
မြန်မာသက္ကရာဇ် ၁၃၈၂ - ခုနှစ်အတွက်
သူရိယသိဒ္ဓန္တ အောင်မဟာ
ရတနာပုံ မန္တလေး မဟာသင်္ကြန်စာ
မဟာသင်္ကြန်ကျချိန် - ၁၃၈၁ - ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်(၆) ရက် ၊ ခရစ်နှစ်၂၀၂၀ - ခုနှစ် ဧပြီလ (၁၃) ရက် တနင်္လာနေ့ မြန်မာစံတော်ချိန် ညစက်(၁၁) နာရီ(၃၄) မိနစ် (၁၈) စက္ကန့် မင်္ဂလာအခါတော်တွင် မဟာသင်္ကြန်ကျ၏။
မဟာသင်္ကြန်အကြတ်ရက် - ၁၃၈၁ - ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်(၇) ရက် ၊ ခရစ်နှစ် ၂၀၂၀ - ခုနှစ် ဧပြီလ (၁၄) ရက် အင်္ဂါနေ့နှင့် ၁၃၈၁ - ခု နှောင်းတန်ခူးလပြည့်ကျော်(၈) ရက် ခရစ်နှစ် ၂၀၂၀ - ခုနှစ် ဧပြီလ(၁၅) ရက် ဗုဒ္ဓဟူးနေ့ မဟာသင်္ကြန်(၂) ရက်
ကြတ်ပြီး
မဟာသင်္ကြန်တက်ချိန် - ၁၃၈၁ - ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်(၉) ရက် ၊ ခရစ်နှစ် ၂၀၂၀ - ခုနှစ် ဧပြီလ (၁၆) ရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် နံနက်စက် (၃) နာရီ(၃၉) မိနစ်(ဝ) စက္ကန့် မင်္ဂလာအခါတော်တွင် မဟာသင်္ကြန်အတာတက်သည်။
မြန်မာနှစ်ဆန်းတစ်ရက် - ၁၃၈၂ - ခုနှစ် ဦးတန်ခူးလပြည့်ကျော်(၁၀) ရက် ၊ ခရစ်နှစ် ၂၀၂၀ - ခုနှစ် ဧပြီလ (၁၇) ရက်သောကြာနေ့
နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ (၁၃၈၂ - ခုနှစ် သည် ဝါငယ်ထပ်သောနှစ်ဖြစ်သည်။)
မြန်မာသက္ကရာဇ် ၁၃၈၂ - ခုနှစ်တွင် တနင်္လာနံ ထွန်းပြီး ဗုဒ္ဓဟူးနံ ပုပ်သည်။ ကြာသပတေးသားသမီးများ အတာစားသောနှစ်ဖြစ်သည်။
တနင်္ဂနွေဂြိုလ်မင်းသည် မြွေ ကိုစီး၍ လက်တစ်ဖက်ကား အဲမောင်း ကျန်လက်တစ်ဖက်အား ချွန်တောင်း ကိုကိုင်ထားသည်။
ဘာနုရာဇာအမည်ရှိသော တနင်္ဂနွေဂြိုလ်မင်းသည် နွားနို့သစ်အဆင်းနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက်မြွေကိုစီး၍ လက်တစ်ဖက်ကားအဲမောင်းကို ကိုင်လျက် ကျန်လက်တစ်ဖက်ကား ချွန်တောင်းကိုကိုင်၍ အနောက်မြောက်ထောင့် က သည်။ တောင်သို့ဝင်၏။ကညာဒေဝီနတ်သမီးကားအလှည်စေ၍ပရမီသွာနတ်မင်း၏သား῾῾အာသီ᾿᾿အမည်ရှိသောဗြဟ္မာမင်း၏ဦးခေါင်းကိုကမ်းသည်ရှိသော်ဓံသီနတ်သမီးကားရွှင်သောမျက်နှာဖြင့်လှမ်းလင့်၏။ဃောရဿဒေဝီနတ်သမီးကားအဖြူ၊အနီ၊အစိမ်း၊အပြာ၊အဝါအားဖြင့်ငါးပါးသောအဆင်းဖြင့်ပြီးသောအဝတ်တန်ဆာကိုဝတ်ဆင်လျက်သင်္ကြန်မင်းကိုစောင့်လင့်၏။ထို့ကြောင့်မိုးဦးတံ့အံ့၊မိုးလယ်၊မိုးနှောင်းကောင်းအံ့။မိုးတဖျင်းသုဉ်းရွာအံ့၊လူတို့အဖျားအနာများကုန်အံ့၊အဆိပ်ထန်သောမြွေထူအံ့။မြွေခဲ၍သတ္တဝါတို့ဘေးဖြစ်ကုန်အံ့။ပြည်ရွာဟူသမျှဥပါဒ်ဖြစ်အံ့။ကုန်သည်တို့၌ကာဒဏ်ရှိအံ့။ကျွဲ၊ပြည့်ရှင်မင်းနှိပ်စက်အံ့။မင်း၊မိန်းမတို့အမှုအခင်းဖြစ်သည်များအံ့။ဗြဟ္မာပြည်ပျက်အံ့၊ဆား၊ဆေးရှားအံ့။(ဤကားမဟာသင်္ကြန်အကျအဟောတည်း)။
