၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၇.၉.၂၀၂၀ မှ ၃.၁၀.၂၀၂၀ အထိ)
lotaya.mpt.com.mm
|
2020-09-27

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - လုပ်ငန်းစီးပွားကံ ကောင်းချင်သားနဲ့ ကိုယ်တိုင်က စိတ်များနေလို့ အခွင့်ကောင်းတွေနဲ့ လွဲပြီး အကျိုးအမြတ် အရနည်းတတ်တယ်။ ဝန်ထမ်းဆိုရင် လုပ်ငန်းခွင်ထဲမှာ အတိုက်အခိုက်လေးတွေ ကြုံရမယ်။ စိတ်ညစ်ညစ်နဲ့ လုပ်နေရလိမ့်မယ်။ ဒီအပတ် ငွေကြေးကံ အားနည်းတယ်။ ငွေအတွက် စိတ်ပင်ပန်းလိမ့်မယ်။

ကျန်းမာရေး - မထင်မှတ်တဲ့ ဝေဒနာတွေ ပေါ်လာတတ်တယ်။ ရောဂါနဲ့ ဆေး လွဲတတ်လို့ သတိပြုရမယ်။

လူမှုအိမ်ထောင် - မိသားစုထဲမှာ အမြင်လွဲမှားလို့ အငြင်းပွားရတတ်ပေမယ့် ကိုယ့်မိသားစုဆီက အကူအညီတွေ ရလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းတွေကလည်း ဒီအပတ်မှာ ကိုယ့်ဘေးက ရပ်တည်ဖေးမကြမယ်။ အချစ်နဲ့ အိမ်ထောင်ရေးမှာတော့ စိတ်ကသိကအောက် ဖြစ်စရာတွေ များမယ်။ ပြဿနာဟောင်းတွေ ပြန်ပေါ်နိုင်တယ်။

ကံကောင်းစေတဲ့ အရောင် - ရွှေအိုရောင် ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - မွေးနေ့ (တနင်္ဂနွေ) မနက် ၉ နာရီ ၊ အိမ်က ဘုရားမှာ ဗယာကြော် ၅ ခုနဲ့ ကော်ဖီ ကပ်လှူပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်လုံး အလုပ်ကံ အားနည်းတယ်။ လူရောစိတ်ပါ နစ်မြုပ်ပင်ပန်းခံ လုပ်ပေမယ့် အကျိုး သိပ်မရှိဘဲ ဖြစ်မယ်။ အများနဲ့ တွဲလုပ်တဲ့အခါ အနစ်နာခံရတာ အပြောခံရတာတွေ ဖြစ်မယ်။ ကိုယ်ပဲ ဦးဆောင် မောင်းနှင်ရလိမ့်မယ်။ ဝန်ထမ်းဆိုရင်တော့ အလုပ် ဖြစ်မယ်။အဆင်ပြေမယ်။ ဒီအပတ် ငွေကြေးကံပွင့်လိမ့်မယ်။

ကျန်းမာရေး - စိတ်ပင်ပန်းလူပင်ပန်းလွန်းလို့ အနားယူသင့်တယ်။ ခေါင်းမူးခေါင်းကိုက်လည်း ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ အဖျက်အမှောက် များတတ်တယ်။ ကိုယ့်အပေါ် အထင်အမြင် လွဲခံရမယ်။ ပြဿနာတွေ ဖြစ်လွယ်မယ်။ အိမ်ထောင်သည်တွေမှာတော့ သူများက ကြားဝင်ရှုပ်တတ်တယ်။ သတိထားပါ။ မိတ်ဆွေကဏ္ဍမှာလည်း ကိုယ့်ကို ရှောင်သလို ဖြစ်နေမယ်။ အများနဲ့ တစ်ယောက်လို ခံစားနေရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - မွေးနေ့မှာ အသက်လွတ်စားပါ။ အိမ်က ဘုရားမှာ သစ်သီးတစ်မျိုးကို (၆) စိပ်ခွဲပြီး လှူပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ဝန်ထမ်းဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်စေ ဒီအပတ်မှာ ကံဇာတာ အားနည်းချိန် ဖြစ်တယ်။ ဝန်ထမ်းတွေမှာ သိပ်မသိသာပေမယ့် စီးပွားရေးသမားတွေမှာ ပြိုင်ဆိုင်မှု ပြင်းထန်တာ၊ အောက်လူငယ်သား ဒုက္ခပေးတာ၊ ရန်များတာတွေ ဖြစ်တတ်တယ်။ ငွေကြေးနဲ့ပတ်သက်ရင်လည်း ပဋိပက္ခတွေ ရှိလာတတ်တယ်။

