အညံ့အခိုက်မရှိစီးပွားတက်မည့်နေ့နံအလိုက်အိမ်ဆောက်ခြင်းအကျိုး
buildersguide.com.mm
|
2020-10-28

တနင်္ဂနွေနေ့အိမ် ဆောက်လျှင်ဆင်းရဲမည်။တနင်္လာနေ့အိမ်ဆောက်လျှင်ဥစ္စာစီးပွားတတ်မည်။အင်္ဂါနေ့အိမ်ဆောက်လျှင်အရာရာအောင်မြင်မည်။ဗုဒ္ဓဟူးနေ့အိမ်ဆောက်လျှင်သောကများပြီးစီးပွားရေးမတည်မငြိမ်ဖြစ်မည်။ကြာသပတေးနေ့အိမ်ဆောက်လျှင်စီးပွားရေးတိုးတတ်ပြိးအရာရာအဆင်ပြေမည်။

သောကြာနေ့အိမ်ဆောဘက်လျှင်အိမ်တွင်း ပူပင်သောကများမည်။ဥစ္စာဓနတိုးပွားမည်။စနေနေ့အိမ်ဆောက်လျှင်အချင်းချင်း စကားငြင်းခုံရတတ်သည်။အဆင်မပြေမှုများပူပင်သောကများအလိုလိုဝင်လာတတ်သည်။

ပန္နက်ရိုက်မင်္ဂလာ

-------------------

တနင်္ဂနွေနေ့တွင်ကြာသပတေးသားကြိုးရင်းကိုင်ပြီးသောကြာသားမှကြိုင်းဖျားကိုင်လျှက်ထိန်သားဒန်းသားဖြင့်စနေသားမှပန္နက်ရိုက်ပါ။

တနင်္လာနေ့တွင် သောကြာသားမှကြိုးရင်းကိုင်ပြီးစနေသားမှကြိုးဖျားကိုင်လျှက်အုန်းသားအင်သားဖြင့်တနင်္ဂနွေသားမှပန္နက်ရိုက်ပါ။

အင်္ဂါနေ့တွင်စနေသားမှကြိုးရင်းကိုင်ပြီးတနင်္ဂနွေသားမှကြိုးဖျားကိုင်လျက်ကံကော်သားဖြင့်တနင်္လာသားမှပန္နက်ရိုက်ပါ။

ဗုဒ္ဓဟူးနေ့တွင်တနင်္ဂနွေသားမှကြိုးရင်းကိုင်ပြီးတနင်္လာသားမှကြိုးအဖျားကိုင်လျှက်ဇီးသားနှင့်အင်္ဂါသားမှပန္နက်ရိုက်ပါ။

ကြာသပတေးနေ့တနင်္လာသားမှကြိုးရင်းကိုင်ပြီးအင်္ဂါသားမှကြိုးဖျားကိုင်လျှက်ဝါးသားဖြင့်ဗုဒ္ဓဟူးသားမှပန္နက်ရိုက်ပါ။

သောကြာနေ့တွင်အင်္ဂါသားမှကြိုးရင်းကိုင်ပြီးဗုဒ္ဓဟူးသားမှကြိုးဖျားကိုင်လျှက်ပေါက်သားဖြင့်ကြာသပတေးသားမှပန္နက်ရိုက်ပါ။

စနေနေ့တွင်ဗုဒ္ဓဟူးသားမှကြိုးရင်းကိုင်လ ျှက်ကြာသပတေးသားမှကြိုးရင်းကိုင်းပြီးသရက်သားဖြင့် သောကြာသားမှပန္နက်ရိုက်ပါ။

Credit

Myanmar Building Guide

#ကြိုး
#အင်္ဂါသား
#သောကြာသား
#ကြာသပတေး
#ဗုဒ္ဓဟူး

Some text some message..