
တနင်္ဂနွေ - လူမှုရေးနဲ့ ပတ်သက်လို့ စိတ်ညစ်စရာတချို့ ဖြစ်တတ်တာက လွဲလို့ ဒီနေ့ဟာ အလုပ်အကိုင်ရော ကိုယ်ရေးကိုယ်တာကိစ္စမှာပါ အောင်မြင်မှု ရမယ့်နေ့ ဖြစ်တယ်။ မိတ်ဆွေတချို့နဲ့ အဆင်မပြေ ဖြစ်တတ်သလို ကိုယ့်ကို နေရင်းထိုင်ရင်း ပြဿနာ ရှာတဲ့သူတွေလည်း ပေါ်လာတတ်တယ်။ အလုပ်ကိစ္စတွေမှာတော့ အရာရာ အဆင်ပြေချောမွေ့နေပြီး အကြံအစည်တွေလည်း အထမြောက်ပါလိမ့်မယ်။ အကြီးအကဲတွေက ကူညီကြမယ်။ အလုပ်သစ်တွေ စတင်လို့ အခါကောင်းလည်း ဖြစ်တယ်။ အချစ်ရေးမှာတော့ စိတ်ဆင်းရဲစရာတွေ ဖြစ်လာမယ်။ ဒီနေ့ ညနေ ၄ နာရီခွဲနဲ့ ၅ ခွဲကြား ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ အကြီးအကဲတစ်ဦးကို ငွေလှူပေးပါ။
ကောင်း
တနင်္လာ - အစစအရာရာ ကံကောင်း အဆင်ပြေမယ့်နေ့ ဖြစ်တယ်။ အမျိုးသမီးတွေ ကြီးကြီးငယ်ငယ် ဟူသမျှရဲ့ အကူအညီ အထောက်အပံ့တွေ ရရှိမယ်။ အနားမှာ ကိုယ်ဝန်ဆောင်တွေ ရှိရင်ဖြစ်ဖြစ် ကလေးမီးဖွားရင် ဖြစ်ဖြစ် ကိုယ့်အတွက် ကံကောင်းလိမ့်မယ်။ သတင်းကောင်းတွေလည်း ကြားသိရမယ်။ လုပ်နေတဲ့ အလုပ်တွေလည်း အပေါက်အလမ်းတည့် အောင်မြင်မယ်။ လိုချင်တဲ့ ပစ္စည်းအသုံးအဆောင်တွေ ဝင်လာမယ်။ နှလုံးသားရေးမှာ စိတ်မကြည်မလင်လေး ဖြစ်တာကလွဲရင် အားလုံး အဆင်ပြေမယ်။ ငွေကြေးနဲ့ ပတ်သက်လို့ စိတ်ချမ်းသာမယ်။ ဒီနေ့ နေ့ခင်း ၂ နာရီခွဲနဲ့ ၃ နာရီကြား ကံကောင်းချိန်ဖြစ်တယ်။ ယတြာအနေနဲ့ ကလေးတွေကို မုန့်ကျွေးပါ။
ကောင်း
အင်္ဂါ - အလုပ်အကိုင် အကြံအစည်မှာ အထစ်အငေါ့တွေ များမယ့်နေ့ ဖြစ်တယ်။ ဘာလုပ်လုပ် အခက်အခဲက ရှေ့က ကြုံပြီးမှ အဆင်ပြေသွားတတ်တယ်။ ကိုယ်ပိုင်ပညာအရည်အချင်းကို အစွမ်းကုန် သုံးပါ။ ဒီလိုနေ့မျိုးမှာ သူတပါးထက် ကိုယ့်ကိုကိုယ် ပိုယုံတာ ကောင်းလိမ့်မယ်။ ထင်မထားတဲ့ အံ့အားသင့်စရာကိစ္စတွေ ပေါ်မယ်။ ငွေကြေးကိစ္စမှာ ရိုးရိုးနည်းနဲ့ အဆင်မပြေဘဲ လှည့်ပတ်လုပ်မှ ရလိမ့်မယ်။ နှလုံးသားရေးကိစ္စ အေးချမ်းမယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲနဲ့ ၁၁ ကြား ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ ဖိနပ်ဟောင်းတွေကို စွန့်ထုတ်ပါ။
ညံ့
ဗုဒ္ဓဟူး - ဒီနေ့မှာ ဘယ်ကိစ္စမဆို ကိုယ်က ကြားဝင်ဖြေရှင်းပေးရတတ်တယ်။ ကိုယ့်အကြံဉာဏ် ယူမယ့်သူနဲ့ ကိုယ့်ဆီက အကူအညီတောင်းမယ့်သူတွေ ပေါ်လာမယ်။ ကိုယ်က ဆရာလုပ်၊ ဦးဆောင်ပြီး ရှင်းပေးရမယ်။ အလုပ်မှာ ငြီးငွေ့စရာတွေ ဖြစ်မယ်။ အများနဲ့ မရောချင်ဘဲ တစ်ယောက်တည်း နေချင်မယ်။ ငွေကြေးကိစ္စမှာ လမ်းကြောင်းနှစ်ခုကနေ ဝင်တတ်တယ်။ ဒါပေမယ့် ကိုယ်က အားတက်သရော မရှိလို့ အရနည်းတတ်တယ်။ မေတ္တာရေးမှာ စိတ်မပါလက်မပါ ဖြစ်နေမယ်။ နှစ်ဦးကြား စိတ်သောကတွေ ဖြစ်ရမယ်။ သူများက ဝင်ပါမယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သံဃာတစ်ပါးကို ဝထ္ထုငွေ ကပ်ပါ။
သင့်