ကျန်းမာရေး - ဒီအပတ် ကျန်းမာရေး ဆုတ်ယုတ်နိုင်တယ်။ မထင်မှတ်ဘဲ ထိခိုက်ဒဏ်ရာတွေ ရတတ်တယ်။

လူမှုအိမ်ထောင် - စုံတွဲတွေကြားမှာ မိတ်ဆွေတွေကြောင့် ပြဿနာ ဖြစ်တတ်တယ်။ နှလုံးသားရေးမှာ ဒွိဟတွေ သံသယတွေ များလာနိုင်တယ်။ ရှင်းရခက်တတ်တယ်။ အိမ်ထောင်ရေးမှာတော့ သိပ်ပြဿနာ မရှိဘဲ ပြေလည် အေးချမ်းလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်းတွေဆီက အကူအညီ ရတတ်ပေမယ့် ငယ်သူတော့ သတိထားပါ။

ကံကောင်းစေတဲ့ အရောင် - အစိမ်းနှင့် ဆက်စပ်အရောင်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ၊ သောကြာ

ယတြာ - အသုဘအိမ်၊ ဆေးရုံ၊ သင်္ချိုင်း မသွားပါနဲ့။ အင်္ဂါနေ့ညနေစောင်းမှာ အဝတ်ဟောင်းတွေ လှူလိုက်ပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ စီးပွားရေးက အဆင်ပြေပြေ ဖြစ်နေမယ်။ ကိုယ်တိုင်ကလည်း အင်အားအပြည့်နဲ့ ရုန်းကန် လုပ်ကိုင်နိုင်မယ်။ ဝန်ထမ်းတွေမှာတော့ စိတ်ညစ်စရာ များမယ်။ ညစ်ညစ်နဲ့ပဲ လုပ်ကိုင်နေရလိမ့်မယ်။ လုပ်ငန်းရှင်တွေအတွက်တော့ အောင်မြင်မှု များမယ့် ကာလ ဖြစ်တယ်။ ငွေကြေးကံလည်း ကောင်းဖို့ ရှိတယ်။

ကျန်းမာရေး - အသေးစား ထိခိုက်မှုလေးတွေ ဖြစ်တတ်တယ်။ မီး၊ လျှပ်စစ်၊ အပူကို သတိထားကိုင်တွယ်ပါ။

လူမှုအိမ်ထောင် - လူငယ်တွေရဲ့ မေတ္တာရေးမှာ ငြိမ်သက်အေးချမ်းမှု ရှိမယ်။ လက်တွဲဖော်ရဲ့ အကူအညီတွေ ရမယ်။ အိမ်ထောင်သည်တွေတော့ ကတောက်ကဆ များမယ်။ အိမ်တွင်းမိသားစုရေးမှာ ပူပန်စရာ ရှိလာမယ်။ အပေါင်းအသင်းကဏ္ဍမှာ ပျော်ရွှင်စရာတွေ ကြုံရတတ်တယ်။ သူတပါးအကျိုးအတွက် ဆောင်ရွက်ပေးရမယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ

ယတြာ - တစ်ပတ်တာရဲ့ အဆင်ပြေရာတစ်ရက်မှာ အိမ်ကဘုရားမှာပဲ လက်ဖက်အသားနဲ့ ဆွမ်းကပ်ပါ။

ရာဟုဖွား

အလုပ်အကိုင် - ကိုယ်လုပ်သမျှ နေရာတကာမှာ အတိုက်အခံလုပ်သူတွေနဲ့ ကြုံရတတ်တယ်။ ဝန်ထမ်းဖြစ်ဖြစ် လုပ်ငန်းရှင်ဖြစ်ဖြစ် အေးရာအေးကြောင်း လုပ်နေလို့ မရဘဲ အတိုက်အခိုက်တွေကြားက ဖြတ်သန်းရလိမ့်မယ်။ စီးပွားရေးအရ အကျိုးအမြတ် ရှိမယ့် သီတင်းပတ် ဆိုပေမယ့် လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှု များတတ်တယ်။

