
တရုတ်ရာသီခွင်ထဲမှာ ၂၀၂၂ခုနှစ်က (Water Tiger) ကျားနှစ်ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့်တရုတ်နက္ခတ်ဗေဒင် ၂၀၂၂ ခန့်မှန်းချက်က မြင်း, သိုး, မျောက်,ကြက်, ခွေး, ဝက်နှစ်ဖွားတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း၊ ငွေကြေး၊ အချစ်ရေး၊ ပညာရေး၊ ခရီးသွားလာမှု၊ သုခချမ်းသာကဲ့သို့သော ဘဝရဲ့ မတူညီတဲ့ ကဏ္ဍတွေအတွက် ဖြစ်ပါတယ်။
၁။ မြင်းနှစ်ဖွား (၁၉၄၂, ၁၉၅၄ ,၁၉၆၆, ၁၉၇၈, ၁၉၉၀, ၂၀၀၂, ၂၀၁၄, ၂၀၂၆)
မြင်းနှစ်ဖွားတွေအနေနဲ့ ၂၀၂၂အတွင်းမှာ ကမောက်ကမတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ဘဝတိုးတတ်မှုက တည်ငြိမ်ပြီး နှေးကွေးနေပါလိမ့်မယ်။ ပဋိပက္ခတွေ ရှိပေမယ့်လည်း အနည်းငယ်တော့ သာယာပါလိမ့်မယ်။ နှစ်တစ်နှစ်ရဲ့ ပထမနှစ်ဝက်မှာ အခက်အခဲတွေနဲ့ ပြည့်နှက်နေပါလိမ့်မယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ကို အာရုံစိုက်ပြီး အခြားသူတွေရဲ့ အတိုက်အခံတွေကို ကျော်လွှားပါက ဒုတိယနှစ်ဝက်မှာ ရလဒ်တွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ပတ်သတ်ပြီး အလုပ်အရမ်းကြိုးစားပေမယ့် အကျိုးအမြတ်အနည်းငယ်သာ ရလိမ့်မယ်လို့ တရုတ်ရာသီခွင် ၂၀၂၂က ခန့်မှန်းထားပါတယ်။ ငွေကြေးရင်းနှီးမြှုပ်နှံခြင်းဖြင့် ငွေရှာနိုင်ပါတယ် ။ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အလားအလာကောင်းတဲ့နှစ်ပါ။ အိမ်ထောင်ရေး ဖောက်ပြန်သူတွေအတွက်တော့ အိမ်ထောင်ရေး သဟဇာတဖြစ်မှုကို ပျက်ပြားစေပါလိမ့်မယ်။ အိမ်ထောင်ရေးကို သတိထားပြီး ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ လူမှုရေးဘဝမှာ ရန်ဖြစ်စကားများတတ်ပါတယ်၊ ယုံကြည်ရတဲ့ သူငယ်ချင်းတွေကို ဆုံးရှုံးရတာမျိုး ကြုံရနိုင်ပါတယ်၊ ကျန်းမာရေးအနေနဲ့ အသေးအဖွဲပြဿနာလောက်သာ ရှိပါလိမ့်မယ်၊

၂။ သိုးနှစ်ဖွား (၁၉၄၃, ၁၉၅၅, ၁၉၆၇, ၁၉၇၉, ၁၉၉၁, ၂၀၀၃, ၂၀၁၅, ၂၀၂၇)
အသက်မွေးဝမ်းကြောင်းလုပ်ကိုင်သူတွေအနေနဲ့ မိတ်ဆွေတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ တိုးတက်လာပါလိမ့်မယ်။ သင့်ဘဝတတ်လမ်း တိုးတတ်စေဖို့ နိုင်ငံရပ်ခြားကို သွားရောက်နိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အပိုဝင်ငွေရဖို့ နည်းလမ်းသစ်တွေကို တွေ့ရှိမှာဖြစ်ပေမယ့် office politics တွေကိုတော့ သတိထားသင့်ပါတယ်။ အားလုံးနဲ့ ရင်းရင်းနှီးနှီးနေခြင်းက လုပ်ငန်းခွင်ကို ပိုတိုးတတ်ကောင်းမွန်စေမှာပါ။ အလုပ်ကြိုးစားခြင်းက အသိအမှတ်ပြုခံရပြီး ငွေရေးကြေးရေးအရ ကျေနပ်မှုတွေ ရရှိပါလိမ့်မယ်။
၂၀၂၂ခုနှစ် ပထမနှစ်ဝက်မှာ ငွေရေးကြေးရေး အထူးကောင်းမွန်နေပါမယ်။ မိသားစုပတ်ဝန်းကျင်မှာ ပြဿနာအနည်းငယ် ဖန်တီးနိုင်ပါတယ်။ single တွေအနေနဲ့ ချစ်သူရပါလိမ့်မယ်။ ကျန်းမာရေးက အထူးကောင်းမွန်ပြီး အသေးအမွှားကိစ္စလောက်သာ ရှိပါလိမ့်မယ်။

