Scorpio (ဗြိစ္ဆာရာသီဖွား)လေးတွေရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်များ
lifestylemyanmar.com
|
2021-01-28



နက္ခတ်ဗေဒင်မှာ အထင်လွဲခံရတတ်ဆုံး sign တွေထဲကတစ်ခုဖြစ်တဲ့ Scorpio (ဗြိစ္ဆာရာသီဖွား) ဟာ ရေသင်္ကတဖြစ်ပါတယ်။ Scorpio စရိုက်တွေမှာ စိတ်အားထက်သန်ခြင်း၊ စိတ်ခံစားမှု ဖုံးကွယ်ခြင်းနှင့် သူတို့ချစ်ရသူတွေအပေါ် သစ္စာစောင့်သိခြင်း တို့ပါဝင်ပါတယ်။ သို့သော် သူတို့မှာ မနာလိုမှု၊ ခေါင်းမာမှုနှင့် လက်စားချေလိုစိတ်တွေလည်း ရှိကြပါတယ်။ Scorpio တွေဟာအောက်တိုဘာ ၂၃နှင့် နိုဝင်ဘာ ၂၁ကြား မွေးဖွားပါတယ်။ ပြီးတော့ တော်တော်လေး serious ဖြစ်တဲ့ ပင်ကိုသဘာဝကြောင့် ထင်ရှားပါတယ်။

“Scorpioရဲ့ အကောင်းဆုံး စရိုက်များ”

၁။ စိတ်အားထက်သန်မှု

Scorpio ရဲ့အထင်ရှားဆုံး ကိုယ်ရည်ကိုယ်သွေးစရိုက်တွေထဲမှ တစ်ခုက သူတို့လုပ်ဆောင်သမျှပေါ်မှာ စိတ်အားထက်သန်မှုရှိတာ ဖြစ်ပါတယ်။ ရှုံးနိမ့်ခြင်းက သူတို့ရဲ့ အနက်ရှိုင်းဆုံးသော ကြောက်စိတ်တွေထဲမှ တစ်ခုဖြစ်တာကြောင့် သူတို့က ရောက်လာမယ့် ဘယ်အခွင့်အရေးကိုမဆို လွှမ်းမိုးပါလိမ့်မယ်။

၂။ ရဲရင့်မှု

Scorpios တွေဟာ အထူးသဖြင့် အခြားသူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ လုပ်ရပ် (သို့) တာဝန်နေဖြစ်ရင် ကူညီဖို့အတွက် သူတို့ကိုယ်တိုင် စေတနာ့ဝန်ထမ်းချင်သူတွေ ဖြစ်ကြပါတယ်။ ရှေ့မှာဒုက္ခတွေ ရှိနေရင် အန္တရာယ်ရှိတဲ့ လမ်းထဲကို သူတို့ကိုယ်သူတို့ ခြေစုံပစ်ဝင်မယ့် ရာသီခွင်တွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် သူတို့ချစ်ရသူတစ်ယောက် ပါဝင်ပတ်သတ်နေရင် ဖြစ်ပါတယ်။

၃။ သစ္စာစောင့်သိကြပါတယ်

Scorpio တွေဟာ သင်လိုချင်တဲ့ ပါတနာ (သို့) သူငယ်ချင်းအမျိုးအစားဖြစ်ပါတယ်။ သူတို့ကအခြားသူတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အချိန်ယူတတ်ကြပေမယ့် ယုံကြည်မှုကို ရပြီဆိုတာနဲ့ သင့်ရဲ့နောက်ကျောမှာ အမြဲရှိနေပါလိမ့်မယ်။ Scorpioတွေရဲ့ ကိုယ်ရည်ကိုယ်သွေးက သစ္စာရှိတတ်ကြတာဖြစ်ပါတယ်။ သို့သော် သင်ဟာ သူတို့ရဲ့ယုံကြည်မှုကို ချိုးဖျက်ပြီးတာနဲ့ (သို့) လိမ်တာနဲ့ သင့်မှာ အားကိုးအားထားစရာ ရှိတော့မှာ မဟုတ်ပါဘူး။

၄။ စနစ်ကျသူတွေ ဖြစ်ပါတယ်

Scorpios တွေဟာ စိတ်လိုက်မာန်ပါလုပ်ရပ်တွေကို အရမ်းမုန်းပါတယ်။ သူတို့ဟာ တွက်ချက်ပြီး ဆုံးဖြတ်ချက်မချခင်မှာ အမြဲတမ်းစဉ်းစားတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ မလုပ်ဆောင်ခင် သူတို့စိတ်ထဲမှာ အစီအစဉ်တွေကို ဖွင့်မပြောတတ်ကြပါဘူး။ တဒင်္ဂခံစားချက်ရဲ့တွန်းအားကို အခြေခံပြီး မရွေးချယ်ကြပါဘူး။