သင်္ကြန်အကျအလိုကား။ ။ ဗသျှူသင်္ကြန် ၊အာယမသင်္ကြန်နှင့် သာမန္တသင်္ကြန်ဟူ၍သင်္ကြန်သုံးပါးရှိသည့်အနက်မှာမဟာသင်္ကြန်အခါ လဂ်သည် ဓနုရာသီလဂ်ဖြစ်၍ ῾῾သာမန္တ ᾿သင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက်၂၄မိနစ်ရောက်သောအချိန်၌ဦးခေါင်းဆေး မင်္ဂလာပြုရ၏။ဤကား အများနှင့်ဆိုင်သောသာမညအခါပေတည်း။ သီးသန့်ဝိသေသအခါပေးကာ သင်္ကြန်မြေခံသော သင်္ကြန်ကျသည့် အချိန်တွင် တိထီ(၇)လုံးအင်္ဂါမြေခံ ဖြစ်၏။ ယင်းတိထီမြေခံဆိုင်ရာမှာအင်္ဂါနေ့ဖြစ်ပြီး သင်္ကြန်ကျသည့်နေ့မှာ တနင်္လာနေ့ဖြစ်၏။သို့ဖြစ်ပါ ၍တနင်္လာနှင့်အင်္ဂါနေ့သားသမီးတို့မှအပကြွင်းကျန်ကုန်သော နေ့နံသားသမီးတို့သည် မိမိတို့၏နေ့အလိုက် ဂဟိပတိအရပ်သစ်ပင်ရင်း
သို့သွား၍မိမိတို့၏ နံအမြစ်ဖြစ်သော ပန်းပွင့်၊ပန်းညွှန့်ကိုအခင်းပြု၍ မိမိတို့၏နံအညွှန့်ဖြစ်သောပန်းကိုဆောင်လျက် သင်္ကြန်အကျ
ဂြဟဇာပွင့်ရာ အရှေ့တောင်အရပ်သို့မျက်နှာမူရမည်။ထို့ကြောင့်တနင်္ဂနွေသားသမီးများသည်ဒန်းညွှန့်ကိုအခင်းပြု၍ကံ့ကော်ညွှန့်ကို ကိုင်ဆောင်လျက်အနောက်တောင်ထောင့်အရပ်မျက်နှာမူပြီးသော်လည်းကောင်း၊ဗုဒ္ဓဟူးသားသမီးများမြေဇာညွှန့်ကိုအခင်းပြု၍ သပြေ
ညွှန့်ကိုကိုင်ဆောင်ပြီးမြောက်အရပ်သို့လည်းကောင်းဗုဒ္ဓဟူးမွန်းလွဲ ရာဟူးသားသမီးများသည် မြေဇာညွှန့်ကို အခင်းပြု၍ သပြေညွှန့်
ကိုကိုင်ဆောင်ပြီးအရှေ့တောင်အရပ်သို့လည်းကောင်း၊ ကြာသပတေးသားသမီးများသည် ရွက်လှညွှန့်(သို့) ချယားညွှန့်ကို အခင်းပြု၍
သီးညွှန့်ကို ကိုင်ဆောင်လျက်အရှေ့အရပ်သို့လည်းကောင်း၊သောကြာသားသမီးများသည် သပြေညွှန့်ကိုအခင်းပြု၍ဒန်းညွှန့်ကိုကိုင်
ဆောင်ပြီးတောင်အရပ်သို့လည်းကောင်း သစ်ပင်ရင်းသို့သွား၍ဂြဟာဇာပွင့်ရာ အရပ်ဖြစ်သောအရှေ့တောင်အရပ်သို့မျက်နှာမူပြီးလျှင်
ရတနာ(၃)ပါးမိဘ၊ဘိုးဘွား၊ဆရာသမား၊သကြား၊ဗြဟ္မာ၊စတုလောကပါလသာသနာတော်စောင့် သမ္မာဒေဝနတ်မြတ် နတ်ကောင်းတို့ကို
ပူဇော်ကန်တော့ပြီးမိမိတို့လိုရာဆန္ဒကိုဆုတောင်း၍ ဦးခေါင်းဆေး မင်္ဂလာပြုကုန်ရသည်။ သင်္ကြန်အကျမြေခံနေ့သားသမီးများဖြစ်သော
အင်္ဂါနေ့သားသမီးသည် မိမိတို့၏ဂဟပတိအရပ်ဖြစ်သောအနောက်မြောက်အရပ်ရှိ သစ်ပင်ရင်း၌ကံ့ကော်ညွှန့်ကိုအခင်းပြု၍ ချယား
(သို့)ရွက်လှညွှန့်ကိုကိုင်ဆောင်လျက်သင်္ကြန်အကျအရှေ့တောင်အရပ်သို့မျက်နှာမူပြီးလျှင်ဦးခေါင်းဆေးမင်္ဂလာအခါပြုကုန်ရာ၏။သင်္ကြန်အကျနေ့သည်တနင်္လာနေ့ဖြစ်ရာတနင်္လာသားသမီးတို့သည်သင်္ကြန်အကြတ်နေ့ဖြစ်သောအင်္ဂါနေ့၌ဂဟပတိအရပ်ဖြစ်သောအနောက်အရပ်ရှိသစ်ပင်ရင်း၌အုန်းညွှန့်ကိုအခင်းပြု၍မြေဇာညွှန့်ကိုကိုင်ဆောင်လျက်ပထမသင်္ကြန်အကြတ်အရှေ့တောင်အရပ်မျက်နှာမူပြီးလျှင်တဖန်ဒုတိယအကြတ်ရက်ဖြစ်သောဗုဒ္ဓဟူးနေ့၌တောင်အရပ်သို့မျက်နှာမူပြီးရတနာသုံးပါးဦးထိပ်ထားလျက်ဦးခေါင်းဆေးမင်္ဂလာအခါပြုကုန်ရာသည်။
သင်္ကြန်အခါရှောင်ကြဉ်ရန်အမှုများကား။ ။ (၁)အိမ်ရာမမှား၊(၂)သားငါးသုတ်သင်၊(၃)သစ်ပင်ခုတ်ဖြတ်၊(၄)ပုပ်ခပ်ငိုကြွေး၊(၅)ကိုယ်
သွေးထုတ်ခြင်း၊(၆)ဆီ၊နနွင်းကား၊(၇)သောက်ခြင်းသေစာ၊(၈)သစ္စာထုတ်သွင်း၊(၉)ရောင်းဝယ်ခြင်း၊(၁၀)အောင်တမန်စေလွှတ်ခြင်းစ သည့်(၁၀)ပါးသောအမှုတို့ကို ရှောင်ကြဉ်ကုန်ရ၏။ (ဤကား မဟာသင်္ကြန်အကျ အလိုတည်း။)
