
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မေလ ၂၉ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ စက်မှု၊ လက်မှုလုပ်ငန်းများ နှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အနည်းငယ်ကြုံရတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါက အထက်လူကြီး၏ အထင်အမြင်လွဲမှားခံရခြင်း၊ သံသယဖြစ်တတ်ခြင်းများ ရှိနေတတ်၍ သတိထားနေထိုင်သင့်ပါတယ်။ သောကြာ သားသမီးရဲ့ ဒုက္ခပေးခြင်း ခံရတတ်ပြီး အလုပ်ထဲမှာ ထိုနေ့နံသားသမီးတွေရှိနေရင် အထူးရှောင်ကြဉ်လိုက်ပါ။ အိမ်အနီးအနားမှာ အပူသည်ရှိတတ်ပြီး မိမိဆီလာရောက်ပြောဆိုလျှင် လက်မခံပါနဲ့ အလိမ္မာနဲ့ ရှောင်ရှားလိုက်ပါ။ ဆေးဝါး၊ ဆန်၊ စားသောက်ကုန်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပြီး ရေသန့်လုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်းရှင်များ ကောင်းမွန်နေပါတယ်။ မိသားစုထဲမှာ မိမိနဲ့အတိုက်အခံ ပြုနေသူ ရှိတတ်ပြီး အဆိုပါသူကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။ အိမ်ထောင်သည်ဖြစ်ပါက အိမ်ခွဲနေလိုစိတ်ဖြစ်နေပြီး အိမ်နေရာထိုင်ခင်း ရရှိဖို့ အခက်အခဲလည်း ဖြစ်နေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ အခုအတိုင်းဆက်ရှိနေတာက ပိုအဆင်ပြေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်အောင့်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိကြီးကဲသူတစ်ဦးအား အဝတ်အစားဝယ်ယူကန်တော့လိုက်ပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီရက်မှာ အစစအရာရာ အဆင်ပြေလာတာတွေ့ရမှာပါ။ စီးပွားတွဲဖက်လုပ်ကိုင်သူတွေထံမှ အကူအညီများလည်း ရရှိလာမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေလည်း အဆင်ပြေချောမွေ့ပါလိမ့်မယ်။ အိမ်အနီးအနားမှာ ရှင်ပြုအလှူ၊ မင်္ဂလာအလှူရှိရင် ၅အစ ၅အဆုံး ထီထိုးပေးပါ။ အစိုးရဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ရော အောက်လက်ငယ်သားတွေနဲ့ပါ အဆင်ပြေပါလိမ့်မယ်။ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ အလုပ်တာဝန်ပိခြင်း ဖြစ်တတ်ပြီး စိတ်ဖိစီးတတ်ချိန်ဖြစ်ပါတယ်။ ရွှေ၊ ငွေ၊ ကျောက်မျက် ဝင်လာတတ်ပြီး ရွှေဝင်လျှင် မိဘ၊ ကြီးကဲသူတစ်ဦးဦးအား အဝတ်အစားလှူဒါန်းပေးပါ။ အိမ်နေရာထိုင်ခင်းအသစ် ဝင်ကိန်း ပြောင်းရကိန်းရှိနေပြီး အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင် ကျန်းမာရေးချို့တဲ့တတ်ပါတယ်။ လမ်းသွားရင်း သူတပါးကိစ္စဝင်စပ်စုရင်း ပြဿနာတက်တတ်လို့ သတိပြုပါ။ ဝင်မပါရင်အကောင်းဆုံးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ စနေ၊ သောကြာနာမည်ပါသူတွေရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ လက်တွဲရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ရေး သာယာနေမယ့် အချိန်ပါ။ ပညာရေးမှာ နိုင်ငံခြားဘာသာစကားသင်တန်းတစ်ခုခု တက်ရောက်ရကိန်းရှိပြီး စာမေးပွဲဖြေဆိုမှုရှိလျှင် ထူးချွန်စွာအောင်မြင်တတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအဆိပ်သင့်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကိုကာကိုလာဘူး ကပ်လှူဆုတောင်းပါ။
အင်္ဂါ - လက်ရှိလုပ်ငန်းစီးပွားကို တိုးချဲ့ဖို့ ကြံရွယ်ထားရင် အမြန်သာလုပ်ဆောင်လိုက်ပါ။ လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိလုပ်ငန်းနဲ့ လုပ်ငန်းသဘာဝမတူတဲ့လုပ်ငန်းမျိုးတွေလည်း စတင်ဖို့ ကောင်းမွန်တဲ့အချိန်ဖြစ်ပါတယ်။ စားသောက်ကုန်၊ အသင့်စားပစ္စည်း နဲ့ အထည်အလိပ်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အကျိုးဆောင်၊ ကန်ထရိုက်လုပ်ငန်းရှင်များ လုပ်ငန်းအေးနေတတ်ပါတယ်။ အိမ်အနီးအနားမှာ မီးလန့်ရင် ၁အစ ၃အဆုံးထီထိုးပေးပါ။ ရွှေရောင်း၊ ရွှေပေါင်ရကိန်းရှိပြီး အိမ်ခြံမြေ အမှုကိစ္စလည်း မထင်မှတ်ပဲ ရှုပ်လာတတ်ပါတယ်။ အမျိုးထဲက တစ်ယောက်ယောက် ဒုက္ခပေးလို့ မိသားစုထဲ စိတ်ဝမ်းကွဲရတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ အချစ်ရေးမှာ တာဝန်မဲ့တဲ့ ချစ်သူနဲ့ ဆုံတွေ့ရတတ်ပြီး ချစ်သူရဲ့ မိသားစုကလည်း မိမိအပေါ် အမြင်မကြည်တာမျိုး ကြုံရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ မိသားစုအတွက် ငွေကုန်တတ်ပါတယ်။ ပညာရေးမှာ စိတ်မဝင်စားပဲ သင်တန်းအပ်ထားရင်လည်း အဆုံးထိ မတက်ဖြစ်ပဲ ရှိတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အမျိုးသမီး သားအိမ်ရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဇွန်ပန်း ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူးသားသမီးတွေအတွက် လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ လုပ်ငန်းပူးပေါင်းလုပ်ကိုင်သူတွေက မယုံမကြည်ဖြစ်တတ်ပြီး စပ်တူရှယ်ယာလုပ်ငန်း လုပ်ကိုင်သူများ သတိပြုရမယ့် ကာလပါပဲ။ ဒီရက်ပိုင်းမှာ အစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်တတ်ပါတယ်။ ရွှေပန်းထိမ်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး ဆန်စက်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ ခရီးသွားလာခြင်းများ သတိပြုသင့်ပြီး လမ်းခရီးမှာ ကားပျက်တာသော်လည်းကောင်း ကားအက်ဆီးဒန့်သော်လည်းကောင်း ဖြစ်တတ်လို့ ဒီရက်မှာ ခရီးသွားဖို့ ပြင်ဆင်ထားရင် ရက်ပြောင်းလိုက်ပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးရဲ့ မျက်နှာသာပေးခြင်း ခံရတတ်ပြီး အလုပ်ခွင်မှာ နေရာကောင်း ရရှိတတ်ပါတယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ တကိုယ်တည်းပဲ ဆက်ရှိနေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူရဲ့ မိဘတွေနဲ့ တွေ့ဆုံရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ သားသမီးကြောင့် စိတ်ချမ်းသာရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အူအတက်ခွဲရတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။
ယတြာ - ဘုရားတွင် ရွှေထမင်းကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေကတော့ ကိုယ်နဲ့ရင်းနှီးသူတွေကပဲ မိမိ ဂုဏ်သိက္ခာကျဆင်းစေမယ့် ကိစ္စမျိုး ပြုမူလာတတ်ပါတယ်။ မိသားစုထဲက အကြီးအကဲတစ်ဦးဦး ကျန်းမာရေးညံ့နေတာကြောင့် သတိထားသင့်ပါတယ်။ လုပ်ငန်းသစ်ကနေ ငွေဝင်မယ့် ကာလလို့လည်း ဆိုနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဝန်ထမ်းတွေရဲ့ အထင်အမြင်လွဲမှားခြင်းကို ခံရမှာဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းခွင်မှာ အတိုက်အခံကြုံရတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊ အချိုရည် လုပ်ငန်းများ ကောင်းမွန်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်တွေကတော့ အနည်းငယ်အခက်အခဲ ရှိနိုင်ပါတယ်။ ပညာရေးအတွက် နိုင်ငံရပ်ခြားသွားရကိန်းရှိနေပေမယ့် အကြောင်းတစ်ခုခုကြောင့် ပျက်ပြယ်သွားရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ ဖူးစာဆုံလာရတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ လက်ရှိအချစ်ရေးကို စိတ်ကုန်နေတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိအိမ်ထောင်ဖက်ရဲ့ ကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ကတော့ သွားကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ရွှေဆိုင်းကပ်လှူပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ နာမည်ဂုဏ်သတင်းတိုးတက်ခြင်း၊ ကျော်ဇောခြင်း၊ အဆက်အသွယ်ကောင်းများ ရလာခြင်း၊ လုပ်ငန်းအဆင်ပြေခြင်းတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ဘာပဲလုပ်လုပ် အဆင်ပြေပြီး အောင်မြင်မှုတွေရရှိနေလိမ့်မယ်။ ထူးခြားစွာ အောင်မြင်နိုင်တဲ့ အချိန် ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်ရွယ်ထားတဲ့ ရည်မှန်းချက်သို့ရောက်အောင် ရဲရဲကြီးလုပ်ချလိုက်ပေတော့လို့ ပြောလိုက်ပါတယ်။ ငွေအလွန်ရွှင်မယ့် အချိန်ဖြစ်ပါတယ်။ ထီထိုးသင့်တဲ့ အချိန်ကာလဖြစ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေလည်း ဝင်လာတတ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေမယ့် ကာလဖြစ်ပြီး လူမျိုးခြားနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးအမြတ်ကောင်း ရရှိပါလိမ့်မယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လက်အောက်ငယ်သားများရဲ့ ပုန်ကန်မှု ခံရတတ်ပါတယ်။ အလုပ်ရှင်ရဲ့ ယုံကြည်မှုကို ရရှိနေမယ့် အချိန်ဖြစ်ပြီး မနာလိုသူတွေရဲ့ တိုက်ခိုက်မှုကိုတော့ သတိပြုရမှာပါ။ ချစ်သူမရှိသေးသူတွေရော ချစ်သူရှိပြီးသူတွေပါ စန်းပွင့်သောအချိန်ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး အစစအရာရာ စိတ်ချမ်းသာရမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနေနဲ့ လည်ချောင်းနာတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင်ပေါက်ပေါက်ဆုပ် ကပ်လှူပေးပါ။
သောကြာ - အဆင်မပြေ လွဲချော်မှုတွေ များနေတတ်ပါတယ်။ ကိုယ်ထင်ထား၊ တတ်ထားတာတွေနဲ့ ဖြစ်တာတွေက တစ်ခြားစီ ဖြစ်နေတတ်ပါတယ်။ ငွေလည်း မထွက်သင့်ဘဲ ထွက်နေမယ်။ ဝင်စရာရှိတာတွေ မဝင်ဘဲ ဖြစ်လိမ့်မယ်၊ ရစရာရှိတာရော၊ ပေးစရာရှိတာရော၊ မရှင်းမလင်းဖြစ်နေမယ်။ မထင်မှတ်တဲ့ခရီးတွေ သွားရတတ်တယ်။ မိတ်ဆွေ၊ ဆရာသမားတွေဆီက မထင်မှတ်တဲ့ အကူအညီတွေ ရလာတတ်ပါတယ်။ စနေနံလုပ်ငန်းတွေ နိုင်ငံခြား၊ လူမျိုးခြားနှင့်ပတ်သက်တဲ့ လုပ်ငန်းတွေ ဒီအချိန်မှာ ကောင်းပါတယ်။ အလုပ်ပြောင်းချင်စိတ်တွေ ပေါ်လာတတ်တယ်။ အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပေမယ့် အရမ်းကြီးစိုးရိမ်စရာတော့ မရှိပါဘူး။ စားသောက်ကုန်လုပ်ငန်း၊ အိမ်ထောင်ပရိဘောဂ လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အနုပညာလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲရှိနေမယ့် အချိန်ဖြစ်ပါတယ်။ တနင်္လာ၊ သောကြာ သားသမီးများ၏ အကူအညီဖြင့် လုပ်ငန်းအောင်မြင် တိုးတက်နိုင်ပြီး ငွေဝင်သလောက် ပြန်ထွက်နေမယ့် အချိန်လည်း ဖြစ်ပါတယ်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက်နှင့် ခရီးသွားရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ စိတ်ဖိစီးလွန်းပြီး စိတ်ကျရောဂါ ဖြစ်ပွားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သောက်တော်ရေကပ်လှူဆုတောင်းပေးပါ။
စနေ - အလုပ်အကိုင် အကြံအစည်များ အောင်မြင်နေတတ်ပြီး မမျှော်လင့်ဘဲ ငွေဝင်နေမယ့် ကာလဖြစ်ပါတယ်။ ကြိုးစားသလောက် ပစ္စည်းဥစ္စာ တိုးတက်ကြီးပွားနိုင်မှာဖြစ်ပြီး စီးပွားရေးပညာရှင်များ၊ အယ်ဒီတာများ၊ ထုတ်ဝေသူများ၊ ကောက်ပဲသီးနှံ ရောင်းဝယ်သူများအဖို့ အကျိုးပေး ထက်သန်နေမယ့် ကာလလည်း ဖြစ်ပါတယ်။ ငွေကြေးအပေးအယူအတွက် ဘုရားတရားပိုလုပ်ပေးပါ။ ယာယီရောင်းဝယ်ဖောက်ကားမှု အပြိုင်အဆိုင်များနေမယ့် ကာလဖြစ်ပြီး ကာလရှည် လှောင်ထားတဲ့ ကုန်စည်များအတွက် အရှုံးပေါ်တတ်ပါတယ်။ ကျောက်မျက်ရတနာလုပ်ငန်း၊ ရွှေထည်လုပ်ငန်းများ ကောင်းမွန်နေပြီး လက်အောက်ငယ်သား သစ္စာဖောက်တတ်လို့ သတိပြုသင့်ပါတယ်။ ငွေပေးငွေယူလုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ခြင်းကနေ လတ်တလောဆုံးရှုံးမှုက ပိုများနေမှာဖြစ်လို့ ရေရှည်သည်းခံနိုင်မှ လုပ်ငန်းချဲ့သင့်ပါတယ်။ လုပ်ငန်းသဘာ၀ အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲ ရုတ်တရက် ရာထူးတိုးခြင်း၊ အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ပညာရေး အနည်းငယ်ညံ့နေပြီး ကြိုးစားနိုင်မှ အောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ ရင်ခေါင်းနဲ့ ရင်ဘတ်ဆိုင်ရာ ရောဂါတွေဖြစ်ပွားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ထမင်းကြော် ကပ်လှူပေးပါ။
LEO
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။