၂၀၂၀ခုနှစ် အောက်တိုဘာအတွက် တရုတ်ရိုးရာ ဇာတာခွင် (ရာသီခွင်အားလုံးအတွက်)
lifestylemyanmar.com
|
2020-10-01



တရုတ်ဗေဒင်ပညာနဲ့ ပြက္ခဒိန်ယူဆပုံအရ ၁၂နှစ်တာ ကာလပတ်ကို ရာသီရုပ် တိရိစ္ဆာန် ၁၂အကောင်များဖြင့် ကိုယ်စားပြု ဖော်ပြတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ကိုယ်မွေးတဲ့နှစ်ကိုသိရင် ကိုယ့်ရာသီခွင်က ဘယ်တိရိစ္ဆာန်ကိုယ်စားပြုလဲဆိုတာ သိနိုင်ပါပြီ။ ယခုဖော်ပြပေးမှာကတော့ ၂၀၂၀ အောက်တိုဘာလ တစ်လလုံးစာအတွက် အချစ်ရေး၊ အသက်မွေးဝမ်းကျောင်း၊ မိသားစု၊ သူငယ်ချင်း၊ ငွေရေးကြေးရေး အခြေအနေတွေ အကြောင်းပါ။

၁။ ကြွက်နှစ်ဖွား (1912, 1924, 1936, 1948, 1960, 1972, 1984, 1996, 2008, 2020)

ကြွက်လေးတွေအတွက် ခန့်မှန်းချက်က ဒီလမှာ အားတတ်စရာမရှိပါဘူး၊ ဘဝမှာ အောင်မြင်လိုရင် စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပါမယ်။ ကြွက်လေးတွေဟာ အလုပ်ခွင်မှာ အတားအဆီးများစွာကို ရင်ဆိုင်ရပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပံ့ပိုးမှုနှင့် စီမံခန့်ခွဲမှုကို ရယူဖို့ အားနည်းပါတယ်။ တစ်နေ့တာကုန်ဆုံးသွားတဲ့အခါ သင်ဟာ အကူအညီမဲ့သလို ခံစားရပြီး စိတ်ပျက်ရပါလိမ့်မယ်။

သင့်ရဲ့ လက်တွဲဖော်နဲ့ communication ကောင်းရှိရင် အိမ်ထောင်ဖက်နှင့် ဘဝကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်၊ အိမ်ထောင်ရေးကို ဆက်ရှင်သန်စေဖို့အတွက် အပေးအယူလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ပြင်ပမှ ဝင်ရောက်စွက်ဖက်တာကို လုံးဝရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးအလားအလာကတော့ စိတ်ဓါတ်ကျစရာတွေ အရမ်းများပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရနိုင်ပါတယ်။




၂။ နွားနှစ်ဖွား (1913, 1925, 1937, 1949, 1961, 1973, 1985, 1997, 2009)

နွားနှစ်မှာ မွေးသူတွေဟာ အရမ်းပျော်စရာကောင်းမယ့် ၁၀လပိုင်းကို မျှော်လင့်နိုင်ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းတွေမှာ အတားအဆီးများစွာ ရင်ဆိုင်ရပြီး ဘဝဟာ အလွန်အမင်း စိတ်ဖိစီးမှုတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင် အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခြင်းအားဖြင့် အောင်မြင်နိုင်ပါတယ်။ စီနီယာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးကောင်းခြင်းက သင့်ရည်မှန်းချက်ပန်းတိုင်တွေကို ပြည့်မီအောင် ခရီးရောက်ပါလိမ့်မယ်။ ဒါက သင့်အလုပ်အကိုင်ရဲ့ အနာဂတ်ဖွံဖြိုးတိုးတတ်မှုအတွက်လည်း အထောက်အကူပြုပါလိမ့်မယ်၊ ငွေစီးဆင်းမှုက အားတတ်ဖွယ်ဖြစ်ပြီး အဓိကအားဖြင့် သင့်အလုပ်အကိုင်မှ ဝင်လာတာဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်မှာ ဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ မတော်တဆမှုတွေကို သတိပြုသင့်ပါတယ်။