သင်္ကနြအတာတက်သော အခါတော်ကား ။ ။မြန်မာသက္ကရာဇ် ၁၃၈၁-ခုနှစ်နှောင်းတန်ခူးလပြည့်ကျော်(၇)ရက်၊ခရစ်နှစ်၂၀၂၀-ခုနှစ်ဧပြီလ(၁၆)ရက်ကြာသပတေးနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရစံတော်ချိန်နံနက်(၃)နာရီ(၃၉)မိနစ်(ဝ)စက္ကန့်အချိန်ကုမ်ရာသီလဂ်၊မကာရရာသီစန်း၊တနင်္လာဟောရတ်၊ဗုဒ္ဓဟူးတြွင်း၊ကြာသပတေးနဝင်း၊ဗုဒ္ဓဟူးဒွါဒသင်း၊ကြာသပတေးတိံသင်း၊လဂ်စီးနက္ခတ်(၂၃)လုံး(၃)ပါဒ်(၁၃)ဃဋီ(၁၉)ဝိဃဋီ(၁၈)အနုဃဋီထက်လဂ်စီးလျက်တိထီ(၉)လုံးတနင်္ဂနွေမြေခံ၊သိဒ္ဓိယုင်္ဂ၊တေတိလကရိုဏ်းနှင့်ယှဉ်(၃၆၅)ရက်(၁၅)နာရီ(၃၁)ဗီဇနာ(၃၁)ခရာ(၂၄)အနုခရာပြည့်၍ သူရိယ သိဒ္ဓန္တကြမတ်ဗိုလ် ပြိုသည်နှင့်အညီ၊သညီဝေါဟာရသက္ကရာဇ် ၁၃၈၁ခုနှစ်ပြည့်၍အတာနှစ်သစ်သက္ကရာဇ်၁၃၈၂ခုနှစ်သို့အတာတက်သည်။အတာသင်းသောကြာသပတေးသားသမီးတို့သည်အတာတက်သောအချိန် ၌ကောင်းမွန်ထူးခြားဝတ်စားသာရွှင် တန်ဆာဆင်လျက်ဘုန်းအင်သကျ၊မြတ်ဇိနနှင့် ဓမ္မသင်္ဃာ ဆရာ၊မိဘ၊ဘိုးဘွား သွားစုံ ပူဇော်တုံမှ မွှေးထုံနံ့သာ ကိုယ်မှာပြုပြင်ဝတ်ဆင်တန်ဆာလျက်ရွှင်ပျော်မွေးလျက် ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ၊ သကြား၊ ဗြဟ္မ၊ စတုလောကပါလ၊ သာသနာတော်စောင့်နတ်၊ နတ်မြတ်ပူဇော်လျှက် တိထီမြေခံဖြစ်သော တနင်္ဂနွေ၏ဂြဟဇာပွင့်ရာ အနောက်တောင်အရပ်သို့မျက်နှာမူလျက် သီးညွှန့်ကိုကိုင်ဆောင်ပြီးလျှင် ဘိသိက်မင်္ဂလာခံယူပြီးအတာစားကုန်ရာသည်။
အတာစားခြင်းအကျိုးကား။ ။အတာပုည၊ကုသလကိုပြုကြကုန်သော အမျိုးသား၊အမျိုးသမီးတို့သည် ῾῾အတာကမ္မံ ကရောန္တဿ၊ မဟာဘောဂံ၊ မဟာသုခံ၊ မဟပ္မလံ စတုဒ္ဒီသံ၊ ဝေရီဇေယျံ သုမင်္ဂလံ ᾿᾿ဟု ပဿေနဒီကောသလမင်းကြီးအား မြတ်စွာဘုရားဟောကြား တော်မူသည်ကိုအကြောင်းပြု၍ ဆိုခဲ့သော ရတနာသုံးပါးစသည့်တို့အား လှူဒါန်းပူဇော်ကြသောသူတို့သည် ခပ်သိမ်းသော အန္တရာယ်
ကင်းပျောက်၍ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံကုန်၏။
၁၃၈၂- ခုနှစ်အတွက်(၇) ရက်သားသမီး ဟောစာတမ်းများ
တနင်္ဂနွေနေ့မွေးဖွားသူများ
တနင်္ဂနွေသားသမီးတို့သည်ယခုနှစ်တွင်အကြံအစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ လုပ်ငန်း
ကိစ္စများရှေ့ဆုံးမှဦးဆောင်လုပ်ရမည်။(၁၄-၄-၂၀၂၀)မှစ၍ လုပ်ငန်းခွင်တွင် အလောတကြီး မလုပ်သင့်ပါ။ စားသောက်ကုန်ပစ္စည်းများ
ဖြန့်ချိခြင်း၊မွေးမြူရေးလုပ်ငန်း၊အပန်းဖြေစခန်းဖွင့်ခြင်း၊ထီး၊ဖိနပ်၊အထည်အလိပ်ရောင်းဝယ်ခြင်း၊ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်း
များလုပ်ခြင်း၊ကွန်ပျူတာနှင့်တီထွင်ပညာများဆောင်ရွက်ခြင်းကောင်း၏။အများသဘောတူညီမှုကြောင့်လူမှုရေးနှင့်ဘာသာရေးကိစ္စ ဆောင်ရွက်ရမည်။တောင်အရပ်သို့ရေလမ်းခရီးသွားခြင်းရှောင်ကျဉ်ပေးပါ။အိမ်၊ခြံ၊မြေအခန်းအလဲအလှယ်အပြောင်းအလဲများရှိမည်။
လုပ်ငန်းကိစ္စများအတွက်စနေနှင့်အင်္ဂါသားသမီးများနှင့်ဆောင်ရွက်ခြင်းများအထူးဂရုစိုက်ပေးရမည်။ပျိုရွယ်သူများမိမိမေတ္တာရေးအပေါ်၌
လေးလေးနက်နက်တန်ဖိုးထားသူများနှင့်တွေ့ကြုံရမည်။အိမ်ထောင်ရှင်များတစ်ဦးနှင့်တစ်ဦးမယုံကြည်စရာများဖြစ်မည်။ပြည်ပသို့ပညာသင်ခွင့်အခွင့်အရေးများကြုံတတ်သည်။ကျန်းမာရေးတွင်ဦးနှောက်နှင့်အာရုံကြော၊အူလမ်းကြောင်းဆိုင်ရာရောဂါများခံစားရတတ်သည်။ယတြာ ။ မိမိမွေးနေ့တွင်သြဇာညွှန့်၊သပြေညွှန့်၊မေမြို့ပန်း(၅)ပွင့်ဘုရားတွင်ကပ်လှူပေးပါ။ အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများ
မှာ(အ၊ပ၊က၊ခ) (ဝ-၂-၄-၇)။
တနင်္လာနေ့မွေးဖွားသူများ
တနင်္လာသားသမီးတို့သည် လုပ်ငန်းခွင်တွင်ယှဉ်ပြိုင်မှုများနှင့်ထိပ်တိုက်ရင်ဆိုင်ရတတ်သည်။သို့
သော်အကြီးအကဲများ၏အားပေးထောက်ခံမှုများရရှိမည်။အပေါင်းအသင်းဆွေမျိုးများနှင့်လုပ်ငန်းခွင်များဆောင်ရွက်ရတတ်သည်။ကုန်
သွယ်ရေးလုပ်ငန်း၊ရွှေထည်၊စက်အပိုပစ္စည်းဆက်သွယ်ရေးပစ္စည်းများရောင်းဝယ်ခြင်းမှအမြတ်အစွန်းရမည်။အပျော်အပါးနှင့်လူနေထူ
ထပ်သောနေရာများသွားလာရာတွင်ပြသာနာများဖြေရှင်းရကိန်းရှိသည်။ဆိုင်းငံ့ရပ်တန့်ထားသောလုပ်ငန်းများသက်ဝင်အောင်လုပ်ကိုင်ရမည်။အိုးအိမ်နေရာထိုင်ခင်းမှားအတွက်စကားပြောဆိုမှုရှိပြီးအောင်မြင်မည်။မတော်တဆထိခိုက်မှုအန္တရာယ်ဖြစ်ခြင်း၊ခွဲစိတ်ကုသရ သော အနာရောဂါများခံစားရတတ်သည်။စာချုပ်ချုပ်ဆိုခြင်း၊အာမခံခြင်းကိစ္စများတတ်နိုင်သမျှရှောင်ပေးရမည်။ပျိုရွယ်သူများမိမိစိတ်
ဆန္ဒနှင့် တိုက်ဆိုင်မှုဝေးကွာခြင်းများခဏခဏပေါ်လာမည်။ဝေးကွာနေသူများပြန်လည်ဆုံစည်းရကိန်းရှိသည်။သားသမီးရတနာထွန်း ကားပြီးသတင်းကောင်းကြားရတတ်သည်။ဆွေမျိုးသားချင်းများအတွက်လူမှုရေးအပူသောကများဝင်လာတတ်သည်။ပညာရေးတွင်ဝီရိယရှိမှမိမိမျှော်မှန်းသောပညာရပ်ကိုဆည်းပူးရမည်။လူမှုရေးရှုပ်ထွေးမှုကြောင့်ပညာရေးနှောင့်နှေးတတ်သည်။ကျန်းမာရေးတွင်ချောင်း
ဆိုးခြင်း၊အဆစ်အမြစ်ကိုက်ခဲခြင်း၊မီးယပ်ရောဂါ၊သွေးအားနည်းခြင်း၊ထိခိုက်ဒဏ်ရာရခြင်းဖြစ်တတ်သည်။ ယတြာ ။ မိမိမွေးနေ့တွင် စံပယ်ညွှန့်၊ခရေညွှန့်၊ဂန္ဓမာပန်း၊သစ္စာပန်း(၅)ပွင့်နှင့်ဆီမီးသက်စေ့ပူဇော်ပေးပါ။ သရက်သီး၊သင်္ဘောသီးတို့ကိုဆွမ်းတော်ကပ်လှူပေးပါ။
အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ(စ၊ဆ၊ဇ၊ည) (၁-၉-၂-၄)။
အင်္ဂါနေ့မွေးဖွားသူများ
အင်္ဂါနေ့သားသမီးတို့သည်ယခုနှစ်တွင်ပေါ်ထွန်းလာသည့်အကြံများဆောင်ရွက်လိုသည့်ကိစ္စရပ်များရှေ့တိုးလုပ်ကိုင်ရင်းတက်လမ်းများရရှိနိုင်မည်။လုပ်ငန်းခွင်တွင်ပြိုင်ဘက်များ၏အနှောင့်အယှက်ကြောင့်စီးပွားရေးထိခိုက်တတ်သည်။စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ၊အမျိုးသမီးများအတွက်ဖက်ရှင်ဆိုင်ဖွင့်ခြင်း၊အလှကုန်ပစ္စည်းများနှင့်ဖန်စီလုပ်ငန်းများအကျိုးခံစားရမည်။ငွေကြေးကိစ္စရပ်များချေးငှားခြင်းဆောင်ရွက်ရာတွင်အကျိုးအမြတ်ရရှိမည့်နှစ်ဖြစ်သည်။လုပ်ငန်းကိစ္စများအတွက်တန င်္လာနှင့်ကြာသပတေးသားသမီးများနှင့်ဆောင်ရွက်ခြင်းများအထူးဂရုစိုက်ပေးပါ။နှစ်ဖက်မိဘဆွေမျိုးများ၏ ကျန်းမာရေးကိစ္စရပ်များတွင်
ကူညီပံ့ပို့ရခြင်းများကြုံရမည်။ညီအစ်ကိုမောင်နှမချင်းစကားများမည်။(၁၄-၆-၂၀၂၀)မှစ၍အရာရာတွင်သတိနှင့်ဆောင်ရွက်သင့်သည်။
