
တရုတ်ရာသီခွင်ထဲမှာ ၂၀၂၂ခုနှစ်က (Water Tiger) ကျားနှစ်ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် တရုတ်နှစ်သစ်ကူးဟာ ၂၀၂၂၊ ဖေဖော်ဝါရီ ၁ရက်တွင် နွားနှစ်ကနေ ကျားနှစ်သို့ စတင်ကူးပြောင်းမှာဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့တွင် ပြီးဆုံးမှာ ဖြစ်ပါတယ်။
တရုတ်နက္ခတ်ဗေဒင် ၂၀၂၂ ခန့်မှန်းချက်က အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ငွေကြေး၊ အချစ်ရေး၊ ပညာရေး၊ ခရီးသွားလာမှု၊ သုခချမ်းသာကဲ့သို့သော ဘဝရဲ့ မတူညီတဲ့ ကဏ္ဍတွေ အကျုံးဝင်ပါတယ်။
၁။ ကြွက်နှစ်ဖွား (1948, 1960, 1972, 1984, 1996, 2008,2020)
ကြွက်နှစ်ဖွားတွေဟာ အပြောင်းအလဲများစွာဖြင့် ၂၀၂၂ခုနှစ်ကို မျှော်လင့်နိုင်ပါတယ်။ ဝမ်းသာစရာ သတင်းအချို့ကိုလည်း မျှော်လင့်နိုင်ပါတယ်။ အတတ်ပညာရှင်တွေအနေနဲ့ အလုပ်သစ် (သို့) နေရာသစ်ကို ရွှေ့ပြောင်းတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ စီးပွားရေးခရီးစဉ်တွေက သြဂုတ်လမှာ အမြတ်အစွန်းများ ထွက်ပေါ်လာနိုင်ပြီး ၂၀၂၂ စက်တင်ဘာနဲ့ အောက်တိုဘာလမှာ ဆုံးရှုံးမှုအချို့ ဖြစ်လာနိုင်ပါတယ်။ ကုန်ကျစရိတ်တွေကို ကန့်သတ်ပြီး ဘတ်ဂျက်ချွေတာခြင်းဖြင့် ငွေရေးကြေးရေးကို မြှင့်တင်နိုင်ပါတယ်။
သင့်အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေးက ၂၀၂၂မှာ ကြည်နူးဖွယ်ကောင်းပါလိမ့်မယ်။ Single တွေအနေနဲ့ အချစ်သစ်ကို မျှော်လင့်နိုင်ပါတယ်။ အလုပ်အကိုင် စိတ်ဖိစီးမှုတွေကြောင့် ကျန်းမာရေး ချို့ယွင်းလာနိုင်ပါတယ်။

၂။ နွားနှစ်ဖွား (1949, 1961, 1973, 1985, 1997, 2009,2021)
၂၀၂၂ခုနှစ်ဟာ နွားနှစ်ဖွားတွေအတွက် စိတ်ဖိစီးသော ကာလတစ်ခု ဖြစ်လာနိုင်ပါတယ်။ စိန်ခေါ်မှု အမျိုးမျိုးအတွက် ဆုံးဖြတ်ချက်တွေ အမြန်ချရပြီး ဆုလာဘ်တွေ ရောက်လာဖို့ စောင့်ရပါမယ်။ ဒီနှစ်က ရန်လိုမှုတွေ အများကြီး ကြုံရလိမ့်မှာဖြစ်တာကြောင့် အစွန်းရောက်ပြောင်းလဲမှုတွေအတွက် အလားအလာကောင်း မရှိပါဘူး။ ဒေါသကို ထိန်းပါ၊ ပြီးတော့ တခြားသူတွေရဲ့ ကိစ္စထဲ ဝင်မပါပါနဲ့။
ကျွမ်းကျင်မှုနဲ့ အဆင့်မြင့် လေ့ကျင့်ရေးတွေကို ၂၀၂၂မှာ တိုးမြှင့်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ တတ်လမ်းတွေကို မြှင့်တင်နိုင်ပါတယ်။ အကြီးတန်းရာထူးတစ်ခုကို ရာထူးတိုးဖို့ မျှော်လင့်နိုင်ပါတယ်။ စီးပွားရေးသမားတွေရဲ့ ဘဝက ကမောက်ကမတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။ စိတ်ရှုပ်ထွေးမှုကို သက်သာခွင့်ပေးပြီး စိတ်ရှည်သည်းခံဖို့ လိုပါတယ်။