၃။ ကျားနှစ်ဖွား (1914, 1926, 1938, 1950, 1962, 1974, 1986, 1998, 2010)

ကျားနှစ်ဖွားတစ်ဦးချင်းစီအတွက် ခန့်မှန်းချက်ကတော့ ကြီးကြီးမားမားအရာတွေကို မျှော်လင့်လို့မရပါဘူး။

အလုပ်အကိုင်ဇာတာခွင်မှာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပြီး သင့်ရဲ့ ဖွံ့ဖြိုးတိုးတတ်မှုအပေါ် သက်ရောက်နိုင်တဲ့ မမျှော်လင့်သော ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။ အလုပ်အကိုင်မှ ဝင်ငွေက ကျေနပ်ဖွယ်ကောင်းပေမယ့်လည်း ကုန်ကျစရိတ်တွေက ဝင်ငွေထက်များစွာ ပိုများပါတယ်၊ ရင်းနှီးမြှုပ်နှံဖို့ သင့်မှာ ပိုက်ဆံမရှိဖြစ်ပါလိမ့်မယ်။

အိမ်ထောင်သည်ဘဝက အရမ်းကောင်းမွန်ပြီး အဖိုးတန်အချိန်ကို ကြင်ဖော်နှင့်အတူ ကုန်ဆုံးစေသင့်ပါတယ်။ ဒါက အိမ်ထောင်ရေးကို ပိုကောင်းစေပါလိမ့်မယ်၊ ကျန်းမာရေးကို fitness နှင့် အစာအာဟာရစနစ် ကောင်းကောင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ မတော်တဆမှုတွေနဲ့ ဒဏ်ရာရမှုတွေကို သတိပြုပါ။




၄။ ယုန်နှစ်ဖွား (1915, 1927, 1939, 1951, 1963, 1975, 1987, 1999, 2011)

ယုန်တစ်ဦးချင်းစီအတွက် ခန့်မှန်းချက်က ဒီတစ်လအတွက်တော့ အပျက်သဘောဆောင်ပါတယ်။ ယုန်ဖွားလေးတွေအနေနဲ့ လက်ရှိအသက်မွေးဝမ်းကျောင်းအခြေအနေကို ထိန်းသိမ်းဖို့ အာရုံစိုက်သင့်ပါတယ်၊ တကယ်လို့ လုံ့လဝီရိယရှိရှိ အလုပ်လုပ်ရင် အနာဂတ်မှာ ရလဒ်ကောင်းတွေ ရရှိဖို့ မျှော်လင့်နိုင်ပါတယ်။ ငွေရေးကြေးရေးအခြေအနေ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကုန်ကျစရိတ် အများကြီး ကုန်ကျပါလိမ့်မယ်။ သင့်အနေနဲ့ လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေကို မေ့ထားပြီး ခက်ခဲသောအချိန်တွေအတွက် ငွေစုဆောင်းဖို့ ကြိုးစားသင့်ပါတယ်။

ပြင်ပမှဝင်ရောက်စွက်ဖက်မှုတွေကြောင့် အချစ်ရေးမှာ အတားအဆီးတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အိမ်ထောင်ဖက်နဲ့ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးကို နားလည်မှုဖြင့် ထိန်းသိမ်းထားသင့်ပါတယ်။




၅။ နဂါးနှစ်ဖွား (1916, 1928, 1940, 1952, 1964, 1976, 1988, 2000, 2012)

ဒီလက နဂါးနှစ်ဖွားတွေအတွက် အလားအလာ သိပ်မကောင်းပါဘူး။ အလုပ်အကိုင်အလားအလာမှာ ပြဿနာတွေနဲ့ ပြည့်နှက်နေပါတယ်။ ကိုယ့်ထက်ကြီးသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးက ပိုဆိုးရွားပြီး အသက်မွေးဝမ်းကျောင်း တိုးတတ်မှုကို ထိခိုက်ပါလိမ့်မယ်။

