Sagittarius လေးတွေက နက္ခတ်ဗေဒင်မှာ ၉ခုမြောက် ရာသီခွင်ဖြစ်ပြီး အလျှံပယ်ရှိခြင်း၊ ကံကောင်းခြင်းနှင့် အကောင်းမြင်ခြင်းရှိသော ကမ္ဘာဂြိုလ် ဂျူပီတာမှ အုပ်ချုပ်ပါတယ်။ ပြောင်းလဲနိုင်သော sign ဖြစ်ခြင်းနှင့်အတူ Sagittariusရဲ့ စရိုက်တွေမှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေတတ်ခြင်း၊ အတွေ့အကြုံသစ်တွေနဲ့ ပတ်သတ်ပြီး စိတ်အားထက်သန်ခြင်း၊ ပြောင်းလဲမှုကို ကြိုဆိုပြီး လွတ်လပ်မှုကို တန်ဖိုးထားတတ်ခြင်းနှင့် အခြားသူ ဘာထင်ထင် ဂရုမစိုက်တတ်ခြင်း တို့ပါဝင်ပါတယ်။ Sun sign ဖြစ်တဲ့ ဓနုရာသီခွင်တွေဟာ နိုဝင်ဘာ ၂၃နှင့် ဒီဇင်ဘာ ၂၁ကြား မွေးဖွားပါတယ်။ ဓနုရာသီဖွား အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ချုပ်တည်းထားခြင်းမရှိတဲ့ ဘဝကိုသာ လိုချင်ကြပါတယ်။ သူတို့မှာ စွန့်စားလိုတဲ့စိတ်ဓါတ်ရှိကြပါတယ်။ ဒီအတွက်ကြောင့် မလှုပ်ရှားရတဲ့အချိန်မျိုးမှာ ဂနာမငြိမ်ဖြစ်လာတတ်ပါတယ်။ သူတို့က စူးစမ်းလေ့လာနေဖို့ လိုအပ်တဲ့အပြင် ပျော်ပျော်နေတတ်တယ်၊ အပူအပင်မရှိတဲ့သဘောထားရှိတယ်။ သူတို့ကို ချည်နှောင်ဖို့ ခက်ခဲစေတယ်။ ဒါ့ကြောင့်လည်း သူတို့ဟာ ကတိကဝတ်တွေနဲ့ ရုန်းကန်နေတာဖြစ်ပါတယ်။
“Sagittarius တွေ့ရဲ့အပြုသဘော ကိုယ်ရည်ကိုယ်သွေးစရိုက်များ”
၁။ ဟာသဉာဏ်ရွှင်တယ်
Sagittarius တွေမှာ ဟာသဉာဏ်ကောင်းရှိပါတယ်။ သူတို့ဟာ လူမှုရေးစုဝေးပွဲတွေမှာဆိုရင် အဖွဲ့ကျနေတတ်ပြီး သူငယ်ချင်းတွေနဲ့ သူစိမ်းတွေကို ရယ်မောစေပါတယ်။ သူတို့ရှိနေရင် လူရွှင်တော်တစ်ယောက်ရှိနေသလိုပဲ လူတိုင်းကို ပျော်စရာဖြစ်စေပါတယ်။
၂။ အကောင်းမြင်တတ်ပါတယ်
Sagittarius ရာသီခွင်တွေဟာ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိတယ်လို့မြင်တဲ့သူတွေ ဖြစ်ပါတယ်။ အမှောင်မိုက်ဆုံးနေ့တွေမှာတောင် အလင်းရောင်ရှိပါတယ်။ လောကကြီးရဲ့ အပျက်သဘောဆောင်ခြင်းက သူတို့ရဲ့ စွန့်စားလိုတဲ့ စိတ်ဝိညာဉ်ကို ဖျက်စီးခွင့်ပြုမှာ မဟုတ်ပါဘူး။
၃။ အားပေးထောက်ပံ့တတ်ကြပါတယ်
Sagittarius တွေဟာ စေတနာကောင်းပြီး ရက်ရောတဲ့စိတ် ရှိကြပါတယ်။ အကူအညီလိုအပ်သူတွေအတွက် သူတို့တံခါးကို အမြဲတမ်းဖွင့်ပေးထားတတ်ပါတယ်၊ အကြံဉာဏ်လိုလား? ပိုက်ဆံလား? ဘယ်အရာပဲဖြစ်ဖြစ် သူတို့တတ်နိုင်သလောက် ပေးတတ်ကြပါတယ်။ Sagittarians တွေဟာ သူတို့ကိုယ်သူတို့ မလွန်ကဲမိစေဖို့ သတိပြုရန်လိုအပ်သော်လည်း သူတို့ဟာ ကူညီဖို့ဆိုရင် လက်မရှောင်ကြပါဘူး။
၄။ စိတ်ကူးယဉ်ဝါဒရှိကြပါတယ်
Sagittarius တွေဟာ စိတ်ကူးယဉ်တတ်သူတစ်ယောက်ဖြစ်ပြီး စင်းလုံးချောဖြစ်ခြင်းအတွက် သူတို့ရဲ့ အကောင်းမြင်မှုနဲ့ စိတ်အားထက်သန်မှုကို အသုံးပြုပါတယ်။ သူတို့မှာ အိမ်မက်အကြီးကြီးတွေ အမြဲတမ်းရှိတတ်ပါတယ်။ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေက သူတို့ကို ဝန်ထုပ်ဖြစ်စေခွင့်မပြုဘဲ သူတို့ရဲ့ စိတ်ကူးယဉ်ဆန်သော သဘာဝက အခြားသူတွေကို သူတို့ရဲ့အကောင်းဆုံးဖြစ်လာဖို့ တွန်းအားပေးပါတယ်။
၅။ ခွန်အားပြည့်ဝမှုရှိကြပါတယ်
Sagittarian တွေဟာ စိတ်အားထက်သန်စွာ၊ တတ်ကြွစွာ နေထိုင်ဖို့ မွေးဖွားလာကြတာပါ။ သူတို့ရဲ့ စိတ်လှုပ်ရှားမှုနဲ့ စွမ်းအင်က အကန့်အသတ်မရှိဘူးဆိုတာ သိကြပါတယ်။
၆။ ရင်းနှီးဖော်ရွေမှုရှိကြပါတယ်
လူသစ်တွေနဲ့ တွေ့ဆုံဖို့ သူတို့အတွက် ဘယ်လောက်လွယ်ကူလဲဆိုတာ Sagittarius သူငယ်ချင်းတွေနဲ့ ဘယ်သူမဆို သိကြပါတယ်။ စကားပြောခြင်းက သူတို့ရဲ့ အားသာချက်ဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးအသစ်တွေ ဖြစ်ပေါ်လာဖို့ အားစိုက်စရာမလိုပါဘူး။
၇။ မိသားစုကို ဦးစားပေးတတ်ကြပါတယ်
Sagittarius အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ နှလုံးသားက သူတို့ရဲ့မိသားစုအတွက် ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိဘယ်အရာကမှ သူတို့အတွက် အဓိပ္ပာယ်ပိုမရှိကြပါဘူး။ သူတို့ဟာ စွန့်စားရတာကို နှစ်သက်ကြပေမယ့် သူတို့ချစ်ခင်သူတွေကို အမြဲတမ်းအနီးကပ်စောင့်ရှောက်ပြီး သူတို့ရဲ့ ဉာဏ်ပညာနဲ့ ဂရုစိုက်မှုကနေ ခွန်အားရယူကြပါတယ်။
၈။ ခရီးသွားရတာကို ကြိုက်ကြပါတယ်
စူးစမ်းတတ်သူတစ်ယောက်အနေနဲ့ သူတို့ရဲ့ ပျော်ရွင်မှုက ခရီးသွားခြင်းကနေ စီးဆင်းပါတယ်။ Mutable sign ဖြစ်တဲ့အတွက် ပြောင်းလဲမှုက သူတို့အတွက် စိတ်လှုပ်ရှားစရာဖြစ်ပါတယ်။ သူတို့ဟာ ငြီးငွေ့မှုကို မနှစ်သက်သူတွေဖြစ်တဲ့အတွက် နေ့စဉ်ဘဝမှာ စွန့်စားမှုကို ရှာဖွေတတ်ကြပါတယ်။
“Sagittarius တွေရဲ့ အပျက်သဘောဆောင်သော ကိုယ်ရည်ကိုယ်သွေးစရိုက်များ”
၁။ စိတ်မရှည်တတ်ကြပါဘူး
Sagittarians တွေဟာ သူတို့လိုချင်တာကို ရချင်ကြတယ်၊ အခုချက်ချင်းဆိုသလို လိုချင်တတ်ကြပါတယ်။ သူတို့ရဲ့မကောင်းတဲ့စရိုက်တစ်ခုကတော့ စိတ်မရှည်တတ်ကြတာဖြစ်ပါတယ်၊ ဒီရာသီခွင်တွေဟာ ဘယ်လိုစောင့်ဆိုင်းရမယ်ဆိုတာ သင်ယူဖို့ လိုအပ်ပါတယ်။
၂။ တဲ့တိုးပြောတတ်ကြပါတယ်
တခြား မီးဓါတ်တွေဖြစ်တဲ့ Aries နဲ့ Leo လိုပဲ Sagittarius တွေဟာ တဲ့တိုးပြောတတ်ကြပါတယ်။ ရည်ရွယ်ချက်ရှိရှိမဟုတ်ပေမယ့် တစ်ခါတစ်ရံမှာ သူတို့ရဲ့ ရိုးသားမှုက စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သူတို့က တခြားသူနေရာကနေ ဝင်ခံစားကြည့်ခြင်းဖြင့် ဒီသဘောထားကို ထိန်းချုပ်ဖို့ ကြိုးစားရပါမယ်။
