
ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၇-၅-၂၀၂၀ ) မှ ( ၂၃-၅-၂၀၂၀) အထိဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီး
ငွေဝင်သလောက် ပြန်ထွက်နေမည် ကုန်နေရတတ်သည်။ အလုပ်ထဲတွင် အကြီးအကဲကြောင့် အနည်းငယ် စိတ်ညစ်ရတတ်သည်။ အလုပ်ပြောင်းချင်စိတ် ထွက်ချင်စိတ်ပေါ်တတ်သည်။
အဖေ သို့မဟုတ် အကိုကြီးအတွက် စိတ်ညစ်ရတတ်သည် ။ အဆင်မပြေဖြစ်တတ်သည်။ မိတ်ဆွေအပေါင်းအသင်း၏ အထင်လွဲတာခံရတတ်၊ ဆရာသမားကြောင့် စိတ်ညစ်ရတတ်သည်။
ကူသန်းရောင်းဝယ်မှုပြုသော် အမြတ်အစွန်းများမည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် စန်းပွင့်မည်။ ခြေနှစ်ချောင်း ဝင်ကိန်းရှိသည်။ အိမ်ထောင်ရှင်များအတွက် မိသားစုချင်း နွေးထွေးစွာ ဆက်ဆံပါ။ စည်းလုံးညီညွတ်ခြင်းဖြင့် စည်းစိမ်ဥစ္စာ တိုးပွားပါမည်။
စိတ်ရှည်ရှည်ထားပြီး သည်းခံစိတ်နှင့်လုပ်ကိုင်ပါ။ ကျန်းမာရေး အသက်ရှုကြပ်ခြင်း မောပန်းခြင်း ဖြစ်ပွားတတ်သည်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သက်ကယ်ညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၃.၉.၈)
အကျိုးပေးအရောင် - နို့နှစ်ရောင်
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - ဘုရားတစ်ဆူဆူ၏ တနင်္ဂနွေထောင့်မှာ ဖယောင်းတိုင် ဆီမီးသက်စေ့ပူဇော်ပါ။
တနင်္လာသားသမီး
အလုပ်အသစ် အကိုင်သစ်ပေါ်မည်။ ငွေအထုပ်အထည်နှင့်ဝင်ကိန်းရှိသည်။ အလှူကိစ္စ မင်္ဂလာ ကိစ္စများပေါ်မည်။ သားသမီးမင်္ဂလာသတင်းကြားရမည်။ ရွှေထည်ပစ္စည်း ဝင်ကိန်းရှိသည်။ လူဝင်ကိန်းရှိသည်။ အဆက်သွယ်သစ်တွေရမယ် အကူညီ အထောက်အပံ့ကောင်းတွေရမယ်။ ကြောင် ကျောက် ခွေးဝင်မည်။ ခြေနှစ်ချောင်းဝင်မည်။
သင်တန်းကိစ္စ မြေကိစ္စများ ပညာရေးကိစ္စများ အနည်းငယ် စိတ်ညစ်ရမည်။
ငယ်ရွယ်သူများ မင်္ဂလာ ကိစ္စပေါ်မည် အောင်မြင်မည်။ ငွေကြေးမစသူပေါ်မည်။
လူပျို၊ အပျိုများအဖို့ မထင်မှတ်ပဲ အိမ်ထောင်ကျတတ်သည်။ အိမ်ထောင်ဖက်ကောင်းရမည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေမည်။ မြေ မြင်း မိန်းမ ထွက်ပြီး ပြန်ဝင်တတ်သည်။ မိန်းမထွက်သော် ကြီးသောသူနှင့် ခိုက်ရန်ဖြစ်ပြီး ထွက်တတ်သည်။ မြေထွက်သော် မိမိအိမ်နှင့် မနီးမဝေးအရပ်က မြေဖြစ်မည်။ ကျန်းမာရေး ခြေလက်ထိခိုက်ဒဏ်ရာရတတ်သည်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဇွန်ညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၁.၃.၅)
အကျိုးပေးအရောင် - အဖြူရောင်
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့