ငွေရေးကြေးရေးခန့်မှန်းချက်ကလည်း အရမ်းဆိုးပါတယ်။ ဝင်ငွေကျဆင်းလာခြင်းနှင့်တူ ဈေးကစားခြင်း (သို့) စွန့်စားမှုများတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပိုက်ဆံကျန်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒီလက အချစ်ရေးအတွက် အတိတ်နိမိတ်သိပ်မကောင်းပါဘူး။ single တွေအနေနဲ့ အချစ်ကိစ္စဖွင့်ပြောဖို့ရှိရင် ရွှေ့ဆိုင်းသင့်ပါတယ်။ ယခုလ သင့်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းဖို့ ကြိုတင်ကာကွယ်မှုအားလုံးကို ပြုလုပ်သင့်ပါတယ်။ မတော်တဆမှုနှင့် ဒဏ်ရာရမှုတွေကို သတိထားပါ။




၆။ မြွေနှစ်ဖွား (1917, 1929, 1941, 1953, 1965, 1977, 1989, 2001, 2013)

မြွေနှစ်ဖွားတွေအတွက် ဇာတာခွင်က မြွေနှစ်ဖွားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ ကံကောင်းခြင်းကို ဖော်ပြနေပါတယ်။

အလုပ်အကိုင်ဖွံဖြိုးမှုမှာ အတားအဆီးများစွာကို ရင်ဆိုင်ရပါလိမ့်မယ်။ ပြဿနာအားလုံးကို စိတ်တည်ငြိမ်ခြင်းနှင့်အတူ ဖြေရှင်းသင့်ပါတယ်။ ဒါက သင့်စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပြီး အလုပ်အကိုင်စီမံချက်မှာ အောင်မြင်မှုရဖို့ ကူညီပါလိမ့်မယ်။ ငွေစီးဆင်းမှုက အလားအလာကောင်းပါလိမ့်မယ်။ ငွေပိုစုနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ပါတယ်၊

အချစ်ရေးမှာ ပြောင်းလဲစေနိုင်သော အင်အားတွေရှိနေပါလိမ့်မယ်။ အပြင်လူတွေဆီက ဝင်ရောက်စွက်ဖက်မှုတွေ၊ ပဋိပက္ခတွေကို ရှောင်ရှားခြင်းဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ပါတယ်။ အနားယူခြင်းမှတဆင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းဖြင့် ကျန်းမာ ပျော်ရွှင်စေနိုင်ပါတယ်။




၇။ မြင်းနှစ်ဖွား (1918, 1930, 1942, 1954, 1966, 1978, 1990, 2002, 2014)


မြင်းနှစ်ဖွားတစ်ဦးချင်းစီဟာ အလားအလာကောင်းရှိတဲ့လကို မျှော်လင့်နိုင်ပါတယ်။
အသက်မွေးဝမ်းကျောင်းက ချောချောမွေ့မွေ့နဲ့ တိုးတတ်ပါလိမ့်မယ်၊ သင့်အနေဖြင့် အပေါင်းအသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာမျိုး၊ စီမံခန့်ခွဲရတာမျိုး ရှိပါလိမ့်မယ်။ သင့်ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက် ပြဿနာမရှိပါဘူး။ ရာထူးတိုးတာ၊ လစာတိုတာတွေ ကြုံရပါလိမ့်မယ်။

