
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ စီးပွားရေးအတွက် အခြေအနေကောင်းတွေ ဖြစ်ပေါ်လာမယ်။ အစိုးရနဲ့ ဆက်စပ် လုပ်ကိုင်တဲ့ကိစ္စတွေ စိတ်တိုင်းကျ အဆင်ပြေမယ်။ မိတ်ဟောင်းမိတ်သစ်တွေကလည်း ကူညီပေးဖို့ ရှိနေတယ်။ ဝန်ထမ်းတွေတော့ သိပ်မထူးခြားနိုင်ဘဲ ကိုယ်ပိုင်အလုပ်တွေ အောင်မြင်မယ်။ ငွေကြေးကိစ္စ သောက များမယ်။
ကျန်းမာရေး - ကိုယ်ခံအားကောင်းမယ့် ကာလ ဖြစ်လို့ တော်ရုံတန်ရုံ အနာရောဂါ ဝင်ဖို့ ခဲယဉ်းလိမ့်မယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ရှည်သည်းခံပေးရတာ များနေမယ်။ ပေါက်ကွဲချင်စိတ်တွေ လွတ်ထွက်မသွားအောင် ထိန်းနေရတတ်တယ်။ ပျိုရွယ်သူတွေ ရည်မှန်းသူနဲ့ အဆင်မပြေလို့ စိတ်ပင်ပန်းမယ်။ အိမ်တွင်းမိသားစုရေးလည်း ပူပန်ရလိမ့်မယ်။ ဒီကာလမှာ မိတ်ဆွေ၊ ဆရာသမားတွေနဲ့ အချိန်ပေးနေထိုင်ရမယ်။
ကံကောင်းစေတဲ့ အရောင် - လိမ္မော်၊ ရွှေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅
ကံကောင်းစေတဲ့ အရပ် - အနောက်၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး
ယတြာ - မွေးနေ့ (တနင်္ဂနွေ) မနက် ၉ း ၄၅ ၊ အိမ်ကဘုရားမှာ မုန့်ဟင်းခါး၊ ပဲကြော်နဲ့ ကပ်လှူပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - မလိုလားအပ်တဲ့ အရှုပ်အရှင်းတွေကြောင့် လုပ်ငန်းကို ထိခိုက်နိုင်တယ်။ လုပ်ငန်းခွင်နဲ့ လူမှုရေး မရောထွေးတာ ကောင်းမယ်။ အလုပ်နဲ့ ပတ်သက်လို့ စိတ်ညစ်ရ၊ စိတ်ရှုပ်ရတာ များမယ်။ ဒါပေမယ့် အခက်အခဲ ဘယ်လိုများများ ပြေလည်အောင် ရှင်းနိုင်လိမ့်မယ်။ ငွေကြေး ကံကောင်းမယ်။ အထုပ်အထည်နဲ့ ရတတ်တယ်။
ကျန်းမာရေး - ဆေးမှား၊ အစာမှား သတိထားရမယ်။ ဒါပေမယ့် ဘေးဥပဒ်ရောက်တဲ့ထိ မဖြစ်နိုင်ပါ။
လူမှုအိမ်ထောင် - နှလုံးသားရေးမှာ စိတ်ခုစရာ မကျေနပ်စရာတွေ ဖြစ်လာတတ်တယ်။ ဘေးကနေ တိုက်ခိုက်မှု ဖြစ်တတ်တယ်။ အချင်းချင်းလည်း သည်းညည်းခံနိုင်အား နည်းလိမ့်မယ်။ အိမ်ထောင်ရှင်တွေလည်း စိတ်ထဲမှာ မကြည်လင်စရာတွေ များနေမယ်။ ပြဿနာ မကြီးမားပေမယ့် တစ်ယောက်နဲ့ တစ်ယောက် စိတ်ရှည်ဖို့လိုမယ်။
ကံကောင်းစေတဲ့ အရောင် - ပုလဲ၊ အဖြူဆွတ်ဆွတ်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၉ ၊ ၅ ၊ ၂
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး
ယတြာ - ကြာသပတေးနေ့မှာ ငွေငါးရာကျပ်ကို ပံ့သကူအဖြစ် ရည်ရွယ်ပြီး စွန့်ကြဲလိုက်ပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - တစ်ပတ်လုံး စိတ်မြန်လက်မြန်နဲ့ အလျင်စလို ဖြစ်နေလို့ အလုပ်မှာလည်း အားမရချင်တာတွေ များနေလိမ့်မယ်။ စီးပွားရေးကိစ္စတွေမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာတွေ ဖြစ်တတ်တယ်။ ဝန်ထမ်းဆိုရင် လုပ်ငန်းခွင်ထဲမှာ အတိုက်အခိုက်တွေ များတတ်တယ်။ ငွေကြေးပိုင်းနဲ့ ပတ်သက်လို့ မရေရာတာတွေ ဖြစ်မယ်။
ကျန်းမာရေး - အစာအိမ်၊ အဆုတ်နဲ့ ပတ်သက်ပြီး ဂရုစိုက်ရမယ်။ ကျန်းမာရေး အနည်းငယ် အညံ့ ရှိနိုင်တယ်။
လူမှုအိမ်ထောင် - မိသားစု၊ အိမ်တွင်းရေး သာသာအေးချမ်းမယ်။ ပြဿနာတွေ ဖြေရှင်းနိုင်မယ်။ နှလုံးသားရေး ကံဇာတာ ကောင်းလာမယ်။ ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ ကောင်းသတင်းတွေ ကြားရတတ်တယ်။ အကူအညီပါ ပေးနိုင်လိမ့်မယ်။ ဒါပေမယ့် ပြင်ပလူမှုရေးမှာ မယုံကြည်ရသူတွေ ရှိနေမယ်။ သတိထား ပေါင်းသင်းရလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အနက် ၊ မီးခိုး
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ စနေ
ယတြာ - မွေးနေ့ (အင်္ဂါ) ညနေစောင်းမှာ ညောင်ပင်ကြီးကြီးကို သွားပြီး ညောင်ကိုင်းထောက် ကုသိုလ်ယူပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - အဘက်ဘက်က အကူအညီတွေ ရလာဖို့ ရှိတယ်။ မိတ်ဆွေအပေါင်းအသင်းကောင်းတွေက ဖေးမကူညီလာမယ်။ အလုပ်တွေလည်း အဆင်ပြေချောမွေ့လိမ့်မယ်။ ဝန်ထမ်းဆိုရင်တော့ အလုပ်တွေ ပိုများ ပိုရှုပ်လာနိုင်တယ်။ စီးပွားရေးသမားတွေ လုပ်ငန်း ကောင်းမယ်။ ငွေကုန်ကြေးကျတော့ သိပ်များလာနိုင်တယ်။
ကျန်းမာရေး - ပုံမှန်ထက် အားနည်းတတ်တဲ့ကာလ ဖြစ်လို့ ရောဂါဝေဒနာအခံရှိသူတွေ ဂရုစိုက်သင့်တယ်။
လူမှုအိမ်ထောင် - လူငယ်တွေ နှလုံးသားရေးကိစ္စ ကြီးစိုးလာနိုင်တဲ့ကာလ ဖြစ်တယ်။ လက်တွဲဖော်နဲ့ နားလည်မှု လွဲတတ်ပေမယ့် ပျော်စရာတွေလည်း မနည်းမနော ရှိလာလိမ့်မယ်။ အိမ်ထောင်ရှင်တွေက ဆူဆူပူပူ ဖြစ်ပြီးမှပဲ ပြေလည်မှု ရမယ်။ ဒီအပတ်မှာ ကိုယ်တိုင်က အတွေးများ၊ စဉ်းစားတာတွေ များပြီး အာရုံနောက်လွယ်နေမယ်။
ကံကောင်းစေတဲ့ အရောင် - ရွှေရောင်၊ အရောင်ဖျော့များ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ တနင်္လာ
ယတြာ - မွေးနေ့ မနက်စောစော အိမ်ကဘုရားမှာ ကြာဆံချက်တစ်ပွဲ ကပ်လှူပြီး ဆုတောင်းပါ။
ရာဟုဖွား
အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်၊ စီးပွားနဲ့ ပတ်သက်တဲ့ လိုအင်ဆန္ဒအတော်များများ ပြည့်ဝသွားနိုင်တယ်။ လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ချိတ်မိတတ်တယ်။ အသင်းအဖွဲ့၊ အစုစပ်အလုပ်တွေ အကျိုးပေး အောင်မြင်နိုင်တယ်။ ကိုယ်တိုင်က အတွေးလွန်လို့ လက်နှေးနေမယ်။ ငွေကြေးကိစ္စအတွက် ဒေါသ ဖြစ်ရမယ်။
ကျန်းမာရေး - အသွားအလာ အစားအသောက် အားလုံး ဂရုစိုက်ရမယ်။ ကျန်းမာရေး ညံ့သွားတတ်တယ်။
လူမှုအိမ်ထောင် - ကိုယ့်မိသားစုထဲမှာ ပျော်ရွှင်ဝမ်းမြောက်စရာတွေ ကြားရ ကြုံရမယ်။ မိသားစု၊ ဆွေမျိုးတွေရဲ့ ကူညီထောက်ပံ့မှု ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ တကျက်ကျက် ဖြစ်နေလိမ့်မယ်။ ဒီအပတ်မှာ အကြောင်းအမျိုးမျိုးနဲ့ ငွေထွက်တာ များနိုင်တယ်။ အသုံးအစွဲ သတိထားရမယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ငွေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၇
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - စနေ
ယတြာ - ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပတ်ဝန်းကျင်က ကလေးတွေကို အကြော်စုံ ဝယ်ကျွေးလိုက်ပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ ဘာအလုပ်မှ အဆင်မပြေဘဲ အခက်အခဲတွေချည်း များလာနိုင်တယ်။ ဝန်ထမ်းဆို ရာထူး၊ အခွင့်အရေးတွေ ရတတ်ပေမယ့် ကိုယ်ပိုင်လုပ်ငန်းတွေမှာတော့ လုပ်ရကိုင်ရ ခက်ခဲကျပ်တည်းတာတွေ ဖြစ်လာလိမ့်မယ်။ အစုစပ်ရှယ်ယာတွေ ကွဲတတ်တယ်။ ငွေကြေးပိုင်းမှာတော့ မျှော်လင့်တာထက် ပိုရလိမ့်မယ်။
ကျန်းမာရေး - တစ်ပတ်တာလုံး ကျန်းမာရေး အညံ့ မရှိနိုင်ပါ။ ဖြစ်နေတဲ့ဝေဒနာတွေ ရှိရင် သက်သာမယ်။
လူမှုအိမ်ထောင် - မိတ်ဆွေအပေါင်းအသင်းရဲ့ အကူအညီတွေ ရမယ်။ အထက်လူကြီးတွေ၊ ဆရာသမားတွေရဲ့ စောင့်ရှောက်မှုလည်း ရရှိမယ်။ ဒါပေမယ့် အချစ်ရေး၊ အိမ်ထောင်ရေးကံတော့ အားနည်းမယ်။ အချင်းချင်းကြား စိတ်ဝမ်းကွဲ ဒေါသထွက်စရာတွေ ဖြစ်လာနိုင်တယ်။ နားလည်မှုတွေ ပိုလိုအပ်မယ်။ မာန်မာနတွေ လျှော့ရမယ်။
ကံကောင်းစေတဲ့ အရောင် - အနီဖျော့ ၊ အဝါ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂ ၊ ၅
ကံကောင်းစေတဲ့ အရပ် - အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ တနင်္လာ
