
နက္ခတ်ဗေဒင်မှာ လဂ်ဖျက်စနေ ၊ စန်းဖျက်ရာဟု ဆိုတဲ့ စကား ရှိသလိုပဲ မြန်မာ့လက်ဆန်းဗေဒင်ပညာမှာလည်း ရာဟုရဲ့အခန်းကဏ္ဍက ဂြိုဟ်အိပ်ရော သက်ရောက်မှာပါ တည်ရှိနေပါတယ်။ (၇) ရက်သားသမီးတိုင်း ရာဟု သက်ရောက်ကို ဖြတ်သန်းရပြီး မူလဇာတာနဲ့ နာမည်အရ ကံဇာတာ ကွာခြားမှုတွေ ရှိပေမယ့် ယေဘုယျအနေနဲ့ တူညီတဲ့ အချက်တွေလည်း ရှိနေပါတယ်။
ဥပမာ -ရာဟုသက်ရောက်ထဲ ဖြတ်သန်းနေပြီဆိုတာနဲ့ လူငယ်လူရွယ်တွေဆိုရင် ကာမဂုဏ်အာရုံ အပျော်အပါး ခါတိုင်းထက် ပိုများလာကြပြီး ချစ်သူ၊ အိမ်ထောင်ဖက် ရှိရက်နဲ့ ဖောက်လွှဲဖောက်ပြန်တွေ ဖြစ်လာတတ်ပါတယ်။ လုပ်ကိုင်သမျှ အပေါက်အလမ်းတည့် အဆင်ပြေနေတော့ စိတ်လွတ်ကိုယ်လွတ် ထင်ရာစိုင်းချင်စိတ်တွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအကြောင်းတရားတွေကြောင့်ပဲ ကိုယ်ကျင့်တရား ပျက်ပြီး စီးပွားဘက်ပါ ထိခိုက် နစ်နာတာ၊ ကျန်းမာရေး အားနည်းသွားတာတွေ ဖြစ်တတ်ပါတယ်။ လူငယ်တချို့ဆိုရင် အိမ်မှာ နေချင်စိတ်ကို မရှိတော့ဘဲ ကျောင်းပြေး၊ အိမ်ပြေးလေးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ရာဟုသက်ရောက်ကာလကို သတိထားနိုင်ဖို့ လူတိုင်း နားလည်လွယ်အောင် နေ့နံအလိုက် အောက်ပါဇယားနဲ့ ဖော်ပြထားပါတယ်။
ရာဟုသက်ရောက် ဖြတ်သန်းတိုင်းမှာ လူအတော်များများ အထက်ပါအတိုင်း ကြုံတွေ့ရတတ်ပေမယ့် ကိုယ့်ရဲ့ မြန်မာမွေးခုနှစ်ကို (၇) နဲ့ စားလို့ (၁) ကြွင်းတဲ့ သူတွေ၊ (၄) ကြွင်းတဲ့သူတွေမှာ ပိုပြီး သတိထားရပါလိမ့်မယ်။ ဒါ့အပြင် တနင်္ဂနွေသားသမီးတွေနဲ့ ဗုဒ္ဓဟူးသားသမီးတွေအတွက် ရာဟုသက်ရောက်ဟာ ဘုမ္မိတစ်မျိုး ဖြစ်နေလို့ တခြားနေ့နံတွေထက် ပိုဂရုစိုက်ရပါမယ်။
ရာဟုသက်ရောက် ယတြာ
(၇) ရက်သားသမီးတွေအနေနဲ့ ရာဟုကို ဖြတ်သန်းချိန်မှာ ကိုယ်ကျင့်တရားကို ထိန်းခဲ့မယ်၊ အပျော်အပါးတွေ သတိထားခဲ့မယ်ဆိုရင် ဒီယတြာကို ပြုနိုင်ပါတယ်။ ယတြာကတော့ မွေးနေ့မှာ တန်ခိုးကြီးစေတီတော်တစ်ဆူရဲ့ ရာဟုထောင့်ကို သွားပြီး မြတ်စွာဘုရားရဲ့ ရင်ဘတ်တော်မှာ ရွှေပြား (၁၂) ပြားနဲ့ ရွှေသင်္ကန်း ကပ်ပါ။ ပြီးရင် ဘုရားကို ရေ (၁၂) ခွက် သပ္ပါယ်ပြီး ရာဟုဂြိုဟ်မင်းဆီမှာ အခက်အခဲတွေ ပြေလည်ဖို့ ၊ စီးပွားတိုးတက်စေဖို့ ဆုတောင်းပါ။ သဃာတော်တစ်ပါးကို ကိုယ့်နာမည် ရေးထိုးထားတဲ့ ယပ်တော်တစ်ချောင်း လှူဒါန်းပေးပါ။
အားလုံးပဲ ရာဟုအရိပ် လွှမ်းမိုးမှုကနေ ကင်းဝေးချမ်းသာကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။