မိမိရည်မှန်းချက်အတွက်ပျော်ပါးလိုက်စားမှုများရှောင်ကျဉ်ပေးပါ။ဘွဲ့ထူး၊ဂုဏ်ထူးချီးမြှင့်မြှောက်စားမှုများရှိမည်။ဖုန်းနှင့်ဥစ္စာဓနများကျ ပျောက်ခြင်းများရှိမည်။ရေလမ်းခရီးသွားခြင်းရှောင်ကျဉ်ပေးပါ။မမျှော်လင့်ဘဲငွေကြေးများဝင်လာခြင်းစက်ပစ္စည်းများဝယ်ယူခြင်းများရှိ မည်။အချစ်ရေးတွင်စန်းပွင့်နေလိမ့်မည်။အပျော်ခရီးများသွားလာရတတ်သည်။အိမ်ထောင်ရှင်များပတ်ဝန်းကျင်သွေးထိုးမှုကြောင့်မိသားစုတွင်ပြသာနာဖြစ်တတ်သည်။ပြည်ပပညာရပ်လေ့လာနေသူများဤနှစ်တွင်လိုရာပန်းတိုင်သို့ဆွတ်ခူးနိုင်မည်။ကျန်းမာရေးတွင်အသည်းရောဂါ၊ဆီးရောဂါ၊ကျီးပေါင်း၊လေရောဂါများဂရုစိုက်ရမည်။ ယတြာ ။ ။ မိမိမွေးနေ့တွင်နှင်းဆီပန်း၊ဒန်းညွှန့်(၁၁)ညွှန့်ဘုရားပူဇော်
ပေးပါ။ အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ(ရ၊လ၊ဝ၊မ) (၃-၇-ဝ-၅)။
ဗုဒ္ဓဟူးနေ့မွေးဖွားသူများ ဗုဒ္ဓဟူးနေ့သားသမီးများယခုနှစ်တွင်ရှေ့ပိုင်း(၆)လတွင်နေရာသစ်၊ဝန်းကျင်သစ်များသို့ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။သူတစ်ပါးကိုအားကိုး၍မရသောနှစ်ဖြစ်သည်။အရာရာတိုင်းကိုယ်တိုင်လုပ်ပါမှအဆင်ပြေလာမည်။ရည်ရွယ်ချက်ထားတိုင်းအတိုက်အခံကြုံပြီးမှအောင်
မြင်မည်။လူမျိုးကွဲလူမျိုးခြားအကျိုးပေးမည်။စတိုးဆိုင်များဖွင့်ခြင်း၊စက်သုံးဆီရောင်းဝယ်ခြင်း၊ဆက်သွယ်ရေးပစ္စည်းများနှင့်ကျောက်မျက်ရနာတူးဖော်ရောင်းဝယ်ခြင်းများကောင်းမည်။အများကိစ္စ၊အဖွဲ့အစည်းကိစ္စများတွင်ဦးဆောင်မှုများပြုလုပ်ပေးရတတ်သည်။စိတ်လောပြီးတစ်ပါးသူအကူအညီဖြင့်လုပ်ငန်းလုပ်ခြင်းများရှောင်ကျဉ်ပေးပါ။အင်္ဂါသား၊သောကြာသားသမီးများဒုက္ခပေးတတ်သည်။ရင်းနှးသောသူများနှင့်မိမိအကြားအယူအဆသဘောထားမကိုက်ညီမှုများကြုံရမည်။အမွေကိစ္စရပ်များရင်ဆိုင်ရတတ်သည်။သားသမီးများ၊သူငယ်ချင်းများမိသားစုအတွင်းဒုက္ခပေးတတ်သည်။အိမ်ထောင်ရှင်များမိသားစုအတွက်ငွေကြေးကုန်ကျခြင်း၊စိတ်ရှုပ်ထွေးမှုများကြုံရမည်။ပညာရေးတွင်မိမိရည်မှန်းချက်အောင်မြင်မှုများဆွတ်ခူးနိုင်မည်။သို့သော်အိမ်တွင်းအပူကြောင့်ပညာအစွမ်းလျော့နည်းသွားတတ်သည်။ကျန်းမာရေး ဖောက်ပြန်မှုများနှင့်ကြုံရတတ်သည်။လေးဘကါနာ၊အရိုးအကြော၊အဆစ်အမြစ်ကိုက်ခဲခြင်း၊ဗိုက်အောင့်ခြင်းများခံစားရတတ်သည်။
ယတြာ ။ မိမိမွေးနေ့တွင်မေမြို့ပန်း၊ပိတောက်ညွှန့်၊ပိန်းပန်း၊ရွှေပန်း၊ရွက်လှများကိုငွေပန်းအိုးဖြင့်ပူဇော်ပေးပါ။ယပ်(၇)ချောင်းလှူပေးပါ။
တန်ခိုးကြီးဘုရားတွင်ရွှေဆိုင်းကပ်လှူပေးပါ။ အကျိုးပေးသောအက္ခရာများနှင့်ဂဏန်းများမှာ (ပ၊ဖ၊ဘ၊မ) (၈-၇-၃-၁)။
ကြာသပတေးနေ့မွေးဖွားသူများ
ကြာသပတေးသားသမီးတို့သည်အခက်အခဲမည်မျှရှိစေကာမူဆောင်ရွက်စရာများရှေ့တိုး၍ဆောင်
ရွက်သင့်သည်။(၁၆-၁-၂၀၂၀)မှစ၍(၁၅-၃-၂၀၂၀)အထိစီးပွားရေးများတိုးတက်အောင်ဆောင်ရွက်ရမည်။ယခုနှစ်တွင်ခရီးတိုခရီးရှည်
များသွားရကိန်းရှိသည်။အစုရှယ်ယာဝင်ခြင်း၊သံထည်ပစ္စည်း၊ထီး၊ဖိနပ်၊အထည်အလိပ်ရောင်းဝယ်ခြင်း၊စက်ပစ္စည်းများရောင်းဝယ်ခြင်း၊
ရေသန့်ထုတ်လုပ်ခြင်းများ အထူးအကျိုးအမြတ်ခံစားရမည်။အရှေမြောက်အရပ်သို့ရေလမ်းခရီးသွားလာခြင်းရှောင်ကျဉ်ပေးပါ။
အထက်အကြီးအကဲပုဂ္ဂိုလ်များနှင့်ဆက်ဆံရာတွင်အထူးဂရုစိုက်ရမည်။လုပ်ငန်းကိစ္စရပ်များတွင်တနင်္လာနှင့်ဗုဒ္ဓဟူးသားသမီးများနှင့်တွဲ ဖက်ဆောင်ရွက်ခြင်းများဂရုစိုက်ပေးပါ။ငွေကြေးကိစ္စရပ်များအတွက်စကားများတတ်သည်။အချစ်အတွက်ပေးဆပ်နေရသောသူဖြစ်နေတတ်သည်။ကိုယ်ချစ်သလောက်ကိုယ့်အပေါ်တုံ့ပြန်မှုအားနည်းနေတတ်သည်။အိမ်ထောင်ရှင်များသည်းခံခြင်းဖြင့်သာယာသောအိမ် ထောင်မှုကိုဖန်တီးရမည်။ပြည်တွင်းပြည်ပပညာသင်ခရီးသွားရခြင်း၊ပညာရေးတွင်ဆရာကောင်းများနှင့်တွေ့ဆုံပြီးမိမိရည်မှန်းထားသော
