နတ် နက္ခတ် အဟော
trend.com.mm
|
2020-06-18

နက္ခတ် ပိုင်ရှင်တွေက လူဖြောင့်စိတ်တိုများဖြစ်ကြသည် မိမိသာမှန်ပါစေ ငြိမ်ခံလေ့မရှိဘဲ မှန်ရာကို အားမနာတမ်း ပြောဆိုဝံ့တဲ့သူတွေပါ။
အပြိုင်အဆိုင်ပြုလုပ်ရခြင်းနှင့် တိုက်ခိုက်ရခြင်းကိုပျော်မွေ့သူတွေဖြစ်ပါတယ်။
အပြောအဆို လိမ္မာသိမ်မွေ့သလောက် စိတ်ဓာတ်ရေးရာမှာ လွန်စွာ မာကြောသူများဖြစ်ပါတယ်။ တဇွတ်ထိုးလည်း လုပ်ကိုင်တတ်ပြီး သစ္စာ နှင့်မေတ္တာယှဉ်လာလျှင်တောင် သစ္စာ ကိုဦးစားပေးသူများဖြစ်ပြီး မှန်ကန်မှုကို နှစ်သက်သူများဖြစ်သည်။
နတ်က္ခတ် တို့၏သဘောမှာ အနေအထိုင်တည်ကြည်ခန့်ငြားကြပါတယ်။
ဒါပေမယ့် မကောင်းတဲ့ အချက်ကတော့ တယူသန်စိတ်နှင့် တဇွတ်ထိုးပြုလုပ်တတ်သော စိတ်တွေပဲဖြစ်ပါတယ်။
ထိုစိတ် ကို ထိန်းချုပ်နိုင်မှသာ မိမိအလိုရှိရာကို လှမ်းကိုင်နိုင်သူများဖြစ်လိမ့်မယ်။
မိတ်ဆွေအပေါင်းအသင်းမင်သူဖြစ်၍ ထိုသူတို့နှင့်ပတ်သက်လျှင် ကူညီပံ့ပိုးတတ်သည်။
ထို့ကြောင့် အပေါင်းအသင်း ဆရာသမား များ၏ အကူအညီများမကြာခဏ ရတတ်သည်။
လောဘမကြီးသောသူများဖြစ်သော်လည်း လွန်စွာချမ်းသာစိတ်ပြင်းပြသူများဖြစ်သည်။ မိမိရှိလျှင်လည်း မနှမြောဘဲ ပေးကမ်း တတ်သူများဖြစ်သည်။


သီချင်းသီဆိုမှု၊ ကခုန်မှုများကိုနှစ်သက်သည်။ စတိုင် ကျကျနေထိုင်တတ်သည်။
ကိုယ့်ခြေထောက်ပေါ်မရပ်မချင်း မိဘ ဆွေမျိုး များထံမှ လိုသမျှကို နားပူနာဆာပြုလုပ်တတ်သည်။အချစ်ရေး တွင်လည်း ပေါင်းအသင်းလောက်မမင်။
ချစ်သူ အိမ်ထောင်ဘက်နှင့် အချိန်တော်တော်များများအတူမရှိတတ်။
သူငယ်ချင်း အပေါင်းအသင်း နှင့် အပြင်နေရာများတွင် အချိန်ကုန်သည်က များတတ်သည်။ သို့သော် အမှန်တကယ်ချစ်တတ်သူများလည်းဖြစ်ကြသည်။
မရည်ရွယ်သူများနှင့်လည်း ဖူးစာဆုံလေ့ရှိတတ်ကြသည်။
အပေါင်းအသင်း မင်သူဖြစ်၍ အပေါင်းအသင်းကောင်းလျှင် ကောင်းသလို ကောင်းသည့်ဘက်သို့ရောက်ရှိသွားတတ်ပြီး မကောင်းလျှင်မကောင်းသကဲ့သို့ မကောင်းမှုဘက်သို့ အားသာသွားတတ်သည်။ စိတ်အရောင်ဆိုးလွယ်သည်။


မိမိရပ်တည်ချက်မှ တခြားသို့ နားယောင်လွယ်သည်။ စိတ်ဓာတ်မာသော်လည်း နားယောင်လွယ်ခြင်းသည် ယုံကြည်လွယ်သည့်အားနည်းချက်ကိုဖြစ်စေသည်။
နတ်နက္ခတ်ပိုင်ရှင်များ လိုက်နာရမည့်အချက်များမှာ…


၁။ လူ့အောက်ကျို့ပေါင်းလေ နက်နဲသော ပညာရပ်များ အများမရနိုင်သောအမည်ကောင်းများရရှိတတ်သဖြင့် အောက်ကျို့ပေါင်းပါ။
၂။ နားယောင်လွယ် ယုံကြည်လွယ်သူုဖြစ်သဖြင့် သူတစ်ပါးကို ယုံကြည်မလွယ်လေ တိုးတက်လေ ဖြစ်သဖြင့် ယုံကြည်မလွယ်ပါနှင့်
၃။အပေါင်းအသင်း များလျှင်များသည့်အလျောက် အကုန်လုံးကိုပေါင်းသင်းခြင်းမပြုဘဲ ရှောင်သင့်သူရှောင် ပေါင်းသင့်သူပေါင်း မရှောင်နိုင်လျှင်လည်း ကိုယ်ပေါင်းစိတ်ခွာအတိုင်းနေထိုင်ရမည်။
၄။ စိတ်ရှည်သည်းခံပါ။ စိတ်ရှည်သည်းခံခြင်းသည် နတ်နက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်ပါတယ်။


Ref;Baydin


#အပေါင်းအသင်း
#နက္ခတ်
#ပိုင်ရှင်
#သစ္စာ
#စိတ်ဓာတ်

Some text some message..