ရာဟု - အတိုက်အခိုက် အပြိုင်အဆိုင်တွေ ပေါများမယ်နေ့ ဖြစ်တယ်။ ကိုယ်လုပ်သမျှနေရာတိုင်းမှာ လိုက်ခံ တုပ ယှဉ်ပြိုင်မှုတွေ ပေါ်လိမ့်မယ်။ တစ်နေ့တာလုံးမှာ အေးအေးဆေးဆေး မနေရဘဲ လှုပ်ရှားသွားလာမှုတွေ များနေမယ်။ အလုပ်တစ်ခုထက်မက လျှောက်လုပ်ရတတ်တယ်။ အချိန်ယူ လုပ်လို့မရဘဲ အလျင်စလိုတွေပဲ ဖြစ်နေမယ်။ ဒါပေမယ့် ကိုယ်ကြိုးစားသလောက် အရာထင် အောင်မြင်မယ်။ အခွင့်အရေးတွေလည်း ရမယ်။ ငွေကြေးပိုင်းမှာ စိတ်လည်း ညစ် ၊ ပိုက်ဆံလည်း ဝင်ဖြစ်နေမယ်။ အချစ်ရေးမှာတော့ အပြိုင်တွေ ပေါ်လာမယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ရေ ၈ ခွက် သပ္ပါယ်ပေးပါ။
ကောင်း
ကြာသပတေး - ဒီနေ့မှာ ဘာသာရေးကိစ္စတွေ လုပ်ဖြစ်မယ်။ လုပ်ဖြစ်ရင်လည်း ကိုယ့်အတွက် ကောင်းတယ်လို့ ဆိုရမယ်။ အလှူအတန်းတွေ ပေးပါ။ ကိုယ့်အလုပ်၊ အကြံအစည်တွေ အောင်မြင်လိမ့်မယ်။ အများနဲ့ မရောဘဲ တစ်ကိုယ်ရေလေး နေထိုင်တာ ပိုကောင်းမယ်။ ကိုယ့်ဆုံးဖြတ်ချက် စိတ်ကူးနဲ့ပဲ အရာရာကို လုပ်ဆောင်ရမယ်။ သည်းခံစိတ်ရှည်လေ အဆင်ပြေလေ ဖြစ်မယ်။ နှလုံးသားရေးမှာ ကိုယ့်ဖာသာလေးပဲ နေချင်စိတ် များနေမယ်။ ဒီနေ့ ညနေ ၆ နာရီနဲ့ ၇ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ အလှူလေးတစ်ခု လုပ်ကြည့်ပါ။
ကောင်း
သောကြာ - လူငယ်လူရွယ်တွေ စိတ်ခံစားမှုနောက် မလိုက်ဘဲ ဦးနှောက်နဲ့ ရင်ဆိုင်ရမယ့်နေ့ ဖြစ်တယ်။ စိတ်ထဲ ရှိသလို လျှောက်လုပ်မိရင် အမှားများပြီး ကိုယ့်အတွက် နစ်နာရတတ်တယ်။ အလုပ်မှာ စိတ်မပါလက်မပါ ဖြစ်ပြီး အပြောအဆို ခံရတတ်တယ်။ အသွားအလာ အစားအသောက် ဆင်ခြင်ရလိမ့်မယ်။ မိတ်ဆွေတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ နားလည်မှု လွဲမယ်။ ခရီးကိစ္စ ပေါ်ရင် သတိနဲ့ သွားပါ။ လမ်းခရီး ခက်ခဲတတ်တယ်။ ငွေကြေးကံ အတော်သင့်ပဲ ရှိတယ်။ အသုံးအစွဲတွေက သိပ်များနေမယ်။ အချစ်ရေးမှာ စန်းပွင့်ပြီး အဆင်ပြေ သာယာမယ်။ ဒီနေ့ မနက် ၁၁ နာရီနဲ့ ၁၂ နာရီကြား ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ လမ်းကို သန့်ရှင်းရေး လုပ်ပေးပါ။
ညံ့
စနေ - ဒီနေ့မှာ ကြိတ်မှိတ်သည်းခံစရာကိစ္စတွေ ဖြစ်လာတတ်တယ်။ ကိုယ့်ဘက်က တုံ့ပြန်မှု ပြင်းထန်သွားခဲ့ရင် ပြဿနာက ပိုဆိုးတတ်တယ်။ အလုပ်မှာဖြစ်ဖြစ် တခြားကိစ္စမှာဖြစ်ဖြစ် ခေါင်းမာပြီး တဇွတ်ထိုးလုပ်တာမျိုးတွေ သတိထားရမယ်။ ကိုယ်က သည်းခံပေး၊ အပျော့ဆွဲနဲ့ လျှော်ပေးလိုက်ရင် အရာအားလုံးက အေးချမ်းသွားမယ်။ ငွေကြေးကိစ္စမှာ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်။ အချစ်ရေးမှာလည်း သည်းခံပေးနိုင်ရင် စိတ်ချမ်းသာမယ်။ ဒီနေ့ ညနေ ၃ နာရီခွဲနဲ့ ၄ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အုန်း ၆ ညွှန့် လှူပါ။
သင့်
ဧက
ဗေဒင်သုတေသီ
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။