၃။ အလွန်အမင်း လိုက်လျောတတ်ပါတယ်
Sagittarius တွေဟာ သူတို့လုပ်ပေးနိုင်တာထက်ပိုပြီး ကတိပေးတတ်ကြပါတယ်။ သူတို့ဟာ ပေးအပ်လာတဲ့ အလုပ်တာဝန်ပေါ်မှာ သူတို့ရဲ့ အချိန်၊ စွမ်းအားတွေကို လုံးလုံးလျားလျားမြှုပ်နှံထားနိုင်တာကြောင့် မကြာခဏဆိုသလို ငြင်းတတ်အောင် လေ့ကျင့်သင့်ပါတယ်။
၄။ အပြောင်းအလဲမြန်တတ်ပါတယ်
အမြဲပြောင်းလဲဖို့လိုအပ်နေတဲ့ လိုအပ်ချက်က Sagittarius တွေကို ခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ အပြောင်းအလဲမြန်စေပါတယ်။ သူတို့ဟာ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေအပေါ် စွမ်းအင်တစ်ချို့ကို လမ်းကြောင်းပြောင်းလိုက်ရင် စူးစမ်းဖို့ အချိန်အများကြီး ရှိပါလိမ့်မယ်။
၅။ ခေါင်းမာတတ်ပါတယ်
ခေါင်းမာတတ်တဲ့ အမူအကျင့်က Sagittarius တွေမှာ နက်ရှိုင်းစွာ ရှိနေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးမှာ သူတို့ရဲ့ စွမ်းရည်အပြည့်အဝ မရရှိနိုင်စေဖို့ တားဆီးထားပါတယ်။ Sagittarius တွေဟာ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားဖို့ ကြိုးစားနိုင်ရင် ကြိုးပမ်းအားထုတ်မှုက ပိုမိုကျန်းမာသန်စွမ်းတဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုကို ရရှိစေပါလိမ့်မယ်။
၆။ ပဋိပက္ခကို ရှောင်ရှားတတ်ပါတယ်
ဓနုရာသီဖွားတွေဟာ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ရုန်းကန်ရတတ်ပါတယ်။ သူတို့ရဲ့ ပဋိပက္ခဖြေရှင်းရေးကျွမ်းကျင်မှုက နည်းနည်းသံချေးတတ်နေတာကြောင့် သူတို့ဟာ ချစ်ရသူတွေနဲ့ ထိပ်တိုက်တွေ့ရတာကို မကြိုက်ကြပါဘူး။ သို့သော် ရေရှည် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေစေလိမ့်မယ့် ခိုင်မာတဲ့ connections ကို တည်ဆောက်ဖို့ အခွင့်အလမ်းတစ်ရပ်အဖြစ် တခါတလေဖြစ်တတ်တဲ့ ပဋိပက္ခလို့ တွေးလျှင် သူတို့ ဒါကို ကျော်လွှားနိုင်ပါတယ်။
၇။ serious အရမ်းဖြစ်တတ်ကြပါတယ်
Sagittariusတွေဟာ ဘယ်ကိစ္စမဆို အရမ်းအလေးအနက်ထားတတ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရာရာတိုင်းက ပျော်စရာမဟုတ်ဘူး။ ကစားစရာမဟုတ်ဘူးဆိုတာ ဒီရာသီခွင်တွေ သိကြလို့ပါပဲ။ သို့သော် သူတို့ဘဝမှာ အပျော်တမ်းကိစ္စတွေအတွက် အချိန်ယူဖို့ ကြိုးစားသင့်ပါတယ်၊ ထိုအကောင်းမြင်သဘောသဘာဝကို အသုံးပြုခြင်းက အကောင်းဆုံးလူတစ်ယောက်ဖြစ်ဖို့ သူတို့ရဲ့ အားသာချက်တွေကို သုံးနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-yourtango