ရုပ်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မှုအရှိဆုံးဆိုတဲ့ ရာသီခွင် (၅) ခု
auntymay.com
|
2020-10-07

ဒီတစ်ခေါက် ရာသီခွင်တို့ရဲ့ ကဏ္ဍမှာတော့ ရုပ်ပိုင်းဆိုင်ရာအရ တစ်ဖက်သားအပေါ် ဆွဲဆောင်မှုပြင်းတတ်ကြတဲ့ ရာသီခွင်လေးတွေကို ဖော်ပြပေးသွားမှာပါ။ ရာသီခွင်တစ်ခုချင်းစီအလိုက် ဘယ်လိုမတူညီတဲ့ ပုံစံမျိုးတွေနဲ့ ဆွဲဆောင်မှုရှိနေကြသလဲဆိုတာ ကြည့်လိုက်ရအောင်။


Aquarius: ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ

Aquarius တွေကတော့ တစ်ဖက်သားကို ညှို့အားပြင်းတဲ့သွင်ပြင်တွေနဲ့ ဆွဲဆောင်တတ်ကြပါတယ်တဲ့။ ဒါကြောင့်လည်း ကောင်လေးတွေဆိုရင် သူတို့တွေကိုတွေ့တာနဲ့ တန်းကြွေတတ်ကြတာပေါ့။


Freepik- cookie_studio


Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ

Libra တွေကတော့ fashion အမြင်လည်းရှိတဲ့အပြင် သူတို့မှာ လျှို့ဝှက်ဆန်ပြီး ထူးခြားတဲ့အချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ Libra မှန်ရင် ရုပ်လှလှ၊ မလှလှ တစ်ဖက်သားကို ဆွဲဆောင်မှန်းမသိ ဆွဲဆောင်နေတာမျိုးပါ။


Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ

Virgo လေးတွေကတော့ သူတို့ရဲ့ ဖြူစင်ရိုးသားလှတဲ့ သွင်ပြင်လေးကြောင့် မြင်မြင်ချင်းမှာတင် သူတို့ကို မေတ္တာရှိသွားတတ်ကြပါတယ်။ မြင်ရသူတိုင်း စိတ်အေးချမ်းစေတဲ့ အလှတရားပိုင်ရှင်လေးတွေပါတဲ့။


Freepik- cookie_studio


Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ

သူတို့တွေဟာ နေထိုင်လှုပ်ရှားသွားလာမှုတိုင်းဟာ မိန်းမသားအရမ်းဆန်လွန်းတာကြောင့် ကောင်လေးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေကြရတာပါ။ ူ


Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ

Taurus တွေကတော့ တစ်မျိုး smart ကျပြီး စကားပြောညက်မှုတွေကြောင့် တစ်ဖက်သားက သင်စကားပြောတိုင်း သင့်မျက်နှာလေးကိုကြည့်ပြီးတော့ နစ်မြောသွားတတ်ကြပါတယ်။


Freepik- marymarkevich


penny


#ရာသီခွင်
#ဆွဲဆောင်မှု
#ကောင်လေး
#မေလ
#သွားလာမှု

Some text some message..