ဇူလိုင် ၁၆ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-07-16

တနင်္ဂနွေ - အလုပ်ကိစ္စတွေ အောင်မြင်မယ်။ ငွေကြေးနဲ့ ပတ်သက်လို့လည်း ကံကောင်းတဲ့နေ့တစ်နေ့ ဖြစ်မယ်။ အမျိုးသမီးတွေဆီက အကူအညီ ရမယ်။ လုပ်ငန်းခွင်မှာ လုပ်ပိုင်ခွင့်တွေ ၊ အခွင့်အရေးတွေလည်း ရလိမ့်မယ်။ ကိုယ်တိုင်ကလည်း ခါတိုင်းထက် ပိုသွက်လက် လှုပ်ရှားနေမယ်။ အရင်က မလုပ်ဖူး၊ မလုပ်ရဲခဲ့တာတွေ ဒီနေ့မှာ လုပ်ကြည့်မိလိမ့်မယ်။ အသုံးဝင်ပစ္စည်းတွေ၊ လက်ဆောင်တွေ ရတတ်တယ်။ ငွေ များများစားစား ဝင်နိုင်တယ်။ နှလုံးသားရေးမှာလည်း ကြည်နူးပျော်ရွှင်စရာတွေ များလိမ့်မယ်။ လက်တွဲဖော် ရှာနေသူတွေ အဆင်ပြေမယ်။ ဒီနေ့ ညနေ ၄ နာရီခွဲနဲ့ ၅ ခွဲကြား ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ ကိုယ်ဝန်ဆောင်ကို မုန့်ဝယ်ကျွေးပါ။

ကောင်း

တနင်္လာ - ခင်မင်ရင်းနှီးသူတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ ကိုယ့်ကို မနာလိုတိုက်ခိုက်သူတွေ ပေါ်လာမယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ များပေမယ့် ဒီနေ့က အလုပ်မှာရော ကိုယ်ရေးကိုယ်တာကိစ္စတွေမှာပါ အောင်မြင် အဆင်ပြေလိမ့်မယ်။ သတိထားဖို့က လူယုံမထားဖို့၊ အတင်းအဖျင်းတွေမှာ ဝင်မပါမိဖို့ ဖြစ်တယ်။ လူမှုရေးကိစ္စ ကြားဝင်မိရင် ကိုယ်ပါ ရောညပ်သွားတတ်တယ်။ အချစ်ရေးမှာ စိတ်ဆင်းရဲ သောကရောက်စရာ များလိမ့်မယ်။ ဒီနေ့ ညနေ ၅ နာရီနဲ့ ၆ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ စိန်ခြယ်ပန်း လှူပေးပါ။

သင့်

အင်္ဂါ - အလုပ်အမျိုးမျိုးကို တစ်ခုပြီး တစ်ခု လျှောက်လုပ်နေရမယ်။ တစ်ခုမပြီးခင် နောက်တစ်ခုက အဆင်သင့် စောင့်နေတတ်တယ်။ အလုပ်နဲ့ ပတ်သက်လို့ အထိုင်မကျ ဖြစ်နေမယ်။ ဟိုဟိုဒီဒီ သွားလာ လုပ်ကိုင်ရတတ်ပြီး အဆင်ပြေရုံပဲ ရှိလိမ့်မယ်။ ဘာလုပ်လုပ် ဆရာသမားတွေနဲ့ တိုင်ပင်သင့်တယ်။ အကူအညီကောင်းတွေ ရမယ်။ ဘာလုပ်လုပ် သည်းခံစိတ်ရှည်နိုင်ရင်တော့ အကျိုးရှိလိမ့်မယ်။ ငွေရေးကြေးရေးက ဝင်လိုက်ထွက်လိုက် ဖြစ်ပြီး လက်ထဲ ပူအောင် မကိုင်ရဘဲ ဖြစ်မယ်။ အချစ်ရေးမှာ ကတောက်ကဆလေးတွေ ရှိပေမယ့် ပြန်ပြေလည်မယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲနဲ့ ၁၁ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားကို ရေသပ္ပါယ်ပေးပါ။

သင့်

ဗုဒ္ဓဟူး - ဒီနေ့မှာ ဟိုဟာလုပ်ရနိုး၊ ဒီဟာ လုပ်ရနိုးနဲ့ ရွေးရခက်တဲ့ အခြေအနေတွေ မကြာခဏ ကြုံလာရမယ်။ အလုပ်မှာ မတင်မကျ ဖြစ်စရာတွေ၊ မသေချာမရေရာမှုတွေ ဖြစ်လာနိုင်တယ်။ တပြိုင်တည်းမှာပဲ အခွင့်အရေး နှစ်မျိုးကို ရတတ်တယ်။ အလုပ်စီးပွားကံက အတော်အသင့် ကောင်းတယ်။ ကိုယ်က ဒွိဟတွေ သိပ်များနေလို့ ရသင့်ရထိုက်တာနဲ့ လွဲတတ်တာကိုတော့ သတိပြုရမယ်။ ငွေကြေးကံ မဆိုးဘူး။ ရလမ်းနှစ်ခုက ဝင်လာမယ်။ အချစ်ရေး အိမ်ထောင်ရေးမှာ ဒီနေ့က သာယာအေးချမ်းမှု များမယ်။ ပြဿနာတွေ ရှိခဲ့ရင်လည်း ရှင်းနိုင်မယ်။ ဒီနေ့ မနက် ၈ နာရီနဲ့ ၉ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ကလေးတွေကို မုန့်ဖိုးပေးလိုက်ပါ။

