မေလ ၃၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-05-31

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မေလ ၃၁ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေ အနေနဲ့ စနေနံလုပ်ငန်းရှင်များ အနည်းငယ် အညံ့ရှိနေပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လူဒုက္ခပေးတတ်ပါတယ်။ လုပ်ငန်းမှာ စာရင်းအင်းပိုင်း လုပ်ကိုင်ရသူတွေအနေနဲ့ သတိထားလုပ်ကိုင်သင့်ပြီး သူတပါးပြဿနာက ကိုယ့်ပြဿနာဖြစ်လာတတ်ပါတယ်။ အမှုအခင်းဖြစ်တတ်တာကြောင့် ငွေပေးငွေယူ ကိစ္စတွေကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူများ အကျိုးများနေပြီး တနင်္ဂနွေသားသမီး ဒုက္ခပေးတတ်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့ဖို့ ကြံရွယ်ထားတယ်ဆိုရင် ဒီနေ့မှာ မလုပ်သင့်သေးပါဘူး။ ကိုယ်တိုင်ဖြစ်စေ သူတပါးအိမ်ထောင်ရေးဖြစ်စေ အိမ်ထောင်ရေးအရှုပ်အရှင်းတွေကိုလည်း ဖြေရှင်းရတတ်ပြီး အိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပါတယ်။ အချစ်ရေးမှာတော့ ကိုယ့်အပေါ်လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနတဆင့်မြင့်စေမယ့် သင်တန်းမျိုး တက်ရောက်ရကိန်းရှိပါတယ်။ ကျန်းမာရေးအနေနဲ့ အလုံးစုံကောင်းမွန်နေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အာလူးပူရီဘုရားကပ်လှူဆုတောင်းပါ။

တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ မိသားစု မောင်နှမတွေရဲ့ အထောက်အပံ့ ရရှိမှာဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာမှာလည်း အလုပ်ရှင်ရဲ့ယုံကြည်စွာ တာဝန်ပေးခြင်း ခံရပါလိမ့်မယ်။ လုပ်ငန်းမှန်သမျှ အောင်မြင်စွာ လုပ်ဆောင်နိုင်မယ့် အချိန်လည်း ဖြစ်ပြီး လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းသဘောသဘာဝမတူတဲ့ လုပ်ငန်းမျိုး ထပ်တိုးချဲ့လုပ်ခွင့်ရလာပါလိမ့်မယ်။ အိမ်အလှဆင်ပစ္စည်းလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး ရေသန့်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ ယာဉ်၊ စက်ပစ္စည်းသစ် ဝင်ကိန်းရှိပြီး ဝင်လာလျှင်ကောင်းမွန်ပါတယ်။ ဝန်ထမ်းများအနေနဲ့ လုပ်ငန်းတွဲဖက်လုပ်ကိုင်နေသူကတစ်ဆင့် အလုပ်နေရာရာထူးတိုးတက်ခြင်း လစာပိုကောင်းတဲ့ အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်းမျိုး ရှိတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လုပ်ငန်းဌာနတဆင့်မြင့်စေမယ့် သင်တန်းမျိုး တက်ရောက်ရကိန်းရှိပါတယ်။ အချစ်ရေး ၊ အိမ်ထောင်ရေး အစ ပညာရေး၊ ကျန်းမာရေးအဆုံး အလုံးစုံကောင်းမွန်နေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ငှက်ပျောသီး ကပ်လှူပေးပါ။

အင်္ဂါ - ဒီနေ့မှာ အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်း လုပ်ကိုင်သူများ အကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထား လုပ်ဆောင်သင့်ပါတယ်။ ဒီရက်မှာ ကြားကနေ အာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်သလို ငွေစုခြင်း၊ စုမဲဝင်ခြင်း၊ လေလံဆွဲခြင်း၊ လုပ်ငန်းတင်ဒါလိုက်ခြင်း အစရှိတဲ့လုပ်ငန်းပိုင်းတွေမှာလည်း အနည်းငယ်ညံ့နေလို့ အထူးသတိထားလုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းမွန်နေပြီး ပညာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ ခေါင်းမူးခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ ကျန်းမာရေး အနည်းငယ် ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီး အိမ်ပေါ်ကအဆင်း လှေကားကနေ ချော်ကျတတ်လို့ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အရေးကြီးကိစ္စရပ်များအတွက်စွယ်တော်ရွက်ဆောင်သွားပါ။

ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် နေအိမ်နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ ပြဿနာ အကြီးအကျယ်တက်တတ်ပြီး အိမ်ငှားနေသူများဆိုလျှင် အိမ်ရှင်က ဖယ်ခိုင်းခြင်း နှင်ချခြင်းမျိုး ကြုံရတတ်ပါတယ်။ အိမ်အနီးအနားမှာ အလှူကြီးပေးသည်ကို ကြုံလျှင် ထီထိုးပေးပါ။ (၃)အစ (၂)အဆုံး ပါရှိသောထီဖြတ်ပိုင်းကို မရရအောင် ရှာဖွေဝယ်ယူ၍ ထီထိုးပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းတွင်းပြိုင်ဆိုင်မှုတွေကြား နေ့စဉ်စိတ်ညစ်နေရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ခြင်း မပြုလုပ်သင့်တဲ့ အချိန်ဖြစ်ပြီး လက်ရှိလုပ်ငန်းတွေလည်း အနည်းငယ် အေးနေပါလိမ့်မယ်။ လုပ်ငန်းတိုးချဲ့ဖို့ ကြံရွယ်ထားသူတွေအနေနဲ့လည်း ဒီနေ့မှာ မလုပ်သင့်သေးပါဘူး။ ရေသန့်လုပ်ငန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူများ အကျိုးများနေပြီး တနင်္ဂနွေနံလုပ်ငန်းရှင်များ အနည်းငယ် အညံ့ရှိနေပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ နှစ်ဖက်မိဘနဲ့ အကြောင်းမရှိအကြောင်းရှာ ပြဿနာ ဖြစ်တတ်ပြီး အချစ်ရေးမှာတော့ ချစ်သူရဲ့ အကြောင်းမဲ့ ပစ်ပယ်ခြင်း ခံရတတ်ပါတယ်။ ပညာရေးအနည်းငယ်ညံ့နေပြီး နိုင်ငံရပ်ခြား ပညာတော်သင် လျှောက်ထားသူများအနေဖြင့် ပယ်ခံရတတ်လို့ သတိပြုပါ။ သင်တန်းသစ် တက်ရောက်ဖို့ ကြံရွယ်ထားရင် မကောင်းတဲ့ သင်တန်းဖြစ်နေတတ်လို့ သေချာလေ့လာပြီးမှ တက်ဖို့ အကြံပြုချင်ပါတယ်။ ကျန်းမာရေးအနေနဲ့ အစာအဆိပ်သင့်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီး အောင်မြင်မှု ရယူနိုင်ပါတယ်။

ယတြာ - ဘုရားတွင် ရဲယိုညွှန့်ကပ်လှူဆုတောင်းပေးပါ။

ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီရက်ပိုင်းမှာ လုပ်ငန်းတိုးတက်မှုတွေ ခေတ္တနှောင့်နှေးနေပါလိမ့်မယ်။ မှန်းထားသလောက် ငွေကြေးအဝင်မရှိပဲ ကြွေးတင်တတ်ပါတယ်။ အောင်မြင်မယ်ထင်ပြီး တိုးချ့ဲမိတဲ့ လုပ်ငန်းတွေကလည်း စိတ်ညစ်ရတတ်ပါတယ်။ ဒါပေမယ့် မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာကိန်း ရှိပါတယ်။ အဖျော်ယမကာနဲ့ ဆေးဝါး၊ ကျောက်မျက်ရတနာရောင်းဝယ် ဖောက်ကားသူများ ကောင်းမွန်နေမယ့် အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးထွက်ရကိန်းလည်း ရှိပါတယ်။ စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများ သတိထားသင့်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ အရှုံးပေါ်တတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လူနဲ့ အထက်လူကြီးကြားညပ်တတ်ပါတယ်။ စနေ၊ အင်္ဂါသားသမီးတွေရဲ့ အကူအညီနဲ့ လုပ်ငန်းတစ်ချို့ အောင်မြင်နိုင်ပါလိမ့်မယ်။ ပညာရေးအသင့်အတင့်ရှိနေပြီး အချစ်ရေးမှာ စနေ၊ အင်္ဂါနံ နာမည်ပါသူတွေရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ကတော့ အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူပန်ရတတ်လို့ သတိပြုပါ။ ကျန်းမာရေးအနေနဲ့ အသည်းရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်းလုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - လမ်းတွင်တွေ့သောကလေးတစ်ယောက်အား မုန့်ဖိုးပေးလိုက်ပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီး အတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။ ပုံမှန်ထက်ငွေဝင်ခြင်း အဆင်ပြေခြင်းများ ကြုံတွေ့ရမယ့် နေ့ရက်တစ်ရက်ပါပဲ။ စီးပွားရေးလုပ်ငန်းတိုးချဲ့မှုများ အောင်မြင်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်များကတော့ အခက်အခဲ အနည်းငယ်ကြုံရနိုင်ပါတယ်။ စားသောက်ကုန်လုပ်ငန်း၊ ရေသန့် အချိုရည်လုပ်ငန်းများ ဝင်ငွေကောင်းနေပါလိမ့်မယ်။ ဆောက်လုပ်ရေးသုံး ပစ္စည်းရောင်းဝယ်သူတွေအနေနဲ့ လူလိမ်ခံရတတ်ပြီး ငွေစုငွေချေး စာချုပ်စာတမ်းကိစ္စတွေမှာ ဝင်မပါတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အိမ်အနီးအနားမှာ မုဆိုးမ၊ တစ်ခုလပ်ရှိနေတတ်ပြီး နာရေးသော်လည်း ရှိတတ်ပါတယ်။ အိမ်အနီးအနားမှာ မီးလန့်ရင် ၆ အစ ၈ အဆုံး ထီထိုးပေးပါ။ ပညာရေးမှာ အနည်းငယ်ညံ့နေပြီး စာကို စိတ်မဝင်စားဖြစ်နေတတ်ပါတယ်။ ချစ်သူမရှိသးသူများ ဒီအတိုင်းပဲ ဆက်ရှိနေမှာဖြစ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူနဲ့ ကတောက်ကဆ ဖြစ်တတ်ပြတ်စဲရတတ်ပါတယ်။ ကျန်းမာရေးမှာ မိမိကလွဲပြီး အိမ်ရှိလူကုန် မကြာခဏဖျားနာနေမယ့် အချိန်ဖြစ်ပြီး ဆေးရုံ၊ ဆေးခန်း ရောက်ကိန်းရှိနေပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၂နာရီကနေ နေ့လည် ၁နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ယတြာ - ဘုရားတွင် မက်စ်အချိုရည်တစ်ပုလင်း ကပ်လှူဆုတောင်းပါ။

