
တစ်ချို့ ကပြောကြတယ်၊ အိမ်မှာ Work From Home လုပ်တာပဲ အဝတ်အစားကို အဲ့လောက်ဂရုတစိုက် စရာမလိုပါဘူးပေါ့။ တကယ်တော့ အိမ်မှာနေရင်ပဲဖြစ်ဖြစ်၊ အိမ်ကနေအလုပ်လုပ် (Work-From-Home) ရင်ပဲဖြစ်ဖြစ် သပ်သပ်ရပ်ရပ်လေး ဝတ်စားပြင်ဆင်မှ အလုပ်လုပ်ရတာလည်း တက်ကြွမှုရှိသလို အိမ်မှာနေလည်းတတ်နိုင်သလောက် ဖက်ရှင်ကျကျလေး နေခြင်းအားဖြင့်စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ပြီးသွားတော့ အရင်လိုအလုပ်ကိုမနက်စောစောစီးစီး ဝရုန်းသုန်းကားနဲ့ပြင်ဆင်ရတာတွေလည်းမရှိတော့တာမို့ Dress-Up လုပ်ဖို့ လည်းအချိန်လုံလုံလောက်လောက်နဲ့ အဝတ်အစားတွေကိုတွဲစပ်နိုင်မှာပါ။ တကယ်လို့ Work-From-Home Oufit တွေကို ဘယ်လိုဝတ်ဆင်ရမလဲစဉ်းစားနေရင် သင့်ရဲ့ ရာသီခွင် (Zodiac Sign) အလိုက် သင့်နဲ့အလိုက်ဖက်ဆုံး Style လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အားလုံးလည်း အိမ်မှာ နေရင်းစတိုင်ကျလှပနိုင်ကြပါစေ…
Aries (March 21st - April 19th)
Aries ရာသီခွင်တွေက ရာသီခွင်တွေအားလုံးထဲမှာ အမြဲလန်းဆန်းတက်ကြွပြီး Energized ဖြစ်နေတဲ့သူတွေပါ။ သူတို့က အလုပ်လုပ်တဲ့နေရာမှာ Active ဖြစ်ပြီး Confident ရှိတဲ့သူတွေမို့ Flexible ဖြစ်တဲ့ Sportwear Outfit တွေကအသင့်တော်ဆုံးဖြစ်မှာပါ။
Taurus (April 20th - May 20th)
အရာရာမှာခေါင်းမာပြီး မဆုတ်မနစ်ကြိုးစားတဲ့ Taurus တွေက အဝတ်အစားကို ရွေးချယ်တဲ့နေရာမှာလည်းတခြားသူတွေထက် ပိုပြီး ဂရုတစိုက်ရွေးချယ်လေ့ရှိပါတယ်။ အဲ့တာကြောင့် Classy ဖြစ်တဲ့ Oversized Blouse တွေနဲ့ Free-Flowing Skirt လွင်လွင်လေးတွေက Perfect ပဲနော်။
Gemini (May 21st - June 20th)
Playful ဖြစ်တဲ့ Gemini တွေကတော့ ကာလာတွေနဲ့ Print တွေကို တွဲဖက်ဝတ်ဆင်တဲ့နေရာမှာအရမ်း တော်တဲ့သူတွေပါ။ Gimini လေးတွေရဲ့ အဝတ်ဗီရိုကလည်း Graphic Outfit Print တွေအများကြီးရှိနေတတ်တာမို့ အခုချိန်မှာ အဲ့ ကာလာစုံအဝတ်အစားနဲ့ Accessories တွေကို Mix and Match လုပ်ကြည့်လိုက်ပါ။
Cancer (June 21st -July 22nd)
Romantic ဖြစ်တဲ့နေရာမှာ Cancer ကိုဘယ်သူမှမမှီပါဘူး။ Cancer လေးတွေလို Ro တဲ့သူတွေအဖို့တော့ မိန်းကလေးဆန်တဲ့ Feminine ဆန်တဲ့ Dress ကားကားလေးတွေနဲ့ Ruffles လေးတွေက အလိုက်ဖက်ဆုံးဖြစ်နေမှာပါ။
Leo (July 23rd - August 22nd)
Leo တွေရဲ့ Nature က အနုပညာဆန်ပြီး Fashion ကိုချစ်မြတ်နိုးကြတယ်။ ပြီးတော့ဖက်ရှင်ဆိုလည်း သမားရိုးကျတွေထက်ခွဲထွက်နေအောင်ဝတ်လေ့ရှိသူတွေမို့ Bold Color Sweatshirt လေးတွေနဲ့ Floral Accessories လေးတွေနဲ့ဆို လှပနေမှာပါ။