ပန်းတိုင်ကိုဆွတ်ခူးရမည်။အသက်မွေးဝမ်းကြောင်းပညာရပ်များအကျိုးပေးမည်။ကျန်းမာရေးတွင်အစားအသောက်မှားခြင်း၊ခန္ဓာကိုယ်နေရာအနှံ့အပြားကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း၊မီးယပ်မတော်တဆထိခိုက်ဒဏ်ရာရခြင်းဖြစ်တတ်သည်။ ယတြာ ။ မိမိမွေးနေ့တွင်ပုတီး စိပ်၊အဓိဋ္ဌာန်ဝင်ခြင်းများဆောင်ရွက်ပါ။သီးညွှန့်၊သရက်ညွှန့်၊ပေါက်ညွှန့်၊အဝါရောင်သစ်ခွ၊မြလေးပန်းများကိုဘုရားတွင်လှူပေးပါ။
အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ (သ၊ဟ၊ဖ၊မ) (၉-၅-၁-၆)။
သောကြာနေ့မွေးဖွားသူများ
သောကြာသားသမီးတို့သည်ယခုနှစ်တွင်(၁၅-၁-၂၀၂၀)မှစ၍(၁၅-၃-၂၀၂၀)အထိစီးပွားရေးများ သတိနှင့်ဆောင်ရွက်ရမည်။အိမ်၊ခြံ၊မြေရောင်းဝယ်ခြင်း၊ပုလဲ၊ငါးမွေးမြူရေးလုပ်ငန်း၊စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းမှားမှဝင်ငွေများရရှိနိုင်သည်။နေရာသစ်၊ဝန်းကျင်သစ်များသို့ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။လူသစ်၊မိတ်သစ်များနှင့်ပူးတွဲလုပ်ခြင်းများအကျိုးပေးမည်။ရည်ရွယ်ချက်ထားတိုင်းအတိုက်အခံများနှင့်ကြုံတွေ့ရမည်။လုပ်ငန်းကိစ္စများတွင်စနေနှင့်တနင်္လာသားသမီးများတွဲဖက်ဆောင်ရွက်ခြင်း
များဂရုစိုက်ပေးပါ။မမျှော်လင့်ဘဲဘာသာရေးကိစ္စ၊အလှူအတန်းကိစ္စများအောင်မြင်လာလိမ့်မည်။စက်ပစ္စည်းများနှင့်ထိခိုက်ဒဏ်ရာရ တတ်သည်။အမွေအနှစ်ကိစ္စအတွက်ဆွေမျိုးများနှင့်အငြင်းပွားပြီးဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။ပျိုရွယ်သူများအချစ်ကိုဖွင့်ပြောရန်ဝတ ်လေးပြီးနှုတ်နှေးခြင်းကြောင့်တစ်ပါးသူလက်သို့ချစ်သူပါသွားတတ်သည်။အိမ်ထောင်ရှင်များရံဖန်ရံခါစကားငြင်းဆိုမှုများပတ်ဝန်းကျင် ကြောင့်ပေါ်လာမည်။ကျန်းမာရေးကြောင့်ပညာရေးတွင်အနှောင့်အယှက်အနည်းငယ်ရှိနိုင်သည်။ကျန်းမာရေးတွင်ဖျားနာခြင်း၊အစားအ သောက်မှားခြင်း၊သွေးအားနည်းခြင်း၊ဗိုက်အောင့်၊လေနာရောဂါများဂရုစိုက်ရမည်။ ယတြာ ။ မိမိမွေးနေ့တွင်အဖြူရောင်သစ္စာပန်း၊ အဖြူရောင်နှင်းဆီပန်း။ သဇင်ပန်းဇီးညွှန့်(၁၁)ညွှန့် ဘုရားတွင်လှူပေးပါ။မိမိမွေးနေ့တွင်ဆီမီး(၅)ခွက်လှူပေးပါ။ရွှေထီး၊ငွေထီး၊တံခွန်၊
ကုက္ကားများလှူပေးပါ။ပဲပြုတ်၊ငချတ်ပေါင်း ကပ်လှူပေးပါ။ အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ(စ၊ဆ၊လ၊ဝ) (၃-၈-၂-၅)။
စနေနေ့မွေးဖွားသူများ စနေသားသမီးတို့သည်ယခုနှစ်တွင်ကံကြမ္မာ၏မျက်နှာသာပေးမှုခံစားရမည်။ဝေးကွာနေသောအပေါင်းအသင်းများပြန်လည်ဆုံဆည်းခွင့်