အချစ်ရေးမှာ သဟဇာတဖြစ်မှုကို သင့်လက်တွဲဖော်နဲ့အတူ အချိန်ပိုသုံးခြင်းဖြင့် အောင်မြင်နိုင်ပါတယ်။ သာယာလှပတဲ့ နေရာတစ်ခုကို family holiday အဖြစ်သွားမယ်ဆိုရင် အိမ်ထောင်ရေးအတွက် အံ့ဖွယ်အလုပ်ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးအလားအလာက အားတတ်စရာ မရှိပါဘူး။ ခရီးသွားစဉ်နှင့် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ဒဏ်ရာမရအောင် သတိထားသင့်ပါတယ်။




၈။ သိုးနှစ်ဖွား (1919, 1931, 1943, 1955, 1967, 1979, 1991, 2003, 2015)

သိုးနှစ်ဖွားတွေအတွက် ဒီလမှာ ကံကောင်းမှုတွေကြုံရနိုင်ပါတယ်။ အလုပ်အကိုင်တိုးတတ်မှုက ထူးခြားပါလိမ့်မယ်။ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုနှင့်အတူ စီမံခန့်ခန့်မှုက အထင်ကြီးလောက်စရာ ဖြစ်ပါလိမ့်မယ်။ ဒါက ငွေရေးကြေးရေးတိုးတတ်မှုအတွက် ရလဒ်ဖြစ်ပါလိမ့်မယ်။ငွေရေးကြေးရေးခန့်မှန်းချက်က ဝင်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မှာ လာဘ်လာဘကောင်းခြင်းကို ညွှန်ပြနေပါတယ်။ အမြတ်အစွန်းများစွာ ရရှိပါလိမ့်မယ်။

အချစ်ရေးမှာ သဟဇာတဖြစ်မှုကို ပိုမိုကောင်းမွန်တဲ့ ပြောဆိုဆက်ဆံမှု၊ နားလည်မှုတို့ဖြင့် ရရှိနိုင်ပါတယ်။ တတ်နိုင်သလောက် အနားယူခြင်း၊ စိတ်ဖိစီးမှုတွေကို ရှောင်ရှားခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်းနိုင်ပါတယ်။




၉။ မျောက်နှစ်ဖွား (1920, 1932, 1944, 1956, 1968, 1980, 1992, 2004, 2016)

မျောက်နှစ်ဖွားတွေဟာ ဒီတစ်လအတွင်းမှာ အံ့သြဖွယ်ကောင်းတဲ့အချိန်ကို ရရှိပါလိမ့်မယ်။ စီနီယာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပံ့ပိုးမှုကို အားကိုးအားထားပြုနိုင်ပါတယ်။ သင့်ရဲ့အောင်မြင်မှုတွေကြောင့် ရာထူးတိုးခြင်းနှင့် ငွေရေးကြေးရေးအကျိုးကျေးဇူးတွေကို မျှော်လင့်နိုင်ပါတယ်။ ငွေရေးကြေးရေးအတွက် အချိန်ကောင်းဖြစ်ပါတယ်။ ဝင်ငွေဟာ ကုန်ကျစရိတ်တွေထက် အများကြီးပိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေမှာ အမြတ်အစွန်းရပါလိမ့်မယ်။

Single ဆိုရင် ရင်ခုန်စရာအချစ်ရေးနဲ့ တွေ့နိုငဖို့ အခွင့်အလမ်းတွေရှိပါလိမ့်မယ်။ ချစ်သူရှိထားသူတွေအနေနဲ့ နောက်အဆင့်သို့ တတ်သင့်ပါတယ်။




၁၀။ ကြက်နှစ်ဖွား (1921, 1933, 1945, 1957, 1969, 1981, 1993, 2005, 2017)

ကြက်နှစ်ဖွားတွေအတွက် ဒီလက ကံအကောင်းကြီးလည်း မဟုတ်သလို ကံအဆိုးကြီးလည်း မဟုတ်ပါဘူး။ ငွေရေးကြေးရေးခန့်မှန်းချက်တွေမှာ ဒီလငွေကံကောင်းကြောင်း ပြသနေပါတယ်။ သသို့သော် ဆုံးရှုံးမှုတွေကို ရှောင်ဖို့ ဈေးကစားခြင်းနှင့် အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရှောင်ရှားသင့်ပါတယ်။