ကျန်းမာရေး - အထိုင်များတဲ့ အလုပ် လုပ်သူတွေဆိုရင် ကျန်းမာရေး ထိခိုက်တတ်တယ်။ ကြိုတင်သတိပြုပါ။

လူမှုအိမ်ထောင် - ညီအစ်ကိုမောင်နှမတွေ အောက်လူငယ်သားတွေကြောင့် ဒေါသ ဖြစ်ရတတ်တယ်။ မိတ်ဆွေ အပေါင်းအသင်းကြောင့်လည်း စိတ်ပျက်ရလိမ့်မယ်။ အိမ်တွင်းရေးမှာတော့ အဆင်ပြေလိမ့်မယ်။ မေတ္တာရေးမှာ အထီးကျန်သလို ဖြစ်နေမယ်။ ချစ်သူစုံတွဲ အိမ်ထောင်သည်တွေလည်း အချိန်မပေးနိုင်လို့ စိတ်ညစ်ရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါဖျော့ ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၈ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူးမွန်းလွဲနောက်ပိုင်း

ယတြာ - ဗုဒ္ဓဟူးနေ့ ညနေစောင်း အိမ်က ဘုရားမှာ ပန်းအဖြူ ၅ ပွင့်ကို ကပ်လှူပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - လက်ရှိအလုပ်အပြင် တခြားအလုပ်သစ်တွေလည်း ကြိုးစား အောင်မြင်နိုင်တယ်။ ဝန်ထမ်းတွေ အလုပ်မှာ ဝေခွဲရခက်တာတွေ ဖြစ်လာနိုင်တယ်။ အပြောင်းအရွှေ့တွေလုပ်ချင်ရင် ဒီအပတ်မှာ ကြိုးစားကြည့်ပါ။ လုပ်ငန်းရှင်တွေအဖို့ တစ်ခုထက်မတဲ့အလုပ်တွေ အဆင်ပြေလိမ့်မယ်။ ဘက်ပေါင်းစုံက အကူအညီတွေ ရမယ်။

ကျန်းမာရေး - ရောဂါဟောင်း အနာဟောင်းတွေ သက်သာမယ်။ ရောဂါဝေဒနာ ကင်းဝေးမယ့်ကာလ ဖြစ်တယ်။

လူမှုအိမ်ထောင် - ပျိုရွယ်သူတွေအဖို့ နှလုံးသားရေး ပြဿနာတွေ ဖြစ်တတ်တယ်။ ဖြစ်ရင် ပြန်အဆင်ပြေဖို့ရာ ခက်လိမ့်မယ်။ လမ်းခွဲရသည်အထိ ဖြစ်တတ်လို့ သတိပြုရမယ်။ အိမ်ထောင်သည်တွေလည်း စိတ်ညစ်စရာတွေ များမယ်။ အိမ်တွင်းရေး မသာမယာ ဖြစ်မယ်။ ဒီအပတ်မှာ ငွေကြေးကံတော့ ထူးခြားတယ်။ ရလမ်းတွေ ရှိမယ်။

ကံကောင်းစေတဲ့ အရောင် - ခရမ်းရောင် ၊ ဆင်စွယ်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၄

ကံကောင်းစေတဲ့ အရပ် - တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ ဗုဒ္ဓဟူး