ရမည်။ကိုယ်ပိုင်လုပ်ငန်းလုပ်သူများမိတ်ဆွေသစ်ဖောက်သည်သစ်များနှင့်ဆက်ဆံရမည်။ဆွေမျိုးများမိမိလုပ်ငန်းခွင်တွင်ဝင်ရောက်စွက်ဖက်ပြီးပြသာနာအမျိုးမျိုးရှာတတ်သည်။သူစိမ်းများအကျိုးပေးမည။်ရာထူးတက်ကိန်းများရှိမည်။မိမိပိုင်ဆိုင်သောပစ္စည်းများငှားရမ်းခြင်း ရှောင်ပေးပါ။အိမ်၊ခြံ၊မြေ၊ကား၊အခန်းအလဲအလှယ်အပြောင်းအလဲများရှိမည်။လုပ်ငန်းကိစ္စများအတွက်ကြာသပတေး၊အင်္ဂါသားသမိးများနှင့်ဆောင်ရွက်ခြင်းများအထူးဂရုစိုက်ပေးရမည်။အချစ်ရေးတွင်မိတ်ဆွေသူငယ်ချင်းသဖွယ်ရင်းနှီးသူများနှင့်မေတ္တာရေးကိစ္စများပေါ် ပေါက်လာတတ်သည်။စေ့စပ်ခြင်းဖြစ်စေ၊အိမ်ထောင်ပြုခြင်းများရှိမည်။အိမ်ထောင်ရှင်များစိတ်ချမ်းမြေ့စရာများကြုံမည်။ကံစွမ်းအား၊
ဉာဏ်စွမ်းအားမြင့်မားနေပြီးဝီရိယအားစိုက်ထုတ်ခြင်းဖြင့်မြင့်မားသောပညာအဆင့်အတန်းရရှိနိုင်မည်။ကျန်းမာရေးတွင်ခြေထောက်နာ ခြင်း၊အရေပြားရောဂါ၊ဒူးနာ၊ခါးနာ၊အဆစ်အမြစ်ကိုက်ခဲခြင်းရောဂါများ၊ဇက်ကြောတက်ရောဂါများခံစားရတတ်သည်။
ယတြာ ။ မိမိမွေးနေ့တွင်လက်ဖက်ညွှန့်၊အုန်းညွှန့်၊ရဲယိုညွှန့်(၁၁)ညွှန့်ပူဇော်ပေးပါ။အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ
(အ၊စ၊န၊လ) (၂-၇-၉-ဝ)။
ဗြဟ္မဏ ပုဏ္ဏားရိုးရာ နက္ခတ္တဗေဒပညာရှိ ဆရာကြီးဦးဒေဝရာမ ၏ သား မဟာသင်္ကြန်စာနှင့် ပြင်္ကဒိန်ပညာရှိ ဆရာကြီး ဦးပညာဗလ ဦးစီးပြီး ဆရာဦးငွေမောင်း၊ ဆရာဦးမောင်၏မြေး ဆရာဦးကြည်မောင်၏သား၊ ဆရာမင်းသူရ B.A(Geog) ၏ တူ ၊ ဆရာဦးမျိုးသိန်း B.A(Geog:) တွက်ချက်ရေးသားသော မြန်မာသက္ကရာစ် ၁၃၈၂ ခုနှစ်အတွက် သူရိယသိဒ္ဓန ္တ အောင်မဟာ ရတနာပုံ မန ္တလေး မဟာသင်္ကြန်စာ ရေးသားလိုက်ခြင်းဖြစ်ပါသည်။
နက္ခတ္တဗေဒပညာရှင်
ဆရာ ဦးမျိုးသိန်း
B.A ( Geog:)
လိပ်စာ- အမှတ် (၁၉၉) ၇၃လမ်း ၊ ၃၅x၃၆ကြား မဟာနွယ်စဉ်ရပ်
မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်း ပုဏ္ဏားစုရပ် မန္တလေး
ဖုန်း- ၀၉ ၂၅၉၅၇၇၅၂၉ ၊ ၀၉-၇၈၂၈၈၄၃၄၅
၁၃၈၂- ခုနှစ်အတွက် ဂြိုလ်တို့ဖွဲ့စည်းခြင်း
မြန်မာသက္ကရာဇ်၁၃၈၂- ခုနှစ်တွင်အုပ်စိုးသောဂြိုလ်ကတ်ဘိနက်ဖွဲ့စည်းပုံတွင် နှစ်၏အရှင်သခင် မင်းဧကရာဇ်ဂြိုလ်မှာအင်္ဂါဂြိုလ်၊ နှစ်၏
အရှင်သခင် ကာကွယ်ရေးဂြိုလ်မှာတနင်္လာဂြိုလ်၊နှစ်၏အရှင်သခင် စိုက်ပျိုးရေးဂြိုလ်မှာကြာသပတေးဂြိုလ်၊နှစ်၏အရှင်သခင်မှာ ကုန်
သွယ်ရေးဂြိုလ်မှာစနေဂြိုလ်၊နှစ်၏အရှင်သခင် ဓာတ်သတ္တုဂြိုလ်မှာ ကြာသပတေးဂြိုလ်များဖြစ်သည်။ယခုနှစ်တွင် သောမဂြိုလ်သုံးလုံး၊
ပါပဂြိုလ် နှစ်လုံးပါဝင်သည်။ထို့ကြောင့် ၁၃၈၂-ခုနှစ်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲပေါင်းစုံဖြတ်သန်းရမည်။
အသင်းအဖွဲ့အစည်းနေရာဒေသပြောင်းရွှေ့စည်းရုံးရကိန်းကြုံမည်။တိုင်းရင်းသားရေးရာကိစ္စများခက်ခဲစွာဖြေရှင်းရမည်။တိုင်းရင်းသား ခေါင်းဆောင်များထင်ပေါ်ကျော်ဇောမည်။ခေါင်းဆောင်ပိုင်းများအပြောင်းအလဲဖြစ်မည်။ထူးချွန်ထက်မြက်သောခေါင်းဆောင်များပေါ် ထွန်းလာအံ့။ပါတီခေါင်းဆောင်များအခက်အခဲများကိုကျော်လွှားကာဥပဒေဘောင်အတွင်းမှနိုင်ငံဖွံ့ဖြိုးရေးကိစ္စရပ်များဆွေးနွေးလာအံ့။
အပြောနှင့်လုပ်ဆောင်ချက်များတစ်ထပ်တည်းမကျနိုင်သောအခြေအနေကြုံတတ်အံ့။အောက်ခြေအုပ်ချုပ်ရေးတွင်ဆူပူမှုဖြစ်ကိန်းကြုံအံ့။
ကမ္ဘာ့ခေါင်းဆောင်များနှင့်သံတမန်ဆက်ဆ့ရေးပြေလည်လာအံ့။ဘာသာရေးနှင့်လူမျိုးကိစ္စအတွက်အခက်အခဲအကြပ်အတည်းများရင်ဆိုင်ရခြင်း၊ဥပဒေအသစ်ပြဋ္ဌာန်းပြီးအထူးကြပ်မတ်ရမည်။နိုင်ငံအကြီးအကဲများကျန်းမာရေးချို့တဲ့မှုဖြစ်ကိန်းရှိအံ့။ကမ္ဘာ့နိုင်ငံအချို့တွင် လက်နက်ကိုင်အကြမ်းဖက်မှုများကြုံလာရအံ့။အဂတိလိုက်စားမှု၊အကြမ်းဖက်မှုများအတွက်ဆွေးနွေးညှိနှိုင်းအဖြေရှာရအံ့။စစ်မက်ထူ ပြောလာအံ့။စစ်ရေးတင်းမာမှုများများပြားလာအံ့။ပြည်တွင်းပြည်ပအလုပ်သမားများအတွက်ကာကွယ်စောင့်ရှောက်မှုဥပဒေပြဋ္ဌာန်းပြီး ကူညီလာအံ့။နယ်စပ်ဒေသတွင်တိုင်းရင်းသားရေးရာနှင့်ဘာသာရေးကိစ္စများကြောင့်အုပ်ချုပ်ရေးတင်းမာပြီးအခက်အခဲများရှိလာအံ့။
သံ၊သံမဏီအိမ်ဆောက်ပစ္စည်း၊နည်းပညာပစ္စည်းများ၊ဆက်သွယ်ရေးပစ္စည်းများဈေးကောင်းမည်။ကမ္ဘာ့အရှေ့တောင်ပိုင်းတွင်ရှိသောနိုင်ငံများပြု ပြင်ပြောင်းလဲခြင်းကြုံမည်။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များအထူးကြပ်မတ်ရအံ့။ကျန်းမာရေးကိစ္စရပ်များကမ္ဘာ့အဖွဲ့ အစည်းများဆွေးနွေးမှုရှိလာအံ့။ကပ်ဆိုးဘေးဆိုးဝင်အံ့။သဘာဝဘေးအန္တရယ်နိုင်ငံအတွင်းများလာအံ့။ရာသီဥတုဖောက်ပြန်မှုယခင်နှစ် ထက်များအံ့။အိမ်၊ခြံ၊မြေ၊ဈေးနှုန်းများကျဆင်းမှုပိုများအံ့။ကမ္ဘာ့ငွေကြေးတည်ငြိမ်မှုများအံ့။နိုင်ငံအတွင်းငွေကြေးကိစ္စရပ်များအခက်ကြုံ အံ။ဘဏ်လုပ်ငန်းများအမြတ်အစွန်းနည်းအံ့။ကုန်သည်ပွဲစားလုပ်ငန်းများဈေးကွက်မတည်ငြိမ်ခြင်းကြောင့်အရှုံးပေါ်အံ့။အားကစားကွင်း များတိုးချဲ့ဆောက်လုပ်လာအံ့။အနုပညာ၊ဂီတ၊ရုပ်သံဋ္ဌာနများပိုမိုများပြားလာအံ့။အပန်းဖြေစခန်းနေရာများတည်ဆောက်မှုများပြားလာ အံ့။စာပေ၊စာနယ်ဇင်းကိစ္စအငြင်းပွားမှုသဘောထားကွဲလွဲမှုများနှင့်ကြုံရတတ်သည်။လူမှုမီဒီယာတွင်ပြသာနာများဖြေရှင်းကိန်းများလာ အံ့။ရေကြောင်း၊လေကြောင်းခရီးသွားလုပ်ငန်းတိုးတက်လာအံ့။နိုင်ငံတကာတွင်ရင်းနှီးမြှုပ်နှံမှုများ၊ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းများတစ်ဖြေးဖြေးတိုးတက်မှုရှိလာအံ့။စက်ယန္တရားများဖြင့်လူအများဒုက္ခကြုံလာအံ့။အစိုးရအဖွဲ့တွင်ရာထူးအပြောင်းအလဲဖြစ်ပေါ်လာအံ့။မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင်ငလျင်လှုပ်ခြင်း၊ရေကြီးရေလျှံခြင်း၊မီးဘေးအန္တရာယ်၊မှန်တိုင်းများဝင်လာမည်။သတ္တဝါများဘေးဥပါဒ်ကြုံ ခြင်း၊စိုးရိမ်စိတ်များလာခြင်းဖြစ်အံ့။ကလေးသူငယ်များကပ်ဆိုးရောဂါခံစားရအံ့။သက်ကြီးရွယ်အိုများကျန်းမာရေးအထူးညံ့လာအံ့။စိုက်ပျိုး
ရေးတွင်ပျက်စီးခြင်းများကြုံမည်။မြစ်ကမ်းပါးများရေတိုက်စားခြင်း၊ကမ်းပါးပြိုခြင်း၊ရေခန်းခြောက်ခြင်း၊တံတားဆည်မြောင်းပြုပြင်ရမည်။
ရေနံ၊စက်သုံးဆီဈေးတက်အံ့။(သဗ္ဗဓာရီ)နှစ်ဖြစ်ပြီးမိုးဦးတံပြီး၊မိုးလယ်၊မိုးနှောင်းကောင်း၏။ဆန်စပါး၊ပဲအမျိုးမျိုးများဖြစ်ထွန်းအံ့။ဂျုံပဲ၊အာလူး၊ခရမ်းချဉ်သီး၊ကွမ်းနှင့်ကွမ်းပစ္စည်း၊အနီရောင်ပါသောပစ္စည်းများဈေးကောင်းအံ့။ ၁၃၈၂- ခုနှစ်တွင် လူမျိုးရေး၊ ဘာသာရေးကိစ္စရပ် များကို အထူးအလေးထားဆောင်ရွက်ရမည့်နှစ်ဖြစ်ပြီး ကိုယ်ကျင့်တရားစောင့်ထိန်းခြင်းဖြင့် တိုင်းပြည်တိုးတက်ချမ်းသာအောင်ဆောင် ရွက်ရမည့်နှစ်ဖြစ်သည်။
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။