
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၀-၅-၂၀၂၀ ) မှ ( ၁၆-၅-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
အလုပ်နေရာ၊ အိမ်နေရာ၊ ပြင်ဆင်မွမ်းမံရခြင်း၊ ပြောင်းရွှေ့ရခြင်းလုပ်ဆောင်ရတတ်၏၊ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်များ ပေါ်လာလိမ့်မည်။ မထင်မှတ်ထားသောငွေအစုလိုက် အပြုံလိုက် ဝင်ကိန်းရှိသည်။
လူယုံလွယ်မှုကို သတိထားဆင်ခြင်သင့်သည်။ မွေးမြူရေးလုပ်ငန်း၊ စာပေကိရိယာရောင်းဝယ်၊ ငွေကြေးလုပ်ငန်းများ၊ အလှကုန်ပစ္စည်းလုပ်ငန်း၊ ရေနံလုပ်ငန်း အကျိုးပေး၏။ အထက်လူကြီးထံမှ စောင့်ရှောက်မှုရရှိမယ်။ သားသမီးအကျိုးခံစားခွင့်နည်းအံ့။ ဂုဏ်ရှိန်ကြီးမားသော အသိုက်အဝန်းမှဖူးစာဆုံခြင်း၊ စစ်မှန်သောဖူးစာရှင်နှင့် ဆုံစည်းနိုင်မည်။ ကြာသပတေး၊ သောကြာအကျိုးပေးမည်။ ကျန်းမာရေး သွား ခံတွင်းအရိုးမီးယပ်ဝမ်းဗိုက် ဝေဒနာဖြစ်ပွားနိုင်၏။ ၂၀၂၀-ခု မေလ (၁၀)ရက် ၁၃၈၂ခု ကဆုန်လဆုတ် (၄)ရက် တနင်္ဂနွေနေ့
ယနေ့ ပန္နက်ရိုက်၊ ကျင်းတူး၊ အုတ်မြစ်ချခြင်း တိုင်ထူ၊ ရှင်ပြု နားသပြုလုပ်ခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ စတော်ဘယ်ရီသီး လှူပြီး သွားပါ။
အကျိုးပေးဂဏန်း - (၁.၃.၅)
အကျိုးပေးအရောင် - အဝါနှင့်နို့နှစ်ရောင်
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - အိမ်ဘုရားမှာ အောင်သပြေဝေဝေဆာဆာနှင့် စတော်ဘယ်ရီဖျော်ရည် ကပ်လှူ ဆုတောင်းပါ။
တနင်္လာသားသမီး
လစ်ဟင်းသောစီမံခန့်ခွဲမှုကြောင့်အမြတ်အစွန်းနည်းမည်။ လူမှုဆက်ဆံရေး၌ အပြောအဆို မှားတတ်ခြင်းကြောင့် အပေါင်းအသင်းမိတ်ဆွေများနှင့် စိတ်ဝမ်းကွဲတတ်ပြီး အပေါင်းအသင်းမှား၍ ဒုစရိုက်နှင့်မလွတ်ကင်းနိုင်သော အလုပ်များ လုပ်မိနိုင်၍ သတိနှင့်ရှောင်ကြဉ်ရမည်။ အကျိုးတူလုပ်ငန်းများ ရှောင်ကြဉ်သင့်သည်။
စူးစမ်ရှာဖွေခြင်းလုပ်ငန်းများ၊ ဖုန်းနှင့်ဆက်ပစ္စည်းအရောင်းအဝယ် တို့အကျိုးပေး၏။ ဇနီးသည်နှင့်သဘောထားကွဲလွဲနိုင်ပြီး လူမှုရေးရှုပ်ထွေးမှုများ ကြုံနိုင်၏။ ဇနီးဘက်မှဆွေမျိုးများနှင့် အချင်းများတတ်သည်။ ကျန်းမာရေးအနေဖြင့် အဆုတ်အသည်း ဝေဒနာ နှင့် မကြာခဏခေါင်းကိုက်ခြင်း ဖြစ်ပွားနိုင်သည်။
၂၀၂၀-ခု မေလ (၁၁)ရက် ၁၃၈၂ခု ကဆုန်လဆုတ် (၅)ရက် တနလာၤနေ့
ယနေ့ ဘုရားအနေကဇာတင်၊ ထီးတင်၊ ပန္နက်ရိုက်၊ တိုင်ထူ၊ ဝိဝါဟမင်္ဂလာ၊ လက်ထပ်၊ နာမည်မှည့်၊ ဆေးဖော်၊ ဆေးခန်းဖွင့် အစုရှယ်ယာဝင်ခြင်း အချစ်ရေးစကားပြောခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ လိမ္မော်ရည် လှူပြီး သွားပါ။
