ဧပြီလ ၁၉ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-04-19

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေ အနေနဲ့ ဘယ်ကနေဝင်မှန်းမသိအောင် ဝင်ငွေ ရပေါက်ရလမ်း များနေပါလိမ့်မယ်။ မေ့နေပြီဖြစ်တဲ့ ရရန်ရှိ ငွေကြေးတွေပါ ရလာတတ်ပြီး လုပ်ငန်းရှယ်ယာဝင်ထားတာတွေ ရှိရင်လည်း အမြတ်ရရှိလာပါလိမ့်မယ်။ အိမ်ခြံမြေ ဝယ်ထားတာ ကြာတဲ့နေရာတွေ ဈေးတက်ပြီး ဈေးကောင်းရရှိလာနိုင်သလို အိုးသစ်အိမ်သစ် ဝင်ကိန်းလည်း ရှိနေပါတယ်။ ငွေဝင်သလောက်ကို ရွှေအဖြစ်ပြောင်းလဲ စုထားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်ရာထူးနေရာ အပြောင်းအလဲရှိနေပြီး ပြောင်းရမယ့်နေရာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းရှင်ဖြစ်ပါက ရေထွက်ပစ္စည်းလုပ်ငန်း၊ ရေလုပ်ငန်း၊ ရေသန့်လုပ်ငန်း အစရှိတဲ့ ဗုဒ္ဓဟူးနံ လုပ်ငန်းလုပ်ကိုင်သူတွေ အထူးကောင်းမွန်နေပါတယ်။ အချစ်ရေးမှာ ချစ်သူရှိပြီးသူတွေ ချစ်သူနဲ့ လမ်းခွဲရတတ်ပြီး ချစ်သူမရှိသေးသူတွေကတော့ သူတပါးရဲ့ ချစ်သူနဲ့ အထင်အမြင်လွဲခံရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ မထင်မှတ်တဲ့ကိစ္စနဲ့ စိတ်ဝမ်းကွဲစကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နားအူ၊ နားကိုက်ရောဂါ ဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အာလူးပူရီဘုရားကပ်လှူဆုတောင်းပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့ကစပြီး အကောင်းဘက်ကို ရောက်ရှိပြီလို့ ပြောနိုင်ပါတယ်။ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကို အနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာန အပြောင်းအလဲ ကြုံရကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ ဒီရက်မှာ မိမိရဲ့ စိတ်ကူးဆန္ဒတွေက တစ်ခြားသူတွေနဲ့ ဆန့်ကျင်ဘက်တွေပဲဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကူးအတိုင်းပဲ လုပ်ဆောင်လိုက်ပါ၊ အောင်မြင်ပါလိမ့်မယ်။ ဝင်ငွေပုံမှန်ရှိနေတဲ့ ကာလဖြစ်ပြီး ဒီရက်မှာ ကြားကနေ အာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ အကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ ပညာရေးမှာ ထူးထူးချွန်ချွန်အောင်မြင်မယ့် အချိန်ဖြစ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးသာယာနေပြီး ကျန်းမာရေးအနေနဲ့ ရေချိုးမှားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ငှက်ပျောသီး ကပ်လှူပေးပါ။