၃။ မျောက်နှစ်ဖွား (၁၉၄၄, ၁၉၅၆, ၁၉၆၈, ၁၉၈၀, ၁၉၉၂, ၂၀၀၄, ၂၀၁၆, ၂၀၂၈)
တရုတ်ဇာတာခွင် ခန့်မှန်းချက်တွေအရ ၂၀၂၂ဟာ မျောက်နှစ်ဖွားတွေအတွက် ကြည်နူးဖွယ်နှစ်ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ ကိုယ့်ရဲ့ ပျင်းရိမှုတွေကို ဖျောက်ပစ်ရပါမယ်၊ တခြားသူတွေရဲ့ တိုက်ခိုက်မှုတွေကို သတိထားရပါမယ်။ ပရောဂျက်တွေမှာ အောင်မြင်မှုရရှိဖို့အတွက် သူငယ်ချင်းတွေဆီကနေ ပံ့ပိုးမှုရယူပါ ။ အခြေအနေတိုင်းမှာ သည်းခံနိုင်ရပါမယ်။ ကြီးမားတဲ့ ဝယ်ယူမှုတွေကြောင့် ငွေကြေးအကုန်အကျများပါလိမ့်မယ်။ ငွေရေးကြေးရေး plan တစ်ခုထားရှိခြင်းဖြင့် ငွေကြေးစီးဆင်းမှုကို ထိန်းညှိပေးသင့်ပါတယ်။
မျောက်နှစ်ဖွားတွေဟာ စိတ်ခံစားမှုအရမ်းများပြီး အသေးအမွှားကိစ္စတွေမှာ သဘောထားကွဲလွဲနိုင်ပါတယ်။ ဒါက သင့်အချစ်ရေးပေါ်မှာလည်း သက်ရောက်မှုရှိပါလိမ့်မယ်။ လက်တွဲဖော်နဲ့ မလိုအပ်ဘဲ ရန်ဖြစ်တာမျိုးကိုရှောင်ပါ။ စိတ်ရှည်သည်းခံမှုမရှိပါက အိမ်ထောင်ရေး ကွဲကွာသွားနိုင်ပါတယ်။ အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားပြီး သင့်အိမ်ထောင်ရေးကို ကယ်တင်ဖို့ ကြိုးစားပါ၊ ကလေးယူမယ့် အစီအစဉ်ကို စဉ်းစားပြီးမှ လုပ်ဆောင်သင့်ပါတယ် ။စိတ်ကျရောဂါနဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ရင် ကျန်းမာရေး သင့်တင့်ပါလိမ့်မယ်။

၄။ ကြက်နှစ်ဖွား (၁၉၄၅, ၁၉၅၇, ၁၉၆၉, ၁၉၈၁, ၁၉၉၃, ၂၀၀၅, ၂၀၁၇, ၂၀၂၉)
ကြက်နှစ်ဖွားတွေအတွက် ၂၀၂၂ဟာ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အမြတ်အစွန်းများမယ့်နှစ်လို့ ခန့်မှန်းထားပါတယ်။ အတတ်ပညာရှင်တွေနဲ့ စီးပွားရေးသမားတွေအတွက် ကောင်းတဲ့နှစ်လို့ ပြောရပါတယ်။ အလုပ်အကိုင်အပြောင်းအလဲအတွက် ကံကောင်းတဲ့နှစ်ဖြစ်ပါတယ်။ စီးပွားရေးလုပ်သူတွေအနေနဲ့ လုပ်ငန်းသစ်တွေ စတင်နိုင်ပါတယ်။ အတိုက်အခံတွေကို ဂရုစိုက်နိုင်ရင် သင့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ပါလိမ့်မယ်။
နှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ငွေကြေးလည်ပတ်မှု အပြောင်းအလဲမြန်မှုကြောင့် ကံကြမ္မာ အတက်အကျရှိပါလိမ့်မယ်။ ဒီပြဿနာတွေကို လိမ္မာပါးနပ်မှု၊ လိုက်လျောညီထွေမှုတွေနဲ့ ကျော်လွှားနိုင်ပါတယ်။ Single တွေအနေနဲ့ အိမ်ထောင်ရေးအတွက် အခွင့်အလမ်းကောင်းတွေ ရရှိပါလိမ့်မယ်။ အိမ်ထာင်သည်တွေအနေနဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကနေ ရုန်းထွက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဘဝက စိတ်မချမ်းသာစရာတွေ ဖြစ်လာပါလိမ့်မယ်။ စိတ်ပင်ပန်းမှုက ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေတာကြောင့် အလုံအလောက် အနားယူဖို့ လိုအပ်ပါတယ်။