အကျိုးပေးဂဏန်း - (၃.၅.၂)
အကျိုးပေးအရောင် - မီးခိုးနှင့်အစိမ်းရောင်
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - ဘုရားမှာ ကံကော်(၁၅)ညွန့်နှင့် လိမ္မော်ရည်တစ်ခွက် ကပ်လှူ ဆုတောင်းပါ။
အင်္ဂါသားသမီး
အပေါင်းသင်းမိတ်ဆွေများတိုးပွားမယ်။ စီးပွားရေးတွင်အခွင့်အလမ်းကောင်းများနှင့်ကြုံ တွေ့ရတတ်။ ဘဏ်လုပ်ငန်း၊ သရုပ်ဆောင်လုပ်ငန်း၊ အိမ်ဆောက်နှင့်စက်သုံးဆီးလုပ်ငန်း တို့အကျိုးပေး၏။ ပျိုရွယ်သူများချစ်ခင်စုံမက်သူများမယ်။ အချစ်ရေးတွင် စန်းပွင့်သော်လည်း အိမ်ထောင်ရေးတွင် အလျင်စလိုမဆုံးဖြတ်သင့်။ အိမ်ထောင်ရေး သဘောထားကွဲလွဲမှုများ မကြာခဏကြုံရတတ်။ စိတ်တည်ငြိမ်စွာ လုပ်ငန်းကိစ္စများ ဆောင်ရွက်လျှင်ပိုမိုအောင်မြင်မယ်၊
ပညာရေးတွင် အခွင့်လမ်းကောင်းများနှင့် ကြုံတွေ့နိုင်ပြီး ကြိုးစားလျှင် ရည်မှန်းချက် အောင်မြင်နိုင်၏။ တနင်္ဂနွေ ကြာသပတေး အကျိုးပေးမည်။ ကျန်းမာရေး အထွေအထူး မရှိပါ။
၂၀၂၀-ခု မေလ (၁၂)ရက် ၁၃၈၂ခု ကဆုန်လဆုတ် (၆)ရက် အင်္ဂါနေ့
ယနေ့ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထက် ဝိဝါဟမင်္ဂလာ မြေသန့်မင်္ဂလာ၊ ခရီးသွားကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် မာလကာသီးဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၅.၉.၃)
အကျိုးပေးအရောင် - ဖက်ဖူးနှင့်အဖြူ ရောင်
အကျိုးပေးအရပ် - အရှေ့တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - အိမ်ဘုရားမှာ အဝါရောင်ပန်းများ ဝေဝေဆာဆာနှင့် ပန်းသီး၊ မာလကာသီး ကပ်လှူ ဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
ရေတွင်းရေကန်၊ အဝီစိတွင်းတူးခြင်းလုပ်ငန်း၊ မိတ်ဆွေသစ်များနှင့်အစုရှယ်ဝင်ခြင်းများ ယာဉ်ပစ္စည်းရောင်းဝယ်ခြင်း အကျိုးပေး၏။ ဆွေမျိုးသားခြင်းများနှင့်အကျိုးတူလုပ်ငန်းများ အကျိုးပေးနည်းမယ်။ လူလိမ်ငွေလိမ်ခံရမယ်။ ညအချိန်မတော် အသိသတိလွတ်ပြိး မသွားသင့် မလုပ်သင့်သောနေရာ သတိပြုပါ။ ထိခိုက်ဒဏ်ရာ ကြုံတွေ့ရတတ်သလို အဖမ်းဆီးခံထိလိမ့်မည်။
တနင်္လာဗုဒ္ဓဟူးတို့နှင့် အကျိုးပေးကောင်း၏။ မောင်နှမဆွေမျိုးသားချင်းတို့၏ ငြိုငြင်မှုခံရသော်လည်း ၎င်းတို့ထံမှ အကူအညီအထောက်အပံ့ရရှိနိုင်၏။ သားသမီးအ တွက်စိတ်ပူပန်ရတတ်။ အိမ်ထောင်ရေးတွင် မကြာခဏငြင်းပွားရတတ်အံ့။ အမျိုးသမီးများ ချမ်းသာဂုဏ်မောက် ကြွားဝါမှုရှောင်ကြဉ်သင့်သည်။ ဒေါသထိန်း၍အများနှင့်လိုက် လျောညီစွာ နေနိုင်လျှင်ကံကောင်းနိုင်၏။ ကျန်းမာရေးတွင် ဦးနှောက်နှင့်အာရုံကြော၊ ကျီးပေါင်းရောဂါခံစားရနိုင်၏။ ၂၀၂၀-ခု မေလ (၁၃)ရက် လူပြည်ပြဿဒါး၊ ၁၃၈၂ခု ကဆုန်လဆုတ် (၇)ရက် ယနေ့ ရေတွင်းရေကန်၊ အဝီစိတွင်းတူးခြင်း၊ စေ့စပ်၊ လက်ထပ်ဝိဝါဟမင်္ဂလာ၊ အိမ်ပြောင်း၊ အစုရှယ်ယာဝင်ခြင်း၊ ကျောက်သွေးလောင်းခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သနပ်ခါးဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၈.ဝ.၆)