အင်္ဂါ - ဒီနေ့မှာ အင်္ဂါသားသမီးတွေအနေနဲ့ အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက ဝန်ထမ်းမမြဲတာမျိုး ဖြေရှင်းရတတ်ပြီး လုပ်ငန်း၊ ဆိုင်ရဲ့ ဝင်ငွေလည်း ထိခိုက်တတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အခြေအတင် စကားပြောရခြင်း၊ မိမိအကြံဉာဏ်ကို အထက်လူကြီးက လက်မခံခြင်းမျိုးလည်း ကြုံရတတ်ပါတယ်။ အိတ်၊ အထည်အလိပ် လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်အနီးအနားမှာ နာရေးရှိရင် သတင်းသွားမမေးသင့်ပါဘူး။ အိမ်မှာ အိမ်အကူ ဒါမှမဟုတ် လူပိုတစ်ယောက်ရှိနေရင် အဲဒီလူက ကိုယ့်ကို ဒုက္ခပေးသွားတတ်ပါတယ်။ နောက်တစ်ခုရှိတာက ဒီနေ့မှာ ကိုယ်လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တစ်ခုက သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေမှာ ကြားညပ်တတ်လို့ သတိပြုသင့်တာဖြစ်ပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူအပေါ် အားမလိုအားမရ ဖြစ်နေတတ်ပြီး ချစ်သူမရှိသေးသူတွေကတော့ ချစ်သူ ရလာတတ်ချိန်ပါပဲ။ ဒါပေမယ့် ရလာတဲ့ချစ်သူက မိမိအပေါ် ဒုက္ခပေးမယ့် ချစ်သူဖြစ်နေတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်အတွက် စိတ်မချဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ဆီချက်ကပ်လှူပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် မိဘဆွေမျိုးများနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခု ကြားရနိုင်သလို အမျိုးထဲမှာလည်း မင်္ဂလာကိစ္စပေါ်လာတတ်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ ရှယ်ယာထည့်ဝင်ထားသူတွေ အနေနဲ့တော့ အကျိုးအမြတ်ရနိုင်မယ့် အချိန်ဖြစ်ပါတယ်။ ပညာရေးတစ်ဆင့်မြင့်မယ့် သင်တန်းမျိုးတက်ရောက်ရကိန်း ရှိလာမှာဖြစ်ပြီး သင်တန်းပြီးရင် ပိုကောင်းတဲ့အလုပ်ကို ပြောင်းလဲရကိန်းရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ မိမိနဲ့ စိတ်ဝမ်းကွဲရတတ်ပြီး လုပ်ငန်းမတွင် ဖြစ်တတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဒီရက်မှာ အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်သလို လုပ်ငန်းတိုးချဲ့ဖို့ အခက်အခဲတစ်ချို့ ကြုံနေရမယ့် အချိန်ပါပဲ။ လုပ်ငန်းအတွက် ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့ အရေးကြီးသလို အလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ ရန်ဖြစ်တတ်ပြီး အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ လေနာရောဂါသတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။

ယတြာ - ဘုရားတွင် ရွှေရင်အေး ကပ်လှူပေးပါ။

ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကို အနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာန အပြောင်းအလဲ ကြုံရကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။ ဒီရက်မှာ မိမိရဲ့ စိတ်ကူးဆန္ဒတွေက တစ်ခြားသူတွေနဲ့ ဆန့်ကျင်ဘက်တွေပဲဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကူးအတိုင်းပဲ လုပ်ဆောင်လိုက်ပါ၊ အောင်မြင်ပါလိမ့်မယ်။ ဒီရက်မှာ ကြားကနေ အာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ အကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ ပညာရေးမှာ ထူးထူးချွန်ချွန်အောင်မြင်မယ့် အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တနင်္လာသားသမီးနဲ့ ဖူးစာဆုံရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူက မိမိသူငယ်ချင်းနဲ့ ဖောက်ပြန်သွားတတ်လို့ သတိပြုပါ။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီး ရတနာ ထပ်မံ ရရှိလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ထွေထွေထူးထူး စိုးရိမ်စရာမရှိပါဘူး။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - လမ်းတွင်တွေ့သောကလေးတစ်ယောက်အား မုန့်ဖိုးပေးလိုက်ပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ တနင်္ဂနွေ၊ အင်္ဂါ သားသမီးတွေရဲ့ ဒုက္ခပေးခြင်း ခံရတတ်ပြီး အလုပ်ထဲမှာ ထိုနေ့နံသားသမီးတွေရှိနေရင် အထူးရှောင်ကြဉ်လိုက်ပါ။ အိမ်အနီးအနားမှာ အပူသည်ရှိတတ်ပြီး မိမိဆီလာရောက်ပြောဆိုလျှင် လက်မခံပါနဲ့ အလိမ္မာနဲ့ ရှောင်ရှားလိုက်ပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ စကားများ အဆင်မပြေဖြစ်ရတတ်ပြီး လုပ်ငန်းပြောင်းရွှေ့ဖို့ စဉ်းစားထားရင် ပြောင်းရွှေ့လိုက်ပါ။ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်စေ၊ စပ်တူရှယ်ယာလုပ်ငန်းဖြစ်စေ ဘယ်လိုလုပ်ငန်းမျိုးမဆို လုပ်ငန်းအမြတ်ငွေ နည်းနေတတ်ချိန်ဖြစ်ပါတယ်။ ဆေးဝါး၊ ဆန်၊ စားသောက်ကုန်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပြီး ရေသန့်လုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်းရှင်များ ကောင်းမွန်နေပါတယ်။ မိသားစုထဲမှာ မိမိနဲ့အတိုက်အခံ ပြုနေသူ ရှိတတ်ပြီး အဆိုပါသူကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။ အိမ်ထောင်သည်များ မိဘနဲ့ အတူနေသူများဖြစ်ပါက အိမ်ခွဲနေလိုစိတ်ဖြစ်နေပြီး အိမ်နေရာထိုင်ခင်း ရရှိဖို့ အခက်အခဲလည်း ဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ အခုအတိုင်းဆက်ရှိနေတာက ပိုအဆင်ပြေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်အောင့်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် မက်စ်အချိုရည်တစ်ပုလင်း ကပ်လှူဆုတောင်းပါ။

