နက္ခတ်ဗေဒင်ပညာရှင်များအဆိုအရ လူတွေရဲ့ ရာသီခွင်တွေရဲ့ နိမိတ်လက္ခဏာတစ်ခုစီတိုင်းမှာ သူတို့ရဲ့ အကြီးမားဆုံးသောကြောက်ရွံ့မှုရှိကြတယ်လု့ဆိုပါတယ်။ သင့်ရာသီခွင်အရ သင်ဟာ ဘယ်အရာကို အကြောက်အရွံဆုံးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်
သင့်ရဲ့ ရာသီခွင်အရ သင့်အကြောက်အရွံဆုံးအရာတွေကားဘယ်လိုအရာတွေလဲ
Aries
မတ်လ ၂၁ – ဧပြီ ၁၉
Aries ‘တွေရဲ့ အကြီးမားဆုံးသော ကြောက်ရွံ့မှုက သူ့ဘေးမှာ ဘယ်သူမှမရှိပဲ အထီးကျန်နေရမှာကို ကြောက်တာပါတဲ့။သူငယ် ချင်းများဆုံးရှုံးခြင်းထက် ပိုပြီးကြီးမားသောကြောက်ရွံ့ခြင်းကတော့ ချစ်မြတ်နိုးရသူများသို့မဟုတ်ချစ်ရသူများဆုံးရှုံးရမှာကြော က်ရွံ့ခြင်းပဲဖြစ်ပါတယ်။ ကံမကောင်းစွာ Aries အတွက်,ဒီနိမိတ်လက္ခဏာကို လွတ်နိုင်မှာ မဟုတ်ပါဘူး။
Taurus
ဧပြီ ၂၀ ရက် – မေလ ၂၀ ရက်
အထူးသဖြင့်Taurusတွေက လုံခြုံမှုနှင့်တည်ငြိမ်မှုကို နှစ်သက်တာကြောင့် အိမ်မှာအနေများပြီး အမည်မသိနိုင်တဲ့တခုခုကို ကိုကြောက်ရွံ့ခြင်းသည်သာ Taurus ၏အကြီးမားဆုံးသောကြောက်ရွံ့မှုဖြစ်ပါတယ်။ ပြိဿရာသီဖွားတွေက တစ်ယောက်တည်းနေရတာကို ကြောက်ပြီးတော့ ဘာကိုမှမကြောက်တတ်ဘူးထင်ရပေမယ့် သူတို့အမည်မသိတဲ့အရာကို ကြောက်နေတတ်တာမျိုးပါ။ဖြစ်နိုင်တာက သူတို့တွေက ပြိုင်ဆိုင်မှုတွေမှာ ရှုံးရမှာ ပိတ်လှောင်ခံရကို ကြောက်တတ်ကြပါတယ်..သူတို့ကလွတ်လွတ်လပ်လပ်သမားတွေဖြစ်တဲ့အတွက် စည်းဘောင်တွေကို လုံးဝမကြိုက်တတ်ကြပါဘူး။ သူတို့မမျှတဘူးထင်တဲ့ စည်းမျည်းစည်းကမ်းတွေကို ချိုးဖောက်ဖြစ်ဖို့လည်း ဝန်မလေးပါဘူး.