အကျိုးပေးအရောင် - အစိမ်းနှင့်ပန်းရောင်
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - မိမိနေ့နံဂြိုဟ်ဘုရားတွင် တနင်္ဂနွေဂြိုဟ်ဘုရားမှ အတာအိုးနှင့် ရေအပြည့်ထဲ အုန်းညွန့်သက်စေ့ စိုက်၍ ကပ်လှူဆုတောင်းပါ။
ကြာသပတေးသားသမီး
အာဏာပိုင်အဖွဲ့စည်းများ၏ ကူညီမှုပံ့ပိုးမှုရရှိတတ်၏။ ဘာသာရေးကိစ္စများ အောင်မြင်မည်။ ဆိုင်းဘုတ်လုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်း၊ အလှပြင်နှင့်ဖက်ရှင်လုပ်ငန်းများ ဆေးဝါးလုပ်ငန်းတွေ အကျိုးပေး၏။ မထင်မှတ်ပဲရပ်ဝေးမှဖူးစာရှင်နှင့် တွေ့ရတတ်သည်။ အိမ်ထောင်ရေးသုခ ချမ်းသာရခြင်းနှင့် ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထက် မင်္ဂလာပါ ပြုရကိန်းရှိပြီး အလှူအတန်း စိတ်ကူး အကောင်အထည်ဖော်နိုင်မယ်။ သို့သော်လည်း သားဦး၊ သမီးဦး ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထက် မင်္ဂလာပါ အခါရှောင်ပါ။ လွဲမှားသောဆုံးဖြတ်ချက်နှင့် သူတပါးပြစ်တင်ကဲ့ရဲ့မှု ရှောင်နိုင်လျှင် အထူးအောင်မြင်မယ်။ တနင်္ဂနွေသောကြာသားသမီးတို့အကျိုးပေးကောင်း။
ကျန်းမာရေး ခါး ဒူး မျက်စိ ဝေဒနာခံစားရနိုင်၏။ ၂၀၂၀-ခု မေလ (၈)ရက် ရက်ရာဇာ ဝါရမိတ္တု
၁၃၈၂ခု ကဆုန်လဆုတ် (၈)ရက် ကြာသပတေးနေ့ နေ့လယ်(၁၁း၃၅)နာရီအတွင်း ဘုရားတည်၊ ထီးတင်၊ ပဉ္စင်းခံ၊ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်၊ အဝီစိတွင်းတူး၊ တိုင်ထူ၊ အိမ်ပြောင်း၊ ဆေးခန်းဖွင့်၊ အချစ်ရေးစကားပြောခြင်း တို့ကောင်း၏။
(တနင်္ဂနွေဂြိုဟ် ညစက် ၉း၄၅မိနစ်လွန် ပြိဿရာသီ ပြောင်းဖြစ်၍ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်မင်္ဂလာ အခါရ၏။ သို့သော်လည်း သားဦး၊ သမီးဦး ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထပ်မင်္ဂလာ အခါရှောင်ပါ။)
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ပိန်းညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၅.၄.၁)
အကျိုးပေးအရောင် - ခရမ်းနှင့်အညိုရောင်
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - အိမ်ဘုရားမှာ အဝါရောင်ပန်းများ ဝေဝေဆာဆာနှင့် ငှက်ပျောသီး နှင့် နွားနို့ရောပြီး သကြားဖြူး ဆွမ်းကပ်လှူလိုရာဆုတောင်းပါ။