သောကြာ - ငွေဝင်ပေါက်ရှိမယ့် လုပ်ငန်းတွေလုပ်ကိုင်နေရပေမယ့် မှန်းထားသလောက် ဝင်ငွေ အကျိုးအမြတ်မရရှိမယ့် အချိန်လည်းဖြစ်ပါတယ်။ ငွေစုလို့မမြဲတဲ့ကာလဖြစ်ပြီး ဝင်လာသမျှငွေတွေလည်း အကြောင်းရှာပြီး ပြန်ထွက်နေပါလိမ့်မယ်။ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေကတော့ မကြာခင် အနည်းငယ် အဆင်ပြေလာပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပိုမိုဆိုးရွားစွာ ဖြစ်ရတတ်ပြီး လုပ်ဖော်ကိုင်ဖက် မိသားစုရဲ့ ကောင်းသော ထောက်ပံ့ခြင်းတွေကို ရရှိလာပါလိမ့်မယ်။ လုပ်ငန်းအတွက် ငွေရုတ်တရက် လိုလာတတ်ပြီး အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်မြင်လျှင် ထီထိုးပေးပါ။ ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ပညာရေးတိုးတက်မယ့် အချိန်ဖြစ်ပြီး မိသားစုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ စပ်တူရှယ်ယာလုပ်ငန်းလုပ်ကိုင်သူများ သတိပြုရမယ့် ကာလဖြစ်ပြီး ဒီရက်ပိုင်းမှာ အစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်သူများ ၊ အကောက်ကြံသူများနဲ့ ကြုံရတတ်ပါတယ်။ ချစ်သူမရှိသေးသူများ သောကြာသားသမီးရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ရေးပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။

ယတြာ - ဘုရားတွင်သရက်ပြင် ကပ်လှူပေးပါ။

စနေ - ဆုံးရှုံးပြီးသားငွေတွေပြန်ဝင်လာတတ်တဲ့ အချိန် ဖြစ်ပြီး အိမ်ကို ဧည့်သည် ရောက်လာရင်လည်း သတင်းစကားကောင်းတွေ သယ်ဆောင်လာပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အဆင်ပြေပြီး နေရာထိုင်ခင်း ရာထူးအဆင့်မြင့် ရရှိတတ်ပါတယ်။ အထည်လုပ်ငန်း၊ ဒီဇိုင်နာလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး လုပ်ငန်းတိုးတက်အောင်မြင်ပါလိမ့်မယ်။ အကျိုးဆောင်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းရှင်များလည်း ကောင်းမွန်နေပြီး စိန်ရွှေငွေကျောက်မျက်လုပ်ငန်းရှင်များ အရောင်းအဝယ်အေးနေတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့လိုပါက သောကြာနာမည်ပါသူနဲ့ တိုင်ပင်ပြီးမှ လုပ်ပါ။ လမ်းသွားရင်း အက်စီးဒင့်တစ်ခုခု မြင်တွေ့ရလျှင် ၄အစ ၄အဆုံး ထီထိုးပေးပါ။ ဒီရက်ပိုင်းမှာ စနေ ၊ အင်္ဂါသားသမီးတွေနဲ့ ကတောက်ကဆဖြစ်တတ်ပြီး ချစ်သူမရှိသေးသူများအနေနဲ့ အဆိုပါ နေ့နံတွေ ချစ်ရေးဆိုလာရင် ရှောင်ကြဉ်လိုက်ပါ။ ပညာရေး အောင်မြင်မှာဖြစ်ပြီး အရေးကြီး ဆုံးဖြတ်ချက်တွေကိုလည်း စိတ်ချလက်ချ လုပ်ဆောင်နိုင်မယ့် နေ့ရက်ပါပဲ။ အိမ်ထောင်သည်တွေကတော့ တကျက်ကျက် ရန်ဖြစ်နေမယ့် အချိန်ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ နှာစေးနှာပိတ်ဖြစ်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ထမီအဟောင်းများအား လိုအပ်နေသူများထံ ပေးလှူလိုက်ပါ။

LEO

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#သားသမီး
#ချစ်သူ
#ယတြာ
#လုပ်ငန်း
#အိမ်ထောင်သည်

Some text some message..