Virgo (August 23rd - September 22nd)
အလုပ်လုပ်တဲ့နေရာမှာစေ့စပ်တိကျပြီး Pratical ဖြစ်တဲ့ Virgo လေးတွေဖို့ တော့ အလုပ်လုပ်တဲ့အခါမှာပိုပြီး Chic ဖြစ်တဲ့ Well-Fitted Trouser၊ Neutral ကာလာ အဝတ်အစားလေးတွေက Smart ကျစေမှာ သေချာပါတယ်။
Libra (September 23rd - October 22nd)
အိမ်မှာနေရင်တောင် Glamorous ဖြစ်တဲ့ Libra တွေရဲ့ Closet ကလည်း အမြဲ Trendy ဖြစ်တဲ့ အဝတ်အစားတွေပြည့်နေလေ့ရှိပါတယ်။ အခုလိုချိန်မှာ Cotton သား Pants suit လေးတွေ၊ Flowy Maxi Dress လေးတွေကို Try ကြည့်သင့်တယ်နော်။
Scorpio (October 23rd -November 21st)
Scorpio တွေရဲ့ ပင်ကိုစတိုင်က မိန်းကလေးမဆန်ဘူး၊ Edgy ဖြစ်တယ်။ သူတို့ကိုကြည့်လိုက်တာနဲ့ ချစ်စရာလေးဆိုတာထက် အထာကျတယ်ဆိုတဲ့ Comment ကိုပိုနှစ်သက်ကြတယ်။ အဲ့အတွက် အနက်ရောင် Outfit တွေနဲ့ ခပ်မိုက်မိုက် Jacket တွေက Scorpio တွေရဲ့ဖက်ရှင်ကို အမိုက်ဆုံးဖြစ်အောင်ပံ့ပိုးပေးမှာပါ။
Sagittarius (November 22nd - December 21st)
သူတို့ကတော့ Dreamy ဖြစ်တဲ့၊ Dramatic ဖြစ်တဲ့ အတွဲအစပ်တွေနဲ့ လိုက်ဖက်တဲ့ ရာသီခွင်တွေပါ။ ဖဲပြားတွေ၊ Bell-Sleeve၊ Puffy-Sleeve Blouse လေးတွေနဲ့ဆို အရမ်းလိုက်ဖက်နေမှာပါ။ Hair Accessories တွေနဲ့လည်းလိုက်ဖက်တဲ့ ရာသီခွင်ပါ။
Capricorn (December 22nd - January 19th)
Capricorn ရဲ့ Signature Style ကတော့ Basic Wear ပါပဲ။ ဘာလို့လဲဆိုတော့ အဲ့လိုလို Casual Style ရိုးရိုးရှင်းရှင်းလေး ဝတ်တာကိုက သူတို့ကို ဆွဲဆောင်မှုရှိစေလို့ပါ။ Mom Jeans လေးနဲ့ White T-Shirt လေးကို ပိုပြီးအထာကျသွားအောင် Necklace လေးတွေ Earrings လေးတွေနဲ့လည်းဖြည့်စွက်လို့ရပါတယ်။
Aquarius (January 20th - February 18th)
Auqarius လေးတွေက Trend နောက်ကို သိပ်မလိုက်ပဲသူတို့နှစ်သက်တဲ့ Style ကိုပဲ နှစ်နှစ်ခြိုက်ခြိုက်ဝတ်ဆင်လေ့ရှိပါတယ်။ ပြီးတော့သူတို့ရဲ့ Outfit လေးတွေကလည်းသူတို့ရဲ့ Mood ကိုလိုက်ပြီးပြောင်းလဲတတ်သူမို့ Colorblocking လှလှနဲ့ Jacket တွေ၊ Sweater လေးတွေက လုံး၀ Match ပါပဲ။
Pisces (February 19th - March 20th)
Pisces တွေကတော့ Bohemian-Queen လေးတွေပါ။ သူတို့က Music Festival တွေသွားရတာကိုနှစ်ခြိုက်ပြီး Hippie ဆန်ဆန် အတွဲအစပ်တွေနဲ့လိုက်ဖက်သူပါ။ Embroidered ပန်းထိုး Dress လေးတွေ၊ (Frindge) အမြိတ်ပါတဲ့ Kimonoတွေ၊ Cardigan လေးတွေနဲ့ဆို အိမ်မှာနေလည်း Unique ဖြစ်တဲ့ Look ကိုရစေမှာပါ။