ယတြာ - တစ်ပတ်တာအတွင်း အားတဲ့တစ်ရက်မှာ ဆရာသမားတစ်ဦးကို သကြားတစ်အိတ် လှူပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - စီးပွားရေးမှာ စိတ်ရှည်သည်းခံမှုတွေ အများကြီး လိုအပ်မယ့် ကာလဖြစ်တယ်။ မတတ်သာလို့ ဖြစ်စေ၊ မနေသာလို့ ဖြစ်စေ ဒီတိုင်း လွှတ်ထားပြီး စောင့်ကြည့် လုပ်ကိုင်ရလိမ့်မယ်။ ဝန်ထမ်းတွေထက် လုပ်ငန်း စီးပွား လုပ်နေသူတွေ ပိုပြီးအခက်တွေ့လာနိုင်တယ်။ ခက်ခဲပင်ပန်းတဲ့အခြေအနေတွေကို ဖြတ်သန်းရလိမ့်မယ်။

ကျန်းမာရေး - အသေးအဖွဲလေးတွေ ဖြစ်တတ်ပေမယ့် ကျန်တဲ့ ကြီးကြီးမားမား ဘေးဘယာတွေ မရှိနိုင်ပါ။

လူမှုအိမ်ထောင် - စုံတွဲတွေကြားမှာ အတိုက်အခိုက်တွေ ဝင်လာတတ်တယ်။ အချင်းချင်း အမြင်မတူ ဆန့်ကျင် စကားများရတတ်တယ်။ အိမ်ထောင်သည်တွေမှာတော့ ပုံမှန်လေးပဲ ဖြတ်သန်းရမယ်။ ပြဿနာ ရှိခဲ့ရင်လည်း ခဏနဲ့ ပြေလည်မယ်။ မိတ်ဆွေအပေါင်းအသင်း သတိထားရမယ်။ ငွေကြေးပိုင်းမှာ စိတ်ပူစရာတွေ များမယ်။

ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက် ၊ ရောစပ်အရောင်များ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ

ယတြာ - အင်္ဂါနေ့ မနက်စောစော အိမ်ကဘုရားမှာ သပြေညွှန့်တွေ ဝေနေအောင် လှူဒါန်းပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - ဒီအပတ် စီးပွားရေး သိပ်မကောင်းနိုင်ဘူး။ လုပ်လည်း မထူး၊ ကြိုးစားလည်း အရာမရောက် ဖြစ်နေတတ်တယ်။ ဝန်ထမ်းတွေမှာ အမှားအယွင်း ဖြစ်တတ်တယ်။ လုပ်ငန်းခွင်ထဲမှာ ဒေါသထွက်စရာတွေ များလာနိုင်တယ်။ လုပ်ငန်းရှင်တွေကတော့ လိမ်ဖယ်လိမ်ဖယ်နဲ့ စခန်းသွားရမယ်။ အကျိုးအမြတ် နည်းမယ်။

ကျန်းမာရေး - အရိုးအဆစ်တွေ နာတတ်တယ်။ သွားကိုက်သွားနာ ဖြစ်လာနိုင်တယ်။

လူမှုအိမ်ထောင် - ကိုယ်တိုင်က တယူသန်ခေါင်းမာလို့ အများနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ မိတ်ဆွေကဏ္ဍမှာ စေတနာကို ဝေဒနာလို ခံစားရလိမ့်မယ်။ နှလုံးသားရေးမှာတော့ ပျော်ရွှင်ကြည်နူးရမယ်။ ဒါပေမယ့် ကိုယ်တိုင် စ မှားတဲ့ အမှားတွေ ရှိတတ်တယ်။ အိမ်ထောင်ရေးမှာ တကျက်ကျက်နဲ့ ဖြစ်တတ်တယ်။ ပြီးတော့လည်း ခဏပါပဲ။

ကံကောင်းစေတဲ့ အရောင် - ဖက်ဖူးရောင်၊ စိမ်းပြာရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၄ ၊ ၈

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ

ယတြာ - သုံးမရတော့တဲ့ ဖိနပ်ဟောင်း၊ ထီးဟောင်းတွေ စွန့်ပါ။ ခွေးတွေကို ထန်းလျက် မကြာခဏ ကျွေးပါ။

ဧက

(ဗေဒင်သုတေသီ)

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်

#ယတြာ
#အပတ်
#အိမ်ထောင်
#အရောင်
#ဂဏန်း

Some text some message..