မြန်မာနှစ်သစ်မှာ ကံဇာတာ ပြောင်းလဲလာမယ့် နာမည်များ
lotaya.mpt.com.mm
|
2020-04-29

မြန်မာနှစ်သစ် ၁၃၈ ၂ ခုနှစ်အတွင်း ကံဇာတာ အတက်အကျ၊ အဆိုးအကောင်းများ သိသာထင်ရှားစွာ ပြောင်းလဲ ဖြစ်ပျက်လာနိုင်သည့် နာမည်အမျိုးအစားများကို ခွဲခြားပြထားပါသည်။ အမည်နာမကိုသာ ဦးစားပေးတွက်ချက်ထားခြင်း ဖြစ်၍ နေ့သားသမီးဟောကိန်းနှင့် မတူကြောင်း မှာကြားလိုပါသည်။

ကံဇာတာ အားနည်းလာနိုင်သော နာမည်များ

(၁) အင်္ဂါအစ အင်္ဂါအဆုံး အမည်များ

(ဥပမာ - စန်းစန်း၊ ဇော်မင်းစိုး၊ ဆုမြတ်စံ ၊ စန်းမြင့်ဇော်၊ စိုးစံ ၊ စသည်..)

(၂) သောကြာအစ စနေအဆုံး အမည်များ

(ဥပမာ - သန်းထွန်း၊ သောင်းထွဋ်၊ ဟိန်းထက် ၊ ဟန်ထူး ၊ သော်တာ စသည်..)

(၃) စနေအစ သောကြာအဆုံး အမည်များ

(ဥပမာ - တင်ဟန်၊ ထွန်းသိုက်၊ ထက်မင်းသန့်၊ ထူးအောင်သစ် စသည်..)

ဖော်ပြပါ နာမည် (၃) မျိုးသည် မြန်မာနှစ်သစ် ၁၃၈၂ ခုနှစ်အတွင်း မိမိတို့ မူလဇာတာ၏ အင်အားပေါ် မူတည်၍ ကံဇာတာ နိမ့်ပါးမှုကို အနည်းနှင့်အများ ကြုံတွေ့ခံစားရတတ်သဖြင့် အစစအရာရာ သတိပြု နေထိုင်ကြရန်နှင့် ကိုးကွယ်ရာ ဘာသာအလိုက် ကောင်းမှုကုသိုလ် လုပ်ကြရန် လိုအပ်ပါသည်။

ကံဇာတာ တိုးတက်မြင့်မားလာမည့် နာမည်များ

(၁) တနင်္ဂနွေအစ တနင်္လာအဆုံး အမည်များ

(ဥပမာ - အောင်ခိုင် ၊ အေးကျော် ၊ ဥက္ကာ ၊ အောင်ခန့် စသည်..)

(၂) တနင်္ဂနွေအစ တနင်္ဂနွေအဆုံး အမည်များ

(ဥပမာ - အောင်အောင်ဦး ၊ အံ့ထူးအောင် စသည်..)

(၃) ကြာသပတေးအစ တနင်္လာအဆုံး အမည်များ

(ဥပမာ - မင်းခန့်၊ ဖြူသက်ခိုင်၊ ပိုင်သုခ ၊ ဘုန်းကျော် စသည်..)

ဖော်ပြပါ နာမည် (၃) မျိုးသည် ၁၃၈၂ ခုနှစ်အတွင်း ကောင်းသော အပြောင်းအလဲသစ်များ၊ ကံဇာတာ တိုးတက်မြင့်မားမှုများကို မိမိတို့ ၏ မူလဖွားဇာတာအလိုက် အနည်းနှင့်အများ ကြုံတွေ့ ခံစားရပါမည်။ ကံကောင်းမည့်သူများ ဖြစ်သည့်အလျောက် ကိုယ်တိုင်က ကြိုးစားအားထုတ်ခြင်း ၊ ဘာသာတရားနှင့် အညီ ကုသိုလ်ယူ ကျင့်ကြံအားထုတ်ခြင်းများ ဆောင်ရွက်ပါက အတိုင်းထက်အလွန်ပင် ဖြစ်သည်။

သတိပြုရန်မှာ အထက်ပါဟောကိန်းများသည် နေ့သားသမီးကို အခြေခံထားခြင်း မဟုတ်ဘဲ နာမည် တည်ဆောက်ပုံနှင့် ကောဇာဂြိုဟ် ရပ်တည်ပုံကို တွက်ချက်ထားခြင်းသာ ဖြစ်၍ နာမည်နှင့် ကိုက်ညီမှု ရှိမှသာ ဟောကိန်းက အသက်ဝင်ပါလိမ့်မည်။

မြန်မာနှစ်သစ်မှာ ၇ ရက်သားသမီးအားလုံး ကျန်းမာ၊ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#အဆုံး
#ဟောကိန်း
#နာမည်
#ဥပမာ
#နှစ်သစ်

Some text some message..