
မြန်မာနှစ်သစ်မှာ ကံဇာတာ အဆိုးအကောင်း ထင်ရှားမယ့် နာမည်ရှင်များ
မြန်မာနှစ်သစ် ၁၃၈၃ ခုနှစ်မှာ ကံဇာတာ အဆိုးအကောင်း သိသာထင်ရှားစွာ ဖြစ်ပေါ်လာနိုင်သည့် နာမည်များ ရှိပါသည်။ အောက်တွင် ဖော်ပြမည့် အမည်အမျိုးအစားများသည် မြန်မာသက္ကရာဇ် ၁၃၈၃ အတွင်း ကံဇာတာ အကောင်းအဆိုး ထင်ရှားလာနိုင်သော ဇာတာရှင်များ ဖြစ်သည်။ အမည်နာမကို ဦးစားပေးထားသည့်အတွက် နေ့သားသမီးဟောစာတမ်း မဟုတ်ကြောင်း သတိပြုစေလိုပါသည်။
မြန်မာနှစ် ၁၃၈၃ ခုနှစ်အတွင်း ကံဇာတာ တိုးတက်မြင့်မားလာနိုင်သော နာမည်များ
(၁) တနင်္လာအစ အင်္ဂါအဆုံး နာမည်များ
(ဥပမာ … ကျော်စိန်၊ ခိုင်ဆု၊ ခင်ထားဆွေ စသည့် နာမည်များ…)
(၂) တနင်္လာအစ တနင်္လာအဆုံး နာမည်များ
(ဥပမာ … ခိုင်ကျော် ၊ ကြူကြူ၊ ကျော်ဇောခန့် စသည့် နာမည်များ…)
(၃) သောကြာအစ အင်္ဂါအဆုံး နာမည်များ
(ဥပမာ … သိန်းဇော် ၊ သန်းစိန် ၊ ဟိန်းမင်းစိုး စသည့် နာမည်များ…)
ဖော်ပြပါ နာမည်ရှင်များသည် မြန်မာနှစ်သစ် ၁၃၈၂ ခုနှစ်အတွင်း မိမိတို့ မူလဇာတာအနေအထားပေါ် မူတည်၍ ကောင်းသော အပြောင်းအလဲများ၊ ကံထူးကံကောင်းမှုများကို ကြုံတွေ့ရတတ်သည်။ ကံကောင်းနိုင်သူများ ဖြစ်၍ ကိုယ်တိုင်က ဘာသာတရားလိုက်စားခြင်း၊ အဓိဌာန်ဝင်ကုသိုလ်ယူခြင်းများ မကြာခဏ ပြုပေးနိုင်ပါက အချိုပေါ် သကာလောင်းသည့်နှယ် ကံဇာတာ ပိုမို မြင့်မားလာပါလိမ့်မည်။
မြန်မာနှစ် ၁၃၈၃ ခုနှစ်အတွင်း ကံဇာတာ အားနည်း၍ သတိပြုရမည့် နာမည်များ
(၁) တနင်္ဂနွေအစ စနေအဆုံး နာမည်များ
(ဥပမာ … အောင်ဌေး ၊ အောင်နိုင် ၊ အောင်ထက်၊ အံ့ထူးထက် စသည့် နာမည်များ…)
(၂) စနေအစ တနင်္ဂနွေအဆုံး နာမည်များ
(ဥပမာ … ထွန်းဦး၊ နိုင်အောင်၊ နေဝင်းဦး အစရှိသော နာမည်များ…)
(၃) ဗုဒ္ဓဟူးအစ ဗုဒ္ဓဟူးအဆုံး နာမည်များ
(ဥပမာ ... လင်းလင်း၊ ဝေယံလင်း၊ ယမင်းလှ အစရှိသော နာမည်များ…)
ဖော်ပြပါ နာမည်ရှင်များသည် မြန်မာနှစ်သစ် ၁၃၈၃ ခုနှစ်အတွင်း မိမိတို့ မူလဇာတာအနေအထားပေါ် မူတည်၍ ကံမကောင်း အကြောင်းမလှမှုများ၊ ကြံတိုင်းမဖြစ် လုပ်တိုင်း လွဲချော်တတ်သော အခြေအနေများ၊ မထင်မှတ်ဘဲ ကောင်းရာမှ ညံ့သွားသော အဖြစ်အပျက်များကို ကြုံတွေ့ရတတ်သည်။
ထို့ကြောင့် ယတြာအဖြစ် ရဟန်း ၊ သီလရှင် အနည်းဆုံး (၇) ရက်ခန့် ဝတ်ခြင်း၊ အနည်းဆုံးအနေဖြင့် ယောဂီ ဝတ်၍ တရားစခန်း ဝင်ခြင်းတို့ကို ပြုလုပ်သင့်ကြောင်း နှစ်သစ်ဟောကိန်းအဖြစ် အကြံပြုလိုက်ပါသည်။
မြန်မာနှစ်သစ်မှာ နေ့ဖွားအားလုံး ဘေးကင်းချမ်းသာ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။