ဒီကနေ့နိုဝင်ဘာလ (၅) ရက်နေ့မှာ အချစ်ရေး ကြီးကြီးမားမားအပြောင်းလဲရှိနိုင်မယ့် Capricorn (မကာရ ရာသီဖွား)
lifestylemyanmar.com
|
2021-11-05

သင့်ရဲ့ အချစ်ရေးနှင့် ပတ်သက်လာရင် ဒီနေ့ဟာ နှင်းဆီပန်းတွေနဲ့ ထူးခြားပြီး လှပနေမယ့်နေ့မျိုးပါ။

မကာရရာသီဖွားတွေက ၎င်းတို့ရဲ့ သူငယ်ချင်းတွေအပေါ် သစ္စာရှိပြီး ရေရှည်တည်မြဲသော ဆက်ဆံရေးတွေကို ယုံကြည်ကြသူတွေပါ။

Capricon (Dec 22 – Jan 21)


သူတို့တွေဟာ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်ရတာကို နှစ်သက်ပြီး သူတို့ရဲ့ အလုပ်အကိုင်နဲ့ ဘဝတွေဟာ လွတ်လပ်ပြီး အမှီအခိုကင်းသူတွေပါ။ သူတို့ရဲ့ ပြင်းပြသော စိတ်အားထက်သန်မှုတွေရှိသူပြီး ဂရုစိုက်မှုတွေကိုလည်း မြတ်နိုးသူတွေဖြစ်ပါတယ်။ Capricon တွေဟာ မယုံကြည်ရသူတွေကို အင်မတန်မုန်းကြပါတယ်။ စတွေ့တွေ့ချင်းမှာ သီးသန့်ဆန်တဲ့ ပုဂ္ဂိုလ်တွေလို့ ထင်ရပေမယ့် အမြဲတမ်းတော့လည်း အဲ့လိုမဟုတ်ပါဘူး။ သူတို့ဟာ လွတ်လပ်စွာ ရယ်မောတတ်ကြပြီး ဘဝရည်မှန်းချက်တွေအပေါ် အာရုံစူးစိုက်မှုကြီးမားပါတယ်။

ဒီကနေ့ဟာ ကျန်းမာခြင်း၊ အသက်မွေဝမ်းကြောင်းခြင်းနှင့် အချစ်ရေးတို့ကို ပေါင်းစပ်ထားသော အံ့ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ တစ်နေ့တာကို ဘယ်လိုဖြစ်နိုင်မလဲ?

ဘဏ္ဍာရေးအခြေအနေ


သင့်ရဲ့ ငွေကြေးအစီအစဉ်တွေအရ သင့်ရဲ့ အသုံးစရိတ်တွေကို စီမံခန့်ခွဲရာ အထောက်အကူဖြစ်ပါတယ်။ အိမ်ခြံမြေဝယ်ယူဖို့အတွက် သင့်ချေးငွေကို အတည်ပြုရနိုင်ခြေရှိပါတယ်။

မိသားစုအခြေအနေ

ဒီကနေ့မှာ သာမန်အိမ်သုံးပစ္စည်းတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေဖြစ်နိုင်တာကြောင့် မိသား စုအကြား အလေးအနက်ထားဖို့ လိုအပ်ပါတယ်။ သင့်လုပ်ငန်းခွင်က ဘယ်လိုပြဿနာကိုမဆို သင့်မိသားစုဆီ သယ်မလာပါနဲ့။

အသက်မွေးဝမ်းကြောင်း အခြေအနေ

အခြေခံအဆောက်အဦးကဏ္ဍမှာ လုပ်ကိုင်နေသူတွေအတွက် အသက်မွေးဝမ်းကြောင်း တိုးတက်နိုင်ခြေရှိပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်တွေက ကောင်းကောင်းကူညီပေးကြပြီး သင့်ရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာရာရစေမှာဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေ


ဒီနေ့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ဒီနေ့မှာ တက်ကြွတဲ့ ခန္ဓာကိုယ်နှင့် ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေနဲ့ နေထိုင်ရမှာပါ။ သင့်ရဲ့ နေ့စဉ်လေ့ကျင့်ခန်းတွေကို လိုက်နာပြီး တတ်နိုင်သမျှ နည်းပညာပစ္စည်းတွေနဲ့ ဝေးဝေးရှောင်ပါ။

ဒီကနေ့ အချစ်ရေး

အလုပ်ကပြန်လာတာနဲ့ လှပပြီး ရိုမန့်ဆန်တဲ့ ညစာစားပွဲလေးက သင့်ကို စောင့်မျှော်နေနိုင်ပါတယ်။ မိသားစုတစ်ခု စတင်ဖို့ စီစဉ်နေသော စုံတွဲတွေအနေနဲ့ သတင်းကောင်းများ ကြားရကိန်းရှိပါတယ်။

ကံကောင်းစေမယ့် နံပါတ် – ၉br>ကံကောင်းစေမယ့် အရောင် – Rosy Brown

Lifestyle_Myanmar

Nyein_Thu

ref-hindustantimes


#ကျန်းမာရေး
#ရာသီခွင်
#အချစ်ရေး
#အလုပ်အကိုင်
#ငွေကြေး

Some text some message..