
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - အလုပ်နဲ့ပတ်သက်တဲ့ အစီအစဉ်၊ ရည်ရွယ်ချက်တွေ ပျက်တတ်တယ်။ အလုပ်တစ်ခုမက တွဲပြီး လုပ်ကိုင်ရကိန်း ရှိတယ်။ တာဝန်ပိုတွေ၊ အချိန်ပိုတွေ လုပ်ပေးရတတ်ပြီး ကိုယ်စိတ်နှစ်ပါး ပင်ပန်းမှု များနေမယ်။ ငွေကြေးအကျိုးအမြတ်တော့ ကောင်းလိမ့်မယ်။ ငွေရခါနီး၊ ဝင်ခါနီးတိုင်း စိတ်အနှောင့်အယှက်တွေ ဖြစ်နေမယ်။
ကျန်းမာရေး - အရမ်း လူအပင်ပန်းခံ၊ စိတ်အညစ်ခံပြီး မလုပ်ပါနဲ့၊ ကျန်းမာရေး ထိခိုက်တတ်တယ်။
လူမှုအိမ်ထောင် - ဒီအပတ်မှာ အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာ ကောင်းတယ်။ ကိုယ့်အပေါ် စောင့်ရှောက် ကူညီမယ့် လက်တွဲဖော် ရှိမယ်။ စိတ်ရှည်သည်းခံမှုတွေ ပေးနိုင်လို့ နားလည်မှုတွေ ရမယ်။ လူငယ်တွေ စန်းပွင့် မျက်နှာပွင့် ဖြစ်လာတတ်တယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အပြန်အလှန် အကူအညီပေးနိုင်မယ့်သူတွေ ရှိမယ်။
ကံကောင်းစေတဲ့ အရောင် - အဝါဖျော့ ၊ ပုလဲရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၂
ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ အင်္ဂါ
ယတြာ - ဒီအပတ်ထဲမှာ ငွေကြေးနွမ်းပါးသူတွေကို အားဆေးအပါအဝင် ဆေးဝါးပစ္စည်း ပေးကမ်းလှူဒါန်းပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - ငွေကြေးစီးပွားကိစ္စမှာ စွန့်စားမှု များတာတွေ ရှောင်ရမယ်။ ပုံမှန်အလုပ်တွေ ကောင်းပေမယ့် ကိုယ့်ဖာသာ စိတ်ထဲ မကျေမနပ်တွေ ဖြစ်နေတတ်တယ်။ လုပ်နေတာတွေ ဟုတ်ပါ့မလား သံသယ များမိမယ်။ သိပ်အားစိုက် အပင်ပန်းခံရင် မထူးဘဲ ဖြစ်မယ်။ ပုံမှန်လေးပဲ ဆက်လုပ်သွားပါ။ ငွေကြေးကံဇာတာ သင့်တယ်။
ကျန်းမာရေး - အဓိကက စိတ်ဖိစီးမှုကို ရှောင်ဖို့ ဖြစ်တယ်။ စိတ်လက်ပေါ့ပါးနေတတ်ရင် ကျန်းမာလိမ့်မယ်။
လူမှုအိမ်ထောင် - တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စမှာ စိတ်ပျက်စရာတွေ ဖြစ်လာမယ်။ အချင်းချင်း စိတ်ဝမ်းကွဲတာ၊ ဖာသိဖာသာ နေမိလို့ အထင်မှားခံရတာတွေ ဖြစ်တတ်တယ်။ မိသားစုထဲမှာ စိတ်ညစ်စရာတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဘယ်သူ့ကိုမှ ယုံအပ်လို့ မရဘဲ ကိုယ့်ဖာသာ တစ်ကိုယ်တော် နေထိုင်တာ ပိုကောင်းမယ်။
ကံကောင်းစေတဲ့ အရောင် - ခရမ်းပြာ၊ အပြာနု
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၆
ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ ကြာသပတေး