ယတြာ - မနက်တွင် ဘုရားတစ်ဆူဆူ တနင်္လာထောင့်မှာ ထီးဖြူ (၁၅)လက်လှူ ပါ။
အင်္ဂါသားသမီး
လုပ်ငန်းသစ်တွေစရမယ်။ ပညာရေးဆိုင်ရာကိစ္စ အထူးအဆင်ပြေအောင်မြင်မည်။ ပညာထူးများရမည်။ သင်တန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။ သားသမီးမရှိသေးသူ အိမ်ထောင်သည်များ သားသမီးရကိန်းရှိသည်။ စက်ပစ္စည်း ပျက်တတ်၊ ထွက်တတ်သည်။ ခွေး၊ ကြောင်၊ ထွက်တတ် သူများလုပ်ကြံခြင်း ခံရတတ်သလို့ တိရိစ္ဆာန်ကြောင့် စကားအကြီးအကျယ်များရတတ်ပါသည်။ မြေကိစ္စ စိတ်ညစ်ရတတ် မြေထွက်တတ်သည်။ မိန်းမ အနှောက်အယှက်ပေါ်တတ်သည်။ အကြီးအကဲကြောင့် စိတ်ညစ်ရတတ်သည်။ အလုပ်ထဲတွင် ပြဿနာ ပေါ်တတ်သည်။ ရန်ဖြစ်ရတတ်သည်။ အစွပ်အစွဲ အပြောအဆို ခံရတတ်သည်။ သွေးထွက်သယို ဖြစ်တတ်သည်။ စုန်းပယောဂ ပြုစားခံရတတ်သည်။
နံနက်စောစောထပြီး သမ္မာဒေဝနတ်ကောင်း နတ်မြတ်တွေ မေတ္တာပို့ပေးပါ။ သူတို့က နိမိတ်ကောင်းတွေပေးရင်တော့ အညံ့တွေ ပျောက်သွားတတ်ပါတယ်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် စံပယ်ပန်းဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၂.၈.ဝ)
အကျိုးပေးအရောင် - အနီရောင်
အကျိုးပေးအရပ် - အရှေ့တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - မိမိ မွေးနံထောင့်ဘုရားမှာ နှင်းဆီပန်း (၁၀)ပွင့်လှူပါ။ ဘုရားမှာ သန့်ရှင်းရေး ကုသိုလ်ယူပါ။
ဗုဒ္ဓဟူးသားသမီး
ငွေအထုပ်ထည်နဲ့ ဝင်ကိန်းရှိ အလှူအတန်းကိစ္စများ မင်္ဂလာကိစ္စများ ပေါ်ပေါက်မည်။ အောင်မြင်လိမ့်မည်ဖြစ်၏။ အစိုးရ လူမျိုးကွဲ ကူညီမစမည်။ နိုင်ငံရပ်ခြားကိစ္စများ အဆင်ပြေအောင်မြင်မည်။ ထီး၊ ဖိနပ်၊ နာရီ အထည် လက်ဆောင်ရတတ်သည်။
အိမ်ပြောင်းခြင်း အိမ်ပြင်ခြင်းများကြုံရမည်။ အိုးပိုင် အိမ်ပိုင်ရတတ်သည်။ အိုးသစ် အိမ်သစ် ဝင်ကိန်းရှိသည်။ အိုးအိမ် နေရာ ထိုင်ခင်းကိစ္စများအဆင်ပြေအောင်မြင်မည်။ ဘာသာရေးဆိုင်ရာ ကိစ္စများတွင် အနည်းငယ် အဆင်မပြေဖြစ်ရတတ်သည်။ အထင်လွဲခံရတတ်သည်။ အနှောက်အယှက် အဖျက်ပေါ်တတ်သည်။ မထင်မှတ်ပဲ အိမ်ထောင်ကျတတ်သည်။ အိမ်ထောင်ဖက်ကောင်းရမည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေမည်။
ကျန်းမာရေး အထူးကောင်း၍ အချစ်ရေးကိစ္စတွင်အနည်းငယ်ညံ့သည်။ မိမိချစ်သူနှင့် ယာယီခွဲနေရတတ်သည်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ပေါက်ညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၉.၁.၅)
အကျိုးပေးအရောင် - ဆင်စွယ်ရောင်
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - ဘုန်းကြီးကျောင်းမှ ကောက်ညှင်းပေါင်းနဲ့ ဘယာကြော် ဒါနပြုပါ။
ကြာသပတေးသားသမီး
သွပ်၊ သံ၊ သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတက်၏။ အလုပ်ပြောင်း နေရာပြောင်း ရတတ်သည်။ ကောင်းသော ပြောင်းခြင်းဖြစ်မည်။ ကံတရားအနေနဲ့ အဆိုးမှ အကောင်းကို ပြောင်းမည်။ကောင်းနေသူများ ကောင်းသထက် ကောင်းလာမည်။ စက်ပစ္စည်းအသစ် ပြန်ဝင်ကိန်းလည်းရှိသည်။ စက်ပစ္စည်းများ အသစ်လဲရခြင်း၊ ထွက်နေသောပစ္စည်းများ ပြန်ဝင်ခြင်းများ ကြုံရတတ်၏။ လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း၊ ပျောက်ခြင်းဖြစ်တတ်၏။ မိတ်ဆွေရင်း၊လုပ်ဖော်ကိုင်ဖက်တို့က ဒုက္ခပေးတတ်၏။
ဆိုင်ကယ်စီးတာ၊ ကားစီးတာ မြင်းလှည်းစီးတာ စက်ဘီးစီးတာ သတိပြုပါ ထိခိုက်မိတတ်သည်။
ကျန်းမာရေး သွေးသားနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် သရက်ညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၆.၂.၇)
အကျိုးပေးအရောင် - ကြေးနီရောင်
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - ဘုရားတစ်ဆူတွင် ရေသပ္ပာယ်ပေးပါ။
သောကြာသားသမီး
စီးပွားရေးမကောင်းသေးပါ။ စီးပွားတက်တော့မလိုလိုနဲ့ တဖြည်းဖြည်း ကုန်သွားတတ်ပါတယ်။ ငွေအတွက်စကားများရတတ်သည်။ လုပ်ငန်းတွေမှာ အခက်ခဲတွေ့ရတတ်ပါတယ်။
အိမ်နားမှာ မီးလန့်ခြင်း လျှပ်စစ် ရှော့ဖြစ်ခြင်း ကြုံရတတ်သည်။ သောကြာသားသမီးကြောင့် ပြဿနာပေါ်တတ်သည်။ ရွှေထည်ပစ္စည်း ထွက်တတ်သည်။ သူခိုး ခိုးခံရတတ်သည်။
ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်း၊ အခြေအနေမြင့်တက်ခြင်းကြုံရလိမ့်မည်ဖြစ်၏။
အချစ်ရေးတွင် သောက ရောက်ရတတ်သည်။ အချစ်ရေးနှင့်အိမ်ထောင်ရေး သူတနေရာ၊ ကိုယ်တနေတာဝန်ထမ်ဆောင်ရတတ်။ တကွဲ၊ တပြားနှင့် သွေးအေးပြိး မမျော်လင့်သောအရာများ ဖြစ်ပေါလာတတ်။ အိမ်ထောင်ဘက်ကျန်းမာရေးညံ့ခြင်း၊ အမျိုးသမီးများအနေဖြင့် ပိုမိုဖြစ်လိမ့်မည်။ ကျန်းမာရေး ဝမ်းဗိုက် ရင်ဘတ်ပိုင်းဆိုင်ရာ အနည်းငယ်ညံ့တတ်သည်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာ နှင်းဆီပန်း (၃)ပွင့် လှူပြီး သွားပါ။
အကျိုးပေးဂဏန်း - (၅.၇.၃)
အကျိုးပေးအရောင် - အပြာရောင်
အကျိုးပေးအရပ် - အရှေ့
အကျိုးမပေးရှောင်ရန်အရပ် - အနောက်
ယတြာ - နံနက် (၆းဝဝ) သစ်သီး(၆)လုံး ၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ(၃)ခွက်၊ ဖယောင်းတိုင်(၃)တိုင် ဘုရားလှူ ဆုတောင်းပါ။
စနသေားသမီး
စီပွားတက်ခြင်း ၊ အလုပ်အကိုင် တိုးတက်ခြင်းများကြုံမည်။ ရာထူး တိုးတက်ကိန်းရှိသည်။ မိတ်ကောင်းဆွေကောင်း တွေ့မည်။ အခုပတ်ထဲမှာ မြေတွေဘာတွေ ဝင်လာတတ်ပါတယ်။ မိန်းမလည်းဝင်ကိန်းရှိပါတယ်။ ငွေအလွန်ရွှင်နေမည့် ကာလဖြစ်သည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်၏။ ရွှေဝင်မည် ရတနာပစ္စည်းများဝင်မည်။ သင်တန်းတစ်ခုတက်ရခြင်း၊ ပညာကောင်းရခြင်းများကြုံမည်။ မိတ်ဆွေကောင်း၊ဆရာကောင်းများ တွေ့မည်။
မမျော်လင့်ပဲ လက်အောက်ငယ်သားများရဲ့ ဆန့်ကျင် တော်လှန်မှုတွေကို ကြံရတတ်သည်။
အချစ်စစ် အချစ်မှန် ဖူးစာမှန်များနှင့် ဆုံတွေ့ရခြင်း မိမိကိုတန်ဖိုးထား ဂရုစိုက်သော ချစ်သူနှင့်ဆုံတွေ့ရပြီး အလွန်လိုက်ဖက်သောစုံတွဲဟု ပတ်ဝန်းကျင်၏ အထင်ကြီးအားကျခြင်းကို ခံရမည်။ ချစ်သူအပေါ် မာနထားတာလျှော့လိုက်ပါက အချစ်ရေးအဆင်ပြေမယ်။
အိမ်ထောင်ရေးကံကောင်းနေသော်လည်း ကိုယ်ကျင့်တရားကို အထူးဂရုစိုက်ထိမ်းသိမ်းသင့် မိမိအိမ်ထောင်ဖက်အပေါ်သစ္စာရှိပါ။ မိမိအိမ်ထောင်ဖက်ကို တန်ဖိုးထားပါ။
ကျန်းမာရေးညံလိမ့်မည်။ ဆေးရုံ၊ဆေးခန်းသွားရတတ်၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် အုန်းညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၂.၃.၉)
အကျိုးပေးအရောင် - အညိုရောင်
အကျိုးပေးအရပ် - အနောက်တောင်
အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်
ယတြာ - ရဟန္တာအရှင်သူမြတ်အပေါင်းတို့အား အသီး(၃)လုံး၊ ပန်းအဖြူ(၅)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင် ပူဇော် လိုရာဆုတောင်းပါ။
ရာဟုသားသမီး
အလုပ်ထဲတွင် စိတ်မပါသလို ဖြစ်တတ်သည်။ အိမ်မှာနေရတာကို မပျော်ပဲဖြစ်နေတတ်သည်။ စိတ်ပင်ပန်း စိတ်လေနေရတတ်သည်။ စိတ်လိုက်မာန်ပါ တဇွတ်ထိုး လုပ်မိလျှင် အမှားများကြုံရတတ်သည်။ အကြောင်းအမျိုးမျိုးကြောင့် မြည်တွန်တောက်တီးစရာတွေ ပေါနေတတ်ပါတယ်။ သူတစ်ပါးအတွက် အာမခံတာမျိုး ကိုယ်စားလိုက်ပြီး ပြောတာမျိုးမလုပ်ပါနဲ့။ ဒုက္ခရောက်တတ်ပါတယ်။ အချစ်ရေးကိစ္စရပ်များတွင် အလေးနက်တန်းဖိုးထား ဆက်ဆံလာမည်။ စစ်မှန်သော ဖူးစာရှင်နှင့်ဆုံစည်နိုင်သည်။ မောင်နှမကြောင်းနှင့် ဘေးတစ်စိမ်း တစ်ပါးသူတစ်ဦးကြောင်းအချစ်ရေးအိမ်ထောင်ရေး အခက်တွေ့မည်။ ကျန်းမာရေး ဝမ်းဗိုက် ၊ လေ ၊ လည်ပင်း ၊ ရေချိုးမှားခြင်း နှင့် ပက်သက်သော ရောဂါဝေဒနာများ သတိထားသင့်။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ပေါက်ညွန့်ဆောင် သွားပါ။
အကျိုးပေးဂဏန်း - (၁.၅.၉)
အကျိုးပေးအရောင် - ငွေရောင်
အကျိုးပေးအရပ် - တောင်
အကျိုးမပေးရှောင်ရန်အရပ် - မြောက်
ယတြာ - ဘုန်းကြီးကျောင်းမှ သီးစုံဟင်းပေါင်း ဆွမ်းကပ် ဒါနပြုပါ။
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။