Chinese horoscope 2022 ဟာ လူပျိုလူလွတ်တွေအတွက် အချစ်ရေးမှာ အလားအလာကောင်းတွေ ရရှိမယ်လို့ ခန့်မှန်းရပါတယ်။ အတည်ပြုထားတဲ့ လက်တွဲဖော်တွေအနေနဲ့ လက်ထပ်ရဖို့ မျှော်လင့်နိုင်ပါတယ် ။ အိမ်ထောင်သည်စုံတွဲတွေအနေနဲ့ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကျန်းမာရေးကောင်းသော်လည်း အနည်းအကျဉ်းမတော်တဆထိခိုက်မှု ကြုံရတတ်ပါတယ်။ trekking ကဲ့သို့သော စိန်ခေါ်မှုရှိတဲ့ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ပါ။

၃။ ကျားနှစ်ဖွား (1950, 1962, 1974, 1986, 1998, 2010,2022)
Black Water Tiger 2022 နှစ်က ပြောင်းလဲခြင်းတွေ ကြုံရမယ့်နှစ်ဖြစ်မယ်လို့ ကတိပြုပါတယ်။ ဒီနှစ်က နောင်အနှစ်နှစ်ဆယ်အတွက် စီမံချက်တွေ ချမှတ်ဖို့ ကောင်းပါတယ်။ ပရော်ဖက်ရှင်နယ်ကျားတွေဟာ အလုပ်အကိုင်အပြောင်းအလဲဖြင့် ကိုယ့်ရဲ့တတ်လမ်းတွေ တိုးတတ်ကောင်းမွန်လာအောင် ရှာဖွေခြင်း လုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းကို ယခုနှစ် ပထမနှစ်ဝက်မှာ လုပ်နိုင်မှာဖြစ်ပါတယ်။ တခြားသူတွေက သင့်ရဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးပါလိမ့်မယ်။
ငွေကြေးအကုန်အကျများလာမယ်၊ ငွေစုရခက်လာပါမယ်၊ စီးပွားရေးသမားတွေအနေနဲ့ အကျိုးတူလုပ်ငန်းကို ထိခိုက်စေတဲ့ ဝန်ထမ်းတွေကို သတိထားသင့်ပါတယ်။ အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေးက မငြိမ်မသက်ဖြစ်နေမှာဖြစ်ပါတယ်၊ ဒေါသကို ထိန်းချုပ်ကာ ရန်ဖြစ်တာတွေကို ရှောင်ကြဉ်ရပါမယ်။ Single တွေအနေနဲ့ အချစ်ရေး ပြေလည်နိုင်ပေမယ့် ကတိကဝတ်တွေမှာ သတိထားသင့်ပါတယ်။ ကျန်းမာရေးက ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ တစ်နှစ်တာပျော်ချင်ရင် ကျိုးနွံပြီး လိမ္မာပါးနပ်ပါ။ အသေးအမွှားကိစ္စတွေအတွက် မလိုအပ်ဘဲ ရန်ဖြစ်တာမျိုး မကြုံပါစေနဲ့။

၄။ ယုန်နှစ်ဖွား (1951, 1963, 1975, 1987, 1999, 2011,2023)