ယတြာ - နေ့စဉ် အိမ်ကဘုရားမှာ မနက်တိုင်း သကြားဖြူးဆွမ်းနဲ့ သပြေပန်းတွေ ကပ်လှူပေးပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - လုပ်နေကျ ပုံစံတွေ၊ လုပ်ပုံလုပ်နည်းတွေ ပြန်ပြောင်းရတတ်တယ်။ မပြောင်းဘဲနဲ့ ဆက်လုပ်ရင် အခြေအနေမကောင်းဘဲ ဖြစ်လာနိုင်တယ်။ ရပ်ဝေးမြေခြားနဲ့ဆက်သွယ်လုပ်တာတွေ အောင်မြင်မှု ရလိမ့်မယ်။ ပုံမှန်အလုပ်တွေကတော့ ရုန်းကန်ရတာ ပိုများလာနိုင်တယ်။ ကြွေးဆုံးတာ၊ ငွေပြန်မရတာတွေ ဖြစ်တတ်တယ်။
ကျန်းမာရေး - ရောဂါဟောင်း၊ ဝေဒနာဟောင်းတွေ ပြန်ပေါ်တတ်တယ်။ ကျန်းမာရေး ဂရုစိုက်သင့်တယ်။
လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးကဏ္ဍမှာ အကြီးအကဲတွေက ဝင်စွက်တာ၊ နှောင့်ယှက်တာမျိုး ဖြစ်မယ်။ အချင်းချင်းလည်း မကြာခဏ ကတောက်ကဆတွေ ဖြစ်တတ်တယ်။ ချစ်သူ၊လက်တွဲဖော်အတွက် စိတ်ပူရမယ်။ လူမှုရေးကဏ္ဍမှာတော့ အဆင်ပြေပြေ ဖြစ်နေမယ်။ စိတ်ခုစရာလေးတွေ ရှိပေမယ့် အကူအညီတော့ ပေးမယ်။
ကံကောင်းစေတဲ့ အရောင် - အနက် ၊ အနီရင့်ရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၃
ကံကောင်းစေတဲ့ အရပ် - မြောက်၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ
ယတြာ - မွေးနေ့ (အင်္ဂါ) နေ့ မနက်ပိုင်း အိမ်ကဘုရားမှာ နွားနို့တစ်ခွက် ကပ်လှူပြီး ဆုတောင်းပေးပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - ကိုယ်တစ်ယောက် ကြံစည်အားထုတ် လုပ်ကိုင်ရင် အမှားများတတ်လို့ နားလည်တတ်ကျွမ်းသူ၊ ဆရာသမားတွေရဲ့ အကူအညီ ယူရမယ်။ ဒီအပတ်မှာ အလုပ်စီးပွားကိစ္စ ပူပန်စရာတွေ များမယ်။ ငွေကြေးအရ အတိုက်အခံ ပြောရဆိုရတာတွေလည်း ရှိလာနိုင်တယ်။ အစုစပ်ရှယ်ယာတွေမှ အငြင်းအခုံတွေ ဖြစ်တတ်တယ်။
ကျန်းမာရေး - ဒီအပတ် ကျန်းမာရေး ပူပန်စရာ မရှိပေမယ့် တစ်ခုခု ဖြစ်ရင် ဆေးမြီးတိုနဲ့ မကုဖို့ လိုလိမ့်မယ်။
လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးမှာ အရင်ကအဆင်မပြေခဲ့သမျှကို နှစ်ဦးနှစ်ဖက် ပြန်ညှိနှိုင်းနိုင်လိမ့်မယ်။ လူငယ်လူရွယ်တွေဆို စန်းပွင့်ပြီး အချစ်ရေးကံတွေ ကောင်းနေတတ်တယ်။ အိမ်ထောင်ရှင်တွေလည်း မိသားစု၊ အိမ်တွင်းရေး မပြေလည်မှုကို ပြန်ထိန်းနိုင်မယ်။ လူမှုဆက်ဆံရေးမှာလည်း ကိုယ့်အပေါ် ကူညီသူတွေ များမယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူဆွတ်ဆွတ်၊ အဝါ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - စနေ
ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရာရက်မှာ နီးစပ်ရာစေတီတစ်ဆူ သွားပြီး တံမျက်လှည်းသန့်ရှင်းပေးပါ။
ရာဟုဖွား
