
လပြည့်နေ့မနက်စောစောတည်းကဘုရားကျောင်းဆောင်ကိုသန့်ရှင်းတောက်ပအောင်ဆေးကြောသန့်စင်ပါ။ရောင်တော်ဖွင့်ပါ။ဘုရားကိုရေသပ္ပါယ်ရောင်တော်ဖွင့်နေစဉ်အတွင်းအိမ်ထောင်ဦးစီးဖြစ်သူကရွတ်နေကျပရိတ်၊ပဋ္ဌာန်း၊ဂါထာတစ်ခုခုကိုပူဇော်ရွတ်ဖတ်ပေးပါ။တစ်ပြိုင်တည်းမှာပဲအိမ်ပြတင်းပေါက်တွေနဲ့တံခါးမကြီးအားလုံးကိုဖွင့်လှစ်ထားပါ။
ရောင်တော်ဖွင့်ရေသပ္ပါယ်ရာကကျလာတဲ့ရေဟောင်းရေညစ်တွေကိုပုံးတစ်လုံးနဲ့ခံပြီးအားလုံးပြီးစီးတဲ့အခါအပြင်ဘက်သွားသွန်ပါ။သွန်ပစ်နေစဉ်မှာမိမိတို့တစ်အိမ်သားလုံးဘေးကင်းကျန်းမာစေဖို့ဆုတောင်းပေးပါ။
ဒီနှစ်၁၃၈၃ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့ဟာဗုဒ္ဓဟူးနေ့နဲ့တိုက်ဆိုင်ပါတယ်။လပြည့်နေ့မနက်၉နာရီ၄၅မိနစ်မှာဓာတ်လေးပါးအလှူနဲ့မြတ်စွာဘုရားရှင်ကိုပူဇော်နိုင်ပါတယ်။ဓာတ်လေးပါးပစ္စည်းတွေကတော့….
(၁)ပန်း၅မျိုးကိုအပွင့်ချည်းချွေထားတဲ့လင်ဗန်းတစ်ချပ်
(၂)သောက်တော်၊သုံးတော်ရေ၄ခွက်
(၃) ဖယောင်းအဝါရောင်၄တိုင်
(၄)ယပ်တောင်အသစ်တစ်ချောင်းဖြစ်ပါတယ်။လှူဖွယ်ပစ္စည်းတွေပြည့်စုံတဲ့အခါဘေးမှာအသင့်ပြင်ထားပါ။(အောက်မှာပုံနဲ့အကြမ်းဖျင်းဖော်ပြထားပါတယ်)

ဦးစွာပုံမှန်အတိုင်းဘုရားကန်တော့ပါ။အဲဒီနောက်မှာပန်းအပွင့်ချည်းချွေထားတဲ့ပန်းကန်ပြားကြီးကိုကျကျနနကိုင်ထားပြီးမြတ်စွာဘုရားရှင်အားပထဝီမြေဓာတ်နဲ့ပူဇော်ကြောင်းအာရုံပြုရင်းဒိဝါတပတိအစချီတဲ့သဗ္ဗဇယမင်္ဂလာဂါထာတော်ကို၇ခေါက်ရွတ်ဖတ်ပါ။ပြီးရင်ပန်းကန်ပြားကိုဘုရားကျောင်းဆောင်မှာတင်လှူပါ။ဒါဟာပထဝီဓာတ်အလှူဖြစ်ပါတယ်။
ပြီးရင်သောက်တော်သုံးတော်ရေ၄ခွက်ကိုဗန်းကလေးတစ်ခုထဲခဏထည့်ပြီးမြတ်စွာဘုရားရှင်ကိုအာပေါရေဓာတ်နဲ့ပူဇော်ကြောင်းအာရုံပြုရင်းဒိဝါတပတိဂါထာတော်ကို၇ခေါက်ရွတ်ဖတ်ပါ။ပြီးရင်ဘုရားစင်မှာပဲသောက်တော်ရေခွက်တွေကိုတင်လှူလိုက်ပါ။ဒါဟာအာပေါဓာတ်အလှူဖြစ်ပါတယ်။
ပြီးတဲ့အခါဖယောင်းတိုင်အဝါရောင်၄တိုင်ကိုမီးထွန်းညှိပူဇော်ပြီးလက်နဲ့ကိုင်၊မြတ်စွာဘုရားရှင်ကိုတေဇောမီးအလင်းဓာတ်နဲ့ပူဇော်ကြောင်းအာရုံပြုရင်းဒိဝါတပတိဂါထာတော်ကို၇ခေါက်ရွတ်ဖတ်ပါ။ပြီးတဲ့အခါမှာဘုရားကျောင်းဆောင်မှာပူဇော်ပေးပါ။ဒါကတော့တေဇောဓာတ်အလှူဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ယပ်တောင်အသစ်ကိုကိုယ်တိုင်ကိုင်ပြီးဘုရားရှင်ကိုယပ်တော်သွင်း(ယပ်ခတ်)ပေးရမှာဖြစ်ပါတယ်။ယပ်တောင်စခတ်ချိန်မှာမြတ်စွာဘုရားရှင်ကိုဝါယောလေဓာတ်နဲ့ပူဇော်ကြောင်းအာရုံစပြုပြီးနောက်ပိုင်းမှာတော့ဒိဝါတပတိဂါထာတော်ကို၇ခေါက်ရွတ်ဖတ်ပေးပါ။ဒါကဝါယောဓာတ်အလှူဖြစ်ပါတယ်။
အားလုံးပြီးတဲ့အခါမှာမိမိရွတ်ဖတ်နေကျအတိုင်းဆက်လက်ပူဇော်ပြီးမေတ္တာပို့အမျှဝေလိုရာဆုတောင်းပါ။ဒါဆိုရင်တော့မင်္ဂလာရှိလှတဲ့သီတင်းကျွတ်လပြည့်နေ့မနက်ခင်းအခါမှာမြတ်စွာဘုရားရှင်ကိုဓာတ်လေးပါးနဲ့ပူဇော်ပြီးသားဖြစ်သွားပါလိမ့်မယ်။
သဗ္ဗဇယမင်္ဂလာဂါထာတော်ကိုမသိသူများအတွက်ဒီနေရာမှာထပ်မံဖော်ပြပေးလိုက်ပါတယ်။
သဗ္ဗဇယမင်္ဂလာဂါထာတော်
ဒိဝါတပတိအာဒိစ္စော၊ရတ္တိမာဘာတိစန္ဒိမာ
သန္နဒ္ဓေါခတ္တိယောတပတိ၊ဈာယီတပတိဗြာဟ္မဏော
အထသဗ္ဗမဟောရတ္တိံ၊ဗုဒ္ဓေါတပတိတေဇသာ
တာဒိသံတေဇသမ္ပန္နံ၊ဗုဒ္ဓံဝန္ဒာမိအာဒရံ
နမက္ကာရာနုဘာဝေန၊သဗ္ဗေပူရေန္တုသင်္ကပ္ပါ
ဓာတ်လေးပါးနဲ့ညီညွှတ်စွာပူဇော်မှု၊လပြည့်နေ့ထူးအခါသမယရဲ့အစွမ်းသတ္တိတွေနဲ့အတူရတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးတော်၊မေတ္တာတော်၊တန်ခိုးတေဇော်အာနုဘော်တွေကြောင့်မိမိတို့ရဲ့လိုအင်ဆန္ဒဆုတောင်းတွေအလျင်အမြန်ပြည့်ဝနိုင်ကြမှာဖြစ်ပါတယ်။
မင်္ဂလာရှိတဲ့သီတင်းကျွတ်အခါသမယဖြစ်ပါစေ
ဧက(ဗေဒင်သုတ)
#lotaya_horoscope