၅။ ရည်မှန်းချက်ကြီးကြပါတယ်

မဆုတ်မနစ်ကြိုးပမ်းတတ်ပြီး အလျှော့မပေးတတ်တဲ့စိတ်ရှိသော ဒီရာသီခွင်တွေဟာ အောင်မြင်ဖို့ဆိုရင် ဘာကမှ သူတို့ရပ်တန့်သွားအောင် လုပ်လို့ရမှာ မဟုတ်ပါဘူး။ သူတို့ပြီးမြောက်ချင်တဲ့ ရည်မှန်းချက်တစ်ခုရှိတဲ့အခါ သူတို့စိတ်ကို ရှေ့တန်းတင်ကြပါတယ်။ သူတို့ရဲ့ အားကောင်းတဲ့ စွမ်းအားက တစ်ခါတစ်ရံမှာ သူတို့ကို အစွန်းရောက်စေနိုင်ပါတယ်။

၆။ အလိုလိုသိတတ်ကြပါတယ်

Scorpio တွေဟာ အပြင်ပန်းက အရာတွေကိုပဲ မခံစားပါဘူး။ သူတို့ဟာ စိတ်ခံစားမှုတွေနဲ့ နက်နက်ရှိုင်းရှိုင်းထိတွေ့ကြပြီး အခြားသူတွေရဲ့ စိတ်ခံစားချက်ကို စာနာနားလည်တတ်ကြပါတယ်။ သူတို့ရဲ့ ပင်ကိုစရိုက်ကိုက တစ်ယောက်ယောက် လိမ်နေပြီဆိုရင် အလိုလိုသိကြပါတယ်။




Scorpio တွေရဲ့ စရိုက်ဆိုး (၅)ခု

၁။ ခေါင်းမာတတ်ပါတယ်

Scorpio တွေဟာ တသမတ်တည်းဖြစ်တဲ့ သင်္ကတဖြစ်တာကြောင့် သူတို့ဟာ ဘယ်ပြောင်းလဲမှုကိုမဆို မကြိုက်လိုတဲ့ သဘောဖြစ်ပါတယ်။ တကယ်လို့ တစ်ခုခုက Scorpio တွေရဲ့စိတ်ကို ပြောင်းလဲဖို့ (သို့) အခြေအနေသစ်တစ်ခုနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်တယ်ဆိုရင် သူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်ခံစားချက်၊ အတွေးတွေကနေ ထွက်သွားဖို့ကို အတိုက်အခံလုပ်တတ်ကြပါတယ်။

၂။ မနာလိုဖြစ်တတ်ကြပါတယ်

သူတို့ရဲ့ ပြင်းပြခြင်းကို negative နည်းလမ်းတွေနဲ့လည်း ဖော်ပြနိုင်ပါတယ်။ အခြားလူတစ်ယောက်နဲ့ ယှဉ်ပြိုင်ရတဲ့အခါမျိုးမှာ Scorpio တွေဟာ မနာလိုဖြစ်လာနိုင်ပါတယ်။ သူတို့အနေနဲ့ သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ခြင်းက ချိုးဖျက်ရမယ့် အလေ့အကျင့်ကောင်းတစ်ခုဆိုတာကို နားလည်ဖို့ လိုတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ကို သူတို့ ဦးစားပေးတယ်လို့ ထင်တတ်ပါတယ်။

၃။ လျှို့ဝှတ်တတ်ကြပါတယ်

Scorpio ရဲ့စိတ်ထဲမှာ နက်ရှိုင်းစွာ ပုန်းအောင်းနေတာက သူတို့ရဲ့ ခံစားချက်အစစ်အမှန်တွေနဲ့ စိတ်ခံစားမှုတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ အထူးသဖြင့် သူတို့ကောင်းကောင်း မသိတဲ့လူတွေကို ကိုယ့်အကြောင်းဖော်ပြရတာ မကြိုက်ကြပါဘူး။ အပြင်ပန်းကကြည့်ရင် ခက်ထန်ပုံရပေမယ့် အဲဒီနောက်ကွယ်မှာ သူတို့ရဲ့အတွင်းစိတ် နူးညံ့မှုရှိနေပါတယ်။

၄။ ရန်လိုတတ်ကြပါတယ်

Scorpio ကို “နိုး”လို့ပြောဖူးသူတိုင်းဟာ တန်ပြန်ခံစားရတတ်ပါတယ်။ သူတို့ရဲ့ ရန်လိုသော သဘောထားက အခြားသူတွေကို သူတို့လိုချင်တဲ့အရာ ရရှိဖို့ ကြိုးကိုင်ရန် ဦးတည်စေပါတယ်။ ဒေါသထွက်မြန်ခြင်းက အများအားဖြင့် အလျှော့ပေးလိုက်လျောလိုခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။

၅။ ခွင့်မလွှတ်တတ်ကြပါဘူး

Scorpio တွေဟာ ခွင့်လွှတ်ပြီး မေ့လိုက်ဆိုတဲ့ စကားလုံးတွေနဲ့ ရှင်သန်ဖို့ ငြင်းဆန်တတ်ကြပါတယ်။ သူတို့အပေါ်မှာ အမှားတစ်ခုခုလုပ်မိတာနဲ့ တစ်သက်လုံး အာဃာတထားပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nandar


Source-yourtango


#စရိုက်
#အခြားသူ
#စိတ်ခံစားမှု
#ရာသီခွင်
#ရည်မှန်းချက်

Some text some message..