၂၀၂၂ဟာ တရုတ်ရာသီခွင် ယုန်အမျိုးသား၊ အမျိုးသမီးတွေအတွက် မတူညီတဲ့ ကံကြမ္မာတွေ ယူဆောင်လာပါမယ်။ အမျိုးသားတွေအနေနဲ့ အဆင့်မြင့် လေ့လာမှုတွေမှတဆင့် (သို့) လက်ရှိအလုပ်တွေကို ပြောင်းလဲခြင်းဖြင့် ကိုယ့်ရဲ့အလုပ်အကိုင် တတ်လမ်းတွေ တိုးတတ်ကောင်းမွန်လာစေဖို့ မျှော်လင့်နိုင်ပါတယ်။ ယုန်နှစ်ဖွား အမျိုးသမီးတွေဟာ ငွေကြေးဆုံးရှုံးမှုတွေ ရင်ဆိုင်ရနိုင်ပြီး risk ယူတာမျိုးကို ရှောင်ရှားဖို့ အကြံပြုပါတယ်။ ယုန်နှစ်ဖွားလေးတွေဟာ ချစ်သူတွေနဲ့ ပျော်ရွှင်စရာကောင်းသော နှစ်တစ်နှစ်ကို ပိုင်ဆိုင်ရမှာပါ။ လမ်းလွဲခြင်းကနေ ကာကွယ်ဖို့ အိမ်ထောင်ဖက်တွေကို ပျှော်ရွှင်အောင် ထိန်းသိမ်းထားသင့်ပါတယ်။ ယုန်နှစ်ဖွားတွေဟာ ကျားနှစ်ရဲ့အဆုံးမှာ လက်တွဲဖော်တွေနဲ့ အပျော်ခရီးထွက်နိုင်ပါတယ်။
စီးပွားရေးသမားတွေအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ၊ စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရှောင်သင့်ပါတယ်။ လုပ်ငန်းခွင်မှာ ခက်ခဲတဲ့ အချိန်တွေ ကြုံရနိုင်ပြီး အတိုက်အခံအများအပြားနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကို သေချာစိစစ်သင့်ပါတယ်၊ ၂၀၂၂ခုနှစ်အတွက် တရုတ်ဇာတာမှာ ငွေကြေးစီးဆင်းမှုက ပုံမှန်မဟုတ်ဘဲ အပြောင်းအလဲမြန်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။ ယုန်နှစ်ဖွားတွေအနေနဲ့ ကျန်းမာရေး ထိန်းသိမ်းဖို့ လိုအပ်ပါက သင့်လျော်တဲ့အစားအသောက်နဲ့ အပန်းဖြေအနားယူဖို့ လိုအပ်ပါလိမ့်မယ်။

၅။ နဂါးနှစ်ဖွား (1952, 1964, 1976, 1988, 2000, 2012,2024)
၂၀၂၂ခုနစ်က နဂါးတွေအတွက် အရမ်းတက်ကြွနေမှာဖြစ်ပြီး ကံကောင်းခြင်း၊ ကံဆိုးခြင်း ဖြစ်ရပ်တွေ နှစ်ခုစလုံးရှိမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဟာ ပိုပြီးတော့ အာရုံစူးစိုက်မှုနဲ့ စေ့စပ်သေချာမှု လိုအပ်ပါတယ်။ အစပိုင်းမှာတော့ အခက်အခဲတွေ ရှိပေမယ့် အဆုံးမှာ သာယာတဲ့ နှစ်တစ်နှစ်ကို ရပါလိမ့်မယ်။ အလုပ်ပြောင်းဖို့ (သို့) လုပ်ငန်းသစ်တစ်ခု စတင်ချင်ရင် ဒီနှစ်က အလားအလာကောင်းပါတယ်။
အားလုံးနဲ့ ဖော်ဖော်ရွေရွေနေတတ်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ထိန်းထားသင့်ပါတယ်။ အတ္တက သူတစ်ပါးနဲ့ ဆက်ဆံခြင်းမှာ နေရာမရှိပါဘူး။ လိမ္မာပါးနပ်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ ပြဿနာတွေကို ဖြေရှင်းသင့်ပါတယ်။ ငွေကြေးကိစ္စတွေကို သွက်လက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဝင်ငွေထက် ထွက်ငွေများနေမှာဖြစ်ပြီး ငွေရေးကြေးရေးအန္တရာယ်တွေကို သတိထားပါ။