သောကြာသားသမီး
အများအကျိုးအတွက်လူအများကိုဦးဆောင်နိုင်သော အစွမ်းသတ္တိနှင့်ပြည့်စုံမယ်။ သြဇာကြီးသူမှ ကူညီစောင့်ရှောက်မှုခံရအံ့။ ရာထူးပြောင်ရွှေ့ကိန်းရှိ။ကြေးသွန်းလောင်းခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ထီထိုး၊ အင်တာဗျူးခြင်း၊ အလုပ်သစ်လျှောက်ခြင်းကောင်းပြီး (၂၈ဝ)အတွဲ အပါ ထီထိုးပါ။ ကြေးသွန်းလောင်းလုပ်ငန်း၊ ရေလုပ်သားလုပ်ငန်း၊ ကျောက်မျက်ရတနာ အရောင်းအဝယ်နှင့် အဝတ်အထည် ရောင်းဝယ်ခြင်းများ အကျိုးပေး၏။ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနှင့် အကျိုးပေးမည်။ မိတ်ဆွေရင်းချာများနှင့်အကျိုးတူလုပ်ငန်းများတွင် သဘောထား ကွဲလွဲမှုရှိပြီး မဟုတ်မမှန်စွပ်စွဲချက်များခံရတတ်သည်။ ချစ်မှုရေးရာကံခေတတ်ပြီး အိမ်ထောင်ကျ ကံမကောင်းပါ။ အိမ်ထောင်ရေးမကြာခဏဆိုသလို အထင်မြင်လွဲမှားမှု ကြုံရတတ်သည်။ စကားမှားမှုကြောင့် အထင်လွဲခံရတတ်သည်။ ကျန်းမာရေး ဆီးကျောက်ကပ် အစာအိမ်အူလမ်းကြောင်းဝေဒနာဖြစ်နိုင်၏။ ၂၀၂၀-ခု မေလ (၁၅)ရက် နဂါးပြည်ပြဿဒါး
၁၃၈၂ခု ကဆုန်လဆုတ် (၉)ရက် သောကြာနေ့ ကြေးသွန်းလောင်းခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ထီထိုး၊ အင်တာဗျူးခြင်း၊ အလုပ်သစ်လျှောက်ခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဒန်းညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၂.၈.ဝ)
အကျိုးပေးအရောင် - မီးခိုးနှင့်အပြာနုရောင်
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - အိမ်ဘုရားမှာ တရားတော်ဂုဏ်တော် (၆)ပါးရွတ်ပွားပြီး မလိုင်မုန့် ကပ်လှူပါ။
စနသေားသမီး
လူမှုဆက်ဆံရေးတွင် ပရိယာယ်ကြွယ်ဝစွာ နေထိုင်ပြောဆိုတတ်မှုကြောင့် အခွင့်လမ်းကောင်းများ ရရှိနိုင်၏။ လုပ်ငန်းသစ်စတင်ခြင်း၊ ငွေကြေးချေးငှားခြင်း တို့ကောင်း၏။ ငွေရလမ်းကောင်းသော်လည်း လူမှုရေးကိစ္စများကြောင့် အကုန်အကျများမယ်။ အချစ်ရေး စကားပြောခြင်း ကောင်း၏။ ပညာရေးတွင် ကံကောင်းနိုင်သော်လည်း အိမ်ထောင်ရေးတွင် နားလည်မှုလွဲမှားခြင်းကို ရှောင်နိုင်လျှင်သာယာ၍ နှလုံးသားရေးရာတွင်လည်း အတားအဆီး အဖျက်ပေါ်လာနိုင်သည်။ ကျန်းမာရေးနှင့်ဆိုင်ရာပစ္စည်းအရောင်းအဝယ်၊ အိမ်ဆောက်ပစ္စည်းနှင့် ယာဉ်စက်ပစ္စည်းရောင်းဝယ်ခြင်းများ အကျိုးပေး၏။ ဗုဒ္ဓဟူးသောကြာတို့နှင့် အကျိုးတူ အောင်မြင်မည်။ ညအချိန်မတော် သတိလွတ်ပြိး မသွားသင့် မလုပ်သင့်သောနေရာ မသွားရန် သတိပြုပါ။ ထိခိုက်ဒဏ်ရာ ကြုံတွေ့ရတတ်သလို အဖမ်းဆီးခံထိလိမ့်မည်။ ကျန်းမာရေး ဝမ်းဗိုက်နှင့်ပတ်သက်သောဝေဒနာဖြစ်ပွားနိုင်၏။ ၂၀၂၀-ခု မေလ (၁၆)ရက် ရက်ရာဇာ