ဒီလမှာ အချစ်ရေးဟာ လှိုင်းလေထန်နေပါလိမ့်မယ်။ Single တွေအနေနဲ့ အချစ်ရေးမှာ ပိုပျော်စရာကောင်းတာကို ရှာဖွေပါ။ အိမ်ထောင်ရှင်တွေအနေနဲ့ အပျော်ရှာလေ့ရှိပြီး ဒါက အိမ်ထောင်ရေးကို ဆိုးကျိုးသက်ရောက်ပါလိမ့်မဘ်၊ ကျန်းမာရေးကောင်းဖို့အတွက် အလားအလာက အားရှိစရာမကောင်းပါဘူး။ ပြဿနာများစွာနဲ့ ရင်ဆိုင်ရလိမ့်ပြီး ကျန်းမာရေးအခြေအနေညံ့တာက ဘဝရဲ့ အခြားကဏ္ဍတွေကိုပါ ထိခိုက်စေပါလိမ့်မယ်။




၁၁။ ခွေးနှစ်ဖွား (1922, 1934, 1946, 1958, 1970, 1982, 1994, 2006, 2018)

ဒီလက ခွေးနှစ်ဖွားတွေအတွက် ကံကောင်းတဲ့လဖြစ်ပါတယ်။ စီးပွားရေးသမားတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေဟာ လုပ်ငန်းနယ်ပယ်မှာ တိုးတတ်မှုတွေ ရှိပါလိမ့်မယ်၊ အဆင့်မြင့်လေ့ကျင့်ရေးနှင့် ပညာရေးမှတဆင့် သင့်အရည်အချင်းကို တိုးတတ်စေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာ ဇာတာခွင်မှာ အတော်လေး အလားအလာကောင်းပါတယ်။

Single တွေအနေနဲ့ ရင်ခုန်စရာမိတ်ဖက်ရပါလိမ့်မယ်။ ချစ်သူရှိပြီးသားသူတွေကတော့ လက်ထပ်ထိမ်းမြားမှုမှာ အဆုံးသတ်သွားပါလိမ့်မယ်။




၁၂။ ဝက်နှစ်ဖွား (1923, 1935, 1947, 1959, 1971, 1983, 1995, 2007, 2019)

ဝက်နှစ်ဖွားတွေရဲ့ကံကြမ္မာက ယခုလမှာ အပြုသဘောနှင့် မြင့်တတ်နေတဲ့လမ်းကြောင်းကို မြင်တွေ့ရပါလိမ့်မယ်။ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတတ်မှုက အရမ်းကောင်းပြီး မျှော်မှန်းထားတဲ့ အသက်မွေးဝမ်းကျောင်း တိုးတတ်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ငွေရေးကြေးငွေးက အရမ်းအံ့သြဖွယ်ကောင်းပြီး အလုပ်မှ ဝင်ငွေအပြင် မမျှော်လင့်ထားတဲ့ နေရာကနေ ငွေဝင်လာနိုင်ပါတယ်။ ကျန်းမာရေးဇာတာခွင်က အားတတ်စရာ မရှိပါဘူး။ ကျန်းမာရေးညံ့ပါတယ်။ ကိုယ်ခံစွမ်းအား သိသိသာသာလျော့နည်းသွားပြီး ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ အသီးအရွက်ကဲ့သို့ ကျန်းမာရေးအတွက်ကောင်းတဲ့ အစားအစာတွေကို စားဖို့ အာရုံစိုက်ရပါမယ်။


Lifestyle_Myanmar
LM_Nandar


Source-sunsigns.



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#အလုပ်အကိုင်
#အချစ်
#အသက်မွေးဝမ်းကျောင်း
#ကျန်းမာရေး
#ခန့်မှန်းချက်

Some text some message..