GEMINI
မေ ၂၁ – ဇွန် ၂၁
GEMINI တွေရဲ့ ရာသီခွင်အရ မပြီးပြည့်စုံသူများအဖြစ် ရှုမြင်ခံရမည်ကိုစိုးရိမ်ကြပါတယ်။ သူတို့လိုချင်တဲ့ပြည့်စုံခြင်းထက် လျော့နည်းတဲ့အရာတွေက သူတို့အားစိတ်ပျက်စေခြင်းဖြစ်စေပြီး Gemini တွေရဲ့ အကြီးမားဆုံးသောကြောက်ရွံ့ခြင်းက သူတို့ရဲ့ မြင့်မားသောမျှော်လင့်ချက်များကို ရရှိဖို့ ကျဆုံးမှာစိုးရိမ်နေတတ်ကြတာပါ။
Cancer
ဇွန် 22 – ဇူလိုင်လ 22
မနှစ်သက်ဖွယ်ဖြစ်မှာက Cancerရဲ့ အကြီးမားဆုံးသောကြောက်ရွံ့မှုဖြစ်ပါတယ်။ သို့သော်ဒီရာသီခွင်နိမိတ်လက္ခဏာရဲ့စိုးရိမ်မှုတွေက အခြေအမြစ်မရှိဖြစ်တတ်ပါတယ်။ ဆိုလိုချင်တာက သူတို့မနှစ်မြို့တာတွေအတွက် အလွယ်တကူစိတ်ဆိုးလွယ်တာကိုပြသတတ်တာမျိုးပါ။ ဘာကိုချစ်ဖို့မကောင်းတာလဲ မနှစ်မြို့တာလဲ ဆိုတာ သေသေချာချာရှိတာမျိုးလည်းမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က ခနလောက် အနည်းငယ်စိတ်ဆိုးပုံပြပြီးရင် သူ့အပြုံးတွေကို သူ့နှုတ်ခမ်းမှာပြန်ဆင်မြန်းထားတတ်ပါတယ်။
Leo
ဇူလိုင် ၂၃ – သြဂုတ် ၂၂ ရက်
သတိထားမခံရမှာကို ကြောက်ခြင်းကတော့ Leoတွေရဲ့ အဓိကအကြောက်ဆုံးလက္ခဏာဖြစ်ပါတယ်။ လူအုပ်ကြီးအလယ်မှာ သူ့ကို သတိထားတာ အာရုံစိုက်တာကိုသူတို့က ကြိုက်တယ် နှစ်သက်တတ်ကြပါတယ်။ များသောအားဖြင့် သူတို့တွေဟာ လူတွေအများကြီး အလယ်မှာလည်း ထင်းနေတတ်ကြပါတယ်။ အဲ့ဒီလိုဖြစ်ရတာကို ကြိုက်သလို သူ့အရောင်မှေးမှိန်သွားမှာကိုလည်းကြောက်တတ်ပါတယ်.
VIRGO
သြဂုတ် 23 – စက်တင်ဘာ ၂၂
ကမောက်ကမ ပရမ်းပတာဖြစ်မှာကိုကြောက်တာက Virgo ၏အကြီးမားဆုံးကြောက်ရွံ့မှုဖြစ်ပါတယ်။ အစီအစဉ်မကျ က မောက်ကမ တွေဟာ Virgoတွေအတွက် ကြောက်စရာဖြစ်ပေမယ့်လည်း စနစ်တကျနှင့်တစုတစည်းတည်းဖြစ်ခြင်းကတော့ ဒီရာသီခွင်တွေရဲ့ ပျော်ရွှင်မှုကိုသော့ချက်ပဲဖြစ်ပါတယ်။
LIBRA
စက်တင်ဘာ 23 – အောက်တိုဘာ 22
ဆွဲဆောင်မှုမရှိဖြစ်မှာကိုကြောက်တဲ့စိတ်ကတော့ Libra ရဲ့အကြီးမားဆုံးကြောက်ရွံ့မှုသဘောပဲဖြစ်ပါတယ်။ အရာအားလုံးကိုလှပပြီးသဟဇာတဖြစ်စေတဲ့အရာတွေကိုနှစ်သက်သူတစ် ဦး ဖြစ်တဲ့ Libra ဟာအရုပ်ဆိုးပြီးဖရိုဖရဲဖြစ်မှုကသူတို့ကိုထိတ်လန့်စေပါတယ်။ တခြားသူတွေနဲ့ယှဉ်ရင်ကို သာနေချင်တဲ့ စိတ်ကြောင့် သူတို့ကိုယ်တိုင် မနှစ်မြို့စရာကောင်းတဲ့ ရုပ်ရည်အသွင်အပြင် ကြည့်မကောင်းမှာစိုးတာကတော့ သူတို့အကြောက်ဆုံးအရာပါပဲတဲ့။
SCORPIO
အောက်တို 23 – နိုဝင်ဘာ 21
