၊ ဖိနှိပ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ထန်းလျက် ၃လုံး ဆောင်သွားခြင်းနှင့် ကြည်ပြာရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူးကောင်း ရက်အချိန်တွေကတော့
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်းပြီး .....
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅၈ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၈.၂.၄)
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - မိမိအိမ်ဘုရားစင်မှာ ထမင်းဖြူ ထန်းလျက် ၃လုံး ကပ်လှူ ဆုတောင်းပါ။
စနသေားသမီး
စနေသားသမီးများ မိမိစိတ်ကူးကြောင့် အောင်မြင်မှုတွေ ရပါလိမ့်မည်။ လုပ်ငန်း ခရီးကိစ္စများ ကြန့်ကြာပြီးမှ လိုရာပန်းတိုင် ရောက်မည်။ ငွေပေးငွေယူ သတိရှိပါ။ ကြွေးယူကြွေးတောင်း မလုပ်ပါနဲ့။ အချစ်ရေးကံကတော့ မြင့်မားနေချိန်ဖြစ်ပြီး ပညာရေးကံမြင့်နေပေမဲ့ မိမိအနေနဲ့ ကြိုးစားဖို့တော့ လိုပါသည်။ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် တစိမ်းမိန်းကလေးတွေနဲ့
မပတ်သက်ပါစေနဲ့ ။ အမျိုးသားများအဖို့ ငြိစွန်းလွယ်တဲ့ကာလမို့ပါ။ ထိုသို့ငြိစွန်းပါက အကောင်းထက် အဆိုးများပါလိမ့်မယ်။ မိသားစုအတွင်း မပြေလည်မှုတွေ ကြုံရမည်။
လင်မယားချင်းစကားများပါက တစ်ယောက်အိမ်က ဆင်းသွားတတ်တဲ့ကာလပါပဲ။ ကျန်းမာရေး အထူးကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ရေဘူး ဆောင်သွားခြင်းနှင့် နက်ပြာရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူးကောင်း ရက်အချိန်တွေကတော့
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်းပြီး .....
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၅.၃.၇)
အကျိုးပေးအရပ် - အနောက်တောင်
အကျိူ းမပေးရှောင်ရန်အရပ် - အရှေ့မြောက်
ယတြာ - အိမ်ဘုရာမှ နံနက်(ရး၁၆)နာရီတွင် အနီရောင်ပန်းများ ဝေဝေဆာဆာကပ်လှူပြီး နို့ထမင်းဆွမ်း ကပ်လှူ ဆုတောင်းပါ။
ရာဟုသားသမီး
ရာဟုသားသမီးများ အကောင်းဆိုးဒွန်တွဲနေ၍မိမိကိုယ်သာအားကိုးသင့်တဲ့ကာလပါ။ မိမိအတွေးအကြံမှတစ်ပါး တစ်ခြားလူဆီက အကြံဉာဏ်မတောင်းပါနှင့်။ ကူညီမဲ့သူထက် ဒုက္ခပေးမဲ့သူသာ အနားမှာ ဝန်းရံနေတတ်လို့ပါ။ အချစ်ရေးကံညံ့နေသောကာလဖြစ်ပါသည်။ မိမိအလုပ်မလုပ်ရဘဲ ၊သာရေးနာရေးကိစ္စ ၊လူမှုရေးကိစ္စ၊ ပရဟိတအလုပ်တွေနဲ့ အချိန်ကုန်ရတတ်ပါတယ်။ အချစ်ရေးဆိုင်ရာ ပြဿနာ အခက်အခဲတွေ့ကြုံတွေရတတ်ပြီး မိမိကိုယ်ကို စိတ်ပင်ပန်းမှုပိုတိုးပွားစေတတ်ပါတယ်။ မိမိချစ်သူနဲ့ ထာဝရလက်တွဲဖို့ ရည်ရွယ်ထားတွေက ရှေ့ဆက်လက်တွဲလို့မဖြစ်နိုင်တော့တဲ့ အခြေအနေ အနေအထားကြုံလာရနိုင်ပါတယ်။ အိမ်ထောင်ရေးတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်
နားလည်မှုရှိမည်။ ရံဖန်ရံခါ အိမ်ထောင်ဘက်ကြောင့် စိတ်ရှုပ်ထွေးတတ်သော်လည်း အိမ်ထောင်ရေးသုခနှင့် ပြည့်စုံမည်။ ကျန်းမာရေး အနေဖြင့် လိပ်ခေါင်း ဂရုစိုက်ပါ။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ကြံတစ်ချောင်း ဘုရားပူဇော်ပြီး သွားခြင်းနှင့် ငွေရောင် အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူးကောင်း ရက်အချိန်တွေကတော့
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ အထူးကောင်းပြီး .....
(၅) ရက်နေ့ ၁နွေနေ့ တနေ့လုံးရှောင်ပါ။
(၈) ရက်နေ့ ၄ဟူးနေ့ နံနက် ရး၄၅၈ မတိုင်မီ
(၁၀) ရက်နေ့ ၆ကြာနေ့ နံနက် ၄း၃၄ မတိုင်မီ ထိုရက်တွေ ထိုအချိန်ပိုင်းတွေ ခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၂.၈.၇)
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - အိမ်ဘုရားမှာ သီဟိုဠ်ညွန့်၊ ရဲယို့် ညွန့် (၁၂)ညွန့်နှင့် သံပုရာသီး ၉လုံး ကပ်လှူ လိုရာဆုတောင်းပါ။
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။