သင့်

ရာဟု - ဒီနေ့မှာ ခရီးတွေ ဘာတွေ ပေါ်လာတတ်တယ်။ မသွားဖြစ်ရင်တောင် အနီးအပါးကို အသွားအလာ ပိုပြီး များလာမယ်။ အထိုင်ချည်း လုပ်မနေရဘဲ ဟိုသွားဒီသွား လုပ်ရတတ်တယ်။ အလုပ်မှာ အပြိုင်အဆိုင်တွေ ရှိရင် ဒီနေ့မှာ ကိုယ်က အသာစီးရမယ်။ အမျိုးသမီးမိတ်ဆွေတွေဆီက အကြံဉာဏ်နဲ့ အကူအညီတွေ ရမယ်။ အချစ် ကံဇာတာ ကောင်းတဲ့နေ့ ဖြစ်တယ်။ ရည်ရွယ်ချက် ဆန္ဒတွေ ပြည့်ဝလိမ့်မယ်။ ငွေဝင်ကိန်းလည်း ရှိတယ်။ ဒီနေ့ ညနေ ၃ နာရီခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ အိမ်ခြေရာမဲ့တစ်ဦးကို ငွေကြေး လှူပါ။

ကောင်း

ကြာသပတေး - အစစအရာရာမှာ အဆင်ပြေ ချောမွေ့နိုင်တဲ့ နေ့ ဖြစ်တယ်။ အလုပ်မှာရော ကိုယ့်ကိစ္စတွေမှာပါ ခက်ခဲနေသမျှ အဆင်ပြေ အောင်မြင်သွားမယ်။ အရင်က မပြေမလည် ဖြစ်ခဲ့တာတွေ ဒီနေ့မှာ လက်စသတ်နိုင်၊ ဖြေရှင်းနိုင်လိမ့်မယ်။ အလုပ်တွေ ကောင်းတယ်။ ဒါပေမယ့် ကိုယ်တိုင်က နမော်နမဲ့နိုင်လို့ ရသင့်သလောက်ကို မရဘဲ ဖြစ်သွားတတ်တယ်။ ငွေကြေးကံကောင်းနိုင်တယ်။ အရောင်းအဝယ်သမားတွေ အမြတ်အစွန်း များမယ်။ လူငယ်တွေ အချစ်ရေးမှာ ပဋိပက္ခလေးတွေ ခဏခဏ ဖြစ်တတ်တယ်။ အပျော်လွန်လို့ ပျက်တတ်တယ်။ ဒီနေ့ မနက် ၉ နာရီခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အလင်းတိုင် ၅ တိုင် လှူပါ။

ကောင်း

သောကြာ - နိုင်ငံရပ်ခြားနဲ့ ဆက်စပ် လုပ်ကိုင်သူတွေ၊ လူမျိုးကွဲဘာသာခြားနဲ့ တွဲလုပ်သူတွေအတွက် အကျိုးရှိ အောင်မြင်မယ့်နေ့ ဖြစ်တယ်။ ဒါပေမယ့် တခြားအလုပ်မျိုးဆိုရင်တော့ ဒီနေ့မှာ လုပ်ကိုင်ကြံစည်သမျှ ခက်ခဲမှု၊ နှောင့်နှေးမှုတွေ ဖြစ်လာတတ်တယ်။ အလွဲအချော်တွေ ၊ ပင်ပန်းစရာတွေ ကြုံရမယ်။ ဘာသာရေး လိုက်စားသူ၊ အဓိဋ္ဌာန်ဝင်သူတွေမှာတော့ ဒီနေ့က ထူးခြားမယ်။ ကံကောင်းမှုတချို့ မြင်ရမယ်။ ငွေကြေးပိုင်းမှာ ရလိုက်၊ ပြန် ကုန်လိုက် ဖြစ်မယ်။ အချစ်ရေး အိမ်ထောင်ရေးမှာ စကားမှား၊ ကတိပျက်လို့ စိတ်ညစ်ရမယ်။ ကြားလူဝင်မယ်။ ဒီနေ့ နေ့ခင်း ၂ နာရီနဲ့ ၃ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုန်းကြီးတစ်ပါးကို ဆွမ်းကပ်ပါ။

သင့်

စနေ - ဒီနေ့မှာ အရင်ကနဲ့ မတူတဲ့ နေရာ၊ ဌာန အပြောင်းအလဲတစ်ခုခု ကြုံရတတ်တယ်။ လုပ်ပုံလုပ်နည်းတွေ ပြောင်းပစ်ရတာ ၊ အသစ်တွေ စမ်းကြည့်ရတာမျိုးလည်း ဖြစ်တတ်တယ်။ အလုပ်မှာတော့ အတိုက်အခံ များပြီး စိတ်တွေ ရှုပ်နေရလိမ့်မယ်။ အကြီးအကဲတွေနဲ့လည်း အဆင်မပြေ ဖြစ်မယ်။ အာဏာပိုင်တွေနဲ့ ပတ်သက်ရတဲ့ ကိစ္စတွေမှာ သတိထား လုပ်ရမယ်။ ငွေကြေးကံ အညံ့ ရှိတယ်။ အချစ်ရေးမှာလည်း အာရုံနောက်စရာများမယ်။ ဒီနေ့ မနက် ၁၁ နာရီခွဲနဲ့ ၁၂ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ နွမ်းပါးသူကို ဖိနပ်လှူပေးပါ။

ကောင်း

ဧက

ဗေဒင်သုတေသီ

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ယတြာ
#နာရီ
#အချစ်
#အလုပ်
#ငွေကြေး

Some text some message..