မှဲ့ဖျက်ချင်တဲ့သူတွေအတွက် သဘာဝနည်းလမ်းနဲ့ မှဲ့ဖျက်နည်း ၃ မျိုး
mystylemyanmar.com
|
2021-04-22

ကိုယ့်မှာရှိနေတဲ့မှဲ့ကိုမကြိုက်တဲ့သူတွေ ရှိပါတယ်။ တချို့ကျတော့ မှဲ့ကို အပ်နဲ့ထိုးပြီးဖျက်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်တာက အသားလည်းနာသလို အခန့်မသင့်ရင်ပိုးဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သွေးထွက်ပြီး အနာဖြစ်သွားပါလိမ့်မယ်။ သိပ်ပြီး safe မဖြစ်တဲ့ နည်းလမ်းဖြစ်တာကြောင့် မလုပ်သင့်ပါဘူး။ ဒါကြောင့် မှဲ့ဖျက်ချင်တဲ့သူတွေအတွက် သဘာဝနည်းလမ်းနဲ့ အိမ်မှာပဲ မှဲ့ဖျက်လို့ရမယ့် နည်းလမ်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။


Apple cider vinegar




မှဲ့ဖျက်ဖို့အတွက် Apple cider vinegar ကို တော်တော်များများသုံးကြပါတယ်။ လုပ်ရမယ့်ပုံစံကလည်း လွယ်ပါတယ်။ Apple cider vinegar ကို cotton pad နဲ့ တို့ယူပြီး ကိုယ်ဖျက်ချင်တဲ့ မှဲ့ပေါ် တို့လိမ်းပြီး တစ်နာရီထားပါ။ အချိန်ပြည့်ရင် cotton pad နဲ့ပဲ ပွတ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ ၂ ပတ် လုပ်ပေးရပါမယ်။ ဒါမှ မှဲ့ကသူ့အလိုလို ပျက်သွားမှာပါ။


ကြက်သွန်ဖြူ




ကြက်သွန်ဖြူကိုလည်း မှဲ့ဖျက်ဖို့အတွက်၊ နေလောင်ပြီးဖြစ်တဲ့အညိုကွက်တွေ ပျောက်အောင်လုပ်ဖို့အတွက် သုံးနိုင်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ကြက်သွန်ဖြူကို အခွံခွာ၊ ထောင်းပြီး ရလာတာကိုမှ မှဲ့ပေါ်အုံပေးပြီး တစ်ညထားပါ။ မနက်ကျမှ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လောက်လုပ်ပြီးရင် ကိုယ်မလိုချင်တဲ့မှဲ့လည်း ပျက်သွားမှာပါ။


ကွကျဆူဆီ




ကြက်ဆူဆီကလည်း မှဲ့ဖျက်ဖို့အတွက် ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ကြက်ဆူဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ baking soda – စားပွဲတင်ဇွန်း ၁ ဇွန်းကကို ရောမွှေပြီး ကိုယ်ဖျက်ချင်တဲ့ မှဲ့ပေါ် သုတ်လိမ်းပြီး တစ်ညထားပါ။ မနက်ရောက်ရင်တော့ မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်လလောက်လုပ်ပြီးမှ result ကို တွေ့ရမှာပါ။

ဒီနည်းလမ်း ၃ မျိုးထဲက ကိုယ်နှစ်သက်ရာတစ်မျိုးကိုသာ စွဲပြီးတော့ လုပ်ကြည့်ပါ။

source: www.timesofindia.indiatimes.com


#ကြက်ဆူဆီ
#နည်းလမ်း
#pad
#ကြက်သွန်ဖြူ
#မျက်နှာသစ်

Some text some message..