ချစ်ကံခေတတ်တဲ့ ရာသီခွင်လေးတွေ
moda.com.mm
|
2020-11-13

အချစ်ရေးကံကောင်းဖို့ဆိုတာကလည်း တကယ်တော့ ဘုရားပေးတဲ့ဆုလို့ပြောရမလို တော်တော်လေးကို ကံထူးမှ ရရှိပိုင်ဆိုင်တတ်တဲ့ ဆုလာဘ်တစ်မျိုးပါ။ တချို့ကတော့ ဘယ်လောက်ပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပါစေ ကံတရားရဲ့စီမံမှူကြားမှာ ကိုယ်ဖြစ်ချင်တာတွေဖြစ်မလာခဲ့ရတာမျိုး တွေရှိသလို ရတာမလို လိုတာမရခဲ့ရတာမျိုးတွေလည်း အများကြီးကြုံရတတ်ပါတယ်။ လူတိုင်းဟာ တခြားသောအကြောင်းအရာအမျိုးမျိုးကြောင့် အချစ်ရေးနဲ့ပတ်သက်ရင် ကံဆိုးတာ ၊ချစ်ခရီးလမ်းမဖြောင့်ဖြူးတာတွေကြုံရတတ်တယ်ဆိုပေမယ့် ဒီရာသီခွင် (၄) ခု ကတော့ နက္ခတ်ကြယ်တာရာတွေရဲ့ လွှမ်းမိုးမှူအရကိုက အချစ်ရေးမှာ ကံမကောင်းတတ်ကြတဲ့သူလေးတွေလို ဆိုထားပါတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာအပေါ်ကို နက္ခတ်တွေရဲ့ သက်ရောက်လွှမ်းမိုးမှူက အရမ်းအရေးပါတယ်ဆိုပေမယ့် ဘယ်အရာမှ မတည်မြဲတဲ့လောကကြီးမှာ ကိုယ်ပိုင်ဆိုင်ချင်တဲ့အရာတွေကို ရရှိထားတဲ့အချိန်လေးမှာပဲ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်ပြီး ပျော်ရွှင်စရာဇာတ်ပေါင်းခန်းလေးတွေအဖြစ်ပြောင်းလဲနိုင်ကြပါစေလို့ ဆုမွန်ကောင်းခြွေရင်း ဘယ်ရာသီခွင်လေးတွေကများ ထူးထူးခြားခြား အချစ်ရေးကံဆိုးတတ်လဲဆိုတာ ကြည့်လိုက်ရအောင်နော်။

Taurus (April 20 - May 21)




ကံဆိုးစွာနဲ့ပဲ Taurus လေးတွေဟာ အချစ်ကံခေတတ်လေ့ရှိတဲ့ ရာသီခွင်ထဲမှာထိပ်ဆုံးကပါဝင်နေပါတယ်။ relationship တစ်ခုကို တည်မြဲအောင် အချိန်အကြာကြီးကြိုးစား တည်ဆောက်လာခဲ့ရင်တောင်မှ တခြားသူတွေလောက်ပျော်စရာကောင်းတဲ့ အချစ်ခရီးလမ်းမျိုးကိုပိုင်ဆိုင်ရမှာမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး သံသယဝင်တာ၊ အငြင်းပွားတာမျိုးတွေအပြင် အမြင်မတူ၊ ခံယူချက်မတူတာမျိုးတွေနဲ့ တစ်ချိန်လုံးနီးပါး အဆင်မပြေဖြစ်နေနိုင်ပြီး နောက်ဆုံးမှာတော့ ဝမ်းနည်းစရာ ending လေးတွေနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်။

Libra (September 23- October 22)




Libra လေးတွေကလည်း အချစ်ရေးနဲ့ပတ်သက်ရင် ကံဆိုးတတ်တဲ့ရာသီခွင်ပိုင်ရှင်လေးတွေဖြစ်ပြီး သူတို့ကတော့ ကံတရားနဲ့ရာသီခွင်တွေရဲ့စိုးမိုးမှူကြောင့်ချည်း ချစ်ကံခေတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင်ရဲ့ပင်ကိုယ်အမူအကျင့်လေးတွေကြောင့်လည်း ချစ်ကံခေနေရခြင်းဖြစ်ပါတယ်။ ရတာမလို လိုတာမရဆိုသလို အချစ်ရေးမှာ ရွေးချယ်လွန်းတာကြောင့် နောက်ဆုံးမှာတော့ ငှက်ပျောတုံးဖက်ပြီးကျန်ခဲ့ရမယ့် အပျိုကြီး ၊လူပျိုကြီးဇာတာပိုင်ရှင်လေးတွေလို့တောင် ဆိုရမယ့်သဘောပါ။

Capricorn (December 22- January 20)




Capricorn လေးတွေလည်း အများအားဖြင့် ချစ်ကံခေတတ်တဲ့ ရာသီခွင်တွေထဲမှာပါဝင်ပါတယ် ။တချို့ Capricorn လေးတွေကတော့ သူတို့ကိုယ်တိုင်က အချစ်စစ်ဆိုတာကြီးကို မရှာဖွေချင်ကြတာပါတဲ့။ အုံပုန်းသမားလေးတွေ ၊တောထွက်တရားကျင့်မယ့်သူလေးတွေလို့ ဆိုရမလားပါပဲ။ အချစ်စစ်နဲ့ဆုံတွေနိုင်ဖို့အတွက် Capricorn လေးတွေအနေနဲ့ အခုထက်ပိုပြီး ပွင့်လင်းမှူရှိဖို့နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှူအပြည့်ရှိဖို့လိုအပ်တယ်လို့ သတိပေးပါရစေ။

Pisces (February 19 -March 20)




Pisces လေးတွေကတော့ အချစ်ရေးနဲ့ပတ်သက်ရင် တော်ရုံကံကောင်းလေ့မရှိကြပေမဲ့ အဆိုးထဲမှာတော့ အကောင်းဆုံးလို့ဆိုရမလားပါပဲ။ သူတို့အနေနဲ့ မျှော်လင့်ချက်ကို အပျက်မခံပဲ ဇွဲကောင်းကောင်းနဲ့ ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်တော့ နောက်ဆုံးမှာ ပျော်ရွှင်စွာလက်တွဲကြလေသတည်းဆိုတဲ့ ဇာတ်သိမ်းကောင်းလေးကိုပိုင်ဆိုင်ဖို့ အခွင့်အလမ်းအများကြီးရှိနိုင်ပါတယ်တဲ့။

Photo Credit to the Rightful Owners


#ရာသီခွင်
#အချစ်
#နက္ခတ်
#အချစ်စစ်
#ဇာတ်ပေါင်းခန်း

Some text some message..