ဇူလိုင် ၁ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-07-01

တနင်္ဂနွေ - ဘယ်ကိစ္စမဆို သက်တောင့်သက်သာနဲ့ အေးအေးချမ်းချမ်း ကိုင်တွယ်ဖြေရှင်းနိုင်မယ်။ မိသားစုတွေ အသိုင်းအဝိုင်းတွေအတွက် အချိန်ပေးရတတ်တယ်။ အကြီးအကဲ၊ မိတ်ဆွေ၊ ဆရာသမားတွေဆီက အကူအညီ ပံ့ပိုးမှုတွေ ရတတ်တယ်။ စိတ်အေးချမ်းသာ ရှိမယ့်နေ့ ဖြစ်တယ်။ ဒါပေမယ့် အလုပ်မှာတော့ ဂရုစိုက်ဖို့ လိုမယ်။ လုပ်ငန်းလည်ပတ်မှု နှေးတာ၊ အလုပ်တွေ ပင်ပန်းပြီး အကျိုးမရှိတာမျိုး ကြုံရမယ်။ ငွေကြေးကိစ္စ စိတ်ညစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ စကားမတည်၊ကတိမတည်လို့ စိတ်ပျက်ရမယ်။ တကျက်ကျက်နဲ့ဖြစ်နေမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ပေါင်မုန့် ၅ ချပ် ကပ်လှူပါ။

ကောင်း

တနင်္လာ - အလိုလိုနေရင်း စိတ်ထဲ လေးလံနေတတ်တယ်။ ဘာရယ်မဟုတ်ဘဲ အဆိုးမြင်၊ မကောင်းမြင်တာမျိုး ဖြစ်နေမယ်။ ကိုယ့်ကိုလည်း အလကားနေရင်း ပြဿနာရှာ၊ အမုန်းပွားတာမျိုး ခံရတတ်တယ်။ ကိုယ်ရောစိတ်ပါ ညစ်နွမ်းလွယ်နေမယ်။ ဘာလုပ်လုပ် သူများထက် နောက်ကောက်ကျတတ်တယ်။ အလုပ်မှာ အပြိုင်အဆိုင်တွေ ရှိမှ တိုးတက်မယ်။ အေးဆေးလုပ်နေရင် အဆင်မပြေတာ များမယ်။ မေတ္တာရေးမှာ တွေဝေစရာတွေ ဖြစ်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ လမ်းဘေးခွေးတွေကို အစာဝ၀ ကျွေးပါ။

ညံ့

အင်္ဂါ - ဒီနေ့မှာ ကိုယ်စိတ်နှစ်ပါးစလုံး တက်ကြွလန်းဆန်းမယ်။ နေထိုင်မကောင်း ဖြစ်နေသူတွေ ပြန်နာလန်ထူ ကျန်းမာမယ်။ ရောဂါဘယ ကင်းဝေးမယ်။ စွန့်စားရတဲ့အလုပ်တွေ အောင်မြင်မယ်။ အလုပ်တွေလည်း ကြီးပွား အောင်မြင်ကိန်း ရှိတယ်။ ဒါပေမယ့် ကိုယ့်အပေါ် အမြင်မကြည်တာ၊ အထင်မှားတာတွေ ခံရတတ်တယ်။ ငွေကံ စီးပွားကံတော့ ကောင်းလာမယ်။ ဒီနေ့မှာ ခရီးကိစ္စ၊ သင်တန်းကိစ္စတွေ လုပ်ရင် စိတ်ညစ်ရတာပဲ ဖြစ်လိမ့်မယ်။ နှလုံးသားရေးမှာ စန်းပွင့်မယ်။ လူငယ်လူရွယ်တွေအဖို့ ပျော်စရာတွေ ကြုံရမယ်။ အိမ်ထောင်ရေး သာယာမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပြီး ယတြာပြုပေးရမယ်။

ကောင်း

ဗုဒ္ဓဟူး - အတွေးကောင်း၊ အကြံကောင်းတွေ ပေါ်လာတတ်တယ်။ ရလာတဲ့ အကြံအစည်တွေကို စနစ်တကျနဲ့ အကောင်အထည်ဖော်ရင် အောင်မြင်တာ များမယ်။ အကြီးအကဲ၊ အုပ်ချုပ်သူတွေဆီက အကူအညီတွေ ရမယ်။ လုပ်ချင်တာ ဖြစ်ချင်တာတွေကို တစ်ကိုယ်တော် မလုပ်ဘဲ အများနဲ့တိုင်ပင် ပူးပေါင်းလုပ်ရင် ပိုကောင်းလိမ့်မယ်။ ငွေကြေးကံလည်း ကောင်းလာမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်တိုင်းမကျစရာတွေ ဖြစ်လိမ့်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ လက်ဖက်အသား ၅ ပုံ လှူပါ။

