ဒီဇင်ဘာလမွေးသူတို့ရဲ့ တခြားရာသီခွင်တွေထက် အားသာတဲ့အချက်လေးတွေ
moda.com.mm
|
2020-12-17
Sweet December ဆိုတဲ့အတိုင်း ဒီဇင်ဘာလကတော့ အားလုံးအတွက်ပျော်ရွှင်ခြင်းတွေ၊ နွေးထွေးမှုတွေသယ်ဆောင်လာပေးတယ်ဆိုတာတော့ ဘယ်သူမှမငြင်းနိုင်ပါဘူးနော်။ ဒီလိုပဲ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာမွေးဖွားတဲ့ ဒီဇင်ဘာလ မွေးနေ့ရှင်လေးတွေက သူတို့မှာ တခြားရာသီခွင်လေးတွေနဲ့မတူညီတဲ့ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေ ပိုင်ဆိုင်ကြပါတယ်။ December Born တွေအများစုက ရာသီခွင်အားဖြင့်ဆိုရင် Saggitarius နဲ့ Capricorn ရာသီခွင်တွေဖြစ်ကြပြီး နူးညံ့သိမ်မွေ့တဲ့ စရိုက်သဘာဝရှိသူလေးတွေလို့ပြောနိုင်ပါတယ်။ သူတို့က ဂီတနဲ့ အနုပညာနယ်ပယ်မှာလည်း ထူးချွန်ပြီး Passion ရှိတဲ့သူတွေပါ။ Taylor Swift၊ Billie Eilish၊ Nicki Minaj၊ Britney Spears၊ Brad Pitt၊ Jared Leto၊ Jake Gyllenhaal၊ Denzel Washington တို့လိုနာမည်ကျော်အနုပညာရှင်တွေက ဒီဇင်ဘာလမွေးသူတွေပါ။ December Baby တွေရဲ့တခြားထူးခြားတဲ့ အချက်လေးတွေနဲ့ အားသာချက်လေးတွေကရော ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်။
December born တွေကို Jet-Setter တွေလို့တောင်တစ်ချို့ကခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့သူတို့က အမြဲအတွေ့အကြုံသစ်၊ နေရာအသစ်တွေကို ရှာဖွေချင်နေကြတာမို့လိုပါ။ အရမ်း Active ဖြစ်တယ်။ ခရီသွားမယ် Plan လုပ်ပြီဆိုလည်း သူထိပ်ဆုံးကပဲ။ သွားဖို့အဖော်မရှိလည်း တစ်ယောက်တည်းသွားတယ်။ အဲ့လို Adventure ကိုကြိုက်တဲ့သူတွေပါ။
December born တွေက စိတ်ကူးယဉ်မဆန်ကြပါဘူး။ Dreamer တွေမဟုတ်ကြပါဘူး။ လက်တွေ့သမားတွေပါ။ သူတို့က တစ်ခုဆိုတစ်ခုသူကိုယ်တိုင် လက်တွေ့ လုပ်ကိုင်ပြီးမှ ကျေနပ်ကြပါတယ်။ Logic ကျတာကိုပဲနှစ်သက်တယ်။
အချစ်ရေးမှာဆိုရင်လည်း December Born လေးတွေကို ချစ်သူတော်ထားတယ်ဆိုရင် သင် ကံကောင်းတယ်လို့သာယူဆလိုက်ပါ။ ဘာလို့လဲဆိုတော့ သူတို့က အချစ်ရေးရဲ့ပတ်သတ်ရင် ပေါ့ပေါ့တန်တန် မဟုတ်ပဲ Serious ထားတတ်ကြလို့ပါ။ သူတို့မကြိုက်ဘူးဆိုရင်လည်း ဟန်မဆောင်နေတတ်ဘူး။ တကယ်ချစ်မိသွားပြီဆိုရင်လည်း ဒါတကယ်သူ Commitment ရှိရှိ ဒီ Relationship ကိုတည်ဆောက်ချင်လို့ပါ။
ဒီဇင်ဘာလမွေးသူလေးတွေ အများစုက အပြာရောင်ကိုကြိုက်နှစ်သက်ကြပါတယ်။ သူတို့ရဲ့ Birthstone ကလည်း အပြာရောင် Range တွေထဲကဖြစ်တဲ့ Turquoize၊ Tanzanite နဲ့ Topaz တို့ဖြစ်တာကြောင့်ပါ။
သူတို့က တခြားရာသီခွင်တွေထက် ပိုပြီး နုပျိုကြပါတယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့အတိုင်း December Born လေးတွေက အမြဲအကောင်းမြင်ပြီး ပျော်ရွှင်တဲ့စိတ်ကြောင့် တကယ်ရှိတဲ့အသက်ထက် ပိုပြီးငယ်တဲ့ပုံပေါက်ကြပါတယ်။ ဒါပေမယ့် သူတို့အသက်ကိုတော့သွားမမေးမိစေနဲ့နော်။



ဒါကတော့ အားလုံးထဲမှာအကောင်းဆုံးအချက်ပါ။ ဒီဇင်ဘာလက Holiday Season ဖြစ်တာမို့ ကိုယ့်ရဲ့ မွေးလမှာ Christmas ရော၊ New Year ရော Celebration တွေနဲ့ပြည့်နှက်နေတာမို့ တခြားသူတွေထက် ပိုပြီး Celebrate လုပ်လို့ကောင်းတဲ့ ရာသီပိုင်ရှင်လေးတွေပါ။
လေ့လာတွေ့ရှိချက်တွေအရ December born တွေက ဖျားနာခဲပြီး ကျန်းမာကြပါတယ်။ တခြားရာသီခွင်တွေထက် ကိုယ်ခံအားပိုကောင်းပြီး Major Diseases တွေလည်း ဖြစ်ခဲပါတယ်။
ပျော်တတ် ခင်တတ်တဲ့နေရာမှာလည်း နှစ်ယောက်မရှိပါဘူး။ တကယ်လို့ သင့်သူငယ်ချင်းထဲမှာ December born လေးတွေရှိရင် ဒါမှမဟုတ် သင်ကိုယ်တိုင်က December born ဖြစ်နေရင်တော့ ပွဲခံရတာကိုကြိုက်သူတွေဆိုတာမငြင်းချင်ပါနဲ့။ ပါတီတွေ၊ ပျော်ပွဲရွှင်ပွဲတွေကြိုက်ပြီး သူငယ်ချင်းတွေအများကြီးနဲ့ပျော်နေတတ်သူတွေပါ။


#December
#ရာသီခွင်
#ဒီဇင်ဘာလ
#အပြာရောင်
#မွေးလ

Some text some message..