Scorpio ကိုအခြားသူများနှင့်နှိုင်းယှဉ်ဖို့ခက်ခဲပါတယ်၊ထိလွယ်ရှလွယ် ထိခိုက်လွယ်တဲ့အတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ နာကျင်ရမှာ သူတို့ရဲ့အကြီးမားဆုံးကြောက်ရွံ့ခြင်းဖြစ်ပါတယ်။ သူတို့ကလွယ်လွယ်ကူကူနာကျင်တတ်သလို လွယ်လွယ်ကူကူ အတိုက် ခိုက်ခံရမှာကို ကြောက်နေတတ်တာပါ။
Sagittarius
နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁
Sagittarius ကတော့ ထောင်ချောက်တွေ ပိတ်မိနေမှာ ထွက်ပေါက်မရှိမှာတွေကိုကြောက်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာထောင် ချောက်မိမှာတွေကို သူတို့က မကြောက်ပေမယ့် စိတ်ပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာ၊ သူတို့ရဲ့စိတ်ကူးတွေကို ပိတ်လှောင်ခံထားရမှာကို ကြောက်တတ်ပါတယ်။ သူတို့က လွတ်လပ်စွာရွေးချယ်ခွင့်က တားဆီးနိုင်တဲ့ ထောင်ချောက်တွေအားလုံးကို ကြေ ာက်ကြပါတယ် အဲ့ဒီလိုအရာတွေကိုလည်းရှောင်ပါတယ်.
CAPRICORN
ဒီဇင်ဘာလ 22 – ဇန်နဝါရီ 19
Capricorn ရဲ့ အကြီးမားဆုံးကြောက်ရွံ့ခြင်းကတော့ “ငြင်းပယ်ခြင်း ငြင်းပယ်ခံရမှာ”ကိုပဲ ဖြစ်ပါတယ်။ သူတို့က”ကိုယ်ကိုကိုယ် တစ်ခုခုရှက်ရွံ့နေသလိုဖြစ်နေတတ်ပြီး ငြင်းပယ်ခံရမှာကိုစိုးရိမ်သောကြောင့် အဲ့ဒီအရာကို အပြင်ထုတ်ပြလိုက်ရင် ငြင်းပယ်ခံရမှာကိုကြောက်နေတာမျိုးပါ.
AQUARIUS
Jan 20 – Feb 18
ဒီရာသီခွင်တွေရဲ့အကြီးမားဆုံးကြောက်ရွံ့မှာက သူတို့ရဲ့ တက်ကြွမှု သန်မာမှု စွမ်းအင်တွေ ဆုံးရှုံးမှာကိုဖြစ်ပါတယ်။ အိုမင်းခြင်း၊ ကျန်းမာရေးဆုံးရှုံးခြင်းနဲ့ သူတို့တစ်ချိန်ကရရှိခဲ့တဲ့ စွမ်းအင်တွေဆုံးရှုံးသွားမှာက Aquarian ရဲ့ အကြီးမားဆုံးသောကြောက်ရွံ့ခြင်းပဲဖြစ်ပါတယ်။ အခြားသူများအပေါ်မှီခိုခြင်းထက်အခြားသူတွေက သူတို့ကိုလာအားကိုးခြင်းမျိုးတွေက Aquarius တွေကိုစိတ်ပျက်စေပါတယ်။
PISCES
ဖေဖော်ဝါရီ ၁၉ – မတ် ၂၀ ရက်
ချစ်ခြင်းမေတ္တာဆုံးရှုံးသွားရမှာ ကိုစဉ်းစားခြင်းမိလိုက်တာနဲ့ကြောက်နေတတ်တာက PISCESတွေရဲ့ ကြောက်ရွံ့ခြင်းပဲဖြစ်ပါလိမ့်မယ်။ တစ်စုံတစ်ခုကို ဆုံးရှုံးရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေဖြစ်လာမှာကို ကြောက်တာဟာ အခြားသော နိမိလက္ခဏာတွေထက် ပိုတဲ့ PISCESတွေရဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်..
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity