နှစ်သစ်ချိန်ခါ ခေါင်းဆေးမင်္ဂလာအစီအရင်
lotaya.mpt.com.mm
|
2021-04-16

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ် ကူးပြောင်းသည့် ပထမဆုံးသော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်ဟောင်းက ဂြိုဟ်စီးဂြိုဟ်နင်း အညံ့အဆိုးများ ပြေပျောက်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်အခါကို ကူးပြောင်းနိုင်ရန်အတွက် နေ့နံအလိုက် ပြုလုပ်ရမည့် ခေါင်းဆေးယတြာအစီအရင်ကို ဖော်ပြပေးလိုက်ပါသည်။

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် နှောင်းတန်ခူးလဆန်း ၅ ရက်၊ အင်္ဂလိပ်ခရစ်နှစ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်၌ မဟာသင်္ကြန် တက်ပြီး နောက်တစ်နေ့ ဧပြီလ ၁၇ ရက် (စနေနေ့) တွင် မြန်မာနှစ်သစ် ၁၃၈၃ ခုနှစ် ၊ နှစ်ဆန်း တစ်ရက်သို့ ရောက်ရှိပါမည်။ ထိုနေ့မှာပင် ခေါင်းဆေးယတြာအစီအရင်ကို ပြုလုပ်ရမည် ဖြစ်သည်။

ဥပမာအဖြစ် အင်္ဂါနေ့ဖွားများအတွက် ပြသပေးပါမည်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့ စနေနေ့ မွန်းတည့် ၁၂၀၀ မှ ၁၃၀ အတွင်း အင်္ဂါသားသမီးသည် (ဂဟပတိအရပ်) ဖြစ်သော အနောက်မြောက်သို့ မျက်နှာမူ၍ ခြေအောက်၌ နင်းကြမ်းအရွက်များ ဖြစ်သော သီဟိုဠ် ၆ ရွက်၊ ကြံတစ်ထွာနှင့် ပျဉ်းမ ၅ရွက်ကို နင်းရပါမည်။ အရွက်အဖျားကို မျက်နှာမူရာ (ဂဟပတိအရပ်) ဘက်သို့ လှည့်ခင်းထားရပါမည်။

ထို့နောက် လက်လှမ်းမီရာတွင် ခုံတစ်လုံးချ၊ ပန်းကန်ပြားတစ်ချပ်တွင် ဆောင်ပန်းများ ဖြစ်သော အုန်း ၁ ညွှန့်၊ ထန်း (သို့) ဒန်း ၇ ညွှန့်နှင့် ရွက်လှ ၄ညွှန့်ကို ထည့်ထားပါ။ အားလုံးအသင့် ဖြစ်ပြီဆိုပါက တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပါ။ လျှော်နေစဉ်အတွင်း မိမိတို့ ရွတ်နေကျ ပရိတ်၊ ဂါထာ (သို့) ဂုဏ်တော် ၉ ပါးကို ရွတ်ဖတ်ပါ။

ခေါင်းလျှော်ပြီး၍ တရော်ကင်ပွန်းဖတ်များ သန့်စင်သွားပါက ခေါင်းဆေးရေကို ဆောင်ပန်းများထည့်ထားသည့် ပန်းကန်ပြားထဲကို ကိုင်ပြီး ပန်းကန်ထဲ သပ်ချပေးပါ။ ပြီးလျှင် ထိုပန်းကန်ပြားထဲမှ အညွှန့်များကို နီးစပ်ရာသို့ ကိုယ်တိုင် ယူ၍ စွန့်ပစ်လိုက်ပါ။ ဆောင်ပန်းများ သွားစွန့်နေစဉ် နေ့နံမတူသူ (မိဘ၊ အကြီးအကဲ မဟုတ်သူ) တစ်ဦးက နင်းထားသော အရွက်များကို ယူ၍ အင်္ဂါသားသမီးတို့၏ ဘုမ္မိအရပ်ဖြစ်သော အနောက်အရပ် (သို့) အမှိုက်ပုံးထဲသို့ သွားစွန့်ပေးရပါမည်။

ထို့နောက် ရေမိုးချိုး သန့်စင်၍ သန့်ရှင်းစင်ကြယ်သော အဝတ်အစားကို ဝတ်ဆင်ကာ ဘုရားဝတ်ပြုရပါမည်။ ဘုရားဝတ်ပြုရာတွင် ပဋ္ဌာန်းအကျဉ်းကို အနည်းဆုံး (၃) ခေါက် ရွတ်ဖတ်ပူဇော်ပြီးမှ မိမိတို့ စိပ်နေကျ ဂါထာ မန္တန်များကို ပုတီးစိပ်ခြင်း၊ ရွတ်ဖတ်ပူဇော်ပွားများခြင်းများ ပြုလုပ်နိုင်ပါသည်။

နေ့နံအားလုံးအတွက် နှစ်ဆန်းတစ်ရက်နေ့တွင် ပြုလုပ်ရမည့် ခေါင်းဆေးမင်္ဂလာအစီအရင် အသေးစိတ်ကို အောက်ပါဇယားနှင့် ဖော်ပြလိုက်ပါသည်။ ခေါင်းဆေးပြီးနောက်တွင် ဆောင်ပန်းအရွက်ကို ဦးစွာ ကိုယ်တိုင် စွန့်ပြီး နေ့နံမတူ မိဘအကြီးအကဲ မဟုတ်သူက နင်းကြမ်းအရွက်များကို စွန့်ပေးရန် သတိပြုပါ။




နှစ်ဆန်းတစ်ရက်နေ့တွင် ခေါင်းဆေးမင်္ဂလာပြုသူများသည် တစ်နှစ်တာလုံးတွင် မိမိတို့ မူလဇာတာခွင်အလိုက် ဘေးဥပဒ်အန္တရာယ်အမျိုးမျိုး ကင်းဝေးခြင်း၊ ကောင်းကျိုးချမ်းသာမင်္ဂလာများ ပြည့်စုံခြင်း၊ ကျန်းမာရွှင်လန်းခြင်း၊ လုပ်ငန်းစီးပွားဥစ္စာဓနများ ကြီးပွားတိုးတက်ခြင်းဟူသော အကျိုးကျေးဇူးများကို ခံစားရမည် ဖြစ်သည်။

မြန်မာနှစ်သစ်ကို ခေါင်းဆေးမင်္ဂလာဖြင့် စတင်၍ ကံကောင်းချမ်းသာကြပါစေသတည်း

ဧက (ဗေဒင်သုတ)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#ဆောင်ပန်း
#နှစ်ဆန်းတစ်ရက်
#ပန်းကန်ပြား
#နေ့နံ
#အရွက်

Some text some message..