ချစ်သူရှိပြီးသား လူပျိုလူလွတ်တွေအနေနဲ့ ယခုနှစ်မှာ လက်ထပ်ရနိုင်ပါတယ်။ အိမ်ထောင်ရေးမှာ အက်အကျတွေနဲ့ ပြည့်နှက်နေပြီး ရန်ဖြစ်မှုတွေက ဆက်တိုက်ရှိနေပါမယ်။ စဉ်ဆက်မပြတ် ဆွေးနွေးခြင်းတွေက အိမ်ထောင်ရေးကို ရှင်သန်စေမှာ ဖြစ်ပါတယ်။ မိသားစုဝင်တစ်ဦးဦး ဆုံးရှုံးရနိုင်ပြီး မိသားစုပျော်ရွှင်မှုကို ထိခိုက်စေနိုင်ပါတယ်။ မကြာခဏဖြစ်တတ်တဲ့ ပြဿနာတွေကြောင့် ကျန်းမာရေးထိခိုက်ပါလိမ့်မယ်၊ အနားယူခြင်းနဲ့ အစားအသောက်မှန်မှန်စားခြင်းက သင့်ကိုကျန်းမာရေးပြန်ကောင်းစေပါလိမ့်မယ်။

၆။ မြွေနှစ်ဖွား (1953, 1965, 1977, 1989, 2001, 2013)
ကံတရားက ၂၀၂၂ ကျားနှစ်အတွင်းမှာ မြွေနှစ်ဖွားတွေရဲ့ဘဝမှာ မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်မှာဖြစ်ပါတယ်။ ဒါက သင့်အား မလိုအပ်ဘဲ ဖိစီးစေမယ့် ဖြစ်ရပ်ဆန်းတွေနဲ့ အသေးစားကံဆိုးမှုတွေ ပြည့်နေပါလိမ့်မယ်။ သင့်ရဲ့ ပျင်းရိမှုကို တွန်းလှန်ပြီး စွန့်စားမှုအသစ်တစ်ခု စတင်ရာမှာ သင်ကိုယ်တိုင် ပါဝင်လှုပ်ရှားရပါမယ်။ အစီအစဉ်ဆွဲခြင်းနဲ့ အကောင်အထည်ဖော်ခြင်းက သင့်အား အလုပ်ရှုပ်စေပါတယ်။ မြွေနှစ်ဖွားအမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းရှိရင် ငွေရေးကြေးရေး ကောင်းစွာ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အတတ်ပညာရှင်သူတွေက ရာထူးတိုးခြင်း၊ လစာတိုးခြင်းတို့နှင့်အတူ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တိုးတတ်လာပါလိမ့်မယ်။
မြွေနှစ်ဖွားအမျိုးသားတွေ ကံကောင်းတာနည်းပါလိမ့်မယ်။ အလုပ်အပေါ် အာရုံစိုက်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရာမှာ လိမ္မာပါးနပ်ရပါမယ်။ ထိပ်တိုက်ရင်ဆိုင်တာမျိုးကို ရှောင်ရပါမယ်။ ဒေါသကို ထိန်းပြီး တခြားသူတွေရဲ့ ပံ့ပိုးမှုကို ရှာရင် ဘဝက ခံနိုင်ရည်ရှိလာပါလိမ့်မယ်။

မြွေနှစ်ဖွား အမျိုးသမီးတွေအနေနဲ့ ခဏတာအချစ်ရေး မဟာမိတ်ဖွဲ့ဖို့ အခွင့်အလမ်းများစွာ ရှိပါတယ်။ မြွေနှစ်ဖွားအမျိုးသားတွေက ဆက်ဆံရေးမှာ အစိုးမရပါဘူး။ အိမ်ထောင်သည်ဘဝက အနည်းငယ်ရှုပ်ထွေးနေနိုင်ပြီး လက်တွဲဖော်နဲ့ မကြာခဏ ပြောဆိုဆက်ဆံခြင်းက မဟာမိတ်ဖွဲ့ခြင်းကို ဆက်ကူညီပေးပါလိမ့်မယ်။ မှန်ကန်စွာ အနားယူခြင်းဖြင့် ကျန်းမာရေးအထူးကောင်းမွန်ပါလိမ့်မယ်။ဖတ်ရှုခြင်းအတွက် ကျေးဇူးတင်ပါတယ်။ ကျန်ရာသီခွင်တွေအကြောင်းကိုလည်း ဆက်ဖော်ပြပေးသွားပါမယ်။
Lifestyle_Myanmar
LM_Nandar
Source-sunsigns