၅။ ခွေးနှစ်ဖွား (၁၉၄၆, ၁၉၅၈, ၁၉၇၀, ၁၉၈၂, ၁၉၉၄, ၂၀၀၆, ၂၀၁၈, ၂၀၃၀)
ခွေးနှစ်ဖွားတွေအတွက် ၂၀၂၂မှာ ကံကြမ္မာက အတတ်အကျရှိမှာဖြစ်ပြီး ဒုက္ခတွေက စောင့်မျှော်နေပါလိမ့်မယ်။ အတတ်ပညာရှင်တွေအနေနဲ့ ကြမ်းတမ်းတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနှစ်က အလုပ်အပြောင်းအလဲအတွက် မျှော်လင့်ချက် မရှိပါဘူး။ ငွေရေးကြေးရေး အလားအလာက အားတတ်စရာမဟုတ်သလို အသုံးစရိတ်လျော့ရပါလိမ့်မယ်။
ဒီနှစ်က ကျောင်းသားတွေအတွက် ကောင်းမွန်သော နှစ်ဖြစ်ပြီး အဆင့်မြင့်ပညာတွေကို နိုင်ငံရပ်ခြားမှာ သွားရောက်ဆည်းပူးခြင်းက အကျိုးရှိမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးနယ်ပယ်ရှိ ခွေးနှစ်ဖွားတွေဟာ အဆက်အသွယ်သစ်တွေရရှိပြီး ပေါင်းသင်းဆက်ဆံရေးကောင်းလာပါမယ်။ အိမ်ထောင်သည်တွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိကြမှာဖြစ်ပါတယ်။ သို့သော် မိသားစုအသိုက်အဝန်းမှာ မိသားစုဝင်တွေရဲ့ ကျန်းမာရေးပြဿနာတွေကြောင့် သောကဖြစ်စေနိုင်ပါတယ်။ ချစ်သူ/အိမ်ထောင်ဖက်နဲ့ ပဋိပက္ခဖြစ်တာမျိုးကို ရှောင်ပါ။ ရံဖန်ရံခါ စိတ်ခံစားချက်အတတ်အကျမှလွဲလို့ ကျန်းမာရေးက ကောင်းမွန်နေတတ်ပါတယ်။

၆။ ဝက်နှစ်ဖွား ( ၁၉၄၇, ၁၉၅၉, ၁၉၇၁, ၁၉၈၃, ၁၉၉၅, ၂၀၀၇, ၂၀၁၉, ၂၀၃၁)
၂၀၂၂အတွင်းမှာ ဝက်နှစ်ဖွားတွေရဲ့ဘဝက အန္တရာယ်များပြီး မရေရာဖြစ်လာနိုင်ပါတယ်။ အခြေအနေကို သင်ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေးဆက်ဆံမှုတွေမှာ ရိုးသားပါ။ လောဘကို ရှောင်ပါ။ အသေအချာ လေ့လာ၊ ခွဲခြမ်းစိတ်ဖြာပြီးမှ သင့်အစီအစဉ်တွေကို အကောင်အထည်ဖော်ပါ၊ လုပ်ငန်းကိစ္စတွေ မလုပ်ဆောင်ခင်မှာ စေ့စပ်သေချာမှုမရှိရင် တရားရေးဆိုင်ရာ အရှုပ်အထွေးတွေ ရှိလာပါလိမ့်မယ်။ လုပ်ငန်းဆောင်ရွက်မှုတွေမှာ မထင်မှတ်ထားတဲ့ ငွေကြေးအသုံးစရိတ်တွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ငွေချေးတာမျိုးကို ရှောင်ကြဉ်ပါ။ သစ္စာမဲ့သော လုပ်ဖော်ကိုင်ဖက်တွေကို သတိထားပါ။
အိမ်ထောင်ရေးဘဝက အနည်းငယ်ရှုပ်ထွေးမှုရှိလိမ့်မယ်လို့ ၂၀၂၂ တရုတ်ဇာတာခွင်မှာ ပြောထားပါတယ်။ Single တွေအနေနဲ့ အချစ်ရေး ကံမကောင်းသေးပါဘူး။ ကျန်းမာရေးမှာ မတော်တဆ ထိခိုက်တာမျိုး၊ အသေးအမွှား နေမကောင်းတာမျိုး ရှိနိုင်ပါတယ်။ သင့်အနေနဲ့ ဇွဲလုံ့လ၊ ကြိုးစားအားထုတ်မှုတို့ဖြင့် ၂၀၂၂ကို ပျော်ရွှင်ဖွယ်နှစ်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-sunsigns.