၁၃၈၂ခု ကဆုန်လဆုတ် (၁၀)ရက် စနေနေ့ အဓိဌာန်ဝင်ခြင်း၊ ရှင်ပြု နားသ၊ စေ့စပ်၊ လက်ထက် နာမည့်မှည့်၊ အဝီစိတွင်းတူး၊ ကျန်းမာရေးကုသမှုခံယူခြင်း၊ လုပ်ငန်းသစ်စတင်ခြင်း၊ ငွေကြေးချေးငှားခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သြဇာညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၄.၅.၈)
အကျိုးပေးအရောင် - ရွှေအိုးနှင့်ကြက်သွေးရောင်
အကျိုးပေးအရပ် - အနောက်တောင်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်
ယတြာ - အိမ်ဘုရားမှ ကြေးပန်းအိုးဖြင့် အုန်းညွန့်၊ သပြေညွန့်၊ သြဇာညွန့်(၇)ညွန့်စီနှင့် ငှက်ပျောသီး ကပ်လှူ လိုရာဆုတောင်းပါ။
ရာဟုသားသမီး
လုပ်ငန်းဟောင်းမှ အခွင့်အလမ်းကောင်းများကြုံရအံ့။ အထက်လူကြီးမြှောက်စားမှုခံရတတ်။ အများနှင့်မတူ ကြိုးစားမှုကြောင့် ရည်မှန်းချက်အောင်မည်။ ရုပ်ရှင်လုပ်ငန်း၊ သံနှင့်သံမဏိ သစ် သီးယိုလုပ်ငန်း၊ သတ္ထုရေနံကျောက်မျက်၊ ထီလုပ်ငန်းတို့ အကျိုးပေး၏။ အချစ်ရေးမှာတော့ စန်းပွင့်နေပြီး ကံကောင်းအခါ၌ မိမိကိုယ်တိုင်က ချစ်သူကို ကလေးငယ်လို လက်သာရာကို အရေးပေးနေမိတာမျိုးတွေ့ရပါတယ်။အိမ်ထောင်သည် အမျိုးသားများ မိန်းမကိစ္စ၊ စုတ်ကိစ္စ တွေမဖြစ်အောင်ထိန်းသိမ်းလိုက်ပါ။ ရှုပ်မိရင် ရှင်းရခက်ပါလိမ့်မယ်။ အပေါင်းသင်းတို့ထံမှ ငွေကြေးနှင့်လုပ်ငန်းအထောက်အပံ့ရရှိတတ်သည်။ လူမှုရေးပရဟိတအထူးလုပ်ဆောင်ရမည်။ ဆရာဝန် သူနာပြု ဆေးဘက် ဆေးဝါး ဆေးပင် ပညာရှင်အမျိုးသမီးများ စန်းလာဘ်တိုးမည့်ကာလဖြစ်သည်။ စိတ်သဘောကောင်းပါ တည်ကြည်ပါ ငြိမ်အေးပါ အဆက်အသွယ်ရမည်။ ထိုမှဘဝလမ်းတိုးတက်ပြောင်းလဲနိုင်သည်။
ကျန်းမာရေး အဆစ်ရောင်ရမ်းသောရောဂါဖြစ်နိုင်၏။ ၂၀၂၀-ခု မေလ (၁၃)ရက် လူပြည်ဿဒါး၊
၁၃၈၂ခု ကဆုန်လဆုတ် (၇)ရက် ရေတွင်းရေကန်၊ အဝီစိတွင်းတူးခြင်း၊ စေ့စပ်၊ လက်ထက် ည(၁၁း၁၂)နာရီလွန် ဝိဝါဟမင်္ဂလာ၊ အိမ်ပြောင်း၊ အစုရှယ်ယာဝင်ခြင်း၊ ကျောက်သွေးခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သနပ်ခါးဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၆.ဝ.၈)
အကျိုးပေးအရောင် - ပန်းရောင်
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - မိမိနေ့နံဂြိုဟ်ဘုရားထောင့် ရာဟုနံဘုရားတွင် ရဲ့ယိုညွန့်၊ သီးညွန့်(၁၂)ညွန့်နှင့် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရေသက်စေ့ ကပ်လှူ ထွန်းပူဇော်ပြီး ယိုများကပ်လှူ ဆုတောင်းပါ။
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။