မြန်မာ့ရိုးရာဗေဒင်ကို လေ့လာလိုက်စားဖူးသူတွေအနေနဲ့ ဘုမ္မိ ဆိုတဲ့ စကားလုံးနဲ့ အကျွမ်းတဝင် ရှိနေကြမှာပါ။ ဘုမ္မိထဲ ရောက်နေလို့ ညံ့တယ်၊ ဘုမ္မိအရပ်ကို မျက်နှာမူလို့ ကံနိမ့်ရတယ်စသဖြင့် ဘုမ္မိအကြောင်းတွေကိုလည်း ဗေဒင်နဲ့ မစိမ်းသူတိုင်း ကြားဖူးနားဝ ဖြစ်နေမှာ အသေချာပါပဲ။
ဒီနေရာမှာတော့ နေ့နံအားလုံး အထူးသတိထားရမယ့် ဘုမ္မိနှစ်ထပ်ကိန်းနဲ့ ဘုမ္မိကြီးကိန်းအကြောင်းကို အများ နားလည်လွယ်၊ မှတ်သားရ လွယ်အောင် အသင့်တွက်ပြီး ဇယားတွေနဲ့ တင်ပြပေးပါမယ်။
ဘုမ္မိနှစ်ထပ်ကိန်း
တွက်ကိန်းအရ နေ့ဖွားအားလုံးဟာ အောက်ဖော်ပြပါ အသက်အပိုင်းအခြားတွေကို ရောက်လာတဲ့အခါ ဘုမ္မိနှစ်ထပ်ကိန်း ကျပါလိမ့်မယ်။
ဘုမ္မိနှစ်ထပ်ကိန်း ကျတာကတော့ ဟုတ်ပါပြီ။ ဘာတွေ ဖြစ်တတ်သလဲဆိုတာ ပြောပြပါမယ်။ ဘုမ္မိနှစ်ထပ်ကိန်း ကျလာတဲ့အခါ အဓိကအားဖြင့် ကျန်းမာရေး ယိုင်လဲသွားတတ်ပါတယ်။ နဂိုကတည်းက ကျန်းမာရေး မကောင်း ချူချာတတ်သူတွေ ဘုမ္မိနှစ်ထပ်ကိန်းနှစ်တွေထဲ ရောက်လာပြီဆို ရောဂါဝေဒနာ ဆိုးဝါးပြီး ဆေးရုံတက်ရတာနဲ့ ခွဲစိတ်ကုသရတာတွေ ဖြစ်တတ်ပါတယ်။ လူတိုင်း အဲဒီလို မဖြစ်ပေမယ့် ဖြစ်လာပြီဟေ့ ဆိုရင်လည်း အဲဒီနှစ်တွေ ဖြစ်နေတတ်ပါတယ်။ ဒါကတော့ ဘုမ္မိနှစ်ထပ်ရဲ့ ဆိုးကျိုးသက်ရောက်မှု ဖြစ်ပါတယ်။
ဘုမ္မိကြီး
တွက်ကိန်းအရ နေ့ဖွားအားလုံးဟာ အောက်ဖော်ပြပါ အသက်အပိုင်းအခြားတွေကို ရောက်လာတဲ့အခါ ဘုမ္မိကြီးကိန်း ကျပါလိမ့်မယ်။
ဘုမ္မိကြီးကလည်း ဘုမ္မိနှစ်ထပ်လိုပဲ အညံ့ ရှိပါတယ်။ ဘုမ္မိကြီးထဲ ရောက်တဲ့အခါ ၊ ကျန်းမာရေး၊ စီးပွားရေးရော လူမှုရေး၊ အိမ်ထောင်ရေးတွေမှာပါ အနည်းနဲ့အများ သိသာထင်ရှားတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ဘုမ္မိကြီးကာလတွေမှာလည်း ဇာတာရှင်ဟာ သတိတရားကို လက်ကိုင်ထားဖို့ လိုအပ်ပါလိမ့်မယ်။
မြန်မာ့ရိုးရာဗေဒင်သုတတွေ တိုးပွားရရှိကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။