ကောင်း

ရာဟု - အကြီးအကဲတွေ၊ လူများစုတွေနဲ့ အစပ်အဟပ် မတည့် ဖြစ်နေမယ်။ ကိုယ့်ကို ရန်လိုတာ၊ ဖိအားပေးတာ ၊ ပြဿနာ ရှာတာမျိုး ခံရတတ်တယ်။ ဒါပေမယ့် ဘယ်ကိစ္စမဆို ခဏပဲ ဖြစ်ပြီး ပြန်အဆင်ပြေသွားမယ်။ အလုပ် ငွေကြေးကိစ္စမှာ အေးအေးဆေးဆေး ဖြစ်မယ်။ အရင်က လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်လည် ချိတ်ဆက် အကူအညီ ရမယ်။ ငွေကြေးပိုင်းမှာ မျှော်လင့်တာထက် အဆင်ပြေမယ်။ ကြွေးဟောင်းတွေ ပြန်ရပြီး အလုပ်တွေ ကောင်းနိုင်တယ်။ မေတ္တာရေးမှာ အားနည်းသလို အတူနေမိသားစုကြောင့် စိတ်ညစ်စရာ များမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ရဟန်း၊ သီလရှင်တွေကို ဆပ်ပြာ လှူပါ။

သင့်

ကြာသပတေး - မိတ်ဆွေ၊ ဆရာသမားတွေရဲ့ အကျိုးကျေးဇူးတွေ ခံစားရမယ်။ ကိုယ့်အပေါ် ကူညီဖေးမမယ့်သူ ထောက်ခံအားပေးသူတွေ ပေါများမယ်။ စိတ်ကူးအကြံအစည်တွေ ကောင်းနေလို့ လက်တွေ့သာ လုပ်ကြည့်ရင် မျှော်လင့်တာထက် အများကြီး အောင်မြင်နိုင်တယ်။ အလုပ်မှာ အခက်အခဲတချို့ ရှိတတ်ပေမယ့် ကိုယ်တိုင်ပဲ ဖြေရှင်းဖြတ်ကျော်နိုင်မယ်။ အပြောင်းအလဲတွေ လုပ်ချင်ရင်လည်း ဒီနေ့မှာ စလုပ်သင့်တယ်။ ငွေကြေးကံဇာတာ အားနည်းနိုင်တယ်။ ရလိုက်ကုန်လိုက်နဲ့ ဖြစ်နေမယ်။ နှလုံးသားရေးမှာတော့ အားကိုးရသူနဲ့ဆုံဆည်းရလိမ့်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘာသာရေးအဓိဌာန်တစ်ခု စဝင်ရင် ထူးခြားတတ်တယ်။

ကောင်း

သောကြာ - အလွယ်လိုက် ပေါ့ပေါ့မနေဖို့ သတိထားရမယ်။ အရာရာကို အလေးအနက် မထားမိလို့ စိတ်ညစ်ရ ပူပန်ရတာမျိုး ဖြစ်လာနိုင်တယ်။ အသွားအလာတွေ ဆင်ခြင်ဖို့ လိုမယ်။ အသွားမတော်တစ်လှမ်းဆိုတာ ဒီလိုနေ့ ဖြစ်တယ်။ ကိုယ်လုပ်လိုက်တဲ့အရာတိုင်းက အဆုံးသတ်မလှဘဲ ဖြစ်နေတတ်တယ်။ အလုပ်စီးပွားကံ ပုံမှန်လေး ရှိနေပေမယ့် လက်စမသတ်နိုင်တာ များမယ်။ ငွေကြေးကိစ္စမှာလည်း ဝေ့လည်နေမယ်။ ရစရာပေးစရာတွေက ကြန့်ကြာတတ်တယ်။ အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ အတော်သင့်ကောင်းမယ်။ ကိုယ်က စိတ်လျှော့ရမယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ မသန်စွမ်းတစ်ဦးကို စားစရာ လှူဒါန်းပါ။

ညံ့

စနေ - တစ်နေ့လုံးမှာ အတွေးများပြီး လုပ်ဖြစ်တာက နည်းမယ်။ စိတ်တွေ ဂယောက်ဂယက် ဖြစ်တတ်လို့ သတိ နဲ့ ထိန်းချုပ်ရလိမ့်မယ်။ အဆိုးမြင်တာတွေ၊ မကောင်းမြင် အပျက်တွေးတာတွေ များနေတတ်တယ်။ အလုပ်ကိစ္စ စီးပွားရေးပိုင်းမှာတော့ ကိုယ်ကြိုးစားတာထက် ပိုအဆင်ပြေနိုင်တယ်။ ငွေဝင်ကိန်းလည်း ရှိနေတယ်။ ငွေဝင်ရင် များများစားစား ဝင်တတ်တယ်။ မေတ္တာရေးမှာ ကန့်လန့်တိုက်မိတာတွေ ဖြစ်မယ်။ ကျန်းမာရေး ချူချာနိုင်တယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အားဖြည့်အချိုရည် ကပ်လှူပါ။

သင့်

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#ယတြာ
#အိမ်ထောင်ရေး
#ငွေကြေး
#အလုပ်
#အကြံအစည်

Some text some message..