ယတြာ - မွေးနေ့မနက် အိမ်ကဘုရားမှာ ကံကော် ၇ ညွှန့်နဲ့ ကြာဆံကြော်ကို ကပ်လှူပေးပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - ကျန်းမာရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အလုပ်ပျက်အကိုင်ပျက် ဖြစ်တတ်တယ်။ စီးပွားရေးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ သိပ်များလာပြီး အတိုက်အခိုက်တွေလည်း ပေါ်လာနိုင်တယ်။ လုပ်ငန်းခွင်မှာ ပြဿနာတွေ မကြာခဏ ဖြစ်မယ်။ ငွေကြေးကိစ္စမှာလည်း မတင်မကျနဲ့ စိတ်ရှုပ်ရတတ်တယ်။
ကျန်းမာရေး - ကံဇာတာ မှေးမှိန်နေချိန် ဖြစ်လို့ ကျန်းမာရေးပါ ကျဆင်းတတ်တယ်။ ဂရုစိုက်ဖို့ လိုအပ်မယ်။
လူမှုအိမ်ထောင် - ဒီအပတ်မှာ ပြင်ပလူမှုဆက်ဆံရေး ပဋိပက္ခလေးတွေ ရှိလာနိုင်တယ်။ အိမ်တွင်းရေးမှာတော့ စိတ်ချမ်းသာမှု ရလိမ့်မယ်။ နှလုံးသားရေးမှာ မပြတ်သားတာတွေ၊ သံသယတွေ ကြီးစိုးလာနိုင်တယ်။ ဒါပေမယ့် အိမ်ထောင်ရှင်တွေကတော့ အဆင်ပြေသာယာမယ့် ကာလ ဖြစ်တယ်။ လက်တွဲဖော်ရဲ့ အကူအညီတွေ ရမယ်။
ကံကောင်းစေတဲ့ အရောင် - ခဲရောင်၊ ကော်ဖီရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ဝ
ကံကောင်းစေတဲ့ အရပ် - တောင် ၊ အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ ကြာသပတေး
ယတြာ - အားလပ်ရက်မှာ ဘုန်းကြီးကျောင်းက သံဃာသုံးကုဋီတွေ ရေဆေးတဲ့ လုပ်အားကုသိုလ်ယူပါ။
စနေနေ့ဖွား
အလုပ်အကိုင် - ဝန်ထမ်းဆိုရင် အတိုက်အခိုက်တွေကြားက အောင်မြင်မှု ရမယ့်ကာလ ဖြစ်တယ်။ အကြီးအကဲ အုပ်ချုပ်သူတွေက ကိုယ့်ကို အလေးပေးဆက်ဆံလာမယ်။ လုပ်ငန်းရှင်တွေလည်း ဒီအပတ်မှာ စီးပွားကံဇာတာ အကောင်းဘက် ရှိနေမယ်။ အကျိုးအမြတ် ရလွယ်မယ်။ ငွေကြေးကံလည်း ပွင့်လန်းနေလို့ စီးပွားဖြစ်လိမ့်မယ်။
ကျန်းမာရေး - သွေးသားနဲ့ ပတ်သက်လု့ိ ဂရုစိုက်ရမယ်။ ဒါပေမယ့် ဆိုးဝါးတဲ့အညံ့တွေ မရှိလောက်ပါဘူး။
လူမှုအိမ်ထောင် - လူငယ်တွေ နှလုံးသားရေးမှာ စန်းပွင့်ပြီး အဆင်ပြေမယ်။ လိုအင်ဆန္ဒတွေလည်း ပြည့်ဝမယ်။ အိမ်ထောင်ရှင်တွေကတော့ တစ်ပတ်လုံး ထူးခြားမှု မရှိဘဲ ပုံမှန် ဖြတ်သန်းရမယ်။ ဒီအပတ်မှာ နေရာထိုင်ခင်းနဲ့ အိုးအိမ်ကိစ္စတွေ မတည်မငြိမ် ဖြစ်တတ်တယ်။ အဲဒီအတွက်နဲ့ စိတ်ပူရလိမ့်မယ်။ စကားတွေလည်း များရမယ်။
ကံကောင်းစေတဲ့ အရောင် - ရွှေရောင်၊ လိမ္မော်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ ကြာသပတေး
ယတြာ - ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ သက်ကြီးဝါကြီး (သို့) ဆရာတစ်ဦးကို အားဆေး လှူဒါန်း ကုသိုလ်ယူပါ။
#lotaya_horoscope
အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်