အလုပ်အကိုင် - တစ်ပတ်လုံးမှာ ဘာပဲလုပ်လုပ် လက်စမသတ်နိုင်တာတွေ များလာမယ်။ ဟိုဟာလည်း မပြီးနိုင် ဒီဟာလည်း မဖြတ်နိုင်နဲ့ အလုပ်တွေ အကြွေး ကျန်နေတတ်တယ်။ အများနဲ့တစ်ယောက် အထင်လွဲခံရတတ်ပြီး ဖြေရှင်းရတတ်တယ်။ စီးပွားရေးဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ ငွေကြေးကိစ္စမှာလည်း မတည်မငြိမ်ဖြစ်မယ်။
ကျန်းမာရေး - ခေါင်းမူးခေါင်းနောက်တာ၊ စိတ်ရောလူပါပင်ပန်းတာတွေ ဖြစ်မယ်။ တစ်ခုခုဖြစ်ရင် သေချာကုပါ။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ စိတ်မချမ်းသာစရာတွေ ကြုံရတတ်တယ်။ မျက်နှာများသူ၊ သစ္စာမဲ့သူတွေနဲ့ ဆုံရတတ်လို့ ဘယ်သူ့ကိုမှ ကျောချ မယုံဖို့ သတိပြုရမယ်။ စုံတွဲတွေကြားမှာလည်း ပြဿနာ အနည်းနဲ့အများ ဖြစ်တတ်တယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာတော့ ကိုယ့်ကို ဖေးမကူညီသူတွေ ရှိနေမယ်။
ကံကောင်းစေတဲ့ အရောင် - အဝါဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅
ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - စနေနေ့ မွန်းလွဲနောက်ပိုင်း ၊ သောကြာ
ယတြာ - ဗုဒ္ဓဟူးနေ့ညနေစောင်းမှာ တောင်းရမ်းစားသောက်သူတွေကို အစားအစာ၊ ငွေကြေးတစ်ခုခု လှူပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - ကိုယ်ပိုင်အလုပ်ရော၊ အစုရှယ်ယာအကျိးတူအလုပ်တွေရော အဆင်ပြေအောင်မြင်မှု ရရှိမယ်။ စီးပွားကံကောင်းနိုင်ပေမယ့် ဘယ်အရာမှ အလွယ်နဲ့မရဘဲ စိတ်ရောလူပါ ပင်ပန်းသောကတွေ ဖြစ်ရတတ်တယ်။ ငွေဝင်လမ်း ဖြောင့်ပြီး အမြတ်အစွန်းများများ ဝင်လာတတ်တယ်။ အကြီးအကဲတွေက မျက်နှာသာပေးလိမ့်မယ်။
ကျန်းမာရေး - နေထိုင်စားသောက်ပုံ မမှန်လို့ ဖျားနာဝေဒနာ ခံစားရတတ်တယ်။ ဂရုစိုက်ရမယ့်အချိန် ဖြစ်တယ်။
လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးကံဇာတာ အကောင်းဘက်မှာ ရှိနေတယ်။ လူပျိုလူလွတ်တွေရော အိမ်ထောင်ရှင်တွေမှာပါ စိတ်ချမ်းသာစရာတွေ ကြုံလာရမယ်။ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးနိုင်လာမယ်။ အပြန်အလှန် ကူညီဖေးမပေးနိုင်မယ်။ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာတော့ ကိုယ့်ကို မှီခိုသူက များနေလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက်၊ ကြက်သွေးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၃ ၊ ၂
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ၊ ကြာသပတေး
ယတြာ - တနင်္လာနေ့ မနက်ပိုင်း အိမ်ကဘုရားမှာ ဆွမ်းလှူဖွယ်နဲ့အတူ သီးစုံဖျော်ရည်တစ်ခွက်ပါ ကပ်ပေးပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - သူများနဲ့မတူတဲ့ အယူအဆ၊ လမ်းကြောင်းကို လိုက်ရင် အလုပ်မှာ အောင်မြင်မှုတွေ ရရှိမယ်။ အများနဲ့ရောယောင် လိုက်ပါမိရင်တော့ သိပ်မထူးဘဲ ဖြစ်နေမယ်။ လုပ်ငန်းပြောင်းတာ၊ တိုးချဲ့တာတွေ ဒီအချိန် ကောင်းတယ်။ အပင်ပန်းခံ အနစ်နာခံ ကြိုးစားခဲ့တာတွေ အရာထင်လာမယ်။ ငွေကြေးကံလည်း ကောင်းမယ်။
ကျန်းမာရေး - သာမန်ထက် ချူချာအားနည်းနိုင်တယ်။ ရောဂါအကင်းမသေဘဲ မကြာခဏ ပြန်ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ များနေမယ်။ အချင်းချင်းကြား အမုန်းပွားပြီး အပြစ်မြင်စရာချည်း ဖြစ်နေတတ်တယ်။ စိတ်ထဲ မွန်းကြပ်ခံစားရတာတွေ ရှိလာမယ်။ နားလည်မှု နွေးထွေးမှုတွေ ပိုပြီတော့ လိုအပ်မယ်။ လူမှုရေးကဏ္ဍမှာတော့ အမြင်မတူတာ ရှိပေမယ့် နားလည်ပေးနိုင်မယ်။
ကံကောင်းစေတဲ့ အရောင် - ကောင်းကင်ပြာရောင် ၊ မီးခိုးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၇
ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ
ယတြာ - တစ်ပတ်အတွင်း နေ့စဉ် အိမ်ကဘုရားမှာ နန်းကြီးသုပ် ကိုယ်တိုင် ကပ်လှူပြီး ဆုတောင်းပေးပါ။
စနေနေ့ဖွား
အလုပ်အကိုင် - တစ်ပတ်လုံးမှာ အလုပ်တွေက တေ့လွဲလေးတွေ ဖြစ်နေတတ်တယ်။ အဆင်ပြေမလိုလိုနဲ့ဖြစ်ပြီး ပြန်အဖျားရှူးသွားတတ်တယ်။ အလုပ်ထဲက အကြီးအကဲ၊ ဆရာသမားတွေနဲ့ သဘောထား ကွဲလွဲလာနိုင်တယ်။ ပြဿနာ မဖြစ်အောင် နေတာ ကောင်းမယ်။ ဥပဒေပြင်ပအလုပ်တွေ ရှောင်ပါ။ ငွေကြေးကိစ္စ ခက်ခဲတတ်တယ်။
ကျန်းမာရေး - တစ်ပတ်တာ ကျန်းမာရေးရာ စိတ်ပူစရာ မရှိပါ။ မလိုအပ်ဘဲ ခရီးသွားတာတော့ ရှောင်ပါ။
လူမှုအိမ်ထောင် - ဒီအပတ် နှလုံးသားရေးကိစ္စမှာ စိတ်ပူပန်စရာတွေ ဖြစ်လာမယ်။ နှစ်ဦးကြားထဲမှာ တတိယလူ ပေါ်လာတတ်တယ်။ ကိုယ်ရေးကိုယ်တာကိစ္စက အများသိ ဖြစ်တတ်တယ်။ စိတ်ရှုပ်ရပေမယ့် ပြန်အဆင်ပြေပြီး ညှိနှိုင်းနိုင်မယ်။ လူမှုရေးကိစ္စမှာ ကိုယ့်အပေါ် မကောင်းကြံသူ ရှိနေတတ်တယ်။ လူတိုင်းကို သတိနဲ့ ပေါင်းပါ။
ကံကောင်းစေတဲ့ အရောင် - အနက် ၊ အဝါနု
ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၅ ၊ ဝ
ကံကောင်းစေတဲ့ အရပ် - အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - စနေ၊ အင်္ဂါ
ယတြာ - နေ့စဉ် မနက်တိုင်း အိမ်ကဘုရားမှာ နွားနို့ (သို့) နို့ထမင်း ကပ်လှူပြီးမှ လုပ်စရာရှိတာ လုပ်ပါ။
#lotaya_horoscope
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။