၁၂ ရာသီခွင်နဲ့ ကျန်းမာရေးအမြင်
lotaya.mpt.com.mm
|
2020-04-15

အနောက်တိုင်းရာသီခွင်စနစ်မှာ မူလသခင်ဂြိုဟ်နဲ့ ကြယ်စုရုပ်ပုံအရ အကျန်းမာဆုံး (တနည်းအားဖြင့်) မူလကိုယ်ခံအား အကောင်းဆုံး ရာသီဖွားတွေက ဘာတွေလဲဆိုတာကို သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီလိုပဲ ကိုယ်ခံအားအနည်းဆုံး ရာသီဖွားတွေကိုလည်း သတ်မှတ်ထားပါတယ်။

ဒါပေမယ့် ဒီစနစ်ဟာ ကိုယ့်မွေးဖွားချိန်၊ ရက်၊ လ၊ နှစ်၊ မွေးဖွားရာဒေသနဲ့ စနစ်တကျ တွက်ယူထားတဲ့ မူလဇာတာလောက် မတိကျတဲ့အတွက် ဒီအယူအဆကို တရားသေ မှတ်ယူလို့ မရပါဘူး။ ယေဘုယျ ဆန်တဲ့ ရာသီခွင် အယူအဆသာ ဖြစ်လို့ ကိုယ်က ကျန်းမာရေးအကောင်းဆုံး ဆိုပြီး ပစ်စလတ်ခတ် နေလို့ မရသလို ငါကတော့အားအနည်းဆုံး ဆိုပြီးတော့လည်း စိတ်ပျက်စရာ မလိုကြောင်းပါခင်ဗျား




ကိုယ်ခံအားကောင်းတဲ့ ရာသီဖွားများ

အင်္ဂါဂြိုဟ်ဟာ ကိုယ်ခံအားကောင်းမွန်မှုကို အထောက်အပံ့ ပေးသူ ဖြစ်လို့ အင်္ဂါဂြိုဟ် စိုးမိုးတဲ့ (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားတဲ့) မိဿရာသီဖွားနဲ့ (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားတဲ့) ဗြိစ္ဆာရာသီဖွားတွေဟာ များသောအားဖြင့် ကျန်းမာရေး ကောင်းလေ့ရှိကြပါတယ်။ အဲဒီ ရာသီခွင်တွေလိုပဲ အနေအထိုင်၊ အစားအသောက် စည်းစနစ်ကြီးတဲ့ မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ) နဲ့ သူရိယနေမင်းကို ကိုယ်စားပြုတဲ့ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) ဟာလည်း ကျန်းမာကြံ့ခိုင်သူများ ဖြစ်တတ်ကြပါတယ်။




ကိုယ်ခံအားနည်းတတ်တဲ့ ရာသီဖွားများ

များသောအားဖြင့် ရေရာသီခွင်တွေဟာ ခုခံအားစနစ် နည်းပါးတတ်ပါတယ်။ ဒါကြောင့်လည်း (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားတဲ့) ကရကဋ်ရာသီဖွားတွေနဲ့ (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားတဲ့) မိန်ရာသီဖွားတွေကို ကိုယ်ခံအား နည်းပါးသူတွေအဖြစ် သတ်မှတ်ပါတယ်။ သူတို့လိုပဲ ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ) နဲ့ မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ) ကိုလည်း ကျန်းမာရေး ချူချာလွယ်တဲ့ စာရင်းမှာ ထည့်သွင်းထားကြပါတယ်။

အထက်ပါ ရာသီခွင်တွေထဲမှာ မပါဝင်တဲ့ ပြိဿ ၊ ကန် ၊ တူ ၊ ဓနုတွေကိုတော့ ကျန်းမာရေး ပုံမှန်ရှိသူတွေ အဖြစ် သတ်မှတ်ပါတယ်။ ကျန်းမာရေး အားကောင်းသူတွေပဲ ဖြစ်ဖြစ်၊ ကိုယ်ခံအား နည်းပါးသူတွေပဲ ဖြစ်ဖြစ် အခုလို ကပ်ရောဂါဘေး ကြုံတွေ့နေရချိန်မှာ ပေါ့ပေါ့ဆဆ မနေကြဘဲ သက်ဆိုင်ရာကနေ ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို လိုက်နာကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။

၁၂ ရာသီဖွားအားလုံး ကပ်ရောဂါဘေး ကင်းဝေးလို့ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ရာသီခွင်
#ကိုယ်ခံအား
#ရာသီ
#အင်္ဂါဂြိုဟ်
#ကျန်းမာရေး

Some text some message..