
အသက်အန္တရာယ်နှင့်နီးသော အလုပ်မျိုးကို မဖြစ်မနေ လုပ်ကိုင်နေရသူများ၊ နေ့စဉ်နှင့်အမျှ ဘဝရှင်သန်ရေးအတွက် ဘေးရန်အမျိုးမျိုးကြားက ဖြတ်သန်းနေရသူများ၊ မမျှော်လင့်သော ဘေးဥပဒ်တို့ကို ရှောင်လွှဲလိုသူများအဖို့ လိုက်နာ ကျင့်သုံးနိုင်သော (တနည်းအားဖြင်) ဘေးဘယာတို့ ဝေးကွာစေနိုင်သော ယတြာတစ်ခုကို ဖော်ပြလိုက်ပါသည်။
ယတြာကို ပြုလုပ်ပုံမှာ မိမိမွေးနေ့ မနက်စောစောပိုင်းတွင် အနီးဆုံး စေတီတော်တစ်ဆူသို့ သွား၍ မွေးနံထောင့်တွင် ဗယာကြော် (၉) ခု ကပ်လှူရပါမည်။ ရွတ်ဖတ်နေကျ ဂါထာ၊ ပရိတ်များနှင့်အတူ အောက်ဖော်ပြပါ စက်ကြီး (၁၃) ပါး ဂါထာကို (၉) ခေါက် ရွတ်ဖတ်ပူဇော်ရပါမည်။
စက်ကြီး ၁၃ ပါး ဂါထာတော်
သြောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်
တစ်ဆယ့်လေးချက် ဓမ္မစက်
တစ်ဆယ့်ရှစ်ချက် သံဃစက်
လရောင်ဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါစက် ရဟန္တာစက်
မြင်းမိုရ်တောင်ဦး မကျူးလျက် မိဘစက်
ဂုဏ်ကျေးဇူးကို အထူးသိလျက် ဆရာစက်
ဝရဇိန်လက်နက် ဗြဟ္မာစက်
မိုးကြိုးလက်နက် သိကြားစက်
လောင်မီးကျလျက် နတ်တို့စက်
ဘွဲ့ဖြူလက်နက် ဘီလူးစက်
တောင်ဟုန်ပြင်းလျက် ဂဠုန်စက်
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်
သုံးတောင်သင်္ချာ ဟေမဝန္တာ အာဏာစိုးလျက် သီဟစက်
စက်ကြီး တစ်ဆယ့်သုံးပါး ရွတ်သံကြားက
ဘေးများမြင်မှု မကောင်းစုတို့ ဝေးက ကြဉ်ရှောင်
အောင်စေတတ်သည် မြတ်သည့်ဆရာ ပညာတည်း
သြောင်း နမော ဗုဒ္ဓါနုဘာဝေန သြောင်း နမော ဓမ္မာနုဘာဝေန သြောင်း နမောသံဃာနုဘာဝေန
သြောင်း နမော ဒူရေ ဒူရေ သွားဟုံဟုံ
ရွတ်ဖတ်ပူဇော် ပြီးသောအခါ မေတ္တာပို့ ၊ အမျှဝေပြီး ဘေးဘယာအပေါင်း ဝေးကွာသွားစေဖို့ရာ ဆုတောင်းရပါမည်။
ထို့နောက် မိမိ မွေးနံထောင့်နှင့် အာယုဂြိုဟ်ထောင့်များတွင် တံမျက်လှည်းခြင်း၊ ဖယောင်းချေး ခွာခြင်းနှင့် အခြားသော သန့်ရှင်းရေး ကုသိုလ်များကို ပြုလုပ်ပေးပါ။ ထို့နောက် အာယုထောင့်ဘုရား၌ သက်စေ့ရေသပ္ပါယ်၍ ကုသိုလ်ပြုပေးပါ။ မွေးနံအလိုက် အာယုထောင့်အရပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
ထိုနေ့ ညနေပိုင်းတွင် ငါးအရှင် တတ်နိုင်သလောက် ဝယ်ယူ၍ စီးနေသော ချောင်း၊ မြောင်း၊ မြစ်များထဲသို့ ဇီဝိတဒါန ရည်မှန်းကာ ပြန်လွှတ်ပေးလိုက်ပါ။ ငါးများ အသက်ဘေးမှ ကင်းလွတ် ချမ်းသာရသကဲ့သို့ မိမိမှာလည်း ဘေးဥပဒ်များ အန္တရာယ်များမှ ကင်းစင်ဝေးကွာရပါလိုကြောင်း ဆုတောင်းရင်း လွှတ်ပေးရပါမည်။
ဖော်ပြပါ ယတြာကို တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ခန့် ဆောင်ရွက်ပေးခြင်းဖြင့် မိမိအပေါ် ကျရောက်လာနိုင်သော ဘေးဥပဒ်အန္တရာယ်ဆိုးများမှ ကင်းလွတ်ဝေးစေနိုင်မည် ဖြစ်ပါသည်။ လိုတရပရိတ်သတ်များအားလုံး ဘေးရန်ကွာလို့ ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာစေကြောင်း ဆုတောင်းမေတ္တာပို့သပါသည်။
ဧက (ဗေဒင်သုတ)
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။