သောကြာ - လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။အလုပ်ကနေ ငွေတွေဆက်တိုက် ဝင်နေပါလိမ့်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့တော့ လုပ်ငန်းတိုးချဲ့သင့်တဲ့အချိန်ပါပဲ။ ဒီနေ့မှာ စနေ၊ အင်္ဂါ သားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်မှုမျိုး သတိပြုရပါမယ်။ ယာဉ်နဲ့ စက်ပစ္စည်းလုပ်ငန်း လုပ်ကိုင်သူတွေ၊ ကားအရောင်းအဝယ်သမားတွေ အဆင်ပြေနေမယ့် ကာလပါပဲ။ လုပ်ငန်းစပ်တူလုပ်ကိုင်သူတွေကတော့ ငွေလိမ်ခံရကိန်းရှိနေပါတယ်။ ဆန်လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ သတိပြုသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ရေလုပ်ငန်း၊ ပင်လယ်ထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး အဖိုးတန်ပစ္စည်းလက်ဆောင်ရကိန်း ရှိနေပါတယ်။ အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူကြောင့် မျက်နှာပွင့်ရကိန်းရှိပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်း တိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။

ယတြာ - ဘုရားတွင်သရက်ပြင် ကပ်လှူပေးပါ။

စနေ - ငွေလိမ်ခံရနိုင်ခြေရှိလို့ ဒီရက်အတောအတွင်း ငွေပေးငွေယူ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတိပြုရမှာပါ။ မဲစုခြင်း ငွေစုခြင်းကနေလည်း ငွေကြေး ဆုံးရှုံးကိန်းရှိပြီး အမှုအခင်း စကားများရကိန်းရှိနေပါတယ်။ အိမ်နေရာထိုင်ခင်း အပြောင်းအလဲအတွက် မကောင်းသေးလို့ ဒီရက်မှာ မူလနေရာမှာ နေတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဖြစ်စေ စကားပြောဆိုရာမှာ အထင်အမြင်လွဲမှားခံရတာမျိုးလည်း ကြုံနိုင်ပါသေးတယ်။ ဝန်ထမ်းဖြစ်ပါက နယ်ပြောင်းရကိန်းရှိပြီး အိမ်နေရာထိုင်ခင်းလည်း ပြောင်းရွှေ့ရကိန်း ရှိနေပါတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားရကိန်းရှိပြီး ဒါဟာကောင်းသောသွားလာခြင်းမျိုး ဖြစ်လာပါလိမ့်မယ်။ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်း လုပ်ကိုင်သူများ အကျိုးအမြတ်ရှိမယ့် ကာလဖြစ်ပြီး လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်သလို ကောင်းသော တိုးချဲ့ခြင်းမျိုး ဖြစ်ပါလိမ့်မယ်။ အိမ်ထောင်သည်များ မိသားစုနဲ့ ခွဲနေရကိန်းရှိပြီး အချစ်ရေးမှာတော့ ချစ်သူမရှိသေးသူများ ရုတ်တရက် အိမ်ထောင်ကျတတ်တဲ့အထိ စန်းပွင့်နေပါတယ်။ ချစ်သူရှိပြီးသူများလည်း ချစ်သူနဲ့အတူ အပျော်ခရီးထွက်ရကိန်း ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ စိတ်ကျရောဂါဖြစ်ပွားတတ်လို့ သတိပြုရပါမယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ယတြာ - ထမီအဟောင်းများအား လိုအပ်နေသူများထံ ပေးလှူလိုက်ပါ။

LEO

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#လုပ်ငန်း
#သားသမီး
#ယတြာ
#တိုးချဲ့
#လုပ်ငန်းရှင်

Some text some message..