လက်လွန်ချေးငှား အကြွေးများ ပြန်ရစေနိုင်သော ယတြာ
lotaya.mpt.com.mm
|
2021-11-03

ဒီခေတ်ဒီကာလမျိုးမှာငွေချေးငှားမိတဲ့သူတွေအနေနဲ့အကြွေးပြန်တောင်းရာမှာအခက်အခဲတွေကြုံရတတ်ပြီးပြန်တောင်းရခက်တာ၊ဖြစ်သင့်တဲ့အချိန်ထက်ပိုပြီးစောင့်ရတာ၊ပြန်မရတော့ဘဲဆုံးပြီလားလို့စိတ်တထင့်ထင့်နဲ့ဖြစ်ရတာတွေရှိတတ်ပါတယ်။ဒါကြောင့်ဒီလိုကြွေးမြီကိစ္စတွေမှာထိရောက်အစွမ်းထက်တဲ့ယတြာနည်းလမ်းတစ်ချို့ကိုအများအကျိုးအတွက်ရှေးရှုပြီးဗေဒင်ဗဟုသုတအဖြစ်တင်ပြလိုက်ပါတယ်။

ပထမအဆင့်

ကနဦးပထမဆုံးအနေနဲ့ငွေနံ(တနင်္လာ)ပွင့်လန်းစေမယ့်နည်းကိုအရင်လုပ်ရပါမယ်။လဆန်းရက်တွေထဲကဗုဒ္ဓဟူးနေ့မနက်၁၀ခွဲနဲ့၁၂နာရီအတွင်းအိမ်ကဘုရားမှာပန်း(၆)မျိုးနဲ့ပူဇော်ပါ။ပန်းတွေကိုအပွင့်ချည်းချွေပြီးပန်းကန်ပြားတစ်ချပ်ထဲမှာထည့်လှူရမှာဖြစ်ပါတယ်။ပန်းတွေနဲ့အတူသြဇာသီး၂လုံး(သို့မဟုတ်)အုန်းဆွမ်းတစ်ပွဲ(အုန်းထမင်းဆွမ်း)ကိုကပ်လှူပေးရပါမယ်။ပြီးရင်ဘုရားကန်တော့ပြီးဒိဝါတပတိအစချီတဲ့သဗ္ဗဇယဂါထာတော်ကြီးကိုပုတီးတစ်ပတ်စိပ်ပေးပါ။ပုတီးစိပ်၊မေတ္တာပို့၊အမျှဝေပြီးရင်ပိတ်ဆို့နေတဲ့ငွေကံတွေပွင့်လန်းလာစေဖို့လေးလေးနက်နက်ဆုတောင်းရပါမယ်။ဒါဆိုပထမအဆင့်ပြီးပါပြီ။ဒီအဆင့်ကိုငွေပမာဏများရင်များသလိုတစ်ကြိမ်ကနေသုံးကြိမ်အထိလုပ်ပေးပါ။

ဒုတိယအဆင့်

ဒီအဆင့်မှာတော့ကိုယ်ရစရာရှိတဲ့ငွေကိုနည်းနည်း၊များများရသလောက်အရင်တောင်းပါ။ဥပမာကိုယ့်ငွေချေးထား၊ယူထားသူဆီကတစ်ထောင်ပဲရရ၊ငါးထောင်ပဲရရရသလောက်ငွေကိုစတိသဘောနဲ့အရင်ယူပြီးတစ်ဝက်ခွဲပါ။တစ်ဝက်ကိုဘုရားစေတီမှာအရင်လှူပါ။ကျန်တစ်ဝက်ကိုငါးအရှင်လွှတ်တာ၊ဒါမှမဟုတ်ရင်လမ်းဘေးခွေးတွေကိုအစာဝယ်ကျွေးတာမျိုးလုပ်ပေးပါ။အလှူအတန်း၊အကျွေးအမွေးပြီးတိုင်းကိုယ့်ငွေကိုချေးငှားသွားသူရဲ့အလုပ်အကိုင်၊စီးပွားရေးအဆင်ပြေစေဖို့ဆုတောင်းမေတ္တာပို့သပေးပါ။ဒါကဒုတိယအဆင့်ဖြစ်ပါတယ်။ချေးထားသူဆီကပြန်ရလာသလောက်ငွေထဲကနေလှူတာမျိုးကိုမကြာခဏလုပ်ပေးရပါမယ်။

တတိယအဆင့်

ဒီအဆင့်ကတော့မြုပ်နေတဲ့ငွေတွေပြန်ပေါ်စေမယ့်မုန့်လုံးရေပေါ်ယတြာကိုပြုလုပ်ရမှာဖြစ်ပါတယ်။ဒီယတြာနည်းလမ်းဟာဗေဒင်ပညာရှင်တွေခေတ်အဆက်ဆက်သုံးခဲ့တဲ့နည်းလမ်းဖြစ်ပြီးကိုယ်လုပ်နေတဲ့လုပ်ငန်းတွေငွေမပေါ်တဲ့အခါ၊ချေးငှားပေးကမ်းတာတွေတော်တော်နဲ့ပြန်မရတဲ့အခါအသုံးပြုလေ့ရှိပါတယ်။ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်မုန့်လုံးရေပေါ်လုပ်ပြီးလှူရမယ့်နေ့ကိုအရင်တွက်ရပါမယ်။ကိုယ့်ရောက်ဆဲအသက်ကို(၇)နဲ့စားပါ။

(၁)ကြွင်းရင်တနင်္ဂနွေနေ့၊(၂)ကြွင်းရင်တနင်္လာနေ့(၃)ကြွင်းရင်အင်္ဂါနေ့၊(၄)ကြွင်းရင်ဗုဒ္ဓဟူးနေ့၊(၅)ကြွင်းရင်ကြာသပတေးနေ့၊(၆)ကြွင်းရင်သောကြာနေ့(ဝ)ကြွင်းရင်စနေနေ့တွေမှာပြုလုပ်ရပါမယ်။ရက်ရလာတဲ့အခါကိုယ့်အသက်ကို(၄)နဲ့မြှောက်ပါ။ ရလာတဲ့အရေအတွက်ကိုမုန့်လုံးရေပေါ်လုပ်ပါ။

မုန့်လုံးရေပေါ်ထဲက(၁၀)လုံးကိုအသက်ကိုတည်(၇)နဲ့စားလို့ရလာတဲ့အကြွင်းနေ့ရဲ့မနက်ခင်း(၁၀)နာရီအချိန်အိမ်ကဘုရားမှာအရင်ဆုံးကပ်လှူပါ။ကျန်တဲ့မုန့်လုံးရေပေါ်တွေကိုအိမ်နီးချင်းတွေ၊မိတ်ဆွေအသိုင်းအဝိုင်းတွေကိုဝေပေးလိုက်ပါ။ဒီယတြာကိုတော့အနည်းဆုံးတစ်ကြိမ်မဖြစ်မနေပြုလုပ်ပေးရပါမယ်။

ဖော်ပြပါနည်းလမ်း(၃)ခုဟာအဆင့်ဆင့်ပြုလုပ်ရမှာဖြစ်ပြီးကိုယ်ချေးထားတဲ့ငွေပမာဏအနည်းအများပေါ်မူတည်ပြီးတော့တစ်ကြိမ်တည်းနဲ့မထူးသေးရင်ထပ်ခါထပ်ခါပြုလုပ်ပေးရပါမယ်။ခုနှစ်ရက်သားသမီးအားလုံးငွေကြေးအပူသောကတွေကနေကင်းဝေးချမ်းသာရကြပါစေလို့ဆန္ဒပြုပါတယ်။

ဧက(ဗေဒင်သုတ)

#lotaya_horoscope


#ဗေဒင်
#အလုပ်
#အလုပ်အကိုင်
#ယတြာ
#ငွေ

Some text some message..