၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၃၁.၅.၂၀၂၀ မှ ၆.၆.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-05-31

ဗေဒင်သုတ (အွန်လိုင်းဗေဒင်စာစောင်) တည်ထောင်သူ ၊ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ပညာသုတေသီ ဆရာဧက ဟောပြောထားတဲ့ (၇) ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်း (၃၁.၅.၂၀၂၀ မှ ၆.၆.၂၀၂၀ အထိ) ကို လိုတရ ဗေဒင်ပရိတ်သတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - အလုပ်ထဲမှာ အမြင်မတူသူတွေ၊ ဆန့်ကျင်တိုက်ခိုက်သူတွေနဲ့ ရင်ဆိုင်ရကိန်း ရှိတယ်။ ဘာပဲလုပ်လုပ် အနှောင့်အယှက်တွေ ရှေ့က ခံပြီးမှ အဆင်ပြေလိမ့်မယ်။ ဒီကာလမှာ အလုပ်သစ်တွေ တိုးချဲ့တာ၊ စတင်တာမျိုး မသင့်ဘူး။ ငွေကြေးကိစ္စမှာ အဝင်လည်း ရှိသလို အထွက်လည်း များမယ်။

ကျန်းမာရေး - ဒီအပတ် ကျန်းမာရေး အညံ့ ကြီးကြီးမားမား မရှိပေမယ့် ဂရုတော့ စိုက်ရလိမ့်မယ်။

လူမှုအိမ်ထောင် - အချစ်ရေးကိစ္စကြောင့် စိတ်ညစ်ရမယ်။ အိမ်ထောင်သည်တွေဆို လက်တွဲဖော်နဲ့ ခဏခဏ တကျက်ကျက် ဖြစ်နေတတ်တယ်။ ကိုယ်တိုင်ကလည်း အရာရာ အလိုမကျ ဖြစ်နေမယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေဝါရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၄

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ဗုဒ္ဓဟူး

ယတြာ - ကိုယ့်မွေးနံ တနင်္ဂနွေထောင့်မှာ အလင်းတိုင် ၇ တိုင် ပူဇော် ဆုတောင်းပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - ဒီအပတ် လုပ်ငန်းကိုင်ငန်းတွေ သိပ်မကောင်းသေးဘဲ အရှုံးအမြတ်လည်း မကွဲပြားဘဲ ဖြစ်နေမယ်။ ကိုယ်တိုင်က အတွေးမှား၊ ဆုံးဖြတ်ချက် မှားလို့ ရသင့်ရထိုက်တာတွေနဲ့ လွဲချော်လိမ့်မယ်။ စီစဉ်ထားတာတွေ ဖြစ်မလာဘဲ ကြုံသလို စခန်းသွားရမယ်။ ငွေကြေးကိစ္စမှာ သတိထား လုပ်ကိုင်ပါ။

ကျန်းမာရေး - ကိုယ်ခံအားနည်းသလို ဖြစ်နေပြီး တရှောင်ရှောင် ဖြစ်လိမ့်မယ်။ အသွားအလာ သတိပြု ဆင်ခြင်ဖို့ လိုတယ်။ မလိုအပ်ဘဲ ခရီးသွားတာတွေ မလုပ်ပါနဲ့။ တတ်နိုင်သမျှ ငြိမ်ငြိမ်လေး နေပါ။

လူမှုအိမ်ထောင် - အပေါင်းအသင်းကောင်းတွေဆီက အကူအညီတွေ ရမယ်။ ဒါပေမယ့် မိသားစုရေး စိတ်ညစ်စရာ များမယ်။ အချစ်ရေးကံ ကောင်းမွန်ပေမယ့် ကိုယ်တိုင်က အမှား များနေတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အရောင်ရင့်၊ အညိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ

ယတြာ - အိမ်က ဘုရားကို သန့်ရှင်းရေး လုပ် ရေသပ္ပါယ်ရင်း ကံကောင်းလာဖို့ ဆုတောင်းပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ရည်ရွယ်တာတွေ မဖြစ်လာဘဲ အကြံအစည်တွေလည်း အကောင်အထည် ဖော်ဖို့ရာ ခက်နေပါလိမ့်မယ်။ ဒီအပတ်မှာ အလုပ်ထဲ အခက်အခဲလေးတွေ မကြာခဏ တွေ့ရတတ်ပြီး လူမှုရေး ပြဿနာကြောင့်လည်း စိတ်ညစ်ရတတ်တယ်။ ငွေကြေးကံကတော့ အသင့်တင့် ကောင်းနေပါတယ်။

ကျန်းမာရေး - ဒီတစ်ပတ်မှာ စိတ်လေလွယ်ပေမယ့် ကျန်းမာရေး အညံ့ကတော့ မရှိသလောက်ပါပဲ။

လူမှုအိမ်ထောင် - အများနဲ့ တစ်ယောက်ဆိုသလို ဖြစ်နေတတ်လို့ ပြင်ပပေါင်းသင်းဆက်ဆံရေးရော အိမ်တွင်းမိသားစုကိစ္စမှာပါ ဗီလိန်ကြီးလို ဖြစ်နေမယ်။ နှလုံးသားရေးမှာလည်း အညံ့ ကြုံတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အစိမ်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၄

ကံကောင်းစေတဲ့ အရပ် - တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး

ယတြာ - မနက်စောစော နေထွက်ချိန်နဲ့ ညနေ နေဝင်ချိန်တိုင်းမှာ ဘုရားမီး ပူဇော် ကုသိုလ်ယူပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - အလုပ်တွေက အစကောင်းသလောက် အနှောင်း မသေချာသလို ဖြစ်နေတတ်တယ်။ ဒါပေမယ့် မိတ်ဆွေ အပေါင်းအသင်းရဲ့ အကူအညီနဲ့ အခြေအနေ ကောင်းတွေ ဖန်တီးနိုင်ပါလိမ့်မယ်။ ပြည်ပနဲ့ ဆက်သွယ် လုပ်ကိုင်နေသူတွေ အဆင်ပြေမယ်။ ငွေဝင်ခါနီးတိုင်း စိတ်ညစ်ရတတ်တယ်။

ကျန်းမာရေး - ဒီအပတ် ကျန်းမာရေးကတော့ အားနည်းချက် မရှိဘဲ ကောင်းမွန်နေပါလိမ့်မယ်။

လူမှုအိမ်ထောင် - ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နဲ့ အဆင်မပြေတာလေးတွေ အဖြစ်များလာမယ်။ ဒါပေမယ့် ရေရှည်ပြဿနာ မဟုတ်ဘဲ ပြန်ပြေလည်သွားမယ်။ အိမ်တွင်းရေးရာ စိတ်ချမ်းသာရမယ်။

ကံကောင်းစေတဲ့ အရောင် - အနက်ရောင်၊ ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ

ယတြာ - မွေးနေ့မနက်/ည ၉ နာရီ အိမ်က ဘုရားမှာ သောက်တော်ရေ ကိုယ်တိုင် ကပ်လှူပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ် အလုပ်အကိုင် စီးပွားရေးမှာ သတိထား လုပ်ရလိမ့်မယ်။ ကိုယ်လုပ်လိုက်ရင် လွဲတာက များပြီး မှန်တာက နည်းမယ်။ ဘာကိုမှ စွန့်စား မလုပ်သေးဘဲ လက်ရှိအလုပ်လေးကို ဆက် ထိန်းထားသင့်တယ်။ ငွေရေးကြေးရေးကိစ္စ စိတ်ပူရမယ်။ အကုန်အကျတွေလည်း သိပ်များနေမယ်။

ကျန်းမာရေး - သွားလာလှုပ်ရှားမှု များလို့ လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်ရမယ်။ အနားယူ ပေးပါ။

လူမှုအိမ်ထောင် - နှလုံးသားရေးရာမှာ ဝေ့လည်ကြောင်ပတ်တွေ ဖြစ်နေမယ်။ ဆန္ဒနဲ့ အခြေအနေက ထပ်တူ မကျဘဲ လွဲချော်မယ်။ လူပျိုအပျို အသွားအလာ ဆင်ခြင်ရမယ်။ အိမ်ထောင်သည်တွေက သိပ် မထူးခြားဘဲ ပုံမှန်အတိုင်း ရှိမယ်။

ကံကောင်းစေတဲ့ အရောင် - အနီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ၊ ကြာသပတေး

ယတြာ - ဘုရားစေတီ၊ ဘုန်းကြီးကျောင်းဝန်းထဲ ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေး လုပ်ပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - စိတ်တိုင်းကျ မဟုတ်ပေမယ့် ဒီအပတ်မှာ အများအားဖြင့် အလုပ် ငွေကြေးစီးပွားတွေ အောင်မြင်မှု ရပါလိမ့်မယ်။ လုပ်ငန်းသစ်တွေလည်း စမ်းသပ် တိုးချဲ့ကြည့်လို့ ရပြီး အောင်မြင်မှုလည်း ရရှိနိုင်တယ်။ တစ်ခုသတိထားရမှာက စကား တည်၊ ကတိမပျက်ဖို့ပါပဲ။ ကျန်တာ အဆင်ပြေပါတယ်။

ကျန်းမာရေး - ဒီအပတ် ကျန်းမာရေး ထူးထူးခြားခြား အညံ့ မရှိပါ။ အစားအသောက်ပဲ ဆင်ခြင်ပါ။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာ စိတ်ချမ်းသာ ကျေနပ်ရမယ့် သီတင်းပတ်ပါပဲ။ နားလည်မှုတွေ ရယူနိုင်သလို ပြဿနာတွေ ရှိရင်လည်း ပြန်ပြေလည် အေးချမ်းသွားပါလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ကြက်သွေးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ဗုဒ္ဓဟူး

ယတြာ - သက်ကြီးဝါကြီးတစ်ဦး (သို့မဟုတ်) သံဃာတစ်ပါးကို ထီး လှူလိုက်ပါ။

စနေနေ့ဖွား

အလုပ်အကိုင် - နာမည်ဂုဏ်သတင်း ကြီးမားမယ့်၊ ကိုယ်လုပ်ကိုင်သမျှကို အားလုံးက အသိအမှတ်ပြု မော့ကြည့်ရမယ့် အချိန်ပါ။ အလုပ်အကိုင် စီးပွားရေးတွေ ကြိုးစားတာထက်ကို ပို အောင်မြင်နေမယ်။ လုပ်ချင် ဖြစ်ချင်တဲ့ အရာတွေအတွက် အစွမ်းကုန် ကြိုးစားပါ။ ကံတရားက ကိုယ့်ဘက်မှာ ရှိနေတယ်။

ကျန်းမာရေး - သာမန် ကိုယ်လက် မအီမသာ ဖြစ်တာမျိုးက လွဲရင် အားလုံး ကောင်းနေပါလိမ့်မယ်။

လူမှုအိမ်ထောင် - ချစ်သူရည်းစားကိစ္စမှာ နီးရက်နဲ့ ဝေးသလို ခံစားရမယ်။ ဘာမဟုတ်တာလေးနဲ့ ပြဿနာ တက်လွယ်မယ်။ ပြီးတော့လည်း ဘာမှမဟုတ်ပြန်ဘူး။ အိမ်ထောင်သည်တွေဆို ဝေးနေ ခွဲနေရသူဆို အဆင်ပြေပြီး နီးနီးနေရင် မတည့်တတ်ဘူး။ ဒီအပတ်မှာ ဘာလုပ်လုပ် မိတ်ဆွေရင်းတွေ ရင်းနှီးသူတွေနဲ့ တိုင်ပင်ပြီးမှ ကြံစည် ဆောင်ရွက်ပါ။ အားကိုးရသူတွေ ပေါ်လာပါလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - ဖက်ဖူးရောင်၊ အညိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ ဗုဒ္ဓဟူး

ယတြာ - စေတီတစ်ဆူ (သို့မဟုတ်) ဘုန်းကြီးကျောင်းမှာ တစ်ညတာ မီးအလှူရှင် လုပ်ပေးပါ။

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ယတြာ
#အပတ်
#အလုပ်အကိုင်
#အိမ်ထောင